ကျွန်ုပ်၏ ဆုံးဖြတ်ချက်
Vol. 12 Ch. 180
Child of light (ကျန်းကုန်း)
Volume 7: Chapter 4 - My Decision
နန်းတော် အပေါက်ဝရောက်တော့ တာဝန်ကျ အစောင့်က ကျုပ်ကို တားတယ်။ ကျုပ်လဲ နည်းနည်း ရှူတည်တည် ဖြစ်သွားပြီး..
“တော်ဝင်မှော်ပညာ အထက်တန်းကျောင်းက ကျန်းကုန်း ဘုရင်မင်းမြတ်နဲ့ တွေ့ချင်တယ်ဆိုတာ သတင်းပို့ပေးပါအုံး”
ကျုပ်နာမည်ကြားမှာ အစောင့်တွေအားလုံး လေးစားတဲ့ အမူအရာတွေ ပေါ်လာတယ်။ အစောင့်ကလဲ ချက်ချင်းကို တလေးတစားနဲ့..
“ခနလေးစောင့်ပေးပါ။ ချက်ချင်းသွား သတင်းပို့ပေးပါ့မယ်”
အစောင့်လဲ နန်းတော်ထဲကနေ အမြန်ပြန်လာပြီး..
“မှော်သခင်ကြီး ကျန်းကုန်း ဘုရင်မင်းမြတ်က ဝမ်းသာအားရ တွေ့ခွင့်ပေးပါတယ်”
ကျုပ်လဲ ခေါင်းညိတ်ပြပြီး နန်းတော်ထဲ လိုက်သွားလိုက်တယ်။ ပြန်မပြင်ရသေးဘဲ မီးလောင်ပြင် ဖရိုဖရဲ အပိုင်းတွေ ရှိနေသေးပေမယ့် နန်းတော်အတွင်းပိုင်းမှာ အစောင့်တွေနဲ့ မှူးမတ်တွေကို အဆင့်(၃)ဆင့်ခွဲပြီး ခြေလှမး(၅)လှမ်းတိုင်းမှာ အစောင့်တစ်ယောက်ချထားတယ်။ နန်းတော်တွင်း လုံခြုံရေး တော်တော် တင်းကြပ်ထားတာပဲ။
နန်းတော်အတွင်းပိုင်းထိ လျှောက်လာပြီးတော့ အစောင့်က..
“မှော်သခင်ကြီး ကျန်းကုန်း တွေ့ခွင့်တောင်းပါတယ်…”
ဧကရာဇ် ခယ်ကျာကိုယ်တိုင် ထွက်လာတယ်ဗျ။ သူကျုပ်ကိုမြင်တော့ ဝမ်းသာအားရနဲ့..
“ကျန်းကုန်း မင်းရောက်လာပြီပေါ့။ လာ အထဲမှာ စကားသွားပြောရအောင်”
ကျုပ်လဲ နန်းတော်ဆောင်အတွင်းထဲ ဝင်ပြီးတာနဲ့ ချက်ချင်း ဒူးထောက်ပြီး..
“ကျွန်တော်မျိုး ကောင်းကောင်း မကာကွယ်နိုင်လို့ အရှင်မင်းကြီးကို ထိခိုက်စေတဲ့ အန္တရာယ် ရောက်စေခဲ့ပါတယ်။ ကျုပ်အပြစ်အတွက် အကြိမ်ထောင်သောင်းမကျ သေဒဏ်ပေးထိုက်ပါတယ်”
ခယ်ကျာ ချက်ချင်းကို ဒေါသတကြီးနဲ့..
“ကျန်းကုန်း မင်းဘာတွေ ပြောနေတာလဲ။ မင်းကတောင် ငါ့ကို အဆင်ပြေအောင် အကာအကွယ်မပေးနိုင်ဘူး ထင်ရင် ကျန်တဲ့အမှိုက်တွေနဲ့သာဆိုရင် ဒီအချိန်ထိ ငါအသက်ရှင်နေရင်တောင် ကံကောင်းလှပြီ။ ငါ့ကိုယ်ရံတော်တွေ မင်းတို့ ဘာတွေလုပ်နေကြတာလဲ။ ထွက်သွားကြစမ်း။ ငါ မှော်သခင်ကြီး ကျန်းကုန်းနဲ့ ဆွေးနွေးစရာတွေ ရှိတယ်”
ခယ်ကျာ အစောင့်တွေကို မောင်ထုတ်ပြီး ကျေးဇူးတင်ကြောင်း ပြလာတယ်။
“ကျန်းကုန်း မင်းတကယ့်ကို နိုင်ငံတော်ရဲ့ ထောက်တိုင်တစ်ခုပဲ။ တားမြစ်မန္တန်သာ မသုံးရင် အဖြေက မှန်းဆလို့ မရနိုင်ဘူး”
အလျင်စလို ဦးညွှတ်ပြီး..
“အရှင်မင်းကြီး.. ကျုပ် လုပ်သင့်တဲ့အရာပါ။ ပြီးတော့ တားမြစ်မန္တန်ဆိုတာလဲ ဆရာကျန်းနဲ့ ကျုပ် နှစ်ယောက်ပေါင်းပြီး ကံကောင်းလို့ အောင်မြင်သွားတာပါ”
“ဒီမှာ ဘယ်သူမှ မရှိတော့ဘူး။ ငါ့ကို အရှင်မင်းမြတ်လို့ ခေါ်မနေနဲ့တော့။ အရင်လို ဦးလေးလို့ပဲခေါ်။ အဲဒါ ပိုရင်းနှင်းရာရောက်တယ်။ ဘာပဲဖြစ်ဖြစ် မင်းလဲ နိုင်ငံတော်ရဲ့ အထူးအားထားရာ တစ်ယောက်ပဲလေ။ တော်ဝင်မှော်ပညာအထက်တန်းကျောင်းမှာ ဆက်လေ့လာနေစရာမှ မလိုတော့တာ နန်းတော်ထဲ လာခဲ့လိုက်တော့။ မင်းကို တော်ဝင်မှော်သမ္မဂ္ဂရဲ့ ဒုတိယအကြီးအကဲအဖြစ်ရော၊ နိုင်ငံတော် ကာကွယ် စောင့်ရှောက်သူအဖြစ်ပါ ငါခန့်အပ်မယ်”
သူ့စိတ်အခြေအနေ ကောင်းနေတာတွေ့တော့ ကျုပ်လာရင်း ရည်ရွယ်ချက် ဖေါ်ထုတ်ဖို့ အချိန်ကျပြီဆိုတာ ခံစားလိုက်ရတယ်။ ကျုပ် ဒူးထောက်မြဲထောက်ပြီး..
“ဦးလေး ခယ်ကျာ၊ ကျုပ်ဘာဆုမှ မလိုချင်ပါဘူး။ တစ်ခုလေးပဲ မေတ္တာရပ်ခံချင်တယ်”
“မင်းကို ဘာလို့ ဆုမချရမှာလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ကို ဘာမှ တောင်းပန်နေစရာတောင်မလိုဘူး။ ကဲ မင်းဘာပြောမလဲ ငါသိချင်တယ်။ မင်းကို တစ်ခုကလွဲပြီး ဘာမဆို အကုန်ပေးလို့ရတယ်”
“ဦးလေး ခယ်ကျာ.. ကျုပ်.. ကျုပ်..”
“ကျန်းကုန်း.. သူက နတ်ဆိုးမျိုးနွယ်ဆိုတာ မင်းသိထားရမယ်။ ဒါ ငါ့ပြဿနာ မဟုတ်တော့ဘူး။ မှူးကြီးမတ်ရာတွေ၊ သာမန်ပြည်သူတွေနဲ့ပါ သက်ဆိုင်သွားပြီ။ မင်း သဘောပေါက်တယ်မို့လား။ မင်းအတွက်နဲ့ မူကျီကို အပြစ်ပေးတာ ဘာညာ လုပ်မထားဘူး။ မကွပ်မျက်ခင် သက်တောင့်သက်သာ ရှိရမယ်လို့ ငါကတိပေးတယ်”
ကွတ်မျက်မယ် ဆိုတဲ့ စကားလုံး ကြားလိုက်ရတော့ ကျုပ်စိတ်တွေ မှုန်မှိုင်းလာခဲ့ပြီ။ သာမာန်ဆိုရင် မူကျီနဲ့ သူ့ကြံရာပါကို ပြစ်ဒဏ်က ကင်းလွတ်စရာ ဘာကြောင်းမှမရှိဘူးဆိုတာ ကျုပ်သိတယ်။ ခေါင်းကြောမာတဲ့ အဘိုးကြီးကလွဲပြီး ကျန်တဲ့သူ အားလုံးနဲ့ ရန်သူဖြစ်ရမှာ ကျုပ်စိုးရိမ်နေမိတယ်။ သူ့ကို ကယ်မယ့် သူ့မျိုးနွယ်လဲ မရှိလောက်ဘူး။
“ဒါဆိုလဲ ကျုပ်တစ်လှမ်းနောက်ဆုတ်ပါမယ့် အရှင်မင်းကြီး။ တော်ဝင် မှော်သမ္မဂ္ဂ ဒုတိယ အကြီးအကဲဆိုတဲ့ ရာထူးနဲ့ နိုင်ငံတော်ကာကွယ်ရေး မှော်သခင်နဲ့ပတ်သက်ပြီး ကျောင်းတက်နေတဲ့ အချိန်အတွင်းတော့ လက်မခံနိုင်သေးတာ ခွင့်လွှတ်ပေးပါ”
နန်းတော်ထဲက ထွက်ပြီးတာနဲ့ မူကျီ ဘယ်လိုမှ မသေစေရဘူး။ ကျုပ် မျက်လုံးပြူးသွားတယ်။ သူ့ကို ချက်ချင်း ကယ်မှ ရမှာပဲ။ မဟုတ်ရင် ဆရာတိနဲ့ တခြားလူတွေ ဝင်ရှုတ်လာရင် ကောင်းမှာ မဟုတ်တော့ဘူး။
ဆုံးဖြတ်ပြီးတာနဲ့ နန်းတော်နဲ့ မနီးမဝေးတနေရာမှာ အစီအစဉ်ဆွဲဖို့ သွားလိုက်တယ်။ နတ်ဆိုးမျိုးနွယ်တွေ ကောင်းကင်အကျဉ်းထောင် အနောက်ဘက်ခြမ်းမှာ အကျဉ်းကျခံထားရတယ်။ သေချာပေါက် အစောင့်အကြပ်တွေ ချထားမှာပဲ။ ဝင်နိုင်ဖို့ တော်တော် ခက်မှာ။ ကျုပ်ဘာလုပ်ရင် ကောင်းမလဲ။
အချိန် တော်တော်ကြာသွားတာတောင် ဘာအဖြေမှ ရှာမတွေ့သေးဘူး။ အချိန်ကလဲ သိပ်မရှိတော့ဘူး။ မူကျီကို ကယ်ဖို့ဆိုရင် အသံတိတ်ပြီး မိုးကြိုးလို အရှိန်မျိုးနဲ့ တစ်ကြိမ်းတည်း လှုပ်ရှားနိုင်မှ ဖြစ်မှာ။
ကောင်းကင် အကျဉ်းထောင်ရဲ့ အနေအထားကို အရင်ဆုံး စစ်ကြည့်လိုက်တယ်။ အစောင့်အကြပ်တွေ (၁၀၀၀)လောက် ရှိတယ်။ အဲ့အထဲက (၁၀၀)လောက်က မှော်ဆရာတွေ။ ဒီလို အစွမ်းနေနဲ့ဆိုရင် သူတို့ထဲကလူတွေကို အစုလိုက် အပြုံလိုက် မသတ်ဘဲ ခေါ်ထုတ်ဖို့ဆိုတာ တော်တော်ကြီးခက်လိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် မူကျီကို ကယ်မယ့် ကျုပ်ဆုံးဖြတ်ချက်တော့ ယိမ်ယိုင်သွားစရာ အကြောင်းမရှိဘူး။ မြို့ထဲကနေ ပစ္စည်းနည်းနည်း ဝယ်ပြီး အကျဉ်းထောင်နား ပြန်သွားလိုက်တယ်။
ဆရာတိ ပေးထားတဲ့ လွတ်မြောက်ရေး အဆောင်ကို သတိရလိုက်တယ်။ ကိုယ့်ကိုကိုယ်နဲ့ ကျန်တဲ့သူကို ဖုံးကွယ်ဖို့ မှော်အစွမ်းသုံးလိုက်မယ်ဆိုရင် အဲ့နေရာကနေ လွတ်လောက်တယ်။ ဒါနဲ့ဆို အောင်မြင်ဖို့ အခွင့်အလမ်း တိုးလာနိုင်တယ်။ လောလောဆယ် လုပ်ရမှာက ကောင်းကင် အကျဉ်းထောင်ထဲ ဖောက်ဝင်ဖို့ပဲလေ။
ကျုပ်လဲ မှော်စွမ်းအားတွေ စုဆောင်ဖို့ နောက်ဆုံးကြိုးစားတဲ့အနေနဲ့ တင်ပျဉ်ခွေ ထိုင်ချလိုက်တယ်။
(၂)နာရီလောက်ကြာတော့ ကောင်းကင် အကျဉ်းထောင် အပေါက်ဝမှာ ကျုပ်ပေါ်လာတယ်။ အပေါက်ဝက အစောင့်တွေက ကျုပ်ကို တားတာပေါ့။
“ဘယ်ကကောင်လဲကွ။ ဒါ ကောင်းကင် အကျဉ်းထောင်ဆိုတာ မသိဘူးလား”
ကျုပ်လဲ စုက္ကရေး မှော်တောင်ဝှေးကို မြှောက်ကိုင်ပြီး..
“ငါ တော်ဝင်မှော်သမ္မဂ္ဂအဖွဲ့ရဲ့ ဒုခေါင်းဆောင်၊ နိုင်ငံတော် ကာကွယ်ရေး မှော်သခင် ကျန်းကုန်းဝေ”
ကျုပ်ဘယ်သူလဲဆိုတာ သိတော့ အစောင့် ချက်ချင်း ဦးညွှတ်တယ်။
“နိုင်ငံတော် ကာကွယ်ရေးမှူး ဒီနေရာကို လာရတဲ့ ရည်ရွယ်ချက် သိလို့ရမလား”
“နတ်ဆိုးမျိုးနွယ်(၂)ယောက်ကို စစ်ဆေးဖို့ ဘုရင်မင်းမြတ်အမိန့်နဲ့ ဒီနေရာကို လာခဲ့တာကွ”
“အရှင်မင်းကြီးဆီက အမိန့်စာများ ပါလာပါသလားခင်ဗျ။ စကားသက်သက်နဲ့တော့ ခွင့်မပြုရဲလို့ပါ”
“ငါ စိတ်တိုလာပြီနော်။ ငါဘယ်သူလဲဆိုတာ မင်းသိပြီးပြီမို့လား။ ငါ့ကိစ္စကို တားရဲတယ်ပေါ့။ လည်ပင်းပေါ်မှာ ခေါင်းမရှိချင်တော့ဘူးထင်တယ်”
အစောင့်က ရှင်းပြမလို့လုပ်တုန်း ကောင်းကင်အကျဉ်းထောင်ကနေ မှော်စွမ်းအားတွေ ထွက်လာတယ်။ ခန္ဓာကိုယ်က သင်္ကေတ အက္ခရာတွေက ထွက်နေတဲ့ မှော်စွမ်းအားတွေက တော်တော် ကြီးမယ့်ပုံပဲ။
“ဘာဖြစ်နေတာလဲဟေ့။ ဘာလို့ ဒီလောက်တောင် ဆူညံ့နေရတာတုန်း”
သူ လမ်းလျှောက်ထွက်လာပြီး ကျုပ်ကိုတွေ့တော့ ချက်ချင်းကို..
“အရှင်ကျန်းကုန်း ဘာများ မှားနေလို့လဲဗျ..”
“နတ်ဆိုးမျိုးနွယ် (၂)ယောက်ကို စစ်မလို့ ဝင်ခွင့်မပေးဘူး ပြောနေတယ်”
အဲ့မှော်ဆရာ အစောင့်တွေဘက်လှည့်ပြီး..
“မင်းတို့ကောင်တွေ ဘယ်ကို အာရုံရောက်နေကြတာလဲ။ ဒီ နတ်ဆိုးမျိုးနွယ် (၂)ယောက်ကို သခင်ကျန်းကုန်း ဖမ်းပေးထားတယ်ဆိုတာ မသိဘူးလား။ လူသတ်သမားတွေကို ချေမှုန်းတုန်းက သခင်ကျန်းကုန်းသာ မကူညီရင် ငါတို့တွေ နတ်ဆိုးမျိုးနွယ် သတ်လို့ သေနေလောက်ပြီ။ ငါတခြားလူကို အာမ မခံနိုင်ပေမယ့် သခင်ကျန်းကုန်း အတွကတော့ ဘာပြဿနာမှမရှိဘူး။ အမြန် ဝင်ခွင့်ပေးလိုက်”
မှော်ဆရာအနေနဲ့ ‘ ဒီကလေး နိုင်ငံတော်ကို ကယ်ပြီးကတည်းက နိုင်ငံတော်အတွက် အရေးကြီးပုဂ္ဂိုလ် ဖြစ်တဲ့အပြင် ဧကရာဇ်ပြီးရင် ဒုတိယ အကြီးဆုံးဆိုလဲ ဟုတ်တယ်။ ဒီအခွင့်အရေး ရအောင်ယူရမယ်။ နောင်ဆို ငါ အခုထက် အတိုင်းအဆမဲ့ တိုးတက်သွားမှာ’ လို့ တွေးနေလောက်တယ်။
အစောင့်လဲ ကြောက်လန့်တကြားနဲ့ ခနအသံတိတ်သွားပြီး ကျုပ်ကို ဝင်ခွင့်ပေးလိုက်တော့ မှော်ဆရာ လောလောဆယ် ကျုပ်ဆီကနေ ဆုလာဘ်ရချင်နေပုံပဲ။
“ဆရာသခင်.. အဲ့တုန်းက အရှင်သုံးလိုက်တဲ့ မန္တန်က တအားကို မှတ်သားစရာပါပဲ။ ဒီအဆင့်နိမ့်တဲ့သူက ဒီလောက် အစွမ်းထက်တဲ့ မန္တန်မျိုး တခါမှ မမြင်ဖူးသေးပါဘူး။ ကျောင်းအုပ်ကြီး ကျန်းတောင် မင်းကို မမှီမှာ စိုးမိတယ်”
============= (*^*)=============
အပိုင်း( ၁၈၁ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား