← Chapters

နတ်ဘုရားလင်းရောင်ခြည်နှင့် နောက်တစ်ကြိမ်

Vol. 13 Ch. 192

နတ်ဘုရားလင်းရောင်ခြည်နှင့် နောက်တစ်ကြိမ်

Vol. 13 Ch. 192

Child of light (ကျန်းကုန်း)

Volume 8: Chapter 3 - Another Encounter with God’s Light

ဒါ မကောင်းဘူး။ ကျုပ်အေးအေးဆေးဆေး ကျင့်ကြံဖို့ နေရာရှာအုံးမှ ဖြစ်မယ်။ ဘယ်သွားရရင်ကောင်းမလဲ။ ရွာနဲ့ အဝေးကြီးသွားလို့လဲ မကိုက်ဘူး။ ကျုပ်မှာ ရိက္ခာမှာမရှိတာ ဒီရွာကိုမရောက်ခင် အခြေအနေတွေ ပြန်ဖြစ်မှာလဲ ကြောက်သေးတယ်။ ဒီရွာမှာ လူများတယ်ဆိုတော့ ကျုပ်တိတ်တိတ်ဆိတ်ဆိတ် လေ့ကျင့်တဲ့အချိန် အာရုံပျက်မှာ တော့အသေအချာပဲ။ အာ.. ဟုတ်သားပဲ။ ကျန့်ရှန်ကတော့ ရေတံခွန်နားမှာ တားမြစ်နယ်မြေရှိတယ်ပြောတာပဲ။ အဲ့မှာဆို ဘယ်သူမှ မရှိလောက်ဘူး။ သူတို့လဲသိမှာ မဟုတ်ဘူးလေ။ ကျုပ်မှာလဲ ဖျက်လို့ဖျက်ဆီး ဆန္ဒမှ မရှိတာကို။

ကျုပ်လဲ ပတ်ဝန်းကျင်ကို သေသေချာချာ စစ်ပြီးလို့ လူသူရှင်းပြီဆိုမှ ရေတံခွန်ဆီကို လေဟာနယ် ရွှေ့ပြောင်းလိုက်တော့တယ်။

“ဝုန်း… ဝေါ.. ဝေါ….”

ရေတံခွန်ကြီးပေါ်က ရေတွေ စဉ်ဆက်မပြတ် ကျထားတဲ့ဒဏ်ကြောင့် ကြောက်အင်တုံကြီး တစ်ခုလို ဖြစ်နေတယ်။ နေရောင်ခြည်ကလဲ ရေမှုန်ရေမွှားလေးတွေပေါ်မှာ တောက်ပနေတာဆိုတော့ ရေတံခွန်ကြီး ထိပ်မရောက်ခင်မှာ သက်တန့်ကြီး တစ်ခုတောင် ပေါ်နေလေရဲ့။ တကယ်ကို ဒါ့ထက်လှတာ ဘာမှမရှိတော့ဘူး။ ဒီနေရာကို တားမြစ်နယ်မြေလို့ အားလုံးသိထားတာဆိုတော့ အစောင့်အကြပ်တွေ ထားဖို့တောင် မလိုလောက်ဘူး။ ရေတံခွန်က ရေတံခွန်ပဲ မဟုတ်ဘူးလား။ ဘာလို့များ တားမြစ်နယ်မြေလို့ ခေါ်တာလဲမသိဘူး။

လတ်တလော စမ်းရေနည်းနည်း ယူပြီး မျက်နှာသစ်လိုက်တယ်။ ဗုဒ္ဓေါ… တအားကောင်းတာပဲ။ ကျန့်ရှန်စကား သတိရပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရသေးတယ်။ ကံကောင်းချင်တော့ ဘယ်သူမှ ရှိမနေဘူး။ ကျုပ်ဟာကျုပ် နည်းနည်းလေး မသက်မသာခံစားလိုက်ရတယ်။ လမ်းသွားလမ်းလာ တစ်ယောက်ကများ ကျုပ်ကို ဒီမှာတွေ့ပြီး မိသွားခဲ့ရင် ကျုပ်ဘာလုပ်ရမပါ့မလဲ။ တားမြစ်နယ်မြေကို ကျူးကျော်ပါတယ် ဆိုပြီး ပြောကြမှာ သေချာတယ်။

စဉ်ဆက်မပြတ် စီးဆင်းနေတဲ့ စမ်းရေတွေကို ကြည့်ရင်း ကျုပ်ခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်။ ရေတံခွန်အောက် ဝင်သွားရင် ပြီးတာပဲကို။ ရေတွေရဲ့ အအေးဓာတ်နဲ့ ပိုတောင် အာရုံစိုက်နိုင်အုံးမယ်လေ။

စိတ်ကူးပေါ်လာတာနဲ့ ရေတံခွန်အောက်က ကျောက်တုံးကြီးပေါ်ကို လေဟာနယ် ရွှေ့ပြောင်းလိုက်တယ်။ ကြိုပြင်ထားတာတောင် ရေတံခွန်ဖိအားက တော်တော်ကို ကြီးနေတာပဲ။ ကျောက်ဆောင်ပေါ် ခြေထိယုံရှိသေး ဖိအားကြီးတစ်ခုနဲ့ တွန်းထုတ်လိုက်သလိုမျိုး ခံလိုက်ရတယ်။ ကျုပ်တစ်ကိုယ်လုံး အေးစက်သွားတဲ့အပြင် ရေထဲ ပြုတ်ကျသွားပါလေရော။

ကြောက်လန့်တကြားနဲ့ပဲ စမ်းရေတွေ မျိုချမိလိုက်တယ်။ အခုတော့ စမ်းရေအေးရဲ့ လန်းဆန်းမှုအောက်မှာ ရေနစ်ဖို့ အန္တရာယ်နဲ့ ကြုံနေရပြီ။ ကံကောင်းတာက ကျုပ်လဲ နည်းနည်းပါးပါးတော့ ရေကူးတတ်တယ်လေ။ အစွမ်းရှိသလောက် ကူးရင်းနဲ့ ကျောက်စောင် ညာဘက်အစွန်းကို ကိုင်ထားမိလိုက်တယ်။ ခနလောက် နားပြီးမှ တိုက်ပွဲစိတ်ဝိညာဉ် ဖြန့်ကျက်လိုက်တယ်။ တိုက်ပွဲစိတ်ဝိညာဉ် အကာအကွယ်နဲ့မှပဲ ရေတံခွန်ကြီးရဲ့ ဖိအားအောက်မှာ ကောင်းကောင်း လမ်းလျှောက်နိုင်တော့တယ်။ တိုက်ပွဲစိတ်ဝိညာဉ်ကို ထပ်အားဖြည့်ပြီး ကျောက်တုံးပေါ်မှာ တင်ပျဉ်ခွေထိုင်ပြီး ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ မှော်အစွမ်းသုံးလိုက်တာပေါ့။

စမ်းရေတွေ အဆက်မပြတ်ကျနေတာဆိုတော့ စိတ်ထဲမှာ သိပ်တော့ မငြိမ်နိုင်ခဲ့ဘူး။ ကျုပ်လုပ်နိုင်တာဆိုလို့ ရေတံခွန် ဖိအားကို ခါးစီးခံယုံပဲရှိတော့တယ်။ ရှိုက်ရှိုက်တောင် ငိုပစ်လိုက်ချင်သေး။ ဒီလိုသာ ဆက်သွားနေရင် ကျောက်တုံးကြီးပေါ်က ပြန်ပြုတ်ကျအုံးတော့မှာပဲ။

လှိုင်းကြီးတွေ တစ်လုံးပြီးတစ်လုံးရဲ့ ဒဏ်တွေ ခံနိုင်ရည်ရှိတဲ့အထိ တောင့်ခံရင်း ကျုပ်စိတ်ဝိညာဉ်နဲ့ မှော်အစွမ်းတွေ ဖွင့်ထုတ်ပစ်လိုက်တယ်။ လေ့ကျင့်ဖို့ အဆင့်တက်ဖို့ နေရာကောင်းတစ်ခု မဟုတ်လောက်ဘူးထင်တယ်။ စွမ်းအား အလုံအလောက်ပြန်ရရင် ဒီနေရာက ထွက်သွားမှ ဖြစ်မယ်။

ရေတံခွန်ထဲက ထွက်မလို့လုပ်တုန်း စွမ်းအားနွေးနွေးတစ်ခု ရေတံခွန် အလယ်ကနေ ရုတ်တရက်ပေါ်လာပြီး ကျုပ်ဖန်တီးထားတဲ့ တိုက်ပွဲစိတ်ဝိညာဉ်နဲ့ မှော်စွမ်းအား အကာအကွယ်တွေကို အားကောင်းအောင် လုပ်ပေးသွားတယ်။ ကျုပ်တကိုယ်လုံးလဲ နွေးပြီး တော်တော်ကို သက်တောင့်သက်သာ ရှိတာပဲ။ ဒီစွမ်းအား တော်တော် ရင်းနှီးနေပါတယ်။ ဘာများပါလိမ့်…။

ကျုပ် ရင်ဘတ်ထဲက သန့်ရှင်းသောဓားက အဲ့စွမ်းအားတွေနဲ့လဲ တွေ့ရော ပေါင်းစပ်သွားပါလေရော။ အာ.. ဒီစွမ်းအား ဘာလို့ရင်းနှီးနေရတယ်ဆိုတာ အခုမှ သဘောပေါက်သွားတော့တယ်။ သန့်ရှင်းသောဓားရဲ့ အစွမ်းနဲ့ လက္ခဏာတွေ အတူတူပဲကိုး။

ရေတံခွန်အလယ်က စွမ်းအားတွေကို လောဘတကြီး စုပ်ယူရင်း ကျုပ်ခန္ဓာကိုယ်ထဲက သန့်ရှင်းသောဓားကတော့ အောင်ပွဲခံနေလေရဲ့။ ကျုပ်ခန္ဓာကိုယ် အနှံ့ကိုလဲ စွမ်းအား နွေးနွေးတွေ ဆက်တိုက်ပို့ပေးနေတယ်။ ရေတံခွန်ကြီးကလဲ စီးမြဲစီး၊ ကျမြဲကျရင်း သန့်ရှင်းသောဓားနဲ့ တူတဲ့ စွမ်းအားတွေလဲ ထုတ်မြဲထုတ်ပေးနေလေရဲ့။ ကျုပ်ခန္ဓာကိုယ်ကို ကာကွယ်ဖို့ လုပ်ထားတဲ့ တိုက်ပွဲစိတ်ဝိညာဉ်နဲ့ မှော်စွမ်းအား အကာအကွယ် ရုတ်တရက်ရက် ပျောက်သွားတယ်။ ကျုပ်မှာဖြင့် ရေတံခွန်အောက်မှာ ကိုလုံးတီးကြီးနဲ့။

သန့်ရှင်းသောဓားရဲ့ စွမ်းအားက ပူနွေးယုံကနေ ပူသည်ထက် ပူလာတယ်။ ရေခဲတမျှ စမ်းရေအောက် ရောက်နေပေမယ့် ကျုပ်ခန္ဓာကိုယ် ပူလောင်နေပြီ။ ရွှေရောင်အလင်းတွေနဲ့လဲ ထိန်ထိန်ငြီးနေပြန်ရော။

ကျုပ်ခန္ဓာကိုယ်ထဲက မရီဒါန်တွေ ပျောက်သွားသလိုခံစားလိုက်ရတယ်။ ကျုပ်မှော်စွမ်းအားနဲ့ တိုက်ပွဲစိတ်ဝိညာဉ်ကို သန့်ရှင်းသောဓားရဲ့ စွမ်းအားက တဖြည်းဖြည်း လွှမ်းခြုံလာတယ်။ ကျုပ်လဲ အံ့ဩနေယုံကလွဲပြီး ဘာမှ မလုပ်နိုင်ဘူး။ ဒီအတိုင်းသာဆို ကျုပ်ကြိုးကြိုးစားစား လေ့ကျင့်ခဲ့ရတဲ့ အစွမ်းတွေ ဒီအတိုင်းပဲ ပျောက်သွားတော့မှာလား မသိဘူး။ သန့်ရှင်းသောဓားကို ထိန်းချုပ်ဖို့ ကြိုးစားပေမယ့်လဲ ထူးထူးဆန်းဆန်းနဲ့ ကျုပ်အမိန့်တွေ အလဟသ ဖြစ်သွားတာပဲ အဖတ်တင်တယ်။ သူကတော့ ရေထဲက စွမ်းအားတွေ စုပ်မြဲစုပ်နေတော့တာ။

စွမ်းအားတွေ ကျုပ်ခံနိုင်တဲ့အကန့်အသတ်ရောက်တဲ့အချိန် ပေါက်ကွဲတော့မတတ် ခံစားလိုက်ရတယ်။ ရွှေရောင် အလင်းတစ်ချက် လက်သွားတာနဲ့အတူ ကျုပ်လဲ သတိလစ်သွားပါလေရော။ ရွာနဲ့ ရက်တစ်ပတ်လောက် ကင်းကွာသွားတယ်ဆိုတာတောင် ကျုပ်မသိလိုက်ရဘူး။

ပေါက်ကွဲလုလု ခံစားချက်ကို အကြီးအကဲ အဘိုးကြီး (၅)ယောက်လုံး ခံစားလိုက်ရတဘ်။ မြင့်မြတ်အကြီးအကဲက..

“မကောင်းတော့ဘူး။ စိတ်ဝိညာဉ် ကောင်ကင်နွေဦးကို တစ်ယောက်ယောက် ဖျက်စီးနေပြီ။ မြန်မြန်လူစုပြီး နွေဦးကောင်းကင်ကို ချက်ချင်းသွားကြ”

ကျုပ်ကတော့ အိပ်မက်ထဲမှာ ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ် ဝန်းရံထားသလို ခံစားနေရတယ်။ အာ.. ကျုပ်စိတ်ဝိညာဉ် မြင့်မြတ်နေရာကို ထပ်ရောက်သွားတဲ့ပုံပဲ။ မီကျားလီ နဲ့ စကားပြောခဲ့ဖူးတဲ့နေရာပဲ။ မပေါက်ကွဲ သေးတာများလား။

“ဟုတ်တယ်.. ကလေး။ မင်း မပေါက်ကွဲသေးဘူး။ နတ်ဘုရား စိတ်ဝိညာဉ် သွေးကြောကို မထင်မှတ်ဘဲ မင်းတွေ့လိမ့်မယ်လို့ ထင်မထားမိဘူး”

“ခင်ဗျားက မီကျားလီ လား”

“ဟုတ်တယ်။ ငါပဲ။ နတ်ဘုရား စိတ်ဝိညာဉ်သွေးကြော အကူအညီနဲ့ ငါ မင်းကို နောက်တစ်ခါ ဆက်သွယ်နိုင်လိုက်တာလေ”

“နတ်ဘုရား စိတ်ဝိညာဉ်သွေးကြော ဆိုတာ ဘာကြီးတုန်း”

“ဘာလဲတော့ ငါလဲမသိဘူး။ နတ်ဘုရားစွမ်းအားတွေကနေမှ နတ်ဘုရာစိတ်ဝိညာဉ်သွေးကြော ဖြစ်လာတာပဲ သိတယ်”

“ကျုပ်ဖြင့် ပေါက်ကွဲသွားပြီ ထင်နေတာ”

“ကောင်ဇိုးလေး။ မင်းခန္ဓာကိုယ် ပေါက်ကွဲသွားတာ မဟုတ်ပေမယ့် စိတ်ဝိညာဉ်နဲ့ စွမ်းအားတွေ ပေါက်ကွဲသွား တာပဲလေ”

“ကျုပ် စိတ်ဝိညာဉ် ပေါက်ကွဲ သွားပြီလား။ ဘာတွေ ဖြစ်နေတာလဲ။ သန့်ရှင်းသောဓားက ကျုပ် တိုက်ပွဲစိတ်ဝိညာဉ်နဲ့ မှော်စွမ်းအားတွေကို စုပ်ယူနေသလို ခံစားလိုက်ရသေးတယ်”

“တကယ်ပြောတာကွ။ အခုဆို မင်းရဲ့ တိုက်ပွဲစိတ်ဝိညာဉ်ရယ်၊ မှော်စွမ်းအားရယ်၊ မင်းခန္ဓာကိုယ်ထဲက သန့်ရှင်းသောဓားရယ် တစ်ခုနဲ့တစ်ခု ခွဲခြားလို့ မရတော့ဘူး။ ဒါတင်မကဘူး နတ်ဘုရား စွမ်းအားတွေ စုပ်ယူထားတာကြောင့် သန့်ရှင်းသောဓားကို နင် ထိန်းချုပ်နိုင်တော့မယ်။ ရာခိုင်နှုန်း နည်းတယ်ဆိုရင်တောင် ကမ္ဘာကြီးပေါ်မှာ တော်တော်ကို အစွမ်းထက်လွန်းနေပါပြီလေ။ မင်းလဲ မှော်ဘိုးဘေး ဖြစ်လာဖို့ မတေးတော့ပါဘူး။ လက်တွေ့ဘဝကို ပြန်ရောက်တဲ့အချိန် ငါဘာကိုပြောတာလဲဆိုတာ မင်းနားလည်သွားလိမ့်မယ်”

“အမ်.. ဒါဆို ကျုပ်အပြင်းအထန်လေ့ကျင့်ထားတဲ့ တိုက်ပွဲစိတ်ဝိညာဉ်နဲ့ မှော်စွမ်းအားတွေ မရှိတော့ဘူးလို့ ပြောတာပေါ့”

“ဘာလို့ ဒီရုပ်ပျက်နေရတာတုန်း။ အဲဒါတွေ သူတို့ဖွဲ့စည်းပုံကို အခုမှပြောင်းသွားတဲ့သဘော၊ အရင်တုန်းကနဲ့ ယှဉ်ရင် ပိုတောင် စင်ကြယ်လာသေးတယ်။ ဒီနတ်ဘုရားစိတ်ဝိညာဉ် သွေးကြောရဲ့ အထောက်အပံ့က မင်းကို စွမ်းအားမတိုးတက် ပေမယ့် နောက်နောင် ကျင့်ကြံမှုတိုင်းမှာ အကျိုးရှိစေတယ်။ မင်း နတ်ဘုရား သွေးကြောကို အမြန်ဆုံး စုပ်ယူသင့်တယ်။ မင်းစုပ်ပြီးရင် ငါနဲ့တွေ့ဖို့ မဟာချိုင့်ဝှမ်းကို လာရမယ်။ ဒီပုံအတိုင်းဆို ငါ့စွမ်းအားတွေ အမွေဆက်ခံဖို့အတွက် မင်းအပေါ် တော်တော်လေး ယုံကြည်ချက်ရှိလာပြီ”

စကားလဲဆုံးရော မီကျားလီ နှုတ်ခမ်းတွေ တွန့်ကွေးသွားနဲ့အပြင် အသံလဲ ပျောက်သွားတယ်။ ဒါပေမယ့် သူ့စကားတွေက ကျုပ်ကို သံသယတွေတပုံတပင်နဲ့ ထားခဲ့တာဗျ။

“ခင်ဗျား ဘာကို ပိုပြီး ယုံကြည်ချက်ရှိလာတာလဲ။ ခင်ဗျားရဲ့ စွမ်းအားတွေ အမွေဆက်ခံဖို့ဆိုတာ အန္တရာယ်ထဲ တိုးရမယ်လို့ ပြောနေတာလား”

============= (*^*)=============

အပိုင်း( ၁၉၃ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters