နဂါးဘုရင်၏ စည်းကမ်းချက်များ
Vol. 12 Ch. 169
Child of light (ကျန်းကုန်း)
Volume 6: Chapter 13 - The Dragon’s Conditions
“ရှောင်ကျင်းကို ထိချင်တဲ့သူ ဘယ်သူဖြစ်ဖြစ် ကျုပ်အလောင်းကို ကျော်သွားနိုင်မှ ရမယ်”
နဂါးဘုရင်အိုကြီး ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်ပြီး..
“ကောင်းပြီလေ။ နံပတ်(၂)အချက်က အနာဂါတ်မှာ ဘယ်လိုပဲဖြစ်လာဖြစ်လာ မင်း ငါ့နဂါးမျိုးနွယ်တွေကို ကာကွယ်ပေးရမယ့်အပြင် ငါတို့ နဂါးမျိုးနွယ်ရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်သူ့ကိုမှ ထုတ်မပြောရဘူး”
“ရတယ်။ ကျုပ်ဆီက ဘာစကားမှ မပေါက်ကြားစေရဘူး”
“နံပတ်(၃)အချက်က ငါ့ရဲ့ နဂါးဘုရင်အမွေဆက်ခံဖို့ ငါ့သားကို ပြန်ခေါ်လာပေးရမယ်”
ဒီအချက်ကို ကြားတော့ ကျုပ်တော်တော်လေး အံ့ဩသွားမိတယ်။
“ဒါ သေချာပေါက် ဖြစ်လာမှာပဲလေ။ စည်းကမ်းချက်တစ်ခုအနေနဲ့တောင် သတ်မှတ်လို့မှ မရတာ”
“နဂါးဘုရင်အိုကြီး အပြုံးနဲ့..
“ဒါက စည်းကမ်းချက် တစ်ခုဖြစ်တဲ့အပြင် အရေးအကြီးဆုံး အချက်ဆိုလဲ ဟုတ်တယ်။ ငါတို့တွေက မွန်းစတား ဘုရင်ကို အောင်အောင်မြင်မြင်နဲ့ ချေမှုန်းနိုင်ခဲ့မယ်ဆိုရင်တောင် မင်းတို့ လူသားတွေရဲ့ သက်တမ်းက (၁၀၀)လောက်ပဲရှိတာ။ ငါတို့ နဂါးတွေရဲ့ သက်တမ်းက (၁၀၀၀၀)ကျော်တယ်လေ။ မင်း အသက်ကြီးပြီး သေသွားရင် ငါ့သားက မင်းအပေါ် စိတ်ခံစားချက်တွေကြောင့် သူလဲ လိုက်သေချင်စိတ် ပေါက်နေလိမ့်မယ်။ အဲ့ဒါဆို ငါတို့ ခြေသည်(၅)ခု နဂါးမျိုးဆက်လဲ သူနဲ့အတူ အဆုံးသတ်သွားလိမ့်မယ်”
အာ.. အဲလိုကြီးလား။ နဂါးဘုရင်အိုကြီး စကားတွေကို ရှောင်ကျင်း ခံစားချက်တွေအရ အပြုနေသေးတယ်။
“အရှင်နဂါးမင်း.. အရှင့်အမွေဆက်ခံဖို့ ကျုပ် ရှောင်ကျင်းကို သေချာပေါက် ပြန်ခေါ်လာခဲ့ပေးပါ့မယ်”
“မင်း ဒါတွေ သဘောတူလား မတူဘူးလား။ ရှောင်ကျင်းနဲ့ ငါ အခုမှ တွေ့ရတာဆိုပေမယ့် ဒီကောင် ခေါင်းကြော တော်တော်မာပြီး စည်းရုံးဖို့ မလွယ်ဘူးဆိုတာ ငါသိတယ်”
ကျုပ် ပြုံးရင်းနဲ့ပဲ..
“ဒီကိစ္စ ကျုပ်မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိပါတယ်”
နဂါးဘုရင် အိုကြီးကတော့ စိုးရိမ်စိတ်အပြည့်နဲ့..
“မင်းအစီအစဉ် ပြောစမ်းပါအုံး..”
ကျုပ်အစီအစဉ်တွေကို အသံတိုးတိုးနဲ့ပဲ ပြောပြလိုက်တယ်။ နဂါးဘုရင်အိုကြီး ရယ်ရင်းနဲ့..
“မင်း တော်တော် တော်တဲ့ ကလေးပဲ။ ဒီလိုအခြေအနေမျိုးမှာတောင် စိတ်အေးအေးနဲ့ နေနိုင်သေးတယ်နော်။ ဒါပေမယ့် ဒီအခုပြောတာလောက်နဲ့တော့ ငါမကျေနပ်နိုင်သေးဘူး။ မင်းကို စမ်းသပ်မှုတစ်ခုတော့ လုပ်ရအုံးမယ်”
“စမ်းသပ်မှာလား။ ဘယ်လိုစမ်းသပ်မှာလဲ”
“မင်း နဂါးမျိုးနွယ် သက်တော်ရှည် နဂါး(၈)ကောင်ထဲက ကြိုက်တဲ့ တစ်ယောက်ကို ရွေးပြီး အနိုင်ယူနိုင်မှပဲ မင်းကို ခွင့်ပြုနိုင်မယ်”
အား…။ အဲ့ဟာကြီး အရူးချီးပန်းစကားတွေ လာပြောနေတယ်။ ကျုပ်လဲ ငိုမဲ့မဲ့နဲ့..
“ဒါ.. ဒါမျိုးက ပုံမှန်မှမဟုတ်တာ။ ကျုပ်က သူတို့နဲ့ ဘယ်လိုတိုက်လို့ရမှာတုန်း”
“ဒါ မင်းအလုပ်မဟုတ်ဘူး။ မင်းအရည်အချင်းတွေ မြှင့်တင်နိုင်အောင် ငါအချိန် (၁)လပေးမယ်။ ပြီးရင် ပြိုင်ပွဲလုပ်မယ်။ ငါ့သားကိုတော့ လောလောဆယ် ဘယ်မှ မသွားခိုင်းသေးဘူး။ သူ့အသက်စွမ်းအားတွေ ပြန်ရပြီး အစစ်အမှန် နဂါးဘုရင်ဖြစ်လာဖို့ အချိန်(၁)နှစ်လောက် လိုတယ်။ ဒီကိစ္စတွေပြီးရင် မင်းဆီကို ငါကိုယ်တိုင် လာပို့လှည့်မယ်။ အဟွင်း မင်းကိုစမ်းသပ်တဲ့ စစ်ဆေးပွဲ အောင်မှနော်…”
သူ့စကားကြားရတာတော့ ရှောင်ကျင်းစွမ်းအားတွေ တိုးလာအုံးမယ့်ပုံပဲ။
နဂါးမျိုးနွယ်ရဲ့ သက်တော်ရှည် မဟာနဂါးတွေနိုင် တိုက်နိုင်ဖို့ ကျုပ်မှာ အခွင့်အရေးရှိပါ့မလား။ ကျုပ်မျက်နှာလဲ ကြက်ဟင်းခါးသီးလိုပဲ စိမ်းဖန့်နေပြီ။ ဒါပေမယ့် ရှောင်ကျင်းနဲ့ အတူနေရဖို့ဆိုတော့လဲ ကျုပ်ကြိုးစားယုံပဲပေါ့။ ကျုပ် အံကြိတ်ရင်း ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ နဂါးစိမ်းကြီးကို လက်ညှိုး ထိုးပြလိုက်တယ်..
“ကောင်းပြီလေ။ အဲ့ နဂါးစိမ်းကြီးနဲ့ ကျုပ်တိုက်မယ်”
“ဟမ်… ရှောင်ချင်က သက်တော်ရှည် မဟာနဂါးတွေထဲမှာ အင်အား အကောင်းဆုံးနော်။ မင်း ပြန်စဉ်းစားချင်သေးလား”
“ကျုပ် စဉ်းစားစရာ မလိုတော့ဘူး”
ဟွင်။ နဂါးစိမ်းမိုက်ကြီး မင်းငါ့ကို ရိုက်ထားတယ်။ ငါလဲ မင်းကို ပြန်တွယ်ရသေးတာပေါ့။
“ဒါ အရမ်းကောင်းတယ်။ အချိန် တစ်လပေးမယ်။ တစ်လကြာရင် အပြင်ဘက်မှာ ယှဉ်ပြိုင်ရမယ်။ ဒီလအတွင်း ကြိုးစားထားပေါ့။ မဟုတ်လို့ကတော့ ရှောင်ချင်ကို ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး။ ရှောင်ချင်ဆိုတာ သူ့သံမဏိခန္ဓာကြောင့် သူသိများတဲ့သူကွ။ သူ့ ထူးခြားချက်တွေက ကာယအား တိုက်ကွက်တွေပဲ။ ဒီကောင် မျိုးနွယ် (၁၀၀)ကျော်ကို အေးအေးဆေးဆေး ကိုင်တွယ်ထားနိုင်တဲ့ကောင်။ ငါ့သား ပြောပုံအရဆိုရင် မင်း မှော်ဆရာ တစ်ယောက်ပဲ။ ငါတို့ နဂါးတွေဆိုတာ မှော်စွမ်းအားကာကွယ်ရေးမှာ အရမ်းအစွမ်းထက်တယ်ဆိုတာ မင်းသိထားရမယ်။ ကောင်းပြီလေ။ လောလောဆယ် ဒီအတိုင်းပဲ ရှိပါစေတော့။ မင်း ငါ့နဲ့တွေ့ဖို့လာခဲ့တဲ့ နေရာမှာပဲ နေရမယ်။ မင်းမှာ လိုတာ တစ်ခုခုရှိရင် ရှောင်ချင်ကိုပြောလိုက်။ ငါ့သားကို ကုဖို့ သွားလိုက်အုံးမယ်”
“ကျုပ် နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ်”
ပြန်ဖြေပြီးတော့ နဂါးစိမ်းကြီးနဲ့အတူ ထွက်လာခဲ့လိုက်တယ်။ လမ်းလျှောက်လာရင်း နဂါးစိမ်းကြီးက..
“အိုက်ယား….. ငါ ခွန်အားထုတ်မသုံးခဲ့တာ တော်တော်ကြာနေပြီ။ ဒီအရိုးအဆစ်အိုတွေကို လှုပ်ရှားခွင့် ပေးရအုံးမှာပေါ့လေ။ ကလေး။ မင်း တော်တော်သေးပေမယ့် ရိုက်ရတာ ကောင်းလောက်တယ်။ တစ်လ ကောင်းကောင်းလေ့ကျင့်ပြီး ငါ့ကို စိတ်မပျက်စေနဲ့နော်”
ပြောပြီးတာနဲ့ နဂါးခြေသည်းကိုကို စုပ်လိုက် ဖြန့်လိုက် လုပ်ပြနေတယ်။ နဂါးမျိုးနွယ်တွေ ဘဝက အရမ်းပျင်းစရာ ကောင်းလွန်းတော့လဲ ကျုပ်နဲ့အတူ ပျော်စရာရှာချင်နေတာ ဖြစ်လောက်တယ်။
သူ့ပုံစံက ကျုပ်ကို သဲအိတ်လို သဘောထားနေတယ်ဆိုတာ အသိသာကြီး။
“ရှောင်ချင်။ မင်းကို ငါ ဘယ်လိုလုပ်မယ်ဆိုတာ စောင့်ကြည့်နေလိုက်ပေါ့”
နဂါးဘုရင် သူ့ကို ရှောင်ချင်လို့ ခေါ်တုန်းက သိပ်စိတ်ချမ်းသာတာမဟုတ်ဘူး။ နဂါးဘုရင်က သူ့ထက် အသက်ကြီးတော့ သူလဲ ဘာမှမပြောနိုင်ဘူးလေ။ ကျုပ် ခေါ်လိုက်တဲ့အခါကျ ဒေါသူပုန်ထပြီး အသံပြဲကြီးနဲ့..
“မင်းကို ဘယ်သူက ရှောင်ချင်လို့ ခေါ်ခိုင်းလို့တုန်း။ ငါ မင်းထက် အများကြီး အသက်ကြီးတယ်။ မင်က နောက်မျိုးဆက်သစ်လေ။ မင်းဘယ်လိုတောင် စည်းကမ်းမဲ့ရတာတုန်း”
“မင်းမျိုးဆက်က ဘယ်သူတုန်း။ ရှောင်ချင် ငါ့အတွက် စားစရာတွေ အမြန်ယူလာပေးအုံး”
နဂါးစိမ်းကြီး ဒေါသူပုန်ထပြီး လှည့်ပတ်နေပေမယ့် ကျုပ်ကိုလဲ မထိရဲဘူး။
“ချာတိတ်။ မင်း တော်တော်လေး စည်းကမ်းမဲ့နေတယ်ပေါ့လေ။ တစ်လကြာရင် မင်းကို ဘယ်လိုဆုံးမလဲဆိုတာ စောင့်နေလိုက်”
ပြောရင်းဆိုရင်း ကျုပ်တို့တွေ တွင်းပေါက်ထဲက ထွက်လာခဲ့ကြတယ်။ နဂါးစိမ်းကြီး နဂါးပြာလေး တစ်ကောင်ကို ခေါ်ပြီး..
“ရှောင်ရှောင်လန်.. ဒီကောင်နဲ့ လိုက်သွားလိုက်။ သူလိုအပ်တာတွေ အားလုံး ဖြည့်ဆည်းပေးလိုက်။ ငါသွားတော့မယ်။ သူ့ကို ကာကွယ်ဖို့လဲ သတိထားအုံး”
နဂါးပြာလဲ နဂါးစိမ်းကြီး ကျောပြင်ကို ကြည့်ရင်း စိတ်မချမ်းမသာနဲ့..
“ ငါ့ကို သူ့အရှုတ်ထုတ်တွေ လာပေးသွားတယ်။ ငါဘယ်သူ့ကိုများ ရန်စလုပ်မိလို့ပါလိမ့်”
ကျုပ်လဲ ရင်းနှီးဖော်ရွှေစွာနဲ့..
“ဒီက အစ်ကို နဂါးကြီး၊ မင်းညီလေးအတွက် စားစရာ တစ်ခုခု ရှာပေးလို့ရမလား”
နဂါးပြာ ကျုပ်ကို စူးစိုက်ကြည့်ပြီး..
“မင်းက ငါတို့ ဘုရင်ငယ်ကို ပြန်ခေါ်လာပေးတဲ့ လူသားပဲ”
“ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ”
“ဒီတော့ လူသားမျိုးနွယ်ဆိုတာပေါ့လေ။ ငါတော့ ပထမဆုံး မြင်ဖူးတာပဲကွ”
ပြောရင်းနဲ့ ကျုပ်ကို စိစိစပ်စပ် ကြည့်ဖို့ သူ့လက်သည်းနဲ့ ကျုပ်ကို စုပ်ကိုင်ပြီးကြည့်နေလေရဲ့။
သူ့မှာ မကောင်းတဲ့စိတ်တွေ မရှိဘူးဆိုတာသိလို့ ကျုပ်လဲ ကြည့်နေလိုက်တယ်။ ကျုပ် မတတ်သာတဲ့ ပုံနဲ့ ပြုံးရင်း..
“မင်း ကြည့်ပြီးပြီမို့လား။ ဒါဆိုလဲ ကျုပ်စားဖို့ စားစရာ ရှာပေးအုံး။ အမြန်ဆုံး လေ့ကျင့်ရတော့မှာ။ မင်းတို့ နဂါးဘုရင်က ဟိုနဂါးမိုက်နဲ့ တိုက်ခိုက်ဖို့ အချိန် (၁)လပဲ ပေးလိုက်တာကွ”
ကျုပ်စကားကြားတော့ နဂါးပြာ အံ့ဩသွားတယ်။ သူ့ လက်သည်းတွေကြားကနေ လွှတ်ချလိုက်တော့ ကျုပ် ပြုတ်ကျသွားတော့တာပေါ့။ ရုတ်တရက်ဆိုတော့ ဖုန်တစ်လုံးလုံးနဲ့ ဖြစ်သွားရော။
နဂါးပြာကြီး လက်နှစ်ဖက်နဲ့ ဂါရဝပြုရင်း..
“အဆင်ပြေရဲ့လား။ ငါသတိမထားမိလိုက်လို့ပါ။ တောင်ပန်ပါတယ်..”
============= (*^*)=============
အပိုင်း( ၁၇၀ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား