နတ်ဆိုးမျိုးနွယ်တွေ ကျူးကျော်လာပြီ
Vol. 13 Ch. 186
Child of light (ကျန်းကုန်း)
Volume 7: Chapter 10 - The Demon Race Invades
“ဦးလေးခယ်ကျာ ကျုပ်ကို ခွင့်လွှတ်ပါလို့ မတောင်ဆိုပါဘူး။ ဒါပေမယ့် ကျေးဇူးပြုပြီး ကျုပ်ကို အမြန်အဆုံးသတ် ပေးပါ။ ကျုပ်လုပ်ခဲ့မိတာက ကြီးကျယ်ခန်းနားလွန်းတဲ့ ရာဇဝတ်မှု တစ်ခုဆိုတာ ကျုပ်သိပါတယ်။ ဆရာတိရော ဘယ်လိုနေသေးလဲဗျ”
ခယ်ကျာ အချိန်တော်တော်ကြာမှ..
“မင်း ငါ့ကို တစ်ကြိမ်ကယ်ခဲ့တဲ့အပြင် ထီးနန်းရဖို့လဲ ကူညီခဲ့သေးတယ်။ မင်းကို ကာကွယ်ပေးသူတွေလဲ အများကြီးပဲကွ။ အဲ့တော့ ငါ ဘယ်လိုလုပ် သတ်လို့ရမှာတုန်း။ ခက်တာက မင်းပြစ်မှုကလဲ ကြီးလွန်းအားကြီးနေတော့ ထောင်ထဲ ထည့်ထားဖို့ပဲ တတ်နိုင်တော့တယ်။ မင်းက စွမ်းအား ကောင်းလွန်းတဲ့ကောင်ဆိုတော့ မှော်အစွမ်းတွေ ချိတ်ပိတ်ခိုင်းပြီး မင်းအရိုးတွေ ပျော့သွားအောင် အရိုးပျော့ဆေး ကျွေးထားတယ်။ ဒီတော့ မင်းလွတ်ဖို့ လမ်းမမြင်ဘူး။ နှစ်တော်တော်ကြာရင် မာခယ် ငါ့ထီးနန်းဆက်ခံတဲ့အချိန် မင်းကို လွှတ်ပေးလိမ့်မယ်။ ဆရာတိတော့ ပြဿနာ သိပ်မရှိပါဘူး။ သူဒေါသ တအားထွက်လွန်းလို့ နေမကောင်း ဖြစ်သွားယုံပါပဲ။ သူ့နှလုံးသားထဲမှာ မင်းကို ဂုဏ်ယူနိုင်လောက်တဲ့ အနေအထားထိ မျှော်လင့်ချက်ထားခဲ့တာတွေ မင်းက လက်လျှူရှုလိုက်တာကိုး။ ဒီနေရာက အရင်တုန်းက အိမ်ရှေ့မင်းသား စံအိမ်မှာရှိတဲ့ ကျောက်တုံး အကျဉ်းထောင်တစ်ခုပေါ့။ ငါကလွဲပြီး သိတဲ့သူ မရှိဘူး။ အစောင့်အကြပ်တွေ တင်းကြပ်ထားတယ်။ ဒီလို အမှားမျိုး ထပ်မဖြစ်ချင်တော့လို့ မင်းကို သိတဲ့သူမှန်သမျှ တွေ့ခွင့်မပေးနိုင်ဘူး။ မင်းဒီမှာပဲ အေးအေးဆေးဆေး လိမ်လိမ်မာမာ နေပေါ့ကွာ”
အင်း.. ကျုပ်မလှုပ်နိုင်တာ မထူးဆန်းတော့ဘူးပေါ့။ အဲ့တော့ကော ဘာဖြစ်လဲ။ ဧကရာဇ်နဲ့ ကျုပ်ကြားမှာ ခိုင်မြဲတဲ့ ဆက်ဆံရေးမျိုးမှ မရှိခဲ့တာကို။ ကျုပ်ကို သတ်လိုက်မယ်ဆိုရင်တောင် ကျုပ် ဘာမှ အပြစ်ပြောနေမှာ မဟုတ်ဘူးလေ။ သူပြဿနာ ဖြေရှင်းတဲ့ ပုံစံကတော့ ကျုပ်တော်တော် စိတ်ပျက်သွားတယ်။ ကျုပ်လဲ သက်ပြင်းချရင်း..
“ဆရာ့တိကိုတော့ ပြောပေးပါ။ နောင်ဘဝဆိုတာ ရှိခဲ့ရင် ကျုပ်သူဆီမှာ နွားဖြစ်ဖြစ်၊ မြင်းဖြစ်ဖြစ် လုပ်ရမယ်ဆိုရင်တောင် သူ့ကျေးဇူးတွေ ဆပ်ပါ့မယ်လို့။ ကျုပ်ကို မသတ်ခဲ့တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
“ငါ ဒီလိုလုပ်လို့ မင်းငါ့ကို အပြစ်တင်မယ်ဆိုတာ ငါသိပေမယ့် ငါဆိုတာက နိုင်ငံတော်ရဲ့ ဧကရာဇ်တစ်ပါးဆိုတာ မင်းသိထားရမယ်။ ငါ့လူမျိုးတွေအတွက် ငါ့မှာ တာဝန်ရှိတယ်။ မင်း စွမ်းအားကောင်းလွန်းတော့လဲ နတ်ဆိုးတွေလက်ထဲ အပါမခံနိုင်ဘူးလေ။ မင်းနားလည်တယ်မို့လား”
ကျုပ် နတ်ဆိုးမျိုးနွယ်နဲ့ မပတ်သက်ကြောင်း ကျမ်းကျိမ်မယ်ဆိုရင်တောင် သူယုံမှာမှမဟုတ်တာ။ ကျုပ်သိတာပေါ့။ သူ့မှာ ပြောစရာကျန်သေးတယ်ထင်လို့ ကျုပ်ဘာမှ ပြန်ပြောမနေပါဘူး။
“အခုဆို အိုက်ရှားက ရှိ့တနဲ့ တလု(၂)နှစ်နိုင်ငံ မဟာမိတ်ဖွဲ့ပြီး လျှုပ်စီးခံတပ်ကို ကူဖို့ စစ်ကူတွေ ပို့ရတော့မယ်။ သိပ်မကြာခင်ပဲ ကမ္ဘာတဝှမ်းလုံးမှာ စစ်ပွဲတွေထပ်ဖြစ်လိမ့်မယ်။ မင်းဒီမှာပဲ အနားယူလိုက်ပါ။ ငါသွားတော့မယ်။ အချိန်ရရင် ထပ်လာခဲ့အုံးမယ်”
“ခနလေး.. မူရင်နဲ့ ဟိုအဘိုးကြီးကို ဖမ်းမိလိုက်လား”
“မင်း အောင်မြင်ပါတယ်။ နတ်ဆိုးမျိုးနွယ် (၂)ယောက်လုံး လွတ်သွားတယ်”
ဒီတော့ ကျုပ်ဝမ်းသာသွားတာပေါ့။ ကျုပ်စွန့်လွှတ်ခဲ့ရသမျှ အလဟသ မဖြစ်တော့ဘူး။ နောက်ဆုံးတော့ မူကျီ အန္တရာယ်ကင်းသွားပြီ။
ကျောက်နံရံက အသံတစ်ချက်ထွက်ပြီး ခယ်ကျာ ထွက်သွားတယ်။
ကျုပ်နှလုံးသားထဲမှာ ပင်လယ်ပြင်လို လှိုင်းထန်နေတယ်။ ခယ်ကျာ့လုပ်ရပ်တွေက ရက်စက်လွန်းတယ် ဆိုပေမယ့် ကျုပ်အသက်ရှင်နေတုန်းပဲလေ။ ကျုပ်ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေ ဖြန့်ဖို့ကြိုးစားပေမယ့် ချပ်ပိတ်ထားတာ အင်အားကောင်းလွန်းတယ်။ ကျုပ်ခန္ဓာကိုယ်ထဲကနေ သန့်ရှင်းသောဓားရဲ့ စွမ်းအားနည်းနည်းပဲ ခံစားမိတာကလွဲလို့ မှော်စွမ်းအင် အတက်အကျ စိုးစဉ်းတောင် မမြင်မိဘူး။ ကျုပ်ကို အရိုးပျော့ဆေးတွေလဲ ကျွေးထားတာဆိုတော့ တိုက်ပွဲစိတ်ဝိညာဉ်ကို ထိန်းထားနိုင်ယုံတင်မဟုတ်ဘူး အားနည်းနည်းလေးမှ မရှိဘူးဆိုတော့ နဂါးမျိုးနွယ်ရဲ့ ချိပ်စည်းဖေါက်ထွင်းမန္တန် သုံးလို့မဖြစ်တော့ပြန်ဘူး။ ကျုပ် တကယ်ကို ဒုက္ခိတ ဖြစ်နေပြီပဲ။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်… *+- *+- *+- *+-
အချိန်တွေ ဘယ်လောက်ကုန်သွားမှန်းတောင် မသိတော့သလို ကျုပ်လဲ လက်လျှော့လိုက်ပြီလေ။ တစ်ယောက်ယောက်သာ ကျုပ်ကိုတွေ့လိုက်ရင် ကိုယ်အလေးချိန် တော်တော်ကျပြီး ကျုပ်ရဲ့ အသားအရေတွေ ဖြူဖျော့သွားတာကို မြင်ရမှာ သေချာတယ်။ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ မသိတော့ဘူး။
ဒီနေ့တော့ ဧကရာဇ်ခယ်ကျာ နောက်တစ်ခေါက် ထပ်ရောက်လာတယ်။
သူ့ပုံစံ မမှန်တဲ့အပြင် မှုန်ကုပ်ကုပ်နဲ့ ကျုပ်ကိုကြည့်နေတယ်။
“အရှင်မင်းကြီး တစ်ခုခု ဖြစ်သွားလို့လား”
“နတ်ဆိုးမျိုးနွယ်နဲ့ သားရဲမျိုးနွယ်တွေ မဟာမိတ်ဖွဲ့ပြီး လျှပ်စီးခံတပ်ကို စပြီး ကျူးကျော်နေကြပြီ”
ကျုပ် တော်တော် အံ့ဩသွားတယ်။ ကြည့်ရတာ မူကျီ သူ့အဖေကို ကျူးကျော်စစ်မလုပ်ဖို့ မဖြောင့်ဖျနိုင်လိုက်ဘူး ထင်တယ်။ ကျုပ်လဲ စိတ်လှုပ်ရှားပြီး..
“ဘယ်တုန်းက စဖြစ်တာလဲ”
“မနေက စတာ။ ကျောင်းအုပ်ကြီးလုံ ဦးဆောင်ပြီး အမှတ်(၄)၊ အမှတ်(၇)နဲ့ အမှတ်(၁၂)တပ်တွေ လွှတ်လိုက်ရပြီ”
“ဆရာတိ နေကောင်းသွားပြီလား”
ခယ်ကျာ ခေါင်းရမ်းရင်း..
“သူဘာတွေဖြစ်နေလဲတော့ ငါမသိဘူး။ သူ့အလုပ်သူတော့ ကောင်းကောင်း မလုပ်နိုင်သေးဘူးကွ”
“အဲ့အဘိုးကြီးကို ဂရုစိုက်ပေးဖို့ အရှင်မင်းကြီးကိုပဲ ဒုက္ခပေးရတော့မှာပဲ။ အခုကျုပ်ဆီလာတာ ဘာများသိချင်လို့လဲ”
“
“မင်းတော်တော် ဉာဏ်ကောင်းတာပဲ။ တကယ်လို့ မင်းသာ လူသားမျိုးနွယ်အပေါ် သစ္စာမဖောက်ရင် အရမ်းကောင်းမှာပဲ။ လျှပ်စီးခံတပ်က တော်တော် တောင့်တင်းခိုင်မာတာဆိုတော့ လောလောဆယ် စိုးရိမ်စရာတော့ မရှိသေးပါဘူး။ အဲ့လုပ်ကြံသူတွေ အရှေ့ဘက်ခြမ်းကို ဘယ်လိုဖောက်ဝင်လာနိုင်တယ်ဆိုတာ အခုထိ ကောင်းကောင်း မသိရသေးဘူး။ အရင်က မင်းနတ်ဆိုးမျိုးနွယ်တွေနဲ့ အချိန်အတော်ကြာ ရှိခဲ့ဘူးတာဆိုတော့ သူတို့တွေ ဘယ်လိုရောက်လာလဲ ဆိုတာ မင်းသိလား”
“သူတို့ ဘယ်လိုရောက်လာတယ်ဆိုတာ ကျုပ်သိတယ်။ သူတို့လူတွေခေါ်လာဖို့ မှော်သခင်ကြီးအဆင့် လိုတဲ့အပြင် လေဟာနယ်ပို့ဆောင်ရေး ဝင်္ကပါအသက်သွင်းဖို့ရာ မှော်စွမ်းအား အရမ်းလိုတာဆိုတော့ သူတို့တော်တော် စွမ်းအားနည်းသွားမှာမို့ သိပ်စိုးရိမ်နေစရာ မလိုပါဘူး။ ပြီးတော့ ဟိုတခေါက် လုပ်ကြံမှုတုန်းက အင်အားတော်တော်များများ ဆုံးရှုံးသွားတာလေ။ လေဟာနယ်ပို့ပြီး လာမယ်ဆိုရင်တောင် အင်အား သိပ်ပါမှာ မဟုတ်ဘူး”
ကျုပ်လဲ လူသားတစ်ယောက်ပဲလေ။ နတ်ဆိုးမျိုးနွယ် ကျုပ်တို့ဆီ ကျူးကျော်လာတာတော့ ဘယ်လက်ခံနိုင်မှာတုန်း။ အခြေအနေတွေ တော်တော် ဆိုးရွားသွားလိမ့်မယ်ဗျ။
ခယ်ကျာ သက်ပြင်းချပြီး..
“ကျန်းကုန်း အခုလို သတင်းကောင်းလေး ပြောပြပေးလို့ ကျေးဇူးတင်တယ်။ ဒီလောက်နဲ့ပါ လုံလောက်ပါမင်း။ မင်းလဲ နားလိုက်အုံး”
စကားပြောပြီးတာနဲ့ လှည့်ထွက်သွားတယ်။ ကြည့်ရတာ သတင်းလို့ချင်လို့ လာတာ သက်သက်ပါပဲ။
နတ်ဆိုးမျိုးနွယ်ကတော့ စပြီး ကျူးကျော်လာနေပြီ။ ရှေ့တန်းမှာ ဘယ်လိုတွေ ဖြစ်နေပြီလဲမသိဘူး။ မူကျီရော စစ်ပွဲမှာများ ပါနေလားမသိ။ အဖြေ ဘယ်လိုပဲထွက်ထွက် ကျုပ်ကတော့ ရှင်လျှက်နဲ့ သေနေတဲ့သူဆိုတော့ ကျုပ်နဲ့ ဘာမှ မဆိုင်တော့ပါဘူးလေ။
......
နောက် (၃)ရက်လောက်နေတော့ နေ့လည်စာ ဆန်ပြုတ်သောက်ပြီးလို့ မွန်းတည့်ချိန်လောက်မှာ ကျုပ်ဘေးနားလေး အလင်းတန်းတစ်ခု လက်သွားတယ်။ အမှောင်ထဲမှာ နေရတာကြာလာတော့ အရာအားလုံး ဖြူဝင်းသွားသလိုပဲ ခံစားရတယ်။ မျက်လုံးကို အမြန် ပိတ်ထားလိုက်ရတော့တာပေါ့။
အဖြူရောင်အလင်းတန်း ပျောက်သွားတော့မှ မှိတ်ထားတဲ့ မျက်လုံးဖွင့်ကြည့်လိုက်တယ်။ နုညံ့ပြီး မျက်နှာဖုံးရော ဝတ်စုံနက်ရောဝတ်ထားတဲ့ လူတစ်ယောက် ကျုပ်ရှေ့မှာ ရပ်နေတယ်။
“မင်း ဘယ်သူလဲ။ ဒီကို ဘာလာလုပ်တာလဲ”
ဝတ်စုံနက်က သူ့မျက်နှာဖုံး ဆွဲချွတ်လိုက်ရင်း..
“ကျန်းကုန်း.. ငါပါ.. နင်ကို ကယ်ဖို့လာတာ..”
သေချာကြည့်လိုက်တော့မှ ဟိုင်ရှင်းဗျ။ ကျုပ် နည်းနည်း လှန့်သွားတယ်။
“ဟိုင်ရှင်း… နင်လာလို့ဒီကိုလာတာလဲ။ ဒီနေရာက အမြန်ထွက်သွားသင့်တယ်။ နင့်ကို တွေ့သွားရင် ဒုက္ခရောက်တော့မှာပဲ”
“နင်တောင် နင့်ဘဝကို အစ်မမူကျီအတွက် စွန့်ရဲသေးတာ ငါက ဘာလို့မလာနိုင်ရမှာတုန်း”
“နင် ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။ ဒီနေရာကိုသိတာဆိုလို့ ခယ်ကျာတစ်ယောက်ပဲရှိတာလေ”
“နင့်ကို ဒီမှာ ပိတ်ထားတာ (၂)လလောက် ကြာသွားပြီ။ အဲ့(၂)လအတွင်း နင့်ဆရာတွေ နင့်အတွက် အရမ်းစိတ်ပူနေကြတာ။ အဲ့ဆရာတွေ နင့်ကိုကယ်မှာစိုးလို့ ဧကရာဇ်က သူတို့ကို စောင့်ကြည့်ခံနေရတယ်ဆိုတာ နင်သိလား”
============= (*^*)=============
အပိုင်း( ၁၈၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား