စွမ်းအားတိုးခြင်း
Vol. 14 Ch. 196
Child of light (ကျန်းကုန်း)
Volume 8: Chapter 7 - Increase in Strength
မြင့်မြတ်အကြီးအကဲက..
“နတ်ဘုရားရွာသားတွေ… မင်းတို့တွေအားလုံး ရဲရင့်ပြီး သန်မာတဲ့ စစ်သည်တော်တွေပဲ။ ငါတို့ နှစ်ထောင်ပေါင်းများစွာ စောင့်ခဲ့ရတဲ့ နတ်ဘုရားအမွှေခံသူ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ အဲဒါ မှော်သခင်ကြီး ကျန်းကုန်းဝေပဲ။ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ သူ့စွမ်းအားတွေကို မင်းတို့ မြင်ပြီးလောက်ရောပေါ့။ ဟိုးအရင်တုန်းက နတ်ဘုရားမျိုးနွယ်စုမှာ ချိတ်ပိတ်ခံထားရတဲ့ မိစ္ဆာဘုရင်ရဲ့ လှုပ်ရှားမှုတွေ ရှိနေပြီ။ နတ်ဘုရားမျိုးနွယ်စုအနေနဲ့ ငါတို့တွေ ကမ္ဘာကြီးတစ်ခုလုံးအတွက် ငါတို့စွမ်းအားတွေကို အသုံးချရလိမ့်မယ်။ အဲလိုလုပ်ဖို့ရော ဆန္ဒရှိကြရဲ့လား။ အကယ်၍ ဘယ်သူဖြစ်ဖြစ် နောင်တရခဲ့မယ်ဆိုရင် အချိန်မနှောင်းခင် အခုကတည်းက ချက်ချင်းထွက်သွားကြပါ”
တောင်အောက် လူ(၁၇၂)ယောက်လုံးရဲ့ တညီတညွှတ်သံပြိုင်အော်သံ အကျယ်ကြီး ထွက်လာတယ်။
“နတ်ဘုရားအမွေခံနောက်ကို ကျုပ်တို့တွေ အသက်ရှင်သမျှ လိုက်ပါမယ်လို့ ကျိမ်ဆိုပါတယ်။ ကျုပ်တို့တွေ အသက်အရွယ်ရလို့ သေသည်အထိ လိုက်ပါဖို့ ကတိပြုပါတယ်”
“ခင်ဗျားတို့ကို ကျုပ်နောက်လိုက်ဖို့ ခေါ်တာက ကျုပ်ကိုယ်ကျိုးအတွက် မဟုတ်ဘူး။ ဒီကမ္ဘာကြီး ငြိမ်းချမ်းရေးတွက် ဆိုတာ လူတိုင်းနာလည်ထားစေချင်တယ်။ ကျုပ်အနေနဲ့ တောင်းဆိုချင်တာ တစ်ခုကတော့ မင်းတို့အသက်တွေ မသေအောင် နည်းလမ်းမျိုးစုံသုံးပြီး နေဖို့ပဲ။ လူတိုင်း လူတိုင်း ကိုယ့်အသက်တွေကို တန်ဖိုးထားရမယ်”
ကျုပ်စကားကြားပြီး အကြီးအကဲတွေ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြလေရဲ့။ တတိယ အကြီးအကဲက..
“မင်း ဒီလိုတွေးလိမ့်မယ်လို့ ထင်ကိုမထင်မိဘူး”
တကယ်ဆို ကျုပ်သတိလစ်သွားတုန်းကတည်းက နတ်ဘုရားအမွေခံဆိုတာသိပြီး သူတို့အချင်းချင်း အပြင်းအထန် ဆွေးနွေးငြင်းခုံမှုတွေ ရှိခဲ့တာဗျ။ တတိယအကြီးအကဲအနေနဲ့ နှစ်ထောင်ပေါင်းများစွာကြာအောင် အေးအေးချမ်းချမ်း နေလာတဲ့ လူမှုဘဝ ပုံစံလေးကို မပြောင်းလဲချင်ဘဲ ဆန္ဒရှိတဲ့သူတွေလောက်ပဲ ကိုယ့်သဘောနဲ့ကိုယ် လိုက်ဖို့ အကြံပေးထားတာ။ ဒါတောင် ဆုံးဖြတ်ချက်မချခင် ကျုပ်ကို အရင်မေးဖို့ လုပ်ကြသေးတာ။ မိစ္ဆာဘုရင်ကို သုတ်သင်ဖို့အတွက် နတ်ဘုရားမျိုးနွယ်စုကို ကိုယ်စားပြုတယ်ဆိုတာ သူတို့ သိပြီးတဲ့အချိန်ကျမှ အားလုံးကျုပ်ကို လက်ခံကြတာ။ ဒါတောင် ဒီရွာကို မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာတဲ့ နတ်ဘုရားအမိန့်ကြောင့်ဗျ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့လူတွေ သိပ်ဆန္ဒရှိတာမဟုတ်ဘူးရယ်။ ဘယ်သူကရော အလကားနေရင်း ကိုယ့်အသက် သူများလက်ထဲ ထည့်ချင်မှာတုန်းလို့။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်စကားလဲကြားပြီးရော ကြီးကြီးငယ်ငယ် အားလုံး နည်းနည်းလေး ဟတ်ထိသွားတယ်။ သူတို့အားလုံး ကျုပ်ကို အပြည့်အဝ အထောက်အပံ့ပေးဖို့ ဆုံးထြတ်လိုက်ကြတယ်လေ။
“ကဲ ရွာသားအားလုံး ကျုပ်တောင်းဆိုမှုကို လက်ခံဖို့ ဆန္ဒရှိကြရဲ့လား”
တောင်အောက်က ရွာသားတွေ နည်းနည်းငြိမ်သွာတယ်။ ပြီးမှ ရွာသားတစ်ယောက် ရုတ်တရက် ထရပ်ပြီး..
“ကျုပ် သင့်နောက်ကို ထာဝရလိုက်ခဲ့ချင်ပါတယ် နတ်ဘုရားအမွေခံ”
သူ့စကားက ရွာသားတွေအကြား တော်တော်လေး သက်ရောက်သွားတယ်။ တရွာလုံး ကျုပ်ကို ထောက်ခံကြတယ်။ နှုတ်ထွက်သူ တစ်ယောက်မှ မရှိဘူး။ ရွာသားတွေဘက် လက်မြှောက်တားပြီး၊ အဘိုးကြီးတွေဘက်ကြည့်ရင်းနဲ့..
“ခင်ဗျားတို့ရဲ့ ကူညီဆောင်မမှုကို ကျေးဇူးတင်ပါတယ်။ ဒီတစ်ခါ ခရီးထွက်တာက ဂုဏ်သရေ၊ စည်းစိမ်ဥစ္စာ၊ နာမည်ကြီးဖို့အတွက်မဟုတ်ဘူး။ နတ်ဘုရား ကျုပ်တို့ကို ပေးထားတဲ့ တာဝန် ပြီးမြောက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပဲ။ မိစ္ဆာအင်အားစုတွေကို အနိုင်ယူပြီးတာနဲ့ ကျုပ်တို့ကမ္ဘာကြီးက ပြန်ပြီးငြိမ်းချမ်းသွားလိမ့်မယ်။ အဲ့အချိန်မှာ ကျုပ်တို့တွေ တာဝန်ပြီးမြောက်ပြီး ကိုယ့်ကိုကိုယ် ပြန်ပိုင်ရမယ့် အချိန် ဖြစ်လိမ့်မယ်”
မြင့်မြတ်အကြီးအကဲ ဘယ်အချိန် ဘယ်လိုစကားပြောရမယ်ဆိုတာ သိနေတော့..
“မှန်တယ်။ မိစ္ဆာအင်အားစုတွေကို နှိမ်နင်းပြီး ကမ္ဘာကြီးကို ပြန်လည်ငြိမ်ချမ်းစေရမယ်ဟေ့”
တောင်အောက်က ရွာသားတွေကလဲ..
“မိစ္ဆာအင်အားစုတွေကို နှိမ်နင်းပြီး ကမ္ဘာကြီးကို ပြန်လည်ငြိမ်ချမ်းစေရမယ်ဟေ့”
တောင်အောက်က ရွာသားတွေကို ကြည့်ရတာ နတ်ဘုရားသခင်က ရွာသားတွေရဲ့ နှလုံးသားထဲမှာ အရေးအကြီးဆုံး နေရာကရှိနေတဲ့ပုံပဲ။ ဒီတစ်ကြိမ် ဒီလောက် အရည်အချင်းရှိတဲ့သူတွေ တစ်ခါတည်းနဲ့ စုမိတာ နတ်ဘုရားဘုရင် နာမည်ကြောင့်ဗျ။ ရှယ်ပဲ။ အခုဆို မိစ္ဆာဘုရင်နဲ့ တိုက်ခိုက်တဲ့နေရာမှာ တော်တော်လေး အခွင့်သာလာပြီ။ ဒီတာဝန် ရပြီးကတည်းကနေ မိစ္ဆာဘုရင်ကို သုတ်သင်ဖို့ စွမ်းအားလုံလောက်တယ် ခံစားမိတာ ဒါပထမဆုံးအကြိမ်ပဲ။
ကျုပ်တို့ (၁၆၈)ယောက် အုပ်စုကြီး ခရီးစထွက်ခဲ့ကြတယ်။
ရွာသား (၅၀)လောက်က အကြီးအကဲတွေနဲ့အတူ ရှေ့ပြေးပုံစံနဲ့ လမ်းဖွင့်ပြီး ကျုပ်က အလယ်မှာနေရာယူ၊ ကျန်တဲ့ ရွာသားတွေက နောက်က လိုက်ကြတာ။ လွင်တိပြည်နယ်ကို (၃)ရက်ကြာအောင် တောလမ်းကနေ လမ်းလျှောက်ကြရတယ်။
ကွင်းပြင်တွေဖြတ်ပြီး နောက်ဆုံးတော့ မြို့လေးတစ်မြို့ရောက်သွားရော။ မြင့်မြတ်အကြီးအကဲက..
“ဒီမှာ အနားယူပြီးမှ ခရီးဆက်ကြရအောင်၊ သူတို့တွေလဲ အနားယူဖို့လိုတယ်၊ ပြီးတော့ ရိက္ခာတွေလဲ ဝယ်အုံးမှ ရမယ်”
“ကဲ အားလုံးပဲ လမ်းမမှား၊ လူမကွဲကောင် ဂရုစိုက်ကြပါ။ ခရီးထပ်မဆက်ခင် ဒီမြို့မှာ ခန နားကြတာပေါ့”
ကျုပ်နဲ့ အကြီးအကဲ(၅)ယောက် ဦးဆောင်ပြီး ရွာသားတွေကို မြို့ထဲ ခေါ်သွားလိုက်တယ်။ လမ်းလျှောက်လာရင်းနဲ့ စုစုနဲ့ လူတွေစုနေတာ တွေ့လိုက်မိတယ်။
လူအုပ်ကြားထဲ တိုးဝှေ့ဝင်ပြီး ကြေငြာကို ဖတ်လိုက်တော့..
‘တော်ဝင်မှော်ပညာအထက်တန်းကျောင်းသား ကျန်းကုန်းဝေသည် နတ်ဆိုးမျိုးနွယ်နှင့် မဟာမိတ်ပြု၍ သစ္စာဖောက်ခဲ့သဖြင့် အနှီကျောင်းသား ကျန်းကုန်းဝေအား တွေ့ရှိသည့်နေရာတွင် ဖမ်းဆီရန် အမိန့်ထုတ်အပ်သည်။ အိုက်ရှားနိုင်ငံသား အားလုံးသိစေရန်’
ကြေငြာချက် အောက်မှာ ကျုပ်ရုပ်ပုံကြီး ကပ်ထားသေးတယ်။
ခေါင်းတောင် မူးချင်ချင် ဖြစ်သွားတယ်။ ကျုပ်က ဒီနိုင်ငံရဲ ဝရမ်းပြေးဖြစ်သွားပြီပေါ့။ ခယ်ကျာ တော်တော် ရက်စက်တာပဲ။ ကျုပ်နဲ့ ပါလာတဲ့ အကြီးအကဲ(၅)ယောက်ကို မချိပြုံး ပြုံးပြရင်း..
“ကျုပ်ကတော့ ဝရမ်းပြေးဖြစ်နေပြီ။ အမြန်ဒီနေရာက သွားရအောင်။ နောက်မှ ရှင်းပြတော့မယ်”
ပြောလဲပြော ခေါင်းလဲငုံ့ရင်း လူအုပ်ကြားက ထွက်လာခဲ့လိုက်ရတယ်။
နည်းနည်း ဗျက်ကျယ်တဲ့ ခေါင်းဆောင်တစ်ခု ရွာသားတစ်ယောက်ကို ဝယ်ခိုင်းပြီး ဆောင်းထားလိုက်တယ်။ အဘိုးကြီးတွေကတော့ ကျုပ်ကို ဘာမှတောင်မမေးတော့ ကျုပ်လဲ သူတို့ လုပ်ပုံကိုင်ပုံကို သဘောကျနေမိတယ်။
တစ်အုပ်စုလုံး တည်းနိုင်တဲ့ တည်းခိုခန်းတစ်ခုရှာပြီး ရွာသားတွေကို သေချာ နေရာချပေးထားလိုက်တယ်။ ကျုပ် အခန်းထဲမှာ အဘိုးကြီးတွေကို ခေါ်တွေ့လိုက်တယ်။
ကျုပ်လဲ ခေါင်းဆောင်းကြီးဖြုတ် သက်ပြင်းချရင်း..
“ခင်ဗျားတို့ကို မပြောဖြစ်သေးတာ တစ်ခုရှိသေးတယ်”
မြင့်မြတ်အကြီးအကဲက..
“မင်းဘာမှ ရှင်းပြနေစရာမလိုဘူး။ ငါတို့တွေ မင်းကို အပြည့်အဝ ယုံကြည်တယ်”
“မဟုတ်သေးဘူး။ ဒီကိစ္စ ခင်ဗျားတို့ကို ပြောပြထားမှဖြစ်မယ်။ အစက ကျုပ် တော်ဝင်မှော်ပညာအထက်တန်းကျောင်းက ကျောင်းသားတစ်ယောက်လေ။ နိုင်ငံတော်က နတ်ဆိုးမျိုးနွယ် မင်းသမီးလေးကို ဖမ်းထားတဲ့အချိန် ကျုပ်လွှတ်ပေးလိုက်လို့ အဖမ်းခံလိုက်ရတာ။ ပြီးတော့ ဆရာတွေနဲ့ သူငယ်ချင်း ကျေးဇူးကြောင့် ခင်ဗျားတို့ ရွာနားအထိ လေဟာနယ်ပိုဆောင်ရေးပညာသုံးပြီး ကျုပ်လွတ်လာတာ။ ဒါတွေ အခုမှ ပြောဖြစ်တာမို့ တောင်းပန်ပါတယ်”
နတ်ဘုရားကျေးရွာက ရွာသူရွာသားတွေအနေနဲ့ တောနက်ကြီးထဲမှာ နှစ်ထောင်နဲ့ချီနေလာကြတာဆိုတော့ နတ်ဆိုးမျိုးနွယ်အပေါ် မုန်းတီးစိတ် နည်းနည်းမှ မရှိတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့စိတ်ထဲ ဘယ်လိုမှကို သဘောမထားတာ။ တတိယ အကြီးအကဲက..
“လူတိုင်း ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားပိုင်ခွင့်ရှိတယ်လေ။ ကိုယ့်ကိုကိုယ် အပြစ်တင်နေစရာမလိုပါဘူး။ ပြီးတော့ မင်းလဲ အမှားလုပ်ခဲ့တာမှ မရှိတာ”
ကျုပ်လဲ ပြတင်းပေါက်ရှိရာ လျှောက်သွားပြီး တောင်တန်းတွေနဲ့ ကောင်းကင်ပြာပြာကို ငေးကြည့်ရင်း..
“လူသားမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်နဲ့ သားရဲမျိုးနွယ်တွေကြားက အမုန်းတရာတွေ နက်ရှိုင်းလွန်းနေတယ်။ အားလုံး ဒီကမ္ဘာကြီးပေါ်မှာ နေကြတာပဲကို။ ဘာလို့များ အချင်းချင်း သတ်ဖြတ်နေကြတယ် မသိတော့ဘူး”
“မင်းပြောတာ အရမ်းမှန်တယ်။ သူတို့ နာကြည်းချက်တွေ ပြန်ပြင်ပေးနိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်”
“ကျွန်တော်လဲ တွေးမိပါတယ်။ ဒါပေမယ့် အမုန်းတရားတွေက နက်ရှိုင်းလွန်းအားကြီးတယ်။ ဒါတွေကို ဖျက်စီးဖို့ မလွယ်လောက်ဘူး။ အဘိုးတို့ အရင်သွားပြီး အနားယူလိုက်ကြပါလား။ ကျုပ် ပစ္စည်းတွေ သွားဝယ်လိုက်အုံးမယ်”
============= (*^*)=============
အပိုင်း( ၁၉၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား