ကံဆိုးသူ မောင်ရှင်
Vol. 12 Ch. 166
Child of light (ကျန်းကုန်း)
Volume 6: Chapter 10 - I’m Out of Luck
နဂါးစိမ်း အမြီးကြီး ကျုပ်ရင်ဘတ်လာထိတာကို ဒီအတိုင်း ကြည့်နေရတဲ့အဖြစ်။ ဒီအချိန်လေးမှာ ကျုပ်လုပ်နိုင်တာဆိုလို့ ကျုပ်မှော်စွမ်းအားတွေ၊ တိုက်ပွဲစိတ်ဝိညာဉ်နဲ့ ဓားစွမ်းအားတွေကို အာရုံစိုက်ဖို့ပဲ ရှိတော့တယ်.
ကျုပ်မှာဖြင့် နဂါးစိမ်းကြီးရဲ့ စော့စရာ ဘောလုံးလေးလိုပဲ။ အမြှောက်စံတစ်ခုလို လွင့်သွားပြီး “ဟုန်း..”ကနဲအသံနဲ့အတူ နဂါးတောင်ကြားရဲ့ နံရံထဲ မြုပ်သွားပါလေရော။ ကျုပ်တကိုယ်လုံးက အရိုးတွေ ကျိုးကျေသွားသလိုမျိုး အရိုးထဲကထိအောင် နာပြီး ထုံကျင်နေပြီ။ အခုလို တိုက်ကွက်ကို လက်ရှိအခြေအနေနဲ့ ခံနိုင်စရာ အကြောင်းကို မရှိဘူး။ ကျုပ်အရိုးတွေ ကျိုးသွားတာ ပီပီသသကြီးကို ကြားလိုက်ရတယ်။ ကျုပ်မှော်စွမ်းအား၊ တိုက်ပွဲစိတ်ဝိညာဉ်နဲ့ သန့်ရှင်းသောဓားစွမ်းအားတွေ ကာကွယ်ထားလို့သာမဟုတ်ရင် ကျုပ်ဖြင့် အသားပြား ဖြစ်နေလောက်ပြီ။
ထုံကျဉ်မှုတွေ တဖြည်းဖြည်းပျောက်သွားတယ်။ ပြီးတော့ အရိုးပေါက်မတတ် နာကျင်တဲ့ ဝေဒနာနဲ့ နှလုံးခုံသံ အစားထိုးဝင်လာတယ်။ တောင်နံရံပေါ်က ပြုတ်မကျဘဲ နှစ်ဝင်နေတာပဲ ကံကောင်းလွန်းလှနေပြီ။ နောက်တစ်ကြိမ်သာ အရိုက်ခံရလို့ကတော့ လူပြန်ဝင်စားဖို့တောင် ဘုရားရှင်ဆီ မနည်းဆုတောင်းရမယ့်ကိန်း။ ဒီနဂါးစိမ်းကြီး ဘာကြောင့်များ ဒီလောက် စွမ်းအားကြီးနေပါလိမ့်။ ရှောင်ကျင်းမှာ ဒီလို အစွမ်းမျိုးမရှိတာ သေချာတယ်။
ရှောင်ကျင်း ကျုပ်ခံလိုက်ရတာ မြင်တော့ ဒေါသထွက်သွားပြီး သူ့မျိုးနွယ်ရော ဘာသော နားမလည်တော့ဘူး နဂါးစိမ်းကြီးကို သူမှာရှိသမျှနည်းလမ်းပေါင်းစုံနဲ့ တိုက်တော့တာဗျို့။
ဒါပေမယ့် နဂါးစိမ်းကြီးရှေ့မှာတော့ သူက ကလေးလေးပဲလေ။ နဂါးစိမ်းကြီး အတောင်တချက် ခတ်ယုံနဲ့ သူ့တိုက်ကွက်တွေ အကုန်ပျက်တာပဲ။ နဂါးစိမ်းကြီး မတတ်သာတော့တဲ့ လေသံနဲ့…
“အရှင်မင်းကြီး ဘာလို့ ငါ့ကို ဒီလို တိုက်ခိုက်နေရတာလဲ။ မင်းကို ကူပြီး အဲ့မုန်းစရာ လူသားကို ရှင်းပေးလိုက်တာလေ”
ရှောင်ကျင်း ဟိန်းသံ တိုးတိုး တချက်ထုတ်လိုက်တယ်။ သူ့အသံမှာ ဒေါသတွေ အပြည့်နဲ့ ဆက်ပြီး တိုက်ခိုက် နေတုန်းပဲ။ ရှောင်ကျင်းနဲ့ အရွယ်တူ နဂါးတွေဆို ကြောက်လန့်ပြီး အသံမထွက်ဝံ့ဘဲ ဘေးလွတ်ရာမှာ ပုန်းနေကြလေရဲ့။
ရှောင်ကျင်း ဟိန်းသံ တစ်ချက်ကြားပြီးမှာ မှိန်းနေတဲ့ နဂါးစိမ်းကြီး တအံ့တဩ ထမေးတော့တယ်။
“ဘယ်လို။ ဒီလူသားက အရှင်မင်းကြီးရဲ့ အရှင်သခင်လို့ ပြောတာလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မျာလဲ။ ကျုပ်တို့ နဂါးမျိုးနွယ်ရဲ့ သခင် ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်လိုမှကို မဖြစ်နိုင်ဘူး”
သူ ငိုင်သွားတာတုန်း ချက်ချင်းဆိုသလို ရှောင်ကျင်း ဆက်တိုက် တိုက်ခိုက်တာတွေ ခံလိုက်ရတယ်။ ရှောင်ကျင်း သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ပေမယ့် နာကျင်မှုကြောင့် ရှုံ့မဲ့သွားတယ်။
အဲ့အချိန် လေ့တစ်ချက် ဝှေ့သံနဲ့အတူ အရမ်းသိမ်မွေ့တဲ့ အမျိုးသမီး တစ်ယောက် အသံကြားလိုက်ရတယ်..
“မင်းသားလေး ပြန်လာတယ်ဆိုတာ ဟုတ်လား။ အိုက်ယား… သူဘာလို့ ဒီလောက် တိုက်ခိုက်နေရတာလဲ”
အဖြူရောင် နဂါးကြီးတစ်ကောင် ကောင်းကင်က ဆင်းလာတယ်။ လက်ရှိအနေအထားကို မြင်ပြီးတော့ နဂါးစိမ်းကြီးကို ခပ်ဝေးဝေးထိ ရိုက်ထုတ်လိုက်တယ်။ ပြီးတော့ ရှောင်ကျင်းကို သူ့အတောင်ပံတွေကြားမှာ ထားပြီး စိတ်လှုပ်ရှားတကြီးနဲ့..
“ကလေး။ တကယ်ကို မင်းပဲ။ နောက်ဆုံးတော့ မင်းပြန်လာပြီ..”
ရှောင်ကျင်း ခနလေးလန့်ပြီး ဒေါသတွေ ရပ်သွားတယ်။ သွေးမျိုးဆက် အငွေ့အသက်တွေက တခြားနဂါးတွေနဲ့ ယှဉ်ရင် နဂါးစိမ်းကြီးထက်တောင် ပိုရင်းနှီးသလို ခံစားရတဲ့ နဂါးဖြူကြီးက သူတိုက်နေတာ ရပ်သွားစေတဲ့အထိပဲ။
နဂါးဖြူကြီးရဲ့ မျက်လုံးထဲကနေ မျက်ရည်စက်ကြီးတွေ ထွက်ကျလာတယ်။
“ကလေး… ငါ မင်းအမေပါ။ နောက်ဆုံးတော့ မင်းပြန်ရောက်လာပြီပေါ့။ ငါမင်းကို သေလုအောင် လွမ်းနေရတာ”
ရှောင်ကျင်း လေချွန်သံလို အသံထွက်လာတယ်။ ရှောင်ကျင်းပြောတော့ နဂါးဖြူကြီး အံ့ဩသွားတယ်။
“ဒါ ဘယ်လိုဖြစ်ရတာလဲ။ မင်းက ငါ့ကလေးပါ။ ငါမင်းကို အသိအမှတ်ပြုတာ ဘာမှားစရာရှိမှာတဲ့လဲ။ မျိုးဆက်တိုင်းမှာ နဂါးဘုရင်ဆိုတာ တစ်ကောင်ပဲရှိတာလေ။ ကလေး ဘာလို့ ငါ့ကို အသိအမှတ်မပြုရတာလဲ။ ငါ မင်းအမေ စစ်စစ်ပါ”
ရှောင်ကျင်း အမူအရာ တဖြည်းဖြည်း ပျော့သွားတဲ့အပြင် မျက်လုံးမျာ မေတ္တာအငွေ့အသက်တွေ တရိပ်ရိပ်ပေါ်လာပြီး နဂါးဖြူကြီးကို ဖြေးဖြေးလေး ခေါင်းခွေ့လိုက်တယ်။
နဂါးဖြူကြီးကလဲ သူ့ခေါင်းနဲ့ ရှောင်ကျင်းကို ပြန်ပွတ်ပေးနေတယ်။ ပြီးတော့ သူ ဝမ်းသာအားရ ဟစ်ကျွေးသံ တစ်ချက် အော်လိုက်တယ်။
စောစောက လွင့်သွားတဲ့ နဂါးစိမ်းကြီး မြေပြင်ကနေ ပျံတက်လာတယ်။
“အစ်မကြီး။ နင် သားနဲ့မိခင် ပြန်တွေ့ယုံနဲ့ ဒီလောက် ပြင်းပြင်းထန်ထန် ရိုက်စရာမလိုဘူးမို့လား။ နင့် အဖိုးတန်သားလေးကို နာကျင်အောင်ဆိုလို့ လက်ဖျားနဲ့တောင် မတို့ရဲပါဘူးဟာ”
စိတ်ကောင်းရှိပုံရတဲ့ နဂါးဖြူကြီးက သေချာ စိုက်ကြည့်ပြီးမှ..
“ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတာပဲလေ။ ငါ့သားကို စိတ်ဆိုးအောင် ဘယ်သူက လုပ်ခိုင်လို့လဲ။ ဟွင့်”
“ဘုရင်ငယ်ရဲ့ ကိုယ်ပေါ်မှာ ထိုင်နေ့တဲ့ အဲ့လူသားကို ရှင်းလိုက်တာကလွဲလို့ ငါဘာမှ မလုပ်မိပါဘူး”
နဂါးဖြူကြီးရှေ့မှာ နဂါးစိမ်းကြီးရဲ့ မောက်မာမှုတွေ ကျက်ပျောက်ငှက်ပျောက် ပျောက်သွားပြီ။
သူ့စကားကြားတော့ ရှောင်ကျင်း တစ်ချက်တွေးပြီး နဂါးဖြူကြီးရင်ခွင်ထဲကရုန်းထွက်ရင်း အသံကျယ်ကျယ်နဲ့ အော်လိုက်တယ်။
“ဘယ်လို။ အရိုက်ခံရတဲ့သူက မင်းသခင်လို့ ပြောလိုက်တာလား ကလေး။ မင်းက နောက်မျိုးဆက်ရဲ့ နဂါးဘုရင်လေ။ မင်းမှာ ဘယ်လိုလုပ် လူသားသခင် ရှိရမှာလဲ”
ရှောင်ကျင်း ခေါင်းမာမာနဲ့ အသံနည်းနည်း ပေးလိုက်တယ်။ နဂါးဖြူကြီး မတတ်သာတော့တဲ့ လေသံနဲ့..
“ကောင်းပြီလေ။ အမေ လေ့လာကြည့်မယ်။ ဒါပေမယ့် အဲ့လူသား မင်းဦးလေးချင် ရိုက်ချက်မိထားတာဆိုတော့ အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူး”
ပြောပြီးတာနဲ့ သူ့အတောင်ပံကြီးတွေ ခတ်ပြီး ပျံတက်သွားတယ်။
ကျုပ် အရမ်းနာကျင်လွန်းလို့ သတိလစ်ပြီး စကားမပြောနိုင်တော့ဘူး။ သန့်ရှင်းသောဓား အစွမ်းတွေနဲ့ ပျက်စီးသွားတဲ့ ကျုပ်သွေးလေလမ်းကြောင်းတွေ အမြန်ဆုံး ပြန်ကုနေရတာ။ နဂါးကြီး ပျံတက်လာတယ်။ ထူးဆန်းနေတဲ့ ပုံနဲ့ ကျုပ်ကို ကြည့်နေတုန်း ရှောင်ကျင်းနဲ့ အတူပါလာတဲ့ နဂါးစိမ်းကြီးကို တအံ့တဩ ပြောလိုက်တယ်။
“အာ.. မထင်မှတ်ဘဲ ဒီလူသား အသက်ရှင်နေသေးတယ်”
ကျုပ်စိတ်ထဲမှာတော့ ခါးခါးသီးသီးနဲ့ ကျုပ်က ဘာကြောင့် သေရမှာတုန်း လို့ ရွတ်နေမိလိုက်တယ်။
နဂါးဖြူကြီး ကျုပ်ကို နံရံထဲက ဆွဲထုတ်လိုက်တော့ အဖြူရောင်အလင်းတန်းတွေ ဖြာထွက်လာတယ်။ ပြီးတော့ ရှောင်ကျင်းကို..
“သူ မသေပေမယ့် ဒဏ်ရာတွေ တော်တော်ပြင်းထန်တယ်။ ရှောင်ချင် တိုက်ကွက်မိသွားတာတောင် မင်းသခင် အသက်ရှင်နေအုံးမယ် ထင်မထားမိဘူး။ ဒါတော်တော် အံ့ဩဖို့ကောင်းတာပဲ။ မင်းအဖေ ကယ်နိုင်မလားဆိုတာ မေးကြည့်ရအောင်”
ရှောင်ချင် ခါးခါးသီးသီး ပြုံးရင်း..
“အစ်မကြီး။ ငါ့တူရှေ့မှာ ရှောင်ချင်လို့ မခေါ်လို့မရဘူးလား။ ငါ့ကို သူ့ငယ်သားတွေလို မြင်သွားမှာပေါ့”
“နင်ကရော လူကြီးတစ်ယောက်လို နေလို့လား။ သူနဲ့တွေ့တာနဲ့ ချက်ချင်း ရန်ဖြစ်နေတာလေ”
“အစ်မကြီး။ နင့်သားက အရမ်းအားနည်းနေတာ နင်မတွေ့ပဲ မနေဘူးမို့လား။ သူ့အသက်စွမ်းအားက သနားစရာအရမ်းကောင်းတယ်။ အဲ့လူသားကြောင့် ဖြစ်တာထင်လို့…”
သားဖြစ်သူ ကိုယ်ခံအား နည်းနေတယ်ကြားတော့ မိခင်တစ်ယောက်အနေနဲ့ ရှောင်ကျင်းကို ချက်ချင်း စစ်ဆေးကြည့်လိုက်တယ်။ ထွက်လာတဲ့ စွမ်းအားတွေကြောင့် နဂါးဖြူကြီးတောင် နည်းနည်း မှုံဝါးသွားသလိုပဲ။
“ကလေး မင်းကို ဘယ်သူလုပ်တာလဲ။ အမေ့ကို မြန်မြန်ပြောစမ်း။ အမေ မင်းအတွက် လက်စားချေပေးမယ်”
ရှောင်ကျင်းရဲ့ အသက်စွမ်းအားကြောင့် အားနည်းသွားတာလို့ သူတို့ထင်နေတဲ့ပုံပဲ။ ရှောင်ကျင်း စိုးရိမ်တကြီးနဲ့ နဂါးဖြူကြီးကို ဟိန်းသံနဲ့ တစ်ခုပြောလိုက်တယ်။
“ကောင်းပြီလေ။ ဒီလူကို ကယ်ဖို့ မင်းအဖေဆီ သွားကြမယ်။ မင်းအဖေ မင်းအသက်စွမ်းအားတွေ ပြန်ရအောင် ကုပေးနိုင်မလား သိရအောင် မေးကြည့်တာပေါ့။ သားလေး။ မင်း ဘယ်လိုဖြစ်စေချင်လဲ”
စကားပြောပြီး နဂါးဖြူကြီး မျက်ရည်တွေ စီးကျလာတယ်။ ကံမကောင်းချင်တော့ အဲ့မျက်ရည်စက်က ကျုပ်ကိုယ်ပေါ် တည့်တည့်ပဲ။ ကျုပ်ကိုယ်ပေါ်က အဖြူရောင် အလင်းတန်းတွေ ချက်ချင်း ပြောင်းသွားတယ်။ သူ့မျက်ရည်ကြောင့်လေ။ ကျုပ်ဘာလို့ ဒီလောက်ထိ ကံမကောင်းရတာလဲ။
“ဝေါ့….”
ကျုပ် ပါးစပ်ကနေ သွေးတွေ အံထွက်သွားတယ်။ ကျုပ်ဒဏ်ရာ တော်တော် ပြင်းသွားပြီ။
ကျုပ် ခန္ဓာကိုယ်မှာ အရိုးအများကြီးမရှိတာ နည်းနည်း ကံကောင်းတယ် ခံစားရတယ်။ ကျုပ် အရိုးတွေကြား ပွတ်တိုက်တာတွေကနေ နာကျင်လွန်းတဲ့ ဝေဒနာက ကျုပ် သေခြင်း-ရှင်ခြင်း မျဉ်းကြောင်းလေးပေါ် ရောက်နေရသလိုပဲ။
============= (*^*)=============
အပိုင်း( ၁၆၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား