← Chapters

မိသားစုတစ်ခုရဲ့ နွေးထွေးသော ချစ်ခြင်း

Vol. 12 Ch. 174

မိသားစုတစ်ခုရဲ့ နွေးထွေးသော ချစ်ခြင်း

Vol. 12 Ch. 174

Child of light (ကျန်းကုန်း)

Volume 6: Chapter 18 - Warm Familial Love

လမ်းလျှောက်ပြန်စရာမလိုဘဲ နောက်တခါလဲ သွားလို့လာလို့ရအောင် အတော်လေး လျှို့ဝှက်တဲ့ တနေရာရွေးပြီး ပို့ဆောင်ရေး မှော်ဝင်္ကပါတစ်ခု ခင်းကျင်းထားလိုက်တယ်။

ဘေးနားမှာထပ်ပြီး မှော်ဝင်္ကပါတစ်ခု ထပ်ချလိုက်သေးတယ်။ ဒီနေရာက ကျုပ်အိမ်နဲ့ ဝေးတယ်လေ။ ဒီတော့ ရက်ပိုင်းလေး အချိန်ယူပြီး မှော်ဝင်္ကပါသုံးပြီး သွားဖို့ပဲ ဆုံးဖြတ်လိုက်တာ။ တော်တော် ဝေးတယ်ဆိုပေမယ့် လက်ရှိ ကျုပ်စွမ်းအားနဲ့ဆို ပြဿနာ သိပ်မရှိတော့ဘူး။

ကျုပ် မှော်ဝင်္ကပါအလယ်မှာ ရပ်ပြီး စုက္ကရေး မှော်တောင်ဝှေးကို မြှောက်ပြီး မန္တန်ရွတ်လိုက်တယ်။ ဒီမှော်တောင်ဝှေးအကြောင်းပြောရရင် ကျုပ်တော့ ပိုပို ကြိုက်လာတာပဲသိတယ်။ စွမ်းအား ကြီးယုံတင်မဟုတ်ဘူး သူ့ပုံသဏ္ဌာန်ကြောင့်ရောပဲလေ။ ဒါကျုပ်မြင်ဖူးသမျှထဲမှာ အလှဆုံး မှော်တောင်ဝှေးပဲ။ ကိုင်ထားယုံနဲ့ကို ကိုယ့်ကိုကိုယ် ယုံကြည်ချက် အပြည့်ပေးတယ်။

ကျုပ် ရွတ်ဖတ်ပြီးတာနဲ့ စုက္ကရေး မှော်တောင်ဝှေးမှာ ကြည်လင်နေတဲ့ ကျောက်မျက်ရတနာကနေ ရွှေရောင် အလင်းတန်းထွက်လာပြီး ဝင်္ကပါ ပွင့်သွားတယ်။ ဒီ စုက္ကရေး မှော်တောင်ဝှေးကို ကိုင်ပြီး ပြန်လာရတဲ့ ခံစားချက်က အရင်တုန်းကနဲ့ကို မတူတာအမှန်ပဲ။ သူ့ဆီကနေ ကျုပ်ခန္ဓာကိုယ်ကို ကာကွယ်ဖို့ လွှတ်ပေးထားတဲ့ အလင်းတန်းတွေကြောင့် ဘာလေဟာနယ် ဘေးပယောဂမှ မခံစားလိုက်ရဘူး။

ကျုပ်ရွာနားကို ချောချောမွေ့မွေ့နဲ့ပဲ ရောက်လာခဲ့လိုက်တယ်။

အစကတည်းက ကျုပ်လုပ်ထားတဲ့ မှော်ဝင်္ကပါပေါ်မှာရပ်ပြီး ပိုသာယာလာတဲ့ ရွာလေးကို ကြည့်ရင်း နှလုံးသားထဲကနေ နွေးထွေးလာတယ်။

“အမေ.. အဖေ.. သားပြန်လာပြီဗျ…”

ကျုပ်လဲ စုက္ကရေး ကိုကိုင်ရင်း ရွာဘက် ပြေးသွားလိုက်တယ်။ စုက္ကရေးမှာ ထူးခြားချက် တစ်ခုရှိတယ်ဗျ။ ဒီတော့ သူ့ကို သိုလှောင်အိတ်ထဲမှာ သိမ်းလို့မရဘဲ လက်နဲ့ပဲ ကိုင်သွားရတာပေါ့ဗျာ။

ရွာသားတွေ ကျုပ်ကိုတွေ့တော့ ပြာပြာသလဲ နှုတ်ဆက်ကြတယ်ဗျ။ တောင်ဝင်မှော်ကျောင်းကြီးရဲ့ ကျောင်းတော်သား တစ်ယောက်အနေနဲ့ မှော်ပညာ ထူးချွန်နေတော့လဲ ရွာထဲမှာ ဆယ်လီဖြစ်လာတာပေါ့ဗျာ။ ကျုပ် အိမ်ဝင်ပေါက်ရောက်တော့ အဖေ၊ အမေတို့ကို မမြင်ရသေးဘူး။ ကျုပ်သူတို့ကို စိန်ဒင်္ဂါးတွေ ပေးထားတာဆိုတော့ အလုပ်လုပ်စရာမလိုဘဲ မှော်ပညာလေ့ကျင့်ရင်း အိမ်မှာ နေနိုင်နေပြီလေ။

“အဖေ… အမေ… သားပ အိမ်ပြန်ရောက်ပြီဗျ….”

အဲ့တော့မှ အမေ ကျုပ်ကို ပြေးဖက်ရင်း ငိုတော့တယ်။

“သားလေး။ နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့လေ။ ဒီတစ်နှစ်လုံး အမေ့မှာ လွမ်းလိုက်ရတာ…”

ရွာလူကြီးလဲ တမ်းရောက်လာတာပဲ။

“ကျန်းကုန်းရေ မင်းကတော့ ငါတို့ရွာရဲ့ အထင်ကရပဲကွ။ မင်းတို့ မိသားစု(၃)ယောက်လုံး နေ့လည်စာ လာစားလှည့်ကြနော်၊ ငါသွားပြင်ဆင်လိုက်အုံးမယ်ဟေ့”

“အာ.. ဘယ်ကောင်းပမလဲဗျာ။ အဲလိုဆို ဦးကြိး အလုပ်ရှုတ်သွားမှာပေါ့”

“ဘာ အလုပ်ရှုတ်ရမှာတုန်း။ နိမ့်ချမနေပါနဲ့ကွာ။ ကျန်းကုန်းတို့အဖေ မင်းတို့ အကုန်လာရမယ်နော်”

“ကောင်းပါပြီဗျာ။ ခင်ဗျား ဧည့်ဝတ်ကျေမှုကို ကျန်းကုန်းနဲ့ မိသားစုအစာ ကျုပ်ကပဲ ကျေးဇူးတင်ပါတယ်”

်အဲ့တော့မှ ရွာလူကြီးလဲ ဝမ်းသာအားရထွက်သွားတော့တယ်။ ကျန်တဲ့ ရွာသူ၊ ရွာသားတွေလဲ ကျုပ်ကို ဝိုင်းပြီး နှုတ်ဆက်ကြတော့တာ။ သူတို့တွေ စိတ်အားသန်သန်နဲ့ မေးခွန်းတွေ မေးနေလိုက်ကြတာများ ကြာတော့ ကျုပ်တောင် သီးမခံနိုင်တော့တဲ့အထိပဲ။ တစ်ချို့ဆို ကျုပ်မှော်တောင်ဝှေးကို တွေ့ပြီး စပ်စုချင်လို့ တောင်းကိုင်ကြသေးတယ်။ ကျုပ်ဘဝမှာ ဒီလိုမျိုး တခါမှ မကြုံဖူးတော့ ခေါင်းတွေတောင် ကျိမ်းလာတဲ့အထိဗျို့။ ဒီလိုမျိုး ဝက်လိုလူတွေကြောင့် နာမည်ကြီးမှာ လူတွေကြောက်ကြတာကိုး။

တိုက်ပွဲတွေ ဆက်တိုက် နွဲရတာတောင် ဒီလောက် ပင်ပန်းမယ်မထင်ပါဘူး။ နောက်ဆုံးတော့ လွတ်လပ်ခွင့်ရပြီး အမေ၊ အဖေတို့ပဲ အိမ်မှာ ကျန်တော့တယ်။

အခုမှပဲ ကျုပ်အိမ် အရင်တုန်းကနဲ့ မတူတာ သတိထားမိလိုက်တယ်။ (၃)ဆလောက် ပိုကြီးလာတာပဲ။ အခန်းတွေဆိုလဲ (၄)ခန်းကနေ (၈)ခန်းဖြစ်သွားပြီ။ ဧည့်ခန်းဆို ကျယ်ပြီး တောက်ပြောင်နေတာပဲ။ ကျုပ်လဲ အံ့ဩတကြီးနဲ့..

“အဖေ.. သားတို့အိမ် ဘယ်လိုဖြစ်သွားတာလဲ။ ပိုက်ဆံတွေ သုံးလိုက်တာလား”

ကျုပ်ပေးခဲ့တဲ့ ပိုက်ဆံတွေနဲ့ဆို ဒီအိမ်ဆောက်ဖို့ အဆင်ပြေပါတယ်။ ဒါပေမယ့် အဖေ၊ အမေတို့ ပုံစံမဟုတ်ဘူးလေ။ သူတို့က နှိမ့်နှိမ့်ချချပဲ နေချင်ကြတာကို။

“မင်းအမေနဲ့ ငါက ဒီငွေတွေကို ဖြုန်းစရာလားဟ။ ငါတို့အတွက် အရင်အိမ်လေးဆို လုံလောက်နေပြီလေ။ ဒါ ရွာလူကြီး ဆောက်ပေးထားတာကွ။ အစက ငြင်းသေးတယ်။ နောက်နောင် မင်းအိမ်ထောင်ကျရင် မသင့်တော်ဘူးပြောလို့ လက်ခံလိုက်တာ။ အခုလို အိမ်ကြီးကြီးသွားတော့ ကြည့်စမ်းပါအုံး ငါတို့မှာ သန့်ရှင်းရေး လုပ်ရတာ ဘယ်လောက်ပင်ပန်းတယ်မှတ်လဲ။ ငါတို့လဲ သူတို့အတွက် ဘာမှ ပြန်လုပ်မပေးနိုင်သေးဘူး”

ဒီတော့ မှော်ပညာ အခြေခံ ခိုင်ခန့်မှုရဲ့ အကျိုးကျေးဇူးတွေကြောင့် အိမ်ပြင်ပေးကြတယ်ပေါ့။

“ရွာလူကြီးနဲ့ ရွာသူရွာသားတွေ ကျုပ်ဆီက ဘာလိုချင်လဲ မေးအုံးမှပါ။ မဟုတ်ရင် အလကားနေ သူတို့လှောင်တာ ခံနေရအုံးမယ်”

“အလဲလိုလဲ မဟုတ်ပြန်ဘူး သားရဲ့။ ဒါပေမယ့် သားလေး ပညာထူးချွန်လာကတည်းက အမေတို့ လူမှုအဆင့်အတန်းနဲ့ ဂုဏ်ရည်ပါ ပြောင်းသွားတာ။ အခုဆို ရွာလူကြီးအိမ်ကလွဲလို့ အမေတို့အိမ် အကြီးဆုံးနဲ့ တစ်ရွာလုံးကလဲ ဖူးဖူးမှုတ် လေးစားနေကြတာ”

“အဲဒါ မကောင်းဘူးလား”

“ဘာကို ကောင်းရမှာလဲ။ လူတိုင်း အဲလိုကြီး အမြဲဝိုင်းကြည့်နေကြတာ သီးမခံနိုင်ဘူးကွ”

“ဒါဆိုလဲ ဒီပတ်ဝန်းကျင်မှာ အဖေတို့ မနေချင်ဘူးဆို တခြားနေရာ သားခေါ်သွားမယ်လေ။ ဒီအိမ် သူတို့ ပြန်ပေးလိုက်ပေါ့”

“မင်းအဖေနဲ့ ငါက အသက်(၅၀)ကျော်ပါပြီကွယ်။ ဒီနေရာမှာ တောင်ကုန်တွေ၊ စိမ့်စမ်းတွေနဲ့ ဘယ်မှ မသွားချင်တော့ပါဘူး။ နောက်ဆို သားလေး ဒီမှာ မနေနိုင်တော့မှန်း သိပေမယ့် မကြာမကြာတော့ လာလည်ရမယ်နော်။ အမေတို့တွေ တခြားဘာမှ မလိုချင်ဘူး”

“အမေ၊ စိတ်ချ။ သားအိမ်ထောင်ပြုဖြစ်မယ်ဆိုရင်တောင် အခြေချနေထိုင်လို့ ကောင်းမယ့် နေရာတခုကို အမေတို့ အကြိုက်ပုံစံနဲ့ ဖန်တီးမယ်။ အချိန်တန်ရင်း အမေတို့ကို သားလာခေါ်မှာပေါ့။ အမေတို့ကြိုက်ရင် အတူတူနေလို့ ရပြီလေ”

“ဟား.. ဟား.. သားလေး။ မင်းပြောပုံအရဆို လက်တွဲဖော် တွေ့နေပြီမို့လားကွ.. ဟမ်”

“အာ.. မဟုတ်တဲ့စကားတွေ တော်လိုက်တော့။ အခြေအနေက လက်စုပ်လက်ကိုင်တောင် မပြနိုင်သေးပါဘူးဗျာ”

“အဲ့ကောင်မလေးက ဘယ်မိသားစုကလဲ အမေ့ကို ပြောစမ်းပါအုံး”

“ဘယ်မိသားစုကမှန်းတောင် သားမသိရသေးဘူး။ ကျောင်းမှာ အတန်းဖော်လို့ပဲ ပြောနိုင်သေးတယ်။ သူ့နာမည်က မူကျီမိုတဲ့။ အရမ်းမလှပေမယ့် သူ့စိတ်ရင်းကတော့ ကောင်းပါတယ်”

“သူ့အမူအကျင့်ကောင်းနေသရွေ့ လှလှ၊ မလှလှ စိတ်မဝင်စားပါဘူးကွာ။ မင်းအမေကိုပဲ ကြည့်ပါလား။ သူ ဒီလောက် အလှကြီးမဟုတ်ပေမယ့် နှစ်တွေကြာလာတဲ့အထိ ငါသူ့ကို ချစ်နေရတုန်းပဲလေ.. ဟား…ဟား…”

အဖေစပြောတော့ အမေ့မျက်လုံး ကျဉ်းသွားတယ်။ ဘုတောတော့မယ့်ပုံဗျ။ နောက်ဆုံးစကားကြားမှ လျော့ကျသွားတာရယ်။ သူ ဒေါသတကြီးဟန်နဲ့..

“ဒီမှာ အဘိုးကြီး။ ကျုပ်က မလှဘူးဆိုတော့ တော်က အရမ်းလှနေတယ်ပေါ့လေ။ ခုချိန်ထိ အသိတရားကိုရှိဘူး။ ဟွင့်…”

“သား.. မင်း ပင်ပန်းနေပြီမို့လား။ သွားနားတော့လေ”

“သားပြန်လာဖို့ မှော်ဝင်္ကပါကို သုံးခဲ့တာဆိုတော့ လုံးဝကို မပင်ပန်းခဲ့တာ။ ခရီးသွားရတာ အရမ်းလွယ်ချက်ပဲ”

“မှော်ဝင်္ကပါသုံးပြီး ဘယ်ကနေ ပြန်လာတာလဲ။ မှော်ပညာ တော်တော် မြင့်မှာပဲနော်”

“သိပ်မဝေးပါဘူး။ အဖေ့သားရဲ့ လက်ရှိစွမ်းအားက ထူးထူးခြားခြားကို ကောင်းနေတာလေ။ သားအတွက် အသွားအပြန် မှော်ဝင်္ကပါဆိုတာ ဘာမှကို မဟုတ်တာ”

============= (*^*)=============

အပိုင်း( ၁၇၅ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters