← Chapters

ဒရာမာကွင်း

Vol. 92 Ch. 1378

ဒရာမာကွင်း

Vol. 92 Ch. 1378

ကျားဟူနှင့် စကားပြောပြီးနောက် ဝမ်ကွမ်းလုံသည်လည်း သူ၏ ငါးမျှားတံနှင့် စပြီး ငါးမျှားတော့သည်။

လီချူးဟန်ကို ဖျားယောင်းဖို့က အရေးကြီးသော်လည်း သူ ငါးမျှားဖို့ လိုသေးသည်။

မည်သို့ပင်ဆိုစေ ဤနေရာ၌ ဖမ်းမိသည့် ငါးတို့က ဆိုင်တွင် ဝယ်ယူသည်ထက် အရသာ ပိုကောင်း၏။ ထို့ပြင် သူ၏ စကေးများကိုလည်း ပြသခွင့်ရပေမည်။

ဝှစ်….

လင်းရီ သူ၏ ငါးမျှားတံကို ဆွဲတင်လိုက်ပြီး နောက်ထပ် ငါးတစ်ကောင် ဖမ်းမိလာပြန်သည်။

ဤတစ်ကြိမ်တွင်တော့ ငါးက အကြီးစား မဟုတ်ချေ။ ငါးပေါင်လောက်သာ ရှိမည်။ လင်းရီ မျှော်လင့်ထားသည့် အတိုင်းအတာအတွင်း၌သာ ရှိ၏။

လင်းရီ ငါးဖမ်းမိသွားသည်ကို မြင်တော့ သူ့ဝန်းကျင်ရှိ လူများသည် အကျည်းတန်သည့် အမူအရာဖြင့် ကြည့်လာခဲ့ကြ၏။

ဒီကောင့်ကံကလည်း ငါးမျှားတံ အစုတ်နဲ့ကို ကောင်းလည်း ကောင်းနိုင်လွန်းတယ်…

လင်းရီ အခြားသူများကို လျစ်လျူရှုထားလိုက်သည်။ ငါးကို ရေပုံးထဲ ထည့်ပြီးနောက် ငါးမျှားချိတ်ကို ပြန်ပစ်လိုက်၏။

နောက်မိနစ် နှစ်ဆယ်ထိတိုင်အောင် သူ ဖမ်းမိထားသည့် ငါးများက စုစုပေါင်း အကောင် ၂၀ လောက် ရှိနေလေပြီ။ သို့သော် လေးကောင်လောက်ကိုသာ ဖမ်းပြီး ကျန်တာအားလုံးကို ပြန်လွှတ်ပေးလိုက်သည်။

သူ့အနားရှိ လူများကတော့ တစ်ကောင်တစ်လေမျှပင် ဖမ်းလို့ မမိကြချေ။

“ ညီကို… မင်း ဒီလောက်နဲ့ တော်လိုက်တော့မလို့လား…”

လင်းရီ မတ်တပ်ရပ်သည်ကို မြင်တော့ ဝူကွမ်းလုံ လှမ်းမေးလိုက်၏။

“ မတော်လို့ ဘာလုပ်ရမှာ.. မင်းနဲ့အတူထိုင်ပြီး ငါးမျှားစေချင်သေးတာလား…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ငါးမျှားတာ ဒီလောက်ကြာနေပြီကို ငါးက တစ်ကောင်မှလည်း မမိသေးဘူး.. မင်းရဲ့ ယွမ် ရှစ်သောင်းတန် ငါးမျှားတံကြီးက တစ်ခုခုတော့ မှားနေပြီ ထင်တယ်…”

“ ဟီးဟီး… ငါ ဒီနေ့ ကံမကောင်းလို့ပဲ ဖြစ်မှာပေါ့.. ဒါပေမယ့် ကိစ္စမရှိပါဘူး… စိတ်အပမ်းပြေရုံဆို ရပြီလေ.. “ ဝမ်ကွမ်းလုံ ပြောလိုက်ပြီး “ ငါးမျှားတာ တော်လို့ ဘာမှ မထူးခြားသွားဘူး.. ကိုယ် ဘယ်လို အသက်ရှင်နေထိုင်လဲ ဆိုတာကမှ အဓိက … ဘာပဲ ဆိုဆို လက်ရှိ လူ့အဖွဲ့အစည်းကြီးက အတော်လေး လက်တွေ့ကျကြတယ်လေ… ငွေမရှိရင် လူရာမဝင်တာက ခပ်များများရယ်…”

ဝမ်ကွမ်းလုံ ဒေါသမထွက်သွားခဲ့ချေ။ သူ၏ လေသံက တည်ငြိမ်၊ ညင်သာ၊ သိမ်မွေ့နေပြီး ခပ်မိုက်မိုက် ဖြစ်ဟန်ပင် ဆောင်လိုက်သေးသည်။

“ ဟင်းဟင်း…” လင်းရီ ပြုံးလိုက်ပြီး “ မင်းရဲ့ ကိုယ်ရည်သွေးတဲ့ နည်းလမ်းက တကယ့်ကို ဆန်းသစ်ပြီး သိမ်မွေ့လွန်းနေတာပဲ.. ငါ တွေ့ခဲ့ဖူးသမျှ လူတွေထဲမှာ မင်းက ပါရမီပါတဲ့ လူတွေထဲက တစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်… ဆိုးတာ မင်းက ရုပ်ဆိုးဆိုးနဲ့ ဘဲကြီး နေတာတော့ နှမြောစရာပဲ… မဟုတ်ရင် ငါနဲ့ ချိတ်မိလောက်တယ်..”

ပြောပြီးနောက် လင်းရီ သူဖမ်းမိထားသည့် ငါးများကို သယ်၍ လီချူးဟန်နှင့် ချောင်ရှင်းကို အတူပြန်ရန် လက်ပြလိုက်သည်။

“ ကိုယ်လူချောရေ… ကျွန်မတို့ အရင်သွားနှင့်ပြီနော်… နောင်ကျ အခွင့် အရေးရှိရင် ပြန်တွေ့ကြတာပေါ့…” မထွက်ခွာခင် ချောင်ရှင်းသည် ဝမ်ကွမ်းလုံကို စနောက်ရန်လည်း မမေ့ခဲ့ချေ။ ၎င်းက ဝမ်ကွမ်းလုံကို ပို၍ နေလို့ ထိုင်လို့ ကောင်းသွားစေခဲ့၏။

“ အစ်ကိုလုံ.. အဲ့သာတာကြည့်တော့… အဲ့ ကောင်မဆို ပိုပြီး စိတ်အားထက်သန်လာနေပြီ မြင်လား… “ ကျားဟူ ပြောလိုက်ပြီး “ သည့်ထက် ပိုကြိုးစားရင် နှစ်ယောက် စလုံးကို အတူ ခေါ်နိုင်မယ်လို့ ငါတော့ မြင်ယောင်နေပြီ…”

“ မင်း သေချာလား…. “

“ ငါ့ရဲ့ အတွေ့အကြုံတွေနဲ့ဆို မမှားနိုင်ဘူး..”

“ သေစမ်း… ငါ ဒီလောက် သည်းခံထားရတာ နှစ်ယောက်လုံးကို မရလို့ကတော့ ငါ တကယ် စိတ်ဆိုးမိမှာ..”

“ မပူပါနဲ့… အကုန်လုံးက ထိန်းချုပ်မှုအောက်မှာပဲ ရှိပါသေးတယ်…”

“ သွားစို့ … သူတို့လည်း သွားကြပြီ.. ဆက်ပြီး ငါးမျှားလို့လည်း အလကားပဲ… ပြန်ပြီး ငါတို့ လုပ်စရာရှိတာ ဆက်လုပ်ကြမယ်…”

“ သွားကြစို့….”

******

“ ဒါရိုက်တာမြောင်နဲ့ တခြားသူတွေကို ခေါ်လိုက်တော့.. အမြန်လာခဲ့လို့ ပြောလိုက်…” လင်းရီ ပြောလိုက်ပြီး “ ငါတို့က အခု တုံးစန်းကောင်တီနဲ့ ၂၀ ကီလို အကွာမှာဆိုတော့ သူတို့သာ မြန်ရင် နာရီဝက်အတွင်း ရောက်တယ်… သူတို့ရောက်လာမယ့် အချိန်နဲ့ ငါတို့ စားမယ့် အချိန်နဲ့ ကွက်တိလောက်ပဲ…”

“ ငါ အခု ခေါ်လိုက်မယ်..”

လီချူးဟန်သည် ဖုန်းထုတ်၍ မြောင်ကော်ဖုန်းနှင့် တခြားသူများကို ခေါ်လိုက်၏။ ထို့နောက် တံငါရွာရှိ စားသောက်ဆိုင်သို့ လင်းရီနှင့်အတူ ရောက်ရှိလာသည်။

မကြာမီ ဝမ်ကွမ်းလုံနှင့် အခြားသူများလည်း အထဲသို့ ဝင်လာခဲ့ကြ၏။ ကြွားလုံး ထုတ်ပြရမည့် အခွင့်အရေး အနည်းငယ်ခန့်ကိုပင် သူတို့ အလွတ်မပေးချင်ကြပေ။

“ သူဌေး.. “

စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့ပြီးနောက် လင်းရီသည် အသက်လေးဆယ် အရွယ်ရှိ သူဌေးကတော်ကို လှမ်းခေါ်လိုက်၏။

“ မောင်ငယ်လေး…. အစ်မတို့ ဒီငါးတွေကို ဘယ်လိုလုပ်ပေးရမလဲဟင်…”

လင်းရီ၏ ချောမောခန့်ညားသည့် ရုပ်အဆင်းအင်္ဂါကို မြင်တော့ သူဌေးကတော်သည် ညင်သာသည့် လေသံဖြင့် မေးလိုက်၏။

“ ကျွန်တော် ငါးကို ကိုယ့်ဘာကိုယ် ပြင်ဆင်ချင်တယ်… ပိုက်ဆံကိုတော့ ပုံမှန်အတိုင်းပဲ ပေးမယ်.. အဆင်ပြေမလား…”

“ အဲ့ဒါက….”

သူဌေးကတော်သည် အနည်းငယ် အခက်တွေ့နေမိ၏။

“ မောင်ငယ်လေးရေ.. အစ်မတို့ မီးဖိုချောင်မှာက သူ့စည်းမျဉ်းစည်းကမ်းတွေ ရှိနေတော့ ပုံမှန်ဆို တခြား အပြင်လူတွေကို အထဲဝင်ခွင့်တောင် ပေးတာမဟုတ်ဘူး… နင် တောင်းဆိုလိုက်တာက အစ်မတို့အတွက် နည်းနည်းလေး ခက်တယ်…”

လင်းရီလည်း ယခင်က စားသောက်ဆိုင် ဖွင့်ဖူးသောကြောင့် ဤစည်းမျဉ်းကို သဘာဝအလျောက် နားလည်သည်။

“ ကျွန်တော် ယွမ် ၂၀၀ ပေးမယ်ဗျာ…”

“ ငွေကြောင့်မဟုတ်ဘူး.. အဓိကက….”

“ ငါးရာ…”

“ လာခဲ့ လာခဲ့ မောင်လေး… အစ်မကြီးနောက် လိုက်ခဲ့… နင့် ပုံစံ ကြည့်လိုက်တာနဲ့ စားဖိုမှူးမှန်း အစ်မသိသားပဲ… အချိန်ကျလာရင် ဒီအစ်မကြီးကို အမြင်ကျယ်အောင် စကေးတွေ ပြရမယ်နော်….”

“ ဒါပေါ့ဗျ…”

လင်းရီ ငါးကို မီးဖိုချောင်ထဲ သယ်သွားပြီး ချက်ပြုတ်ရန် ဟန်ပြင်သည်။

လီချူးဟန်နှင့် ချောင်ရှင်းတို့ကတော့ မြောင်ကော်ဖုန်းတို့ကို စောင့်ရင်းဖြင့် အပြင်တွင် ရှိနေကြ၏။

“ အစ်ကိုဝမ်… ဟိုသောက်ကလေး မီးဖိုချောင်ထဲ ဝင်သွားပြီ.. ဒါ အခွင့်အရေး ကောင်းပဲ..” ကျားဟူကနေပြီး ပြောလိုက်သည်။

“ မင်း ပြောချင်တာ.. ငါ့ကို စကားသွားပြောစေချင်နေတာလား…”

“ အခွင့်အရေး ရှိရင်တော့ စကားတွေ ဘာတွေ ပြောတာက ပိုကောင်းတာပေါ့.. ဒါပေမယ့် ငါတို့ရဲ့ အဓိက တာဝန်က ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ် ဖလှယ်ဖို့လေ.. မဟုတ်ရင် ငါတို့ ဒီက ထွက်သွားတဲ့ အခါကျ ဟိုဘက်က ဆန္ဒရှိတယ် ဆိုရင်တောင် ဆက်သွယ်လို့ ရမှာ မဟုတ်ဘူး… ဒီနေ့ အားထုတ်ထားတာတွေ အကုန် အလကား ဖြစ်ကုန်လိမ့်မယ်..”

“ မင်း မှန်တယ်.. ငါ အခု သွားလိုက်မယ်…”

ဝမ်ကွမ်းလုံသည် သူ့ အိတ်ထဲသို့ မွှေနှောက်ရင်း နာမည်ကတ်ကို တွေ့သွားခဲ့၏။ သူ၏ ကော်လာကို ချိန်ညှိ၊ ဘောင်းဘီကို ဆွဲတင်ရင်း လီချူးဟန်တို့ နှစ်ယောက်ဝိုင်းထံ လျှောက်လှမ်း၍ လာခဲ့သည်။

“ အစ်မလီ… အဲ့ဒီ တဏှာရူးကြီးတွေကို ကြည့်စမ်းပါဦး.. ညီမတို့ဘက်ပဲ အချိန်ပြည့် ကြည့်နေကြတယ်… လက်မလျော့သေးဘူးဆိုတာ အသိသာကြီး…” ချောင်ရှင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

“ သူတို့ အလျော့မပေးသေးဘူးဆိုတာ နင့်အမှားပဲလေ… “ လီချူးဟန် မျက်လုံးလှန် ကြည့်လိုက်ပြီး “ နင်သာ သူတို့ကို အဖတ်လုပ်ပြီး စကားမပြောခဲ့ဘူးဆိုရင် လက်လျော့သွားခဲ့တာ ကြာလှပေါ့…”

“ ညီမလည်း ဘာလုပ်စရာမှ မရှိလို့ သူတို့ကို စနောက်ချင်မိတာပါနော်…” ချောင်ရှင်း အပြစ်ကင်းစင်ဟန်ဖြင့် မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်ပြီး “ ခဏနေကျလို့ ညီမတို့ ဝိုင်းကို ထပ်ရှင်းပေးဦးမယ်ဆိုရင် သူတို့ကို အကုန်ပြောင်သွားအောင် ဓားပြတိုက်လို့တောင် ရဦးမယ်…”

“ ငါတော့ နင့်ကို ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး…”

“ အမ် အမ်.. အစ်မလီ… နင်ကြည့်… အဲ့ဖက်တီးပုတ်ကြီး ဒီဘက် လာနေပြီ…” ချောင်ရှင်းသည် လီချူးဟန်၏ လက်မောင်းကို တွတ်ထိုးရင်း စိတ်လှုပ်ရှား ကြီးစွာဖြင့် ပြောလိုက်၏။

“ သူ့ဘာသူ လာတာ ငါနဲ့ ဘာဆိုင်လို့…” လီချူးဟန် အမှုမထားစွာ ပြောလိုက်ရင်း မျက်နှာထားက မသတီမှု အပြည့်ဖြင့် ဖြစ်နေသည်။

“ မိန်းမလှလေးတို့.. ငါတို့ မကြာမကြာ ဆုံဖြစ်ကြတယ်နော်.. ငါတော့ ဒါက ရေစက်ဆုံလို့ပဲလို့ တယ်… အချင်းချင်း ရင်းနှီးကြရင် ပိုမကောင်းဘူးလား.. ဒါက ငါ့ရဲ့ နာမည်ကတ်ပါ…”

“ ဒါပေါ့ရှင့်…”

ချောင်ရှင်း ပြုံးပြီး ဝမ်ကွမ်းလုံ၏ နာမည်ကတ်ကို လက်ခံလိုက်သည်။ “ ဟင်… ဒါဆို ရှင်က သူဌေးကြီးပေါ့… ရှင်က အရမ်း အံ့ဩဖို့ ကောင်းတာပဲ…”

“ ဟဲဟဲ… ပါးပါးလေးပါ…” ဝမ်ကွမ်းလုံ ရယ်မောလိုက်၏။

“ တကယ်တမ်းကျ ပိုက်ဆံ ဘယ်လောက်မှ ရှိတာ မဟုတ်ပါဘူး.. ဒီတိုင်း ယွမ် သန်း ဆယ်ချီလောက်ပါပဲ… ဟိုလို ထွေထူး ချမ်းသာတဲ့ သူဌေးကြီးလည်း မဟုတ်ပါဘူး…”

သူ၏ ယွမ်သန်း ဆယ်ချီသည့် ကြွယ်ဝမှုများကို ကြားပြီးသည့်တိုင် လီချူးဟန်နှင့် ချောင်ရှင်းတို့သည် များများစားစား မတွေးမိကြချေ။

မည်သို့ပင် ဆိုစေ လင်းရီ၏ ကြွယ်ဝမှုက ယွမ်ဘီလီယမ် ရာချီနေပြီး သူ၏ ယွမ် သန်း ဆယ်ချီဟူသည့် စည်းစိမ်လေးကို ခေါင်းထဲ မထည့်နိုင်ကြချေ။

သို့သော်ငြား စားသောက်ဆိုင်ထဲရှိ အခြားလူများကတော့ ဝမ်ကွမ်းလုံထံ တညီတညွှတ်တည်း ကြည့်လိုက်ကြ၏။

သူတို့ တကယ်ကြီး ခန်းလိုင်ကောင်တီလို နေရာသေးသေးလေးမှာ မီလီယမ်နာကြီးနဲ့ လာဆုံနေတယ်လား…

ဘယ်လိုတောင် ရှားပါးလိုက်သလဲ..

“ အဲ့လူကို ကြည့်လိုက်စမ်း ဟျောင့်တွေ.. ငါတော့ သူ့ကြည့်ရတာ အစိမ်းရောင် ဂါဝန်နဲ့ ကောင်မလေးကို မျက်စိကျနေတယ်လို့ ထင်တယ်.. ဒါကြောင့်မို့ လာပြီး အထာတွေ ပေးနေတာ ဖြစ်မယ်…”

“ ဒါပေမယ့် အဲ့ကောင်မလေး ကြည့်ရတာ ကောင်လေး ရှိတဲ့ ပုံပဲနော်… ပြီးတော့ သူက တော်တော်လေးလည်း ခန့်ညားတယ်..”

“ အဲ့ခန့်ညားတာကြီးက ဘာအသုံးဝင်လို့.. ငါတို့ အခု နေထိုင်နေတာက လက်တွေ့ကျတဲ့ လူ့အဖွဲ့အစည်းကြီးမှာ.. ချမ်းသာတဲ့လူက ဘုရင်ပဲ.. ပြီးတော့ သူတို့ ဘယ်လိုတောင် ရယ်မောပြီး လေကြောတည့်နေလိုက်ကြလဲ ကြည့်စမ်း… ဆိုလိုတာ အဲ့ ကောင်မလေး နှစ်ယောက်ကလည်း အဲ့ဖက်တီးကို မငြင်းဘူးဆိုတဲ့ သဘောကွ… ဒီ ရတနာလေး နှစ်ခုလုံး အဲ့ ဝက်စားတာ ခံလိုက်ရမှာ မကြာတော့ဘူးလို့ ငါလောင်းရဲတယ်…”

“ ဟင်း… ကြည့်ရတာ ရုပ်ရည်ကလည်း သိပ် အရေးမပါတော့တဲ့ ပုံပါလားနော်… လူက ချမ်းသာရင်ကို အဆင်ပြေနေပြီ…”

“ အဲ့တာတွေ အသာထားစမ်းပါ… ခဏနေကျရင်တော့ ငါတို့ကောင်တွေ ပြပွဲကောင်းကောင်း တစ်ခု ကြည့်ရတော့မယ်နဲ့ တူတယ် ဟီးဟီး…”

အခြား တစ်ဖက်တွင်တော့ ချောင်ရှင်းသည် ဝမ်ကွမ်းလုံကို ကြည့်လိုက်ရင်း “ ဘုရားရေ.. ရှင်က တကယ်ကြီး ယွမ် ဆယ်နဲ့ချီ ချမ်းသာတယ်ပေါ့.. ကျွန်မ အိပ်မက်ထဲမှာ‌တောင် အဲ့လောက် ပိုက်ဆံတွေ အများကြီး မမက်ခဲ့ဖူးဘူး..”

လီချူးဟန် ကူကယ်ရာမဲ့စွာဖြင့် နဖူးပေါ် လက်တင်လိုက်၏။

“ ပိုလိုက်တာ…”

All Chapters