လုပ်ကြံရတဲ့ အကြောင်းအရင်း
Vol. 13 Ch. 184
Child of light (ကျန်းကုန်း)
Volume 7: Chapter 8 - The Truth of the Assassination
မူကျီ ကျုပ်ကို တစ်ချက်ကြည့်ပြီး..
“ပို့ဆောင်ရေးလုပ်ရတာ လွယ်တယ်ထင်နေတာလား။ တိုင်တောင်ကြီးက လျှပ်စီးခံတပ်ကိုရောက်ဖို့ လမ်းကြောင်းတွေ ပိတ်ဆို့ထားတယ်။ မှော်သခင်တွေအဆင့်လောက်နဲ့ ရွှေ့ပြောင်းပေးနိုင်ဖို့ ဘယ်လိုမှ မရနိုင်ဘူး။ တကယ်လို့ လေဟာနယ် ရွှေပြောင်းခြင်းချင်တယ်ဆိုရင် မှော်သခင်ကြီးတွေရဲ့ အကူအညီလိုတယ်။ ပြီးတော့ မှော်သခင်ကြီးဆိုတာကပဲ တစ်ကြိမ် ကို နှစ်ယောက်ထက်မနည်း ပို့နိုင်တယ်လေ။ ငါတို့ဘက်မှာ မှော်သခင်ကြီး ဘယ်နှစ်ယောက်လောက် ရှိမယ်ထင်လဲ။ နင်တို့နဲ့ အရေအတွက် အတူလောက်ပဲ။ အဲလိုမှ မဟုတ်ရင် ကျူးကျော်ပြီးတာ ကြာပေါ့။ ဟိုအရင် ငါတို့တွေ့တုန်းက ဆရာဖူးလွေ့ တစ်လလုံးလုံး အချိန်ပေးခဲ့ရတာ။ (၅)ကြိမ်လောက် လေဟာနယ်ရွှေ့ပြောင်းပြီးတဲ့အချိန် သူလဲ စွမ်းအားတွေ ကုန်ခမ်းသွားလို့သာ ငါတို့ အနည်းစုကိုပဲ နင်တွေ့ရတာ။ မဟုတ်လို့ကတော့ အဲ့တုန်းက နင်လွှတ်နိုင်မယ်တောင် မထင်ဘူး.. ခစ်.. ခစ်..”
“နင်နဲ့အတူပါလာတဲ့ ကောင်မလေးတွေရော ဘယ်ရောက်ကုန်ကြတာလဲ..”
မူကျီမျက်ဝန်းတွေ နည်းနည်း မှိုင်းသွားပြီးမှ..
“နင်တို့ ဒေသကိုရောက်တော့ အရမ်းလှတဲ့ ရှုခင်းတွေ ဆွဲဆောင်တာခံလိုက်ရတယ်လေ။ နင်ကလဲ လူသတ်သွားတာ မဟုတ်တော့ အားလုံး အေးအေးဆေးဆေးနဲ့ အချိန်ကုန်သွားတာပါပဲ။ (၂)နှစ်လောက်ကြာတော့ ငါတို့တွေ နတ်ဆိုးမျိုးနွယ်ဝင်ဆိုတာတောင် မေ့လုလုဖြစ်ကုန်တယ်”
“အဲလိုမေ့သွားရင် ပိုမကောင်းဘူးလား”
“ဒါပေါ့။ အဲလိုမမေ့နိုင်တာတော့ သနားစရာပဲ။ နတ်ဆိုးမျိုးနွယ်ရဲ့ မင်းသမီးလဲဖြစ်၊ ထီးနန်းဆက်ခံသူလဲဖြစ်နေတော့ ငါ့မျိုးနွယ်ဝင်တွေအတွက် အမြဲစဉ်းစားနေရတာဆိုတော့ သတင်းအချက်အလက် တွေ အဆက်မပြတ် ပြန်ပို့ပေးနေရတာပေါ့။ (၁)နှစ်လောက်ကြာမှ လူအနည်းစုပဲ အလင်းမှော်ပညာ တတ်ထားတာမြင်ပြီး ပထမဆုံး နင်နဲ့တွေ့တုန်းက လိမ်သွားမှန်း သိလိုက်ရတယ်။ ဒါပေမယ့် စစ်ပွဲကြီးဖြစ်မှာ မကြည့်ချင်လို့ နှောင့်နှေးနေတာလေ။ သိပ်မကြာပါဘူး နင်ရောက်လာတယ်။ ကျောင်းမှာ နင့်ကို စတွေ့တုန်းက ငါ့အတွေးတွေ တော်တော် ရှုတ်ယှက်ခတ်နေတာ.”
“အဲ့တုန်းကတည်းက ငါ့ကို ကြွေနေလို့ မဟုတ်ဘူးလား..”
မူကျီ ကျုပ်နှာခေါင်းကို လက်ညှိုးလေးနဲ့ အသာတွန်းရင်း..
“ရွံစရာကြီး။ အဲ့တုန်းက နင့်ကို မုန်းနေတာလေ။ နောက်တော့မှ ငါ့ကို လိုက်ဖို့ ရီးစားစာ ရေးတော့တာ။ နင် ငါ့ကို အရူးလုပ်ချင်လို့ ပေးတာထင်ပြီး ပစ်ထားခဲ့တာ။ ဒါပေမယ့် နင့်ဆီက ရိုးသားမှုတွေ ခံစားလာရတယ်။ ငါနင့်ကို မငြင်းနိုင်တော့တဲ့ အထိပဲ။ ခွင့်လွှတ်လိုက်တာ မှာမယ်ဆိုတာလဲ ငါသိတယ်။ ဒါပေမယ့် ငါမှ မလွန်ဆန်နိုင်တော့တာကို”
ကျုပ် မူကျီကို ကျစ်နေအောင် ဖက်ထားလိုက်မိတယ်။ သူအပေါ်ထားတဲ့ ချစ်ခြင်းတရားတွေလဲ တဟုန်ဟုန် တောက်လောင်ရင်းနဲ့ပေါ့ဗျာ။
“ငါ့နှလုံးသားကို လာစွတာကိုက နင့်အပြစ်တွေပဲလေ။ နင်ငါ့ကို ရီးစားစာ တစ်စောင်ပေးတိုင်း ငါ့နှလုံးသားထဲမှာ နင့်အပေါ်ထားတဲ့ စိတ်တွေ ပိုပိုပြီး ခိုင်မြဲလာတယ်။ နင်နဲ့ ပိုပိုနီးစပ်အောင် အချစ်ရဲ့ သွေးဆောင်ခံမှု လိုက်ရပေမယ့် ငါတို့တွေ အတူနေဖို့ မဖြစ်နိုင်တာသိတော့ မျိုသိပ်ထားခဲ့ရတယ်။ စာသင်နှစ်ပြီးလို့ နတ်ဆိုးမျိုးနွယ်ကို ပြန်သွားတော့ နင်နဲ့ခွဲခွာသွားရတဲ့အခါ တစ်စုံတစ်ယောက် ပျောက်ဆုံးသွားတဲ့ ခံစားချက်က ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ သိလိုက်ရတယ်။ အဲ့တော့မှ ငါနင့်ကို လုံးဝ ချစ်မိသွားပြီဆိုတာ သိလိုက်ရတာ”
“ငါလဲ နင့်ကို အသည်းနင့်အောင် ချစ်ရတာပါပဲ”
ကျုပ်တို့နှစ်ယောက် စကားသံတိတ်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေမိလိုက်ကြတယ်။ ကျုပ် ရုတ်တရက် အတွေးတစ်ခုပေါ်လာပြီး..
“ငါ အခုမှ တွေးမိတယ်။ စစ်ဖုန့်ရီက နင်တို့ဘက်က လူတစ်ယောက်လား”
“မဟုတ်ဘူး။ ငါ သိတောင်မသိဘူး..”
ကျုပ် ထင်ထားသလိုပဲ။ စစ်ဖုန့်ရီက မွန်းစတားဘုရင်ရဲ့ နယ်ရုပ်ဖြစ်လိမ့်မယ်။
“ငါ ပြန်ရောက်သွားတော့ အချက်အလက်တွေ ဖုန်းကွယ်ထားလို့မရတော့ဘူး။ ဒီဘက်အခြမ်းက အခြေအနေတွေကို အဖေသိတော့ ဝမ်းသာပြီး ချက်ချင်းပဲ ကျူးကျော်စစ်နွဲဖို့ စလိုက်တာပေါ့။ သူ ငါ့ကို ဒီပြန်လာခွင့် မပေးဘူး။ ခယ်ကျာအောင်းအာ အိုက်ရှားနိုင်ငံ ထီးနန်းအမွေဆက်ခံတဲ့ ကိစ္စ ငါအဖေ ဘယ်လိုသိသွားလဲ ငါမသိဘူး။ ခယ်ကျာ ရိုးရှင်းတဲ့သူ မဟုတ်ဘူးဆိုတာ ငါ့ဖေ သေချာသိတယ်။ ဒါကြောင့် ထိပ်တိုက် ရင်ဆိုင်မယ်ဆိုရင် ဆုံးရှုံးမှုတွေကြီးမှာဆိုတော့ လုပ်ကြံဖို့ကို ရွေးချယ်လိုက်တာ။ ပြီးခဲ့တဲ့ (၂)နှစ်လောက် ငါအရှေ့ဘက်ခြမ်းရောက်တုန်းကတည်းက ငါမှော်မျိုးနွယ်ဝင်တွေကို လေဟာနယ် ရွှေ့ပြောင်းပြီး ပို့ထားတာ။ အဲ့ဖွဲ့မှာဆို မှော်သခင်ကြီး (၃)ယောက်၊ မှော်ပညာသင် (၉၆)ယောက်ပါတယ်။ စုစုပေါင်း အယောက် (၄၀၀)လောက်ရှိတယ်။ ခယ်ကျာ့ကို လုပ်ကြံပြီးမှ ငါအဖေနဲ့အဖွဲ့က ကျူးကျော်လာမှာလေ”
“နင်က ဘာလို့ ပြန်လာရတာတုန်း”
“အဲ့ဒါ နင့်ကြောင့်ပဲလေ။ ငါမှ နင့်ကိုလွမ်းတဲ့ဒဏ် မခံစားနိုင်တာကို။ လုပ်ကြံမယ့်ကိစ္စ ငါနယ်မြေ အကျွမ်းကျင်ဆုံးလို့ အဖေ့ကိုပြောပြီး လုပ်ကြံဖို့ ဆရာနဲ့ အကူအညီနည်းနည်း လွှတ်ပေးဖို့ တောင်းပန်ရင်း မအောင့်အီးနိုင်တော့လို့ ကျောင်းကို ပြန်ပြေးလာတာပေါ့။ ကျောင်းရောက်တော့ နင့်ကို တွေ့ပြီး ငါ့စိတ်တွေ ဝေဝါးသွားပြန်ရော။ နင် ငါ့ကို ခိုးပြေးမယ်ပြောတုန်းက အရမ်းစိတ်လှုပ်ရှားခဲ့ပေမယ့် င့် တာဝန်ပြီးအောင် လုပ်ရအုံးမယ်လေ။ ဒါကြောင့် အဲ့ညက အကောင်အထည်ဖော်လိုက်တာ”
နောက်ထပ် ဆက်မပြောခင် မူကျီ ကျုပ်ကို စူးစူးစိုက်စိုက်ကြည့်ပြီးမှ..
“လူသားနန်းတော်ထဲ စီးနင်းတိုက်ခိုက်တဲ့နေရာမှာ အထစ်အငေါ့မရှိ အောင်မြင်သွားသလောက် လူသားတွေ တော်တော် ငြိမ်ကုတ်သွားတယ်။ တော်ဝင်မှော်သမ္မဂ္ဂ က ငါတို့တိုက်ခိုက်တာကို မတားနိုင်တော့ နန်းဆောင်ထဲထဲ ခပ်မြန်မြန်ပဲ ရောက်ခဲ့တာပေါ့။ အောင်မြင်တော့မယ့် အချိန်ကျမှ နင်နဲ့ ဆရာကျန်း ရောက်လာပြီး ခြောက်ခြားလောက်တဲ့ မှော်ပညာ သုံးသွားတယ်။ ကျန်းကုန်း ငါလဲ အခုထိ နင်ဘာမှော်ပညာ သုံးသွားမှန်း မသိသေးဘူး။ ငါ့ နတ်ဆိုးမျိုးနွယ် (၂၀၀)လောက် ချက်ချင်းကို မျိုးတုန်းသွားတာ။ ဆရာကတော့ တားမြစ်မန္တန်သုံးလိုက်တာလို့ ပြောတာပဲ။ ဟုတ်လား..”
“အင်း.. ဟုတ်တယ်။ ငါ ထာဝရအလင်းတန်း တားမြစ်မန္တန် သုံးလိုက်တာ။ အဲ့မန္တန်က နောက်ဆုံးအဆင့် ပြန်လည် ကုသရေးမန္တန်ပေါ့။ ဒါပေမယ့် အလင်းမှော်စွမ်းအားဆိုတော့ အဲဒါ နင်တို့ကို သေလောက်တဲ့ အစွမ်းတွေ ပါနေတာပေါ့။ အဲ့လောက် အစွမ်းထက်မယ်လဲ ငါမသိဘူး။ ဟိုအဘိုးကြီး နင့်ကို ကာကွယ်ပေးခဲ့တာ ငါ့အတွက် တော်တော် ကံကောင်းသွားတယ်။ မဟုတ်ရင် ငါတော့ တစ်သက်လုံး နောင်တရလို့ ဆုံးမှာ မဟုတ်တော့ဘူး”
“စောစောက နင်မေးတဲ့ ကောင်မလေး (၈)ယောက်စလုံး နင့်မန္တန်လက်ချက်နဲ့ အသက်ပျောက်သွားကြတာ။ နင် ငါ့လူတွေ အများကြီး သတ်ခဲ့တာတောင် ငါနင့်ကို ဘယ်လိုမှ မုန်းလို့မရနိုင်သေးဘူး။ အဲဒါထက် ငါ့နောက်ကြောင်း နင်သိသွားမှာ စိုးရိမ်နေမိတာ။ ငါဘယ်လောက်ထိ ဖြစ်သွားလဲ နင်မသိလို့နော်။ နင့်နှလုံးသားထဲမှာ ငါဆိုတာ လေနဲ့အတူ ပျောက်သွားတဲ့ နတ်ဆိုးမျိုးနွယ်က မူကျီ ဖြစ်သွားပြီပဲ တွေးနေမိတာ”
“နင် ဘာတွေ ပေါက်ကရ လျှောက်ပြောနေတာလဲ။ နင် နတ်ဆိုးမျိုးနွယ်က သက်ဆင်းလာတာဆိုလဲ ငါ့နှလုံးသားထဲမှာ ထာဝရ ရှိနေအုံးမှာပဲ”
“နင် ဘယ်လိုတွေးလဲတော့ ငါလဲမသိဘူး။ ငါ နတ်ဆိုးမျိုးနွယ်ဆိုတာ နင်ကြားပြီးတော့ သွေးတွေအံလို့ ငါ့နှလုံးသား အရမ်းခံစားရတာပဲ။ အားလုံး ပြီးသွားပြီပဲ ထင်နေတာလေ။ တိုက်ပိတ်ခံထားရတုန်းကလဲ ဘာမှဆက်မတွေးချင်တော့ဘဲ သေပဲသေချင်တော့တာ။ ငါအကြောက်ဆုံးက နင့်ကို ပြန်တွေ့ရမယ့်အရေးလေ။ နင် ငါ့ကို လာကယ်လိမ့်မယ်လို့ မျှော်လင့်မထားမိဘူး။ ဒီလိုလုပ်မိလို့ နင်နောင်တမရဘူးလား”
“နင့်ကို ကယ်လိုက်ရတာ ငါ့ဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုပဲ။ တစ်သက်လုံး နောင်တမရဘူး”
“ကျန်းကုန်း.. နင့်အတွက် ဒီမှာ နေရာမရှိတော့ဘူး။ ဒီတော့ ငါတို့ နတ်ဆိုးမျိုးနွယ်ကို လိုက်ခဲ့ပါလား။ နင် လူသား တစ်ယောက် ဆိုရင်တောင် ငါ့အဖေကို သေချာ စည်းရုံးပေးလို့ရတယ်။ ဟုတ်ပြီလား”
============= (*^*)=============
အပိုင်း( ၁၈၅ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား