← Chapters

အဖမ်းခံရခြင်း

Vol. 13 Ch. 185

အဖမ်းခံရခြင်း

Vol. 13 Ch. 185

Child of light (ကျန်းကုန်း)

Volume 7: Chapter 9 - Behind Bars

“ဒါပေမယ့် မင်းအဖေက ငါ့ကို လက်ခံနိုင်ပါ့မလား။ နင့် နတ်ဆိုးမျိုးနွယ်တွေ ငါအများကြီးသတ်မိလို့ အကြီးအကျယ် ဆုံးရှုံးထားတာ မမေ့နဲ့အုံး။ ပြီးတော့ မင်းတို့တွေ လူသားမျိုးနွယ်ကို ကျူးကျော်တဲ့အချိန် ငါကြည့်နေနိုင်မှာ မဟုတ်ဘူး”

မူကျီ တော်တော်ကြာအောင် ငြိမ်သွားတယ်။

“ဒီတစ်ခါ ဆုံးရှုံးမှုက ငါ့အဖေ ကျူးကျော်မယ့်အစီအစဉ် ရပ်တောင်သွားနိုင်လောက်တယ်။ သူ့စိတ်ထဲမှာ အစွဲတစ်ခု ရှိတယ်ဟ။ နင် ငါနဲ့ လိုက်မှာလား။ နင်နဲ့ ထပ်မခွဲချင်တော့ဘူး”

“ငါကရော နင်နဲ့ ဘယ်လိုလုပ် ဝေးချင်မှာတုန်းလို့”

မူကျီ စကားတွေက ကျုပ်ကို တအားစိတ်လှုပ်ရှားစေနိုင်တာပဲ။ စစ်ပွဲကို ရှောင်နိုင်ရင် အကောင်းဆုံးပဲ”

ရုတ်တရက် နတ်ဆိုးအိုကြီး မျက်လုံးပွင့်လာတော့ ကျုပ် နည်းနည်းတောင် ကြောက်သွားမိတယ်..

“မကောင်းတော့ဘူး။ မှော်စွမ်းအားလှိုင်း အတက်အကျတွေ ရှိနေတယ်”

ကျုပ်လန့်သွားပေမယ့် စွမ်းအင်လှိုင်းအတက်အကျတွေကို ချက်ချင်းတွေ့လိုက်ရတယ်။

“မှော်ဝင်္ကပါထဲကို မြန်မြန်ဝင်ကြတော့.. ငါတို့ကို ဖမ်းဖို့ လိုက်လာကြတာ..”

ကျုပ်မှန်းလိုက်တာက တကယ်ကြီးအဟုတ်ပဲ။ အဖြူရောင်အလင်းတန်းနဲ့အတူ ဆရာကျန်း၊ ဆရာတိ၊ ဆရာလုံ၊ ဆရာလဲ့နဲ့ ဆရာရှီးတို့အားလုံး ကျုပ်ရှေ့ ပေါ်လာကြတယ်။

ကျုပ် မူကျီကို ဖက်ထားတာ ဆရာတိမြင်တော့..

“ကျန်းကုန်း မင်းဘာလုပ်နေတာလဲ။ ဒါ နိုင်ငံတော်ကို သစ္စာဖောက်မှုဆိုတာ မင်းမသိဘူးလား”

ကျန်တဲ့ မှော်သခင်ကြီးတွေကတော့ ကျုပ်ကို သနားကြည့် ကြည့်နေကြတယ်။

ကျုပ်မူကျီကို လွှတ်၊ ဒူထောက်ပြီး..

“ဆရာ ကျုပ်ကို စွန့်လွှတ်လိုက်ပါတော့။ ဒါပေမယ့် မူကျီသေတာ ကျုပ်ဘယ်လိုမှ ကြည့်မနေနိုင်ဘူး”

“ကျန်းကုန်း မင်းလွတ်ချင်တာပဲသိတယ်၊ ဘာသတိမှ မရှိဘူး။ မြေပြင်မှာထားခဲ့တဲ့ သဲလွန်စတွေက မင်းကို ရောင်းစားသွားတာ။ အဲ့နေရာတွေကို သေချာစစ်ဆေးပြီး ဒီနေရာကို ရှာတွေ့တာပဲ။ မင်းရဲ့ အမှားတွေ ဆက်မလုပ်နဲ့တော့”

ဆရာရှီးကလဲ..

“တော်လောက်ပြီး။ ဘာမှ ထပ်ပြောမနေနဲ့တော့။ ကျန်းကုန်း မင်းအရင်ကလို နေမြဲအတိုင်း ဆက်နေချင်ရင် အဲ့နတ်ဆိုးမျိုးနွယ်(၂)ယောက်ကို ချက်ချင်း ကူပြီးဖမ်းပေးလိုက်။ ဒါဆို အခြေအနေတွေအကုန် နောက်ပြန်လှည့်လို့ရသေးတယ်။

ကျုပ်လဲ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါပြီး ဆာတွေကို ခပ်ပြင်းပြင်း လှမ်းတိုက်လိုက်တယ်။ ပြီးတော့ နတ်ဆိုးအိုကြီးဘက်ကို လှည့်ပြီး..

“ကျုပ် ကြာကြာထိန်းနိုင်မှာမဟုတ်ဘူး။ အမြန်သွားတော၊ မူကျီကို လွတ်အောင်လုပ်”

ဆရာတွေ အချိန်မှီ မခုခံနိုင်ကြတော့ ကတိုက်ကရိုက် တောင်ပေါ်က ခုန်ဆင်းလိုက်ကြရတယ်။

“ဟင့်အင်း.. ကျန်းကုန်းပါမှ ငါသွားမယ်။ ငါတို့အတူသွားရအောင်လေ”

“မင်းသမီးလေး ငါတို့အခုသွားမှရမယ်။ မဟုတ်ရင် နောက်ကျကုန်တော့မှာ။ ဆက်နေရင် သူသေသွားနိုင်တယ်”

ဆရာတို့တွေ အသင့်ပြန်ဖြစ်သွားကြပြီ။ လက်ပုံစံအမျိုးမျိုးနဲ့ မှော်တိုက်ကွက်တွေ စလွှတ်ကုန်ကြပြီ။

“မူကျီ အမြန်သွား။ ငါမသေ သေးသရွေ့ နင့်ကိုတွေ့ဖို့ နတ်ဆိုးမျိုးနွယ်ကို အရောက်လာခဲ့မယ်”

သူလွှတ်ဖို့အတွက် မလိမ်ချင်လို့ကို မရတော့ဘူး။ ကျုပ်အော်သံကြားတော့ ဆရာ(၅)ယောက်လုံး ဝင်္ကပါကို တားဖို့အတွက် တိုက်ကွက်တွေ မိုးရွာသလို တိုက်ကြတော့တာ။

နတ်ဆိုးအိုကြီး ဝင်္ကပါကို အသက်သွင်းနေပြီ၊ ကျုပ်လဲ မှော်သခင်ကြီး (၅)ယောက် ဝိုင်းတိုက်လို့ အောက်စည်းရောက်နေပြီ။ သူတို့ တိုက်ကွက်တွေကို ခံနိုင်ရည်ရှိဖို့ဆိုတာ မလွယ်ဘူးလေ။ စုက္ကရေး ကြောင့်သာမဟုတ်ရင် သူတို့တိုက်ကွက်တွေကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူးရယ်။

အလင်းတစ်ချက် အလက်နဲ့အတူ မူကျီနဲ့ အဘိုးကြီး ပျောက်သွားတယ်။

အပြင်းထန်ဆုံး တိုက်ကွက်တွေအောက်မှာ သန့်ရှင်းသော ဓားစွမ်းအားကိုလဲ မသုံးနိုင်ဘူး။ မှော်ဝင်္ကပါ အကြွင်းအကျန်တွေကို အလင်းဓားနဲ့ ဖျက်ဖို့ ကျုပ်မှာကျန်နေတဲ့ စွမ်းအားတွေ သုံးလိုက်တယ်။ တူညီတဲ့အမှားမျိုး ဘာလို့ ထပ်လုပ်တော့မှာလဲလို့။

“ဗြန်း……”

ဆရာလုံရဲ့ မီးနဂါးက ကာကွယ်ရေး မန္တန်ကိုထိုးဖေါက်ပြီး ကျုပ်ရင်ဘတ်ကို ထိသွားတယ်။ ကျုပ်လဲ တိမ်လိုလွှင့်ရင်း သွေးတွေ အံထုတ်လိုက်ရတယ်။ ဒါတောင် ဆရာလုံ ထိန်းထားလို့ဆိုတာ အသေအချာပဲ။ မဟုတ်ရင် ပြာဖြစ်သွားလောက်ပြီ။

မီတာ(၃၀)ကျော် အကွာက မြေပေါ်ပစ်ကျသွားတယ်။ စုက္ကရေးလဲ ကျုပ်လက်က လွတ်ကျသွားပြီ။ မူကျီ လွှတ်သွားပြီမို့ နှုတ်ခမ်းထောင့်ကနေ ပျော်ရွှခြင်း အရိပ်အမွက်ပေါ်လာတယ်။ ဆရာတိ ကျုပ်ကို ဖက်ပြီး..

“ကျန်းကုန်း.. ငါ့ကလေးရာ။ မင်း အဲလိုလုပ်ဖို့ တန်လို့လားကွာ…”

“ဆ.. ရာ.. တိ.. ဆရာမျှော်လင့်ချက်တွေ ကျုပ်အကောင်အထည် မဖေါ်နိုင်တော့ဘူး။ ကျုပ် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ဒီမှော်တောင်ဝှေးကို ဆရာ့အတွက် ကျုပ်သိတတ်မှုအနေနဲ့ ယူထားပေးပါ”

စကားဆုံးတာနဲ့ ကျုပ်လဲ ခေါင်းစိုက်ကျပြီး မေ့သွားရော။

*+- *+- *+- *+- *+-

နာတယ်.. ပူတယ်.. ကျုပ်တစ်ကိုယ်လုံး ကြေမွသွားသလိုပဲ။

“ရေ.. ရေ.. ရေပေးပါ..”

ကျုပ် ပြောလိုက်ပေမယ့် ဂရိုစိုက်မယ့်သူ ဘယ်သူမှ မရှိဘူး။ ကျုပ်စိတ်တွေ ဝေဝါးပြီး ပြန်မေ့သွားပြန်ရော။

အချိန်တွေ ဘယ်လောက်တောင် ကုန်သွားပြီလဲမသိဘူး။ သတိရလာပြီး မျက်လုံးဖွင့်ပြည့်တော့ လုံးဝကို အမှောင်ခန်းတစ်ခုထဲမှာ။ ကျုပ်ဘယ်ရောက်နေတာလဲ။ ကြည့်ရတာ ကျုပ်ဒဏ်ရာ မသေးဘူးထင်တယ်။ ခန္ဓာကိုယ်ထဲကို မှော်စွမ်းအားတွေ့ ဖြန့်ကြည့်တော့လဲ ဘာတုန့်ပြန်မှုမှ မရှိဘူး။ ကျုပ်စွမ်းအားတွေ ချိပ်ပိတ်ထားလိုက်ပြီ ထင်ပါတယ်။ ကျုပ်မှာမှ အားမရှိတာ ချိပ်စည်းလဲ ဘယ်လိုလုပ် ဖြည်နိုင်မှာတုန်း။

ကျုပ်မျက်လုံးတွေ အမှောင်ထုနဲ့ ကျင့်သားရလာတော့ ကျောက်သား အခန်းကြီး ဖြစ်ဖို့များတယ်။ မြက်ခြောက်တွေခင်းထားတဲ့ ကျောက်ကုတင်ကြီးပေါ်မှာ လှဲနေရတာ။ ကျောက်ကုတင်ရဲ့ ထောင့်(၄)ဘက်နဲ့ ကျုပ် ခြေလက်တွေကို သံကြိုးတုတ် သော့ခတ်ထားကြတာ။ တကယ်ဆို လှုပ်တောင် မလှုပ်နိုင်တာ အဲဒါတွေတောင် မလိုဘူးရယ်။ ကျုပ်လဲ ဘာများပြောနိုင်အုံးမှာလဲ။

ဘယ်ဘက်ခြမ်း နံရံက ရုတ်တရက်ပွင့်သွားပြီး အစေခံတစ်ယောက် ဝင်လာတယ်။ လက်ထဲမှာလဲ ပန်းကန်လုံးတစ်လုံး ကိုင်ထားတယ်။ ဇွန်းလေးတစ်ချောင်းနဲ့ ကျုပ်ကို ဆန်ပြုတ်ခွံ့ကျွေးတယ်။ ချိုမြမြအရသာနဲ့ ဆေးဖက်ဝင်မှန်းသိပေမယ့် ဘာလဲတော့ သေချာမသိဘူး။

အဲ့လိုနဲ့ (၁၈)ကြိမ် လာကျွေးတယ်ဗျ။ တစ်ရက် (၃)ကြိမ်နဲ့တွက်ရင် (၆)ရက်လို့ ပြောရမယ်ထင်တယ်။ တဖြည်းဖြည်းနဲ့ ကျုပ်လဲ စကားပြောနိုင်လာတယ်။ ကျုပ်ဒဏ်ရာတွေက မနာကျင်တော့ပေမယ့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ လှုပ်လို့မရသေးဘူး။

(၁၉)ကြိမ်မြောက် အစေခံဝင်လာတော့ အသံကျယ်ကျယ်နဲ့..

“ဒါ ဘယ်နေရာလဲ..”

ကျုပ်အသံ ကျုပ်ကြားတော့ လန့်ဖြန့်ခေါင်းခါရင်း သူမကျွေးခင် ခေါင်းခါမိလိုက်တယ်။

“တစ်ခုခု ပြောအုံးလေ..”

သူကျုပ်ကို ကြည့်တောင်မကြည့်ဘဲ ပစ်ထားသွားတယ်။

တအောင့်လောက်ကြာတော့ ကျောက်တခါးကြီး ပြန်ပွင့်လာတယ်။ ခြေသံကြားရတာ နောက်တစ်ယောက်ဆိုတာ ကျုပ်သိနေတယ်။

“ကျန်းကုန်း.. အဲဒါ တကယ်ကို ဒီလောက် ဒုက္ခခံဖို့ ထိုက်တန်လို့လားကွာ..”

“ဦးလေး ခယ်ကျာလား”

“ဟုတ်တယ်.. ငါပဲ။ မင်းဘယ်လိုနေသေးလဲ။ မင်းအခြေအနေရော ဘယ်လောက်ထိ ပြန်ကောင်းလာပြီလဲ”

“အဆင်ပြေပါတယ်။ ဒဏ်ရာတွေတော့ ကောင်းနေပြီ။ ခန္ဓာကိုယ်က မလှုပ်နိုင်သေးဘူး..”

ခယ်ကျာ သက်ပြင်းချပြီး..

“ကလေး။ မင်း တခြားလူတွေနဲ့ မတိုင်ပင်ဘဲ ဘာလို့များ တစ်ယောက်တည်း လုပ်ချင်ရာ စွတ်လုပ်တတ်နေနဲ့အပြင် နတ်ဆိုးမျိုးနွယ်က မိန်းကလေးတစ်ယောက်အတွက်နဲ့ မင်းအနာဂတ်ကို မင်း ပြန်ဖျက်ဆီးပစ်လိုက်တယ်။ ဆရာတွေ နှလုံးနာတဲ့အပြင် ကျောင်းအုပ်ကြီးတိဆို ကျန်းမာရေးတောင် ထိခိုက်သွားတယ်”

============= (*^*)=============

အပိုင်း( ၁၈၆ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters