← Chapters

အခန်း (၁၃၈၀) ဒါ လင်းယွင်အုပ်စုရဲ့ ဥက္ကဌလင်းပဲ

Vol. 92 Ch. 1380

အခန်း (၁၃၈၀) ဒါ လင်းယွင်အုပ်စုရဲ့ ဥက္ကဌလင်းပဲ

Vol. 92 Ch. 1380

“ အစ်ကိုဝမ်… မင်း ဘာတွေ ပြောနေတာလဲ.. အတွင်းရေးမှူးကျောက် ရောက်လာတယ် ဟုတ်လား…”

ဝမ်ကွမ်းလုံသည် တံခါးဝမှ ဝင်လာခဲ့သည့် လူနှစ်ယောက်ကို မှတ်မိနေပြီး သူ၏ အမူအရာသည်လည်း ပို၍ လေးလေးနက်နက် ဖြစ်သွားခဲ့တော့၏။

“ ရှေ့က လျှောက်နေတဲ့ တစ်ယောက်က ခန်းလိုင် ကောင်တီရဲ့ ခေါင်းဆောင် ကျောက်ဝန်မော့၊ သူ့ဘေးက သူ့ရဲ့ ဒရိုင်ဘာ… ငါ ကောင်တီကို အစည်းအဝေးသွားတုန်းက သူနဲ့ သုံးလေးကြိမ်လောက် တွေ့ခဲ့ဖူးတယ်… သူက အရမ်းကို ဩဇာကြီးမားတဲ့လူ… ဒီနေ့ သူ့ကို ဒီလိုနေရာမှာ လာတွေ့ရလိမ့်မယ်လို့ ထင်မထားဘူး…”

“ ဒါကြီးကတော့ တိုက်ဆိုင်လွန်းပါတယ်.. ငါတို့သွား နှုတ်ဆက်ကြမလား..”

“ ဒီလောက် အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီးက ဒီရောက်လာမှတော့ ဒါပေါ့… ငါတို့ သွားနှုတ်ဆက်သင့်တာပေါ့…” ဝမ်ကွမ်းလုံ ပြောလိုက်သည်။

“ ဒါပေမယ့် အလျင်မလိုသေးနဲ့ဦး.. ငါတို့ သင့်တော်မယ့် အခွင့်အရေးကောင်း ရှာရဦးမယ်.. လွဲချော်သွားလို့မရဘူး..”

“ အစ်ကိုဝမ်ပြောတာ မှန်တယ်..” ကျားဟူ ပြုံးလိုက်ပြီး “ ငါတော့ ကောင်းကင်ဘုံက အစ်ကိုဝမ်ကို ကူညီနေတယ်လို့ ထင်တယ်.. တကယ်လို့ ဒီ ကောင်မနဲ့ သူ့ဆွေမျိုးတွေသာ အစ်ကိုဝမ် ခန်းလိုင်ကောင်တီရဲ့ ခေါင်းဆောင်နဲ့ ရင်းနှီးနေတာ မြင်ရင် သူတို့ရဲ့ အကောင်းမြင်မှုတွေက ဒုံးပျံလို ထိုးတက်သွားလောက်တယ်… တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ…”

“ ငါလည်း အဲ့လို ထင်တယ်..” ဝမ်ကွမ်းလုံ အပြုံးလးဖြင့် ပြောလိုက်၏။

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပဲ ကျားဟူသည် ကျောက်ဝန်မော့ သူတို့ထံ လျှောက်လှမ်းလာနေသဖြင့် အံ့အားသင့်သွားခဲ့၏။

“ အစ်ကိုဝမ်… ခုကရော ဘာတွေ ဖြစ်နေပြီတုန်း… သူက ဘာလို့ ဒီကို လာနေရတာလဲ… အစ်ကိုဝမ်ကို မှတ်မိသွားလို့များလား.. ကြည့်ရတာ အစ်ကိုဝမ်ကလည်း ခန်းလိုင်ကောင်တီက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ထင်တယ်…”

ဝမ်ကွမ်းလုံသည် စက္ကန့်အနည်းငယ် ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး ကျားဟူပြောသည်က ယုတ္တိရှိသည်ဟု ခံစားနေရ၏။

သူ၏ စီးပွားရေး လုပ်ငန်းက အောင်မြင်နေသည့် အပြင် နောက်ထပ် စက်ရုံခွဲတစ်ခုလည်း ထပ်မံ တည်ဆောက်ချင်နေသေးသည်။ ဒီတော့ သူ့ဆီ ကိုယ်တိုင်ကိုယ်ကျ လာတွေ့တာက ဖြစ်သင့်တဲ့ သဘာဝပဲလေ….

သို့သော် ဝမ်ကွမ်းလုံ အနည်းငယ်တော့ ယုံကြည်ချက် မရှိ ဖြစ်နေကာ ဘေးဘီကို တစ်ချက် ဝေ့ကြည့်လိုက်သေး၏။ လက်ရှိ ရောက်နေကြသူတိုင်းက သာမန်လူများသာ ဖြစ်ကြ၏။ သူနှင့် ယှဉ်နိုင်သူ ဟူ၍ တစ်ယောက်မှ မရှိချေ။

အကယ်လို့ သူ့ကြောင့်သာ မဟုတ်ပါက ကျောက်ဝန်မော့သည် အဘယ်ကြောင့် ယခုလို နေရာသို့ ရောက်လာလိမ့်မည်နည်း။

ထိုအကြောင်းတွေးမိတော့ ဝမ်ကွမ်းလုံ ယုံကြည်ချက် ပြန်ရှိသွားခဲ့သည်။ သူ ကျောကို မတ်လိုက်ပြီး ကျောက်ဝန်မော့ထံ ဖော်ရွေပါသည်ဆိုသည့် အပြုံးလေးဖြင့် လျှောက်လှမ်းသွား၏။

“ အတွင်းရေးမှူးကျောက်… ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲနော်.. ဒီမှာ လာတွေ့ရလိမ့်မယ်လို့ ထင်မထားဘူး..”

“ အတွင်းရေးမှူးကျောက်….”

မူလတုန်းကတော့ စားသောက်ဆိုင်ထဲတွင် စားသောက်နေကြသည့် လူများသည် ကျောက်ဝန်မော့ကို အာရုံ သိပ်ထားမနေကြချေ။ ရှုခင်းလာကြည့်သည့် အခြားသော ခရီးသွားတစ်ယောက်ဟုသာ ထင်မှတ်ထားသည်။ သို့‌သော် အဆိုပါ ပညာတတ်သည့် ပုံစံနှင့်လူ၌ ထိုသို့သော အထောက်အထားမျိုး ရှိနေလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ပါချေ။

“ အဲ့ဖက်တီးက မရိုးရှင်းဘူးပဲကွ… သူက ယွမ်သန်းဆယ်ချီ ချမ်းသာရုံတင် မကသေးဘူး… ကောင်တီ ခေါင်းဆောင်နဲ့သာ သိနေလိုက်သေးတယ်… အနာဂတ်ကျ ဘီလီယမ်နာ မဖြစ်မှပဲ ထူးဆန်းနေလိမ့်မယ်…”

“ အဲ့ မိန်းကလေးတော့ ဖျားယောင်းခံလိုက်ရပြီ ထင်တယ်… ခု သူ့ရဲ့ အဆက်အသွယ်ကိုလည်း မြင်လိုက်ရပြီဆိုတော့ ငါ့အထင် သူ့စိတ်တွေ ယိုင်နဲ့သွားလောက်ပြီ… “

“ ဟင်း… ကောင်းကင်ကြီးက မမျှတချက်ကွာ… ငါတော့ အဲ့ လူချောလေးအတွက် ဝမ်းနည်းမိတယ်.. “

“ လာလာ သူ့ကို သနားတဲ့ အနေနဲ့ တို့တွေ သောက်လိုက်ရအောင်…”

အခြားတစ်ဖက်တွင်တော့ ကျောက်ဝန်မော့သည် ဝမ်ကွမ်းလုံကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ပြီးနောက် အတန်ငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့၏။

“ မင်းက……”

ဟင်…

ရှိနေကြသည့် လူတိုင်း ကြက်သေသေသွားခဲ့ကြသည်။

သူ အဲ့ဖက်တီးကို သိမနေဘူးပဲ..

ဝမ်ကွမ်းလုံနှင့် ကျားဟူတို့လည်း ကြက်သေသေသွားခဲ့ကြ၏။

သူက ခန်းလိုင်ကောင်တီမှာ နာမည်ကြီး ပုံရိပ်လေ… မင်း သိသင့်ပါတယ်ဟ… မင်း နာမည် မမှတ်မိရင်တောင် ဒီ ခန္ဓာကြီးကိုတော့ မှတ်မိဦးလေ…

“ အတွင်းရေးမှူးကျောက်… ငါက ချန်လုံ အစားအသောက် စက်ရုံ ပိုင်ရှင်လေ… ကောင်တီ အစည်းအဝေးမှာတုန်းက အတွင်းရေးမှူးကျောက်နဲ့တောင် တွေ့ခဲ့ဖူးသေးတယ်…”

“ အား… ငါ အခု မှတ်မိပြီ..”

ဝမ်ကွမ်းလုံ၏ အပြုံးသည် အနည်းငယ် ကိုးရို့ကားယား နိုင်နေသည်။

ဒါ အစိုးရလူကြီးတွေ သုံးနေကျ စကားအလှပဲ.. ဒီလူ သူ့ကို မသိဘူးဆိုတာ ကျိန်းသေတယ်… ခွေးကောင်ကြီး.. ငါ ပေးထားတဲ့ အခွန်တွေ ပြန်အန်ထုတ်စမ်း….

“ အတွင်းရေးမှူးကျောက်.. ငါတို့တွေ ဒီမှာ လာဆုံတယ်ဆိုတာ ကံတရားပဲ ဖြစ်ရမယ်… ဒီတော့ ထမင်း တစ်နပ် ကျွေးပါရစေ…” ဝမ်ကွမ်းလုံ အရှက်မဲ့စွာ ပြောဆိုလိုက်သည်။

“ နောက်မှပေါ့… ငါ အခု တခြား လုပ်စရာလေး ရှိသေးလို့.. “

ပြောပြီးနောက် ကျောက်ဝန်မော့သည် ဝမ်ကွမ်းလုံကို ကျော်၍ လင်းရီအနားသို့ ရောက်လာသည်။

၎င်းနောက် ဒါရိုက်တာမြောင်နှင့် အခြားသူများအား အပြုံးလေးဖြင့် ကြည့်၍ “ ဒါရိုက်တာမြောင် ၊ ဒါရိုက်တာမာ၊ ခင်များတို့ ဒီရောက်နေကြတယ်လား…”

ထိုမြင်ကွင်းကို မြင်တော့ ရှိနေကြသည့်လူတိုင်း ဟာခနဲ ဟင်ခနဲတွေ ဖြစ်ကုန်ကြသည်။

မည်သူကမျှ ခန်းလိုင်ကောင်တီ၏ အကောင်ကြီးကြီးသည် ဤ သက်ကျားအိုကြီးများကို လာရှာလိမ့်မည်လို့ ထင်မထားခဲ့ကြချေ။

ထို့ပြင် ဒါရိုက်တာဟုပင် သုံးနှုန်းလိုက်သေး၏။

ဒီလူတွေရဲ့ အထောက်အထားက ဘာများ ဖြစ်နေမလဲနော်..

“ ခင်များက ခန်းလိုင်ကောင်တီရဲ့ အတွင်းရေးမှူးကျောက် ဆိုတာလား…” မြောင်ကော်ဖုန်း စကားအစ်လိုက်၏။

“ ဟုတ်ပါတယ် ဟုတ်ပါတယ်.. အဲ့တာကျုပ်ပဲ..” ကျောက်ဝန်မော့ ပြေလိုက်ပြီး “ ခုလေးတင် ကျုပ် တုံးစန်းကောင်တီ သွားခဲ့တာ ဒါရိုက်တာတို့ ဒီရောက်နေကြတယ် ပြောလို့လေ… ဒါကြောင့်မို့ ဒီလာခဲ့လိုက်တာ…”

မြောင်ကော်ဖုန်းသည် သူ့ရှေ့ရှိ ဤလူအပေါ် အမြင်တစ်ချို့ ရှိနေသည်။

ယင်းက ဘာကြောင့်လဲဆိုတော့ မနေ့ နေ့လည်ခင်းတုန်းက သူ့ထံ ဖုန်းခေါ်၍ ခန်းလိုင်ကောင်တီထံ ကမ်းလင့် ဆေးဝါး အကူအညီ ရောက်လာပေးရန် တောင်းဆိုထားခြင်းပင်။

မြောင်ကော်ဖုန်း သူ့ကို ပြတ်ပြတ်သားသား ငြင်းဆန်လိုက်၏။ သို့သော် ထိုငနဲက အလျော့မပေးသေးဘဲ ဆက်လက် ဆွဲခေါ်နေဆဲပင်။

“ တကယ်လို့ အချိန်သာရခဲ့ရင် ကျုပ်တို့ လာပေးဖို့ ဝန်လေး မနေဘူး… ဒါပေမယ့် တုံးစန်းကောင်တီရဲ့ အခြေအနေတွေက တကယ့်ကို ရှုပ်ထွေးနေတာ… ဒီက ကိစ္စပြီးတာနဲ့ ကျိုးဟိုင်ကို ပြန်ရတော့မှာ.. ကျုပ်တို့မှာ ခန်းလိုင်ကောင်တီကို လာဖို့ တကယ်ကြီး အချိန်မရှိတာ…”

ကျောက်ဝန်မော့ ပြုံးလိုက်သည်။

“ ကျုပ်လည်း တုံးစန်းကောင်တီရဲ့ အနေအထားကို နားလည်ထားပါတယ်.. ဒါကြောင့်မို့ ကျုပ် တောင်းဆိုချင်တာက မများပါဘူး.. နှစ်ရက်တည်းပါ… သူတို့ပေးတာထက်လည်း တစ်ပြား မလျော့စေရပါဘူး.. တုံးစန်း ကောင်တီထက် သာစေရမယ်လို့ ကတိပေးတယ်..”

“ ငွေကြောင့်မဟုတ်ဘူး… ခုဟာက………….”

“ ရပြီ… အဲ့အကြောင်း မေ့လိုက်တော့…”

လင်းရီ မြောင်ကော်ဖုန်း၏ စကားကို ကြားဖြတ်ပြောလိုက်ပြီး “ ခန်းလိုင်ကောင်တီကို လာဖို့ တကယ်ကြီး အချိန်မရှိတာ… နောင်ကျမှ ထပ်ပြီး ဆွေးနွေးကြတာပေါ့.. ကျေးဇူးပြုပြီး ပြန်လိုက်တော့…”

“ မင်း အတွင်းရေးမှူးကျောက်ကို ဘယ်လိုတောင် စကားပြောနေတာတုန်းကွ.. ဟမ်…” ဝမ်ကွမ်းလုံ ကြားထဲကနေ ကြိမ်းမောင်းလိုက်သည်။

“ ဒီက…..” ကျောက်ဝန်မော့ မဝံ့မရဲလေး မေးလိုက်ပြီး သူ၏ အမူအရာက သိပ်လှမနေချေ။

ဤလူက ကျားကို မာန်ဖီပြနေသည့် မြေခွေးဟု ခံစားနေရ၏။

“ သူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌလေ.. တုံးစန်းကောင်တီက ချစ်ပ်စက်မှုဇုန်ဆိုတာ သူ တည်ထောင်ထားတာပဲလေ…”

“ လင်းယွင်အုပ်စုရဲ့ ဥက္ကဌ…”

လီတိုဂရပ်ဖီစက်ကြောင့် လင်းယွင်အုပ်စုသည် ဟွာရှတွင် အမျိုးသားရေး အဆင့် စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာနေလေပြီ။

၎င်း၏ ဂုဏ်သတင်းက ဟွာဝေးနှင့်ပင် တန်းချင်းယှဉ်၍ ရနေပြီဖြစ်သည်။

မရေမတွက်နိုင်အောင် ပျံ့နှံ့နေသည့် ဗွီဒီယို အတိုလေးများကြောင့် သာမန်လူပင်လျှင် လင်းယွင်အုပ်စု၏ အမည်ကိုတော့ ကြားဖူးနားဝ ရှိကြ၏။

သို့သော် သူတို့ မသိခဲ့သည်က လင်းယွင်အုပ်စု၏ ဥက္ကဌသည် ထိုမျှ ငယ်ရွယ်နေမည်ကိုပင်။

“ အဲ့တာအပြင်ကို သူက ဟွာရှ ဆေးပညာ အစည်းအရုံးကြီးရဲ့ လက်ထောက် အထွေထွေ အတွင်းရေးမှူးဆိုလည်း ဟုတ်တယ်… ခု သူ ဘယ်သူလဲ ခင်များ နားလည်ပြီလား.. သူ့မှာ အဲ့လို ပြောပိုင်ခွင့်ရှိတယ်… ” မြောင်ကော်ဖုန်း နှာမှုတ်ပြီး ပြောလိုက်၏။ လင်းရီ မည်သူမည်ဝါဆိုတာကို သိရှိပြီးနောက် ရှိနေကြသည့် လူတိုင်း ခေါင်းများ တဝီဝီ မြည်ဟည်းသွားခဲ့လေသည်။

မည်သူကမျှ သူတို့ ဝိုင်းသနားနေကြသည့် ဤလူ့ထံတွင် ထိုသို့သော အထောက်အထားမျိုး ရှိနေလိမ့်မည်လို့ ထင်မထားခဲ့ကြချေ။

ဤသည်က ဝမ်ကွမ်းလုံ အတွက်ဆို အထူးတလှယ် ပိုမှန်လိမ့်မည်။ နေရာ၌ သစ်ငုတ်တွယ်ထားသကဲ့သို့ ငူငူငိုင်ငိုင်ကြီး ရပ်နေမိလေသည်။

သူ့အဆင့်နဲ့ဆို သူက ကျိန်းသေပေါက် ယွမ်ဘီလီယမ် ရာချီတဲ့ သူဌေးကြီး ဖြစ်မျာ ကျိန်းသေတယ်…

ငါ တကယ်ကြီး အဲ့လို ဒိတ်ဒိတ်ကျဲကြီးကို ငွေနဲ့ သွားပေါက်ချင်နေတယ်ပေါ့….

“ အိုး… ဥက္ကဌလင်းပဲ…”

ကျောက်ဝန်မော့ ဘေးနား အလျင်စလို ရောက်လာပြီး လင်းရီ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

“ ခန်းလိုင်ကောင်တီကို ရောက်လာတဲ့ အတွက် ကြိုဆိုပါတယ် ဥက္ကဌလင်း.. ထွက်လာပြီး လာမကြိုပေးမိတာ စိတ်မရှိပါနဲ့နော်…”

“ ယဉ်ကျေးနေစရာ မလိုပါဘူး…” လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ ကျုပ်ပဲ သူတို့ကို တုံးစန်းကောင်တီလာဖို့ ဖိတ်လိုက်တာ… သူတို့မှာ ခန်းလိုင်ကောင်တီကို လာဖို့ အချိန်မရှိကြဘူး.. ဒီတော့ ကျေးဇူးပြုပြီး ခေါင်းမာမနေပါနဲ့…”

“ ဒါပေါ့ ဒါပေါ့… ဥက္ကဌလင်းကတောင် ပြောလာပြီ ဆိုမှတော့ နားထောင်ပေးရမှာပေါ့…”

ကျောက်ဝန်မော့၏ လင်းရီအပေါ် သဘောထားကို မြင်တော့ လူတိုင်း နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့ကြသည်။ သူတို့စိတ်ထဲ ကျောက်ဝန်မော့၏ ဖင်အနောက်၌ အမြီးလေး ရမ်းခါနေသည်ဟုတောင် ထင်ယောင်ထင်မှား ဖြစ်လာခဲ့ကြသည်။

ဒီလူငယ်လးက အရမ်း အံ့ဩဖို့ကောင်းတာပဲ .. ကျောက်ဝန်မော့ကို အဲ့လိုမျိုး နှိမ့်နှိမ့်ချချနဲ့ စကားပြော‌စေဖို့ တကယ်ကြီး တတ်နိုင်နေတယ်..

“ အဲ့တာဆို ပြီးပြီ.. ခင်များတို့ ပြန်လိုက်ကြတော့..”

ပြောပြီးနောက် လင်းရီသည် ဝမ်ကွမ်းလုံဘက်သို့ လှည့်၍ “ စောနက ကိစ္စကို ဆက်ကြရအောင်… ငါ့ကို မင်းအတွက် ဟင်းချက်ခိုင်းစေချင်နေတယ် ဟုတ်လား… ဘယ်လောက်ဆို သင့်လျော်မယ်လို့ မင်းထင်လဲ…”

စာစဉ် (၉၂) ပြီး၏။

All Chapters