← Chapters

တောင်တန်းပေါ်က ရွာကလေး

Vol. 13 Ch. 190

တောင်တန်းပေါ်က ရွာကလေး

Vol. 13 Ch. 190

Child of light (ကျန်းကုန်း)

Volume 8: Chapter 1 - The Village in the Mountains

စိမ်းစိမ်းစိုစိုနဲ့ သစ်ပင်၊ သစ်တောတွေနဲ့ ဝန်းရံထားပြီး ကျေးငှက် ပိုးမွှားတွေရဲ့ အော်မြည်သံတွေနဲ့ သဘာဝ အလှတရားကြီး မင်းမူ နေတဲ့နေရာမှာ ရွှေရောင်အလင်းတန်း တစ်ချက်လက်ပြီး ခပ်သွယ်ခန္ဓာကိုယ်နဲ့ လူတစ်ယောက် ပေါ်လာတယ်။

အရပ် (၁.၉)မီတာလောက် အမြင့်နဲ့ လူတစ်ယောက်ပေါ့။ သူ့မျက်ဝန်းမှာလဲ ဝမ်းနည်းမှုတွေ အပြည့်နဲ့ မိုးကုတ်စက်ဝိုင်း တစ်လျှောက်ကို တောင်ကုန်းပေါ်ကနေ ပတ်ကြည့်လိုက်တယ်။ အဲ့လူက ကျုပ်ပေါ့ဗျာ။ အိုက်ရှား နိုင်ငံရဲ့ အထင်ကရ ဆယ်လီဖြစ်တဲ့ အလင်းမှော်ဆရာ ကျန်းကုန်းဝေ ပေါ့။

နောက်ဆုံးတော့ ကျုပ် လွှတ်မြောက်လာခဲ့ပြီ။ ကျုပ်အပေါ် ဟိုင်းရှင်းရဲ့ နက်နက်နဲနဲ ခံစားချက်တွေ ပြန်တွေးမိတိုင်း ကျုပ်နှလုံးသားတွေ တဆတ်ဆတ်ခုန်မိတုန်းပဲ။ ပြီးတော့ ကျုပ်အချစ်ရဆုံး၊ နတ်ဆိုးမျိုးနွယ် အတွင်းပိုင်းမှာ ရောက်နေတဲ့ မူကျီလဲ ရှိသေးတယ်။ သူက နတ်ဆိုးမျိုးနွယ်ရဲ့ မင်းသမီး ဖြစ်လိမ့်မယ်လို့ ဘယ်လိုလုပ် ထင်မိမှာလဲ။ ဒီလိုဆိုရင်တောင် ကျုပ်အနာဂတ်ကို ပျက်စီစေရလောက်အောင်ကို အိုက်ရှားနိုင်ငံ တော်ဝင်မှော်သမ္မဂ္ဂ လက်ထဲကနေ သူ့ကို ကယ်ပေးခဲ့ပြီးပြီလေ။

ကျုပ် ချစ်ရတဲ့ မူကျီကို ရှာဖို့အတွက် နတ်ဆိုးမျိုးနွယ်ကိုသွားရမယ်။ သူ့ကို မေ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။

အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေ ဘယ်လိုနေကြလဲ မသိဘူး။ ကျုပ်သာ သူတို့အကူအညီရရင် နတ်ဆိုးမျိုးနွယ် နယ်မြေထဲသွားရမယ့် ခရီးက ပိုပြီး အဆင်ပြေချောမွေ့သွားမှာဆိုတော့ သူတို့နဲ့တွေ့ဖို့ ရှို့တိ နိုင်ငံကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့မှ နတ်ဆိုးမျိုးနွယ် နယ်မြေထဲ ဦးတည်သွားရမယ်။ ကျုပ်စွမ်းအားကို ကျုပ် ယုံကြည်တော့ နတ်ဆိုးမျိုးနွယ်နယ်မြေထဲသွားဖို့ စိတ်မပူပေါင်။ ကျုပ်အကြောက်ဆုံးက မူကျီကျုပ်ကို စွန့်သွားမှာရယ် ကျုပ်နဲ့ ပြန်လိုက်တော့မှာရယ်ပဲ ရှိတာကို။

ဦးတည်ရာ တစ်ဖက်ရွေးပြီး ကျုပ်စိတ်တွေ နည်းနည်း လန်းသွားတယ်။ ခေါင်းမော့ပြီး အသံရှည်တစ်ချက် အော်လိုက်သေးတယ်။ တောင်ကုန်းလေးပေါ်ကနေ ခုန်ဆင်းရင်း တိုက်ပွဲစိတ်ဝိညာဉ် ဖြန့်ခွဲလိုက်တယ်။

လွှတ်လာစ ကျုပ်ရဲ့ လက်ရှိအခြေအနေက လမ်းပျောက်နေတယ်။ မှော်ဝင်္ကပါက အနောက်ဘက် ကီလိုမီတာ (၅၀၀) သတ်မှတ်ထားတာ။ ဒီနောရာက အိုက်ရှား အနောက်ဘက် ကီလိုမီတာ (၅၀၀)အကွာလောက်မှာ ရှိမှာပေါ့။

လောလောဆယ် ကျုပ်လဲ ကျန်တာတွေ အားလုံး မေ့ထားလိုက်ပြီး တစ်ဖက်တည်းကိုပဲ ဦးတည်သွားလိုက်တယ်။ မြို့ တစ်မြို့ မြို့တော့ ရောက်မှာပဲလေ။ အဲ့ကျမှ ကျုပ်ဆက်သွားရမယ့် လမ်းကြောင်း ဆုံးဖြတ်တော့မယ်။

ကျုပ် ဆုံးဖြတ်ချက် မှားယွင်းလိုက်တာလေးနဲ့ တောထဲမှာ (၃)ရက်လောက် အချိန်ကုန်သွားမယ် မထင်လိုက်မိဘူး။ အဆင့်မြင့် လေမှော်ပညာသာ တတ်ထားရင် အချိန်တွေ အများကြီး ဖြုတ်းနေစရာမလို လောက်ဘူး။ ဒါပေမယ့် ကျုပ်ရဲ့ အဓိက မှော်ပညာက အလင်း၊ အရန်မှော်ပညာက လေဟာနယ် ဆိုတော့ ကျုပ် ပျံသန်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တိုက်ပွဲစိတ်ဝိညာဉ်နဲ့ ပျံနိုင်တယ်ဆိုပေမယ့် လက်ရှိ ကျုပ်ခန္ဓာကိုယ် အခြေအနေက သိပ်ကောင်းတာ မဟုတ်ဘူးလေ။ လက်ရှိအခြေအနေမှာ အသန်မာဆုံး အနေအထားရဲ့ ထက်ဝက် လောက်ပဲရှိသေးတာ။ ခပ်ကြာကြာ ပျံသန်းတာ ဘာညာ မလုပ်နိုင်ပေမယ့် ခရီးတို လေဟာနယ် ရွှေပြောင်းမှုတော့ လုပ်လို့ရသေးတယ်လေ။ တနေကုန်အောင် နေရာရွှေ့ပြောင်းခြင်းကို ခပ်မြန်မြန်လုပ်ပြီးတော့ အခြေအနေက မကောင်းတော့ဘူး။ လုံးလုံးကို လမ်းပျောက်နေတာ သိလိုက်ပြီ။ ခရီးတို နေရာရွှေ့ပြောင်းတာတောင် မလုပ်ရဲတော့ဘူး။ ကိုးခြောက်ကိုးသုံးကိုပဲ အားကိုးနေရပြီ။ နောက်ဆုံးပိတ် တောထဲကနေ ထွက်နိုင်လာတဲ့အချိန်ကျ လူလဲ သူတောင်းစားရုပ် ပေါက်နေပြီ။ ကျုပ်အဝတ်အစားတွေလဲ ပြဲကွဲလို့။

ကျောက်တောင်တွေ ဒုက္ခပေးလိုက်တာ ကျုပ်လဲ နုံးချိ မောပန်းနေပြီ။ ဟိုင်ရှင်း ကယ်ခဲ့ပြီးကတည်းက ကောင်းကောင်း မအိပ်ရသေးတာလေ။ အခုလောလောဆယ် အစာရေစာ ပြတ်နေပြီဆိုတော့ ကျုပ်ရဲ့ တိုက်ပွဲစိတ်ဝိညာဉ် အခြေအနေလဲ မကောင်းတော့ဘူး။ အဲ့တိုက်ပွဲ စိတ်ဝိညာဉ်ကို ကျုပ်ခန္ဓာကိုယ် ထောက်ပံ့နိုင်အောင် သုံးခဲ့တာဆိုတော့ လက်လွန် ကြက်သွန်တွေ ဖြစ်သွားပြီ။

ကျုပ်ရဲ့ စုက္ကရေးတောင် အခုဆို သနားစရာ လမ်းလျှောက်တုတ်ကောက် အဖြစ် အသုံးတော် ခံနေရပြီ။ အရင်ကတော့ မအေးအေးဝင်း စီစဉ်ပေးထားသလို ဘဝကြီးက တော်တော်ကို ချောမွေ့ခဲ့တာ၊ ဒီလိုမျိုး တခါမှ မကြုံခဲ့ဖူးသေးဘူး။ အတိတ်ကို ပြန်တွေးမိတိုင်း မတတ်သာတဲ့ သက်ပြင်းတွေ ချရတာလဲ အမော။

သွားရင်းနဲ့ တစ်ချက်တုန်သွားတယ်။ ရုတ်တရက် ဟိုးရှေ့မှာ မီးခိုးငွေ့ ထွက်နေတာ တွေ့လိုက်ရတာကိုး။ မီးခိုးငွေ့မြင်ရတော့ စိတ်တောင် နည်းနည်း ပြန်တက်ကြွသွားမိတယ်။ ဒါ လူသား သဘာဝပဲလေ။ တော်တော် ခံစားလို့ ကောင်းတာပဲ။ ရှေ့ဆက်ဖို့ တစ်ကိုယ်လုံးက လက်ကျန် စွမ်းအားတွေ သုံးလိုက်တယ်။ တောင်ကုန်းလေး ပေါ်လှမ်းကြည့်လိုက်တော့ ရွာလေး တစ်ရွာဗျ။

မျှော်လင့်ချက်မဲ့နေတဲ့အချိန် အလင်းရောင်ပြပြ မြင်လိုက်ရသလို တော်တော် စိတ်လှုပ်ရှားမိတာ။ ကျုပ်ခန္ဓာကိုယ်တောင် တော်တော် ပေါ့သွားသလိုပဲ။ ကြည်နူးစိတ်နဲ့ပဲ ရွာဆီ သွားလိုက်တယ်။

အနားရောက်တော့ ရေသံတွေ အရင်ကြားလိုက်ရတယ်။ ရွာနားမှာ မြစ်ကလေး တစ်စင်း စီးဆင်းနေတာပဲ။ အထက်ဘက်မှာ အမြင့် မီတာ (၃၀) (၄၀)လောက်မြင့်တဲ့ ရေတံခွန်တစ်ခု ရှိသေးတယ်။ ရွာအတွက် သီးသန့် ရေပေးနေသလိုပဲ။ အိမ်ခြေ (၆၀၀) (၇၀၀)လောက်ဆိုတော့ တော်တော်တော့ ကျယ်သား။ အိမ်တွေအကုန် သစ်သား၊ ဝါးတွေနဲ့ ဆောက်ထားကြတာ။ ဒီနေရာကို တောင်တန်းတွေနဲ့ ဝန်းရံထားတာမို့ အေးချမ်းတယ်လို့ ထင်ရတယ်။ ဒီလောက် ဝေးလံခေါင်သီတဲ့ နေရာမှာ ဒီလိုရွာကြီးတစ်ရွာ မထင်မှတ်ဘဲ တွေ့ခဲ့ရတယ်။

ရွာအပေါက်ဝကို မြင်ရတဲ့အချိန် အရမ်းစူးရှလွန်းတဲ့ အလင်းတောင်ကြောင့်ခေါင်းမငုံ့ဘဲကို မနေနိုင်တော့ဘူး။

အဲ့အချိန် ခပ်ပြတ်ပြတ် အသံတစ်သံ ကြားလိုက်ရတယ်။

“မင်း ဘယ်သူလဲ။ ငါတို့ရွာကို ဘာလို့လာတာလဲ..”

အသံလာရာဆီ ကြည့်လိုက်တော့ အသက် (၁၈)(၁၉)လောက် လူငယ်ယောက် ပဲ။ အရပ်ခပ်မြင့်မြင့်၊ ကြွက်သားတွေ တင်းတင်းရင်းရင်းနဲ့ ပေါက်ထွက်လာတော့မယ် စွမ်းအားတွေပြည့်နေသလို တဆတ်ဆတ်တုန်နေသေးတယ်။ သူ့လက်ထဲမှာလဲ ကျုပ်မခွဲတတ်တဲ့ သားကောင်တစ်ကောင်နဲ့။ ကြည့်ရတာ မုဆိုး ဖြစ်လောက်တယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ထဲက ပေါက်ကွဲနိုင်တဲ့ စွမ်းအားတွေ အရ ကျွမ်းကျင် သိုင်းသမား တစ်ယောက် ဖြစ်လိမ့်မယ်။ အိုက်ရှားမှာ သိုင်းပညာ လေ့ကျင့်ထားတဲ့သူတစ်ယောက် မထင်မှတ်ဘဲ ရှိနေတာကိုး။ ဒါ တော်တော်ကို ထူးဆန်းတယ်။

“အစ်ကို… ခရီးသွားတစ်ယောက်ပါ။ အစားအစာပြတ်ပြီး အားပြတ်နေလို့ ရွာထဲမှာ စားစရာ သောက်စရာလေးများ ဝယ်လို့ရမလား တွေးမိလို့ပါ”

အဲ့လူ ကျုပ်ကို မျက်ဝင့်ချီကြည့်ပြီးမှ..

“ဟုတ်ပြီလေ။ ငါ့နောက်လိုက်ခဲ့..”

ပြောပြီးတာနဲ့ ကျုပ်ကို ခေါ်သွားတယ်။

“ဒုက္ခပေးသလို ဖြစ်သွားလို့ တောင်းပန်ပါတယ်ဗျ”

ကျုပ်လဲ စုက္ကရေးကို အားပြုပြီး သူ့နောက် အမှီလိုက်နိုင်အောင် ကြိုးစား နေရတော့တယ်။

ရွာထဲ ဝင်လာတော့ တော်တော်ကို ငယ်သေးတဲ့ လူပျိုပေါက်လေး (၂)ယောက် ပေါ်လာတယ်။

“အစ်ကိုကြီး ကျန့်ရှန် ပြန်လာပြီလား။ ဝါး… နောက်ထပ် ခရမ်းမြေခွေး တစ်ကောင် ဖမ်းမိပြန်ပြီပေါ့။ အစ်ကိုကြီး အရမ်းတော်တာပဲ”

“အဲဒါ ငါတို့ မျိုးဆက်သစ်တွေကြားမှာ နံပတ်(၁) ကျွမ်းကျင်သူ ငါတို့အစ်ကိုကြီး ကျန့်ရှန်ပဲလေ”

“တော်ပါတော့ကွာ.. မင်းတို့တွေ ငါ့ကို မြှောက်ပြောနေကြတာ ရပ်လိုက်တော့။ အကြီးအကဲတွေသာ ကြားသွားရင် မင်းတို့တွေ သတိမကပ်လို့ အမှတ်ခံနေရအုံးမယ်”

ကလေးတွေ လျှာတစ်လစ်နဲ့ ဘာမှ ဆက်မပြောတော့ဘူး။ မျက်စိလျှင်တဲ့ တစ်ယောက်ကတော့..

“အစ်ကိုကြီး ကျန့်ရှန် သူက ဘယ်သူလဲ။ ဒီသူတောင်းစား ဘယ်က ခေါ်လာတာလဲ”

“ရှန့်တုန် မရိုင်းနဲ့။ သူ့အကြောင်းနဲ့သူလေ။ ဒီအပြင်လူကို လက်ခံသင့် လက်မခံသင့် မြင့်မြတ်အကြီးအကဲတွေဆီ အဆုံးအဖြတ်သွားခံ မလို့၊ မင်း အရင်သွားပြီး သတင်းပို့လိုက်”

ထူးခြားတဲ့ အသံတစ်ချက်ပေးပြီး ရှန့်တုန် ဆိုတဲ့ ကလေး ပြေးထွက်သွားပါလေရော။

“ညီအစ်ကို ငါ့နောက်လိုက်ခဲ့”

စကားဆုံးတာနဲ့ ရွာအနောက်ဘက်ပိုင်းက ဝါးအိမ်လေး တစ်လုံးဆီ ဦးဆောင်ခေါ်သွားတယ်။

“ကျေးဇူးတင်ပါတယ် ညီနောင်..”

*********

ကျန့်ရှန် ရေတစ်ခွက်ခပ်ပြီး ကျုပ်ကို ပေးလာတယ်။ အေးစက်တဲ့ ခံစားချက် ကျုပ်တစ်ကိုယ်လုံးကို ပျံ့သွားတာပဲ။

“ဒီစမ်းရေက သောက်လို့ကောင်းလိုက်တာ။ ရွာနားက စမ်းရေကလဲ သောက်လို့ ကောင်းတာပဲ”

ကျန့်ရှန်ခေါင်းညိတ်ပြီး နောက်တစ်ခွက် ခပ်ပေးတယ်။

“ဒီစမ်းက ကျုပ်တို့ရွာရဲ့ အသက်သွေးကြောပဲလေ။ တစ်နှစ်ပတ်လုံးသာ မစီးဘူးဆိုရင် ကျုပ်တို့ရွာ ရှင်သန်နိုင်မှာတောင် မဟုတ်ဘူး”

Jian Shan nodded before pouring me another cup of spring water. “The spring water is our village’s lifeline. Without it constantly flowing all around the year, our village wouldn’t be able to survive.

“ဟုတ်တယ်။ ရေဆိုတာ အသက်ရဲ့ အရင်းအမြစ်ပဲ”

အစပိုင်က ကျုပ်ပြောခဲ့သလိုမျိုး အခုချိန်မှာ ဟိုင်ရှင်းတို့ အကြောင်းတောင် မတွေးနိုင်တော့ဘူး။

“အစ်ကို ကျန့်ရှန် အကြီးအကဲက အဲ့လူစိမ်းကို ခေါ်ခဲ့လိုက်ပါတဲ့..”

ကျန့်တုန် အသံ အခန်းထဲက ထွက်လာတာဗျ။

============= (*^*)=============

အပိုင်း( ၁၉၁ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters