ပြန်လည်ကုသရေး တားမြစ် အလင်းတန်း
Vol. 12 Ch. 178
Child of light (ကျန်းကုန်း)
Volume 7: Chapter 2 - Forbidden Light of Eternal Recovery
သွမ့်ယုရှီးဦးဆောင်သော တော်ဝင်မှော်သမ္မဂ္ဂဝင်များ ရေကုန်ရေခမ်း တိုက်ခိုက်နေကြတယ်။ သူတို့တွေ ဒီအချိန်ထိ တောင့်ခံနိုင်တယ်ဆိုတာလဲ သွမ့်ယုရှီးရဲ့ ခုခံအားအောင်းလွန်းတဲ့ မြေကမ္ဘာမှော်ပညာအစွမ်း ကြောင့်ဗျ။
ပတ်ချာလည် လိုက်ကြည့်တော့လဲ ဧကရာဇ်ခယ်ကျာကိုမတွေ့မိဘူး။ ပုန်းနေလား မသိပါဘူး။
မာခယ်ကတော့ တော်ဝင်မှော်သမ္မဂ္ဂ အဖွဲ့ထဲမှာဗျ။ သူတို့ ပုံစံကြည့်ရတာ ကြာကြာခံနိုင်မှာ မဟုတ်တော့ဘူးရယ်။
ဆရာကျန်း ကျုပ်နားကပ်ပြီး တိုးတိုးလေးနဲ့…
“ကျန်းကုန်း မင်းအစွမ်းထက်ဆုံး မန္တန်သုံးဖို့ စွမ်းအားတွေ စုတော့။ မင်းကို ငါကူညီမယ်”
စကားဆုံးတာနဲ့ ဆရာကျန်း သူ့လက်ကို ကျုပ်ကျောပြင်ပေါ်တင်ပြီး မှော်စွမ်းအားတွေ ပွင့်ထွက်လာတယ်။ အလင်းမှော်ပညာကပဲ သတ်ဖြတ်နိုင်စွမ်းအကောင်းဆုံး ဖြစ်နေတာသိလို့ သူအဲလို လုပ်လိုက်တယ်ဆိုတာ ကျုပ်သိတာပေါ့။
ကမ္ဘာ့ထိပ်သီး နံပတ်(၁)မှော်သခင်ကြီးရဲ့ အကူအညီနဲ့ဆိုတော့ ကျုပ်မှော်စွမ်းအားတွေ အရမ်းထူးဆန်းသွားသလို ခံစားလိုက်ရတယ်။ ကျုပ်ခန္ဓာကိုယ်ထဲက ရွှေအမြူတေ(၂)ခု လုံးဝကို ဖေါက်ထွင်းမြင်ရတဲ့အထိ ကြည်လင် သန့်ရှင်းသွားတယ်။ ရုတ်တရက်ဆိုသလို ခပ်မိုက်မိုက် အတွေးတစ်ခု ဝင်လာတယ်။
“အို ကြီးမြတ်သော အလင်းတော်။ သင့်မှာ အကန့်သတ်မဲ့ စွမ်းအားတွေ ရှိနေတယ်လေ။ သင့်ရှေ့က အမှောင်ထုက ငယ်လွန်းလှပါတယ်။ မိုးကုန်စက်ဝိုင်းမှာ လည်ပတ်နေတဲ့ အလင်းတန်းတွေ ကမ္ဘာကြီးပေါ်သက်ဆင်းလို့ နာကျင်မှုအပေါင်းကို ကုစားဖို့၊ ဆင်းရဲဒုက္ခတွေ ကင်းဝေးဖို့၊ ပြန်လည်ကုသရေး တားမြစ်အလင်းတန်း ပေးသနားဖို့ မေတ္တာရပ်ခံပါတယ်”
ကျုပ် ရွတ်ပြီးတာနဲ့ ဆရာကျန်းခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေအကုန် ကျုပ်ဆီရောက်သွားသလိုပဲ။ သူ တော်တော် လန့်သွားပြီး နောက်ဆုတ်သွားတယ်။ သူ့နှုတ်ခမ်းထောင့်ကလဲ သွေးတွေ ကျလို့။ အသာစောင်းငဲ့ပြီး အံ့ဩတကြီး အော်လိုက်တယ်..
“ကျန်းကုန်း မင်းဘာလုပ်တာတုန်း။ အဲဒါ တားမြစ် မန္တန်လေ”
ကျုပ် တစ်ကိုယ်လုံး ကျေမွသွားသလိုပဲ။ ပတ်ဝန်းကျင်က ရှိရှိသမျှ အလင်းတန်းတွေ ကျုပ်ပတ်ပတ်လည်မှာ အရူးအမူး စုစည်းလာတယ်။ ရွှေအမြူတွေ(၂)ခု ကျုပ်နောက်ကျောမှာ လွင့်မျောနေပြီး ဧရာမ ဆဋ္ဌဂံတစ်ခု ပေါ်လာပါလေရော။ လက်နှစ်ဖက်ကို အလိုလို မြှောက်လိုက်မိတယ်။ လက်ထဲကိုင်ထားတဲ့ မျော်တောင်ဝှေးကနေ ထူးခြားတဲ့ အလင်းတန်းတွေ ထုတ်လိုက်တယ်။ ကျုပ် ပတ်ဝန်းကျင်မှာ မှော်တောင်ဝှေးက ရတနာတွေ ထိန်ထိန်ညီးနေတဲ့အပြင် ဘာမှန်းတောင်မသိတဲ့ သင်္ကေတတွေလဲ အများကြီး ပေါ်လာတယ်။
အခုတော့ ကျူးကျော်သူ နတ်ဆိုးမျိုးနွယ်တွေ တခုခု မူမမှန်တာ ခံစားမိသွားကြပြီ။ ကျုပ် ဘာမန္တန်သုံးလိုက်တယ် ဆိုတာ သူတို့တွေ မသိပေမယ့် မန္တန်ရဲ့ ဖိအားက နတ်ဆိုးမျိုးနွယ်တွေအားလုံး ကြောက်သွားစေနိုင်တယ်လေ။
“မကောင်းတော့ဘူး။ အဲ့ကောင်ကို အမြန်တားကြစမ်း..”
ချက်ချင်းကို နတ်ဆိုးမျိုးနွယ် (၇)ယောက်(၈)ယောက်လောက် ကျုပ်ကို ဝိုင်တိုက်ကြတယ်။ ဒါပေမယ့် သူတို့ တိုက်ကွက်တွေက ကျုပ်ပတ်ပတ်လည်က ဘာမှန်းမသိတဲ့ မှော်သင်္ကေတတွေနဲ့ အတွေ့မှာ နေလာ နှင်းပျောက် ဆိုသလို အကုန်ပျောက်ကုန်တယ်။
မာခယ့် အသံလဲ ကြားလိုက်ရသေးတယ်။
“အစ်ကိုကြီး မင်းအမြန်လာပြီး တွယ်ပစ်လိုက်ကွာ…”
သန့်ရှင်းသော ဓားစွမ်းအားကို သုံးတဲ့အချိန်ကလိုပဲ ကျုပ်မျက်လုံးတွေ ရွှေရောင်ပြောင်းသွားပုံပဲ။ ကျုပ်နောက်ကျောက ဆဋ္ဌဂံပုံကြီးက ပိုပို တောက်ပလာတယ်။ ပြီူးတော့ အတောင်(၆)ခုအလင်းတန်း တွေ့လိုက်ရတော့ ဆရာကျန်း တော်တော် အံ့ဩသွားတယ်။
ခန္ဓာကိုယ်တစ်လုံး ဖေါင်းကားလာလိုက်တာ မကြာခင် ပေါက်ကွဲတော့မယ့်အတိုင်းပဲ။ ကျုပ် ခေါင်းမော့ပြီး အသံရှည်ကြီးနဲ့ အော်ပစ်လိုက်တယ်။ စုက္ကရေး မှာစုထားတဲ့ စွမ်းအားတွေအကုန် ကောင်းကင်ပေါ်ထိ ရွှေရောင်အလင်းတန်း တစ်ခုလို ပစ်လွှတ်လိုက်တယ်။ ရွှေရောင်အလင်းတန်းလဲ ပေါ်လာပြီးရော ကျုပ်ခန္ဓာကိုယ်လဲ လေလျှော့လိုက်တဲ့ ပူပေါင်းတစ်ခုလို ပျော့ခွေပြီး မြေပေါ် လဲကျသွားရော။
ဘာမှ မထူးခြားဘူးလို့ လူတိုင်းထင်နေတဲ့အချိန် ခြားနားချက် တစ်ခု ပေါ်လာတယ်။ခုနလေးတင် မှောင်မဲနေတဲ့ ကောင်းကင်ကြီးတစ်ခုလုံး ရုတ်တရက် တောက်ပသွားတယ်။ အရင်ဆုံး စရောက်လာတာ အမွှေးရနံ့ဗျ။ ပြီးမှ ရွှေရောင်မိုးဖွဲလေးတွေ ကျလာတယ်။
ဆရာကျန်းက..
“မကောင်းတော့ဘူး…….”
ရန်သူတွေအပေါ် မိုးဖွဲတွေ ကျနေသလို ကျုပ်ပေါ်လဲ ကျနေတာပဲ။ နန်းတော်ကြီး တစ်ခုလုံး မိုးဖွဲတွေ အောက်မှာပေါ့။
ဝတ်စုံနက်တွေထဲက တစ်ယောက် အသံထွက်လာတယ်။
“အားလုံးပဲ… မင်းတို့ ရဲ့ အကောင်းဆုံး ခံစစ်မ္တန်တွေကို အမြန်သုံးကြ။ ဒါ တားမြစ်အလင်းမန္တန်တစ်ခုဟ..”
ပြောပြီးတာနဲ့ သူကိုယ်တိုင်် လှံနက်ကြီးတစ်ချောင်းထုတ်ပြီး သူ့ခေါင်းပေါ်မှာထားလိုက်တယ်။ အဲ့လှံနက်ကြီးက သူ့ကို အုပ်မိုးပြီး မှင်လိုမျိုး မှောင်မိုက်မိုက်အလင်းတွေနဲ့ တခြားအနက်ဝတ် တစ်ယောက်ကိုပါ လွှမ်းခြုံပေးထားတယ်။
မိုးကလဲ တဖွဲဖွဲ ကျနေတုန်းပေါ့။ မိုးဖွဲလေးတွေထဲမှာ တိုက်တိုက်ရေး အငွေ့အသက်တွေ ပါတာမတွေ့တော့ ဆရာကျန်းတောင် အံ့ဩသွားတယ်။ သူ့ဒဏ်ရာတွေ ပြန်ကောင်းသွားတယ်။ သူ့မှော်စွမ်းအားတွေ ပြန်ရဖို့ အချိန် ဘယ်လောက်မှ မကြာလိုက်ဘူး။ သူတင်မဟုတ်ဘူး တော်ဝင်သမ္မဂ္ဂက လူတွေလဲ အဲလိုပဲ။
တိုက်ပွဲနယ်မြေကြီးထဲမှာရှိတဲ့ နတ်ဆိုးမျိုးနွယ်တွေမှာတော့ အဲလိုဘယ်ဟုတ်မလဲဗျာ။ အလင်းမိုးတွေက သူတို့အမှောင်မှော်ပညာ ခံစစ်နဲ့ထိလိုက်တာနဲ့ တကျီးကျီး အသံတွေ ထွက်လာတယ်။ သူတို့ ခံစစ်အကာအကွယ်တွေ အလင်းမိုးရဲ့ ထိုးဖေါက်မှုကို တားနိုင်စွမ်းမရှိပါဘူး။ သန့်ရှင်းသောအလင်းနဲ့ လောင်ကျွမ်းသွားတဲ့ နတ်ဆိုးမျိုးနွယ် (၂)ယောက်လိုပဲ အားလုံးလိုလို လောင်ကျွမ်းသွားကြတယ်။ နန်းတော်ကြီး တစ်ခုလုံးမှာလဲ ချက်ချင်း မီးရောင်တွေ ထိန်ထိန်ညီးသွားတယ်။
ကျုပ် သတိလေးတော့ ရှိနေတုန်းပဲ။ စွမ်းအား အလွန်အကျွံသုံးလိုက်လို့သာ အားနည်းနေတာလေ။ စိတ်နည်းနည်း လွတ်ပြီး တားမြစ်မန္တန် မထင်မှတ်ဘဲ သုံးနိုင်လိုက်တာပဲ။ အောင်မြင်တယ်။ ကျုပ် တကယ်ကို အောင်အောင်မြင်မြင် သုံးနိုင်လိုက်တာပဲ။
တကယ်ဆို အဲ့တားမြစ်မန္တန်သုံးလိုက်နိုင်တာက တော်တော်ကို ကံကောင်းလွန်းလို့ဗျ။ အစကတည်းက ကျုပ်မှော်စွမ်းအားတွေက မှော်သခင်ကြီး အဆင့်မှာ ရှိပြီးသားလေ။ နောက်တစ်ခုက ကမ္ဘာ့ထိပ်သီး နံပတ်(၁)ရဲ့ အကူအညီရလိုက်တာကိုး။ ပြီးတော့ ကျုပ်မှော်တောင်ဝှေးက အရုပ်သက်သက်မှမဟုတ်တာ နတ်ဘုရား လက်နက်တစ်ခုလေ။ ဒါ့အပြင် အရေးအကြီးဆုံးက သန့်ရှင်းသောဓားရဲ့ အစွမ်းတွေကြောင့်ပေါ့။ ကျုပ်မှော်ပညာဆိုတာက အလင်းမှော်ပညာပဲလေ။ သန့်ရှင်းသောဓားကို တိုက်ပွဲနတ်သမီး မီးကျားလီ အချိန်အကြာကြီး သုံးထားတာဆိုတော့ ဒီဓားမှာ အလင်းဂုဏ်ဒြပ် တစ်ခု ရှိနေတာပေါ့။ အဲဒါတွေကြောင့်ပဲ ကျုပ်ရဲ့ ပေါင်းစပ်စွမ်းအားတွေနဲ့ တာမြစ်မန္တန်ကို ရှောရှောရှူရှူ သုံးနိုင်လိုက်တာ။
မာခယ် ကျုပ်ကို ပြေးထူပြီး..
“အစ်ကိုကြီး မင်းရမ်းတော်တာပဲ။ ရန်သူတွေ အားလုံးနဲ့ ရင်ဆိုင်ဖို့ မန္တန်တစ်ခုထဲ သုံးလိုက်ရတယ်။ မင်းသာ နည်းနည်း နောက်ကျသွားရင် ငါတို့တွေ တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”
သွမ်းယုရှီးပါ ရောက်လာပြီး နဂိုကမှ အားမရှိပါဘူးဆို ကျုပ်ကို ထပ်ရိုက်ရင်း..
“မင်း တကယ်ကို လူငယ် သူရဲကောင်းတစ်ယောက်ပဲကွ။ ငါမှန်းတာမမှားရင် မင်းသုံးလိုက်တာ တားမြစ်မန္တန် မို့လားကွ”
ကျုပ်လဲ အသာခေါင်းညိတ်ရင်း လေသံမျှင်းမျှင်းနဲ့..
“ဆရာကျန်း ကူညီတဲ့ မှော်စွမ်းအင်ကြောင်း ကျုပ်ဒါသုံးနိုင်လိုက်တာ။ ဧကရာဇိရော ဘယ်လိုလဲ”
“ငါ့အဖေ ဒဏ်ရာ နည်းနည်းရသွားတယ်။ အခု ငါတို့အုပ်စုကြီးရဲ့ အနောက်ဘက်မှာရှိတယ်။ သူတို့သာ နိုင်သွားရင် ငါစိုးရိမ်တာက…”
သွမ့်ယုရှီးကလဲ..
“ရန်သူတွေ အကြံအစည်က အရမ်းစေ့စပ်လွန်းတယ်။ အစောင့်တွေကို အာရုံလွှဲဖို့ အရင်ဆုံး မီးရှို့တယ်။ ပြီးတော့ မန္တန်ကြီးတွေ သုံးဖို့ သူတို့ စုပေါင်းစွမ်းအား သုံးတော့ ငါတို့အဖွဲ့ကို တော်တော် ဒုက္ခပေးနိုင်တာပေါ့။ နှစ်ပေါင်း ရာနဲ့ချီပြီး အေးချမ်းခဲ့တာဆိုတော့ နန်းတော် လုံခြုံရေးဆိုတာလဲ ပေါ့ပေါ့လျော့လျော့ပေါ့ကွာ။ မင်းသာ အချိန်မှီ ရောက်မလာရင် သူတို့ အောင်မြင်သွားမလားတောင် စိုးမိတယ်”
အပြင်က လူ(၁၀၀)အပြေးဝင်လာကြတယ်။ သူတို့အဖွဲ့ထဲကနေ ပဉ္စမနှစ်ကျောင်းသားဖြစ်တဲ့ စစ်ဝါ အပြေးရောက်လာပြီး သွမ့်ယုရှီးကို..
“ဆရာ ဘာဖြစ်သွားတာလဲ။ ရန်သူတွေ သူ့အလိုလို လောင်ကျွမ်းပြီး ကျုပ်တို့ ဒဏ်ရာတွေ ခနလေးနဲ့ ပြန်ကောင်းလာတယ်”
“အဲဒီကိစ္စဆိုရင်တော့ မင်းညီနောင်ကို မေးကြည့်လေ”
အဲ့လူကြီး ကျုပ်ကို ပုခုံးလွှဲလိုက်ပြန်ပြီ။
============= (*^*)=============
အပိုင်း( ၁၇၉ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား