← Chapters

မှော်သလင်းကျောက်

Vol. 14 Ch. 197

မှော်သလင်းကျောက်

Vol. 14 Ch. 197

Child of light (ကျန်းကုန်း)

Volume 8: Chapter 8 - Magic Crystal

တည်းခိုခန်းက ထွက်လာပြီး ဦးတည်ရာမဲ့ လျှောက်သွားနေမိလိုက်တယ်။ အိုက်ရှားနိုင်ငံမှာ ငါဆက်နေခွင့် ဆုံးရှုံးသွားပြီဆိုတာပဲ တွေးနေမိတာ။ ဆရာတွေတော့ ဘယ်လိုသဘောထားကြမလဲ မသိဘူး။ ချစ်စရာကောင်းတဲ့ ကောင်မလေး ဟိုင်ရှင်းနဲ့လဲ တစ်နေ့နေ့ ပြန်ဆုံခွင့် ရနိုင်အုံးမှာလား။

ကျုပ်လျှောက်သွားနေတုန်း ရုတ်တရက်..

“ဒီနေ့ ဆိုင်ဖွင့်ပွဲနေ့နော်။ လိုအပ်တဲ့ပစ္စည်းလေးတွေ ဝင်ရောက်ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်ပါတယ်”

ခေါင်းမော့ကြည့်လိုက်တော့ ရတနာဆိုင်တစ်ဆိုင်ဗျ။ အခုဆို ကျုပ်လဲ လူတွေရာနဲ့ချီစုပြီး ခရီးသွားနေရတာဆိုတော့ အသုံးစရိတ်က မနည်းဘူး။ ရှိတဲ့ စိန်ဒင်္ဂါးတွေလဲ ကုန်တော့မယ်။ ကျုပ်မှာရှိတဲ့ ရတနာ နည်းနည်းသွားရောင်းအုံးမှပါလေ။

အတွေးလေးနဲ့ လျှောက်သွားလိုက်တယ်။ ဒီရတနာဆိုင် ပြုပြင်ထားတာတောင် မကြာသေးတဲ့ပုံပဲ။ တော်တော်လေး ခမ်းနားတယ်။ တံခါးဝရောက်တော့ ဧည့်ကြိုတစ်ယောက်က…

“သခင် ကြွပါ ကြွပါ… အခုမှ စဖွင့်တာဆိုတော့ လျှော့ဈေးတွေနဲ့လဲ ရနိုင်ပါသေးတယ်”

ခေါင်းညိတ်ပြပြီး သူ့နောက်က လိုက်ဝင်လိုက်တယ်။

ဆိုင်ထဲမှာလဲ ကျီးကန်းတောင်မှောက် ဟိုရွေးဒီရေး လုပ်နေတဲ့သူတွေလဲ အများကြိးပဲ။

“မင်းတို့ဆီမှာ ရတနာတွေရော ဝယ်လား”

အဲ့လူ ခန အံ့ဩသွားပြီးတော့..

“ဟုတ်ကဲ့. ကျုပ်တို့ လက်ခံပါတယ်။ သင့်မျာ ရောင်းချင်တဲ့ ရတနာပစ္စည်း ပါတယ်လား”

ကျုပ် ခေါင်းပဲ ညိတ်ပြလိုက်တယ်။

“ဒါဆို ကျေးဇူးပြုပြီး ခနလေး စောင့်ပေးပါ။ ကျုပ် သွားခေါ်ပေးပါ့မယ်”

ပြောပြီးတာနဲ့ ဆိုင်နောက်ဘက်ထဲ ဝင်သွားတယ်ဗျ။

သိပ်မကြာပါဘူး ကုန်သည်ပုံစံနဲ့ လူလတ်ပိုင်းတစ်ယောက်နဲ့ အတူပြန်ထွက်လာတယ်။

“ဒါ ကျုပ်တို့ သူဌေးပါ။ သခင် သူနဲ့ စကားပြောတာ ပိုကောင်းပါလိမ့်မယ်”

သူဌေးဆိုတဲ့သူက..

“နှုတ်ခွန်းဆက်ပါတယ်နော်။ လာလေ အထဲမှာသွားပြီး စကားပြောရအောင်”

ဒီသူဌေး စီးပွားရေးသမား ပီသတာပဲ။ အဖိုတန် ရတနာဆိုတာ တွေ့ရာနေရာမှာ ပြလို့ မကောင်းဘူးဆိုတာ သူသိတယ်။

သူကျုပ် အခန်းထဲဝင်ပြီးအောင်စောင့်ပြီး တံခါးပိတ်ရင်းနဲ့..

“သခင်လေး ဘာများရောင်းဖို့ စိတ်ကူးထားလဲမသိဘူး”

သိုလှောင်အိတ်ထဲကနေ လက်သီးစုပ်လောက်ရှိတဲ့ မှော်သလင်းကျောက် ထုတ်ပြပေးလိုက်တယ်။

“ခရမ်းရောင် မျော်သလင်းကျောက်တုံးကြီးပါလား”

ဆိုင်ရှင် ဝမ်းသာအားရအော်ပြီး ဂရုတစိုက်ကြည့်ပြီး သဘောကျလွန်းတော့ နမ်းတောင်နမ်းလိုက်သေးတယ်။

“ဘယ်လိုလဲ ကြိုက်ရဲ့လား”

ဆိုင်ရှင် ပုတ်သင်ညိုတစ်ကောင်လို ခေါင်းတဆတ်ဆတ်ညိတ်ရင်း…

“ဒီရတနာက တန်ဘိုးအရမ်းကြီးလွန်းတယ်။ ပြီးတော့ အပြစ်ကင်းစင်တဲ့အပြင် မှော်စွမ်းအား အများကြီး ထိန်းသိမ်းထားနိုင်တယ်။ ဝေဟင်ပစ် မှော်အမြှောက်ကြီးတွေမှာသုံးမယ်ဆိုရင် အကြိမ်(၁၀၀၀)လောက် ပစ်နိုင်တဲ့အထိ အထောက်အပံ့ပေးနိုင်တဲ့ ခရမ်းရောင် မှော်သလင်းကျောက်ပဲ။ ငါတို့ မတတ်နိုင်မျာ စိုးမိတယ်”

(မှော်အမြှောက်များသည် ရွှေ့လျှားသယ်ယူရန် လွန်စွာခက်ခဲ၏။ အလွန်း အစွမ်းသော်လည်း မြို့ရိုးစသည့်နေရာများတွင် အကာအကွယ်များအဖြစ်သာ အသုံးပြုတတ်ကြသည်။ ပစ်ခတ်သည့်အကြိမ်တိုင်းတွင် အဆင့်မြင့် မှော်တိုက်ခိုက်မှုများနှင့် ညီမျှပေ၏။ စွမ်းအင် စုဆောင်ရန်လည်း အချိန်ကြာမြင့်စွာ လိုအပ်ပေသည်။ ပစ်ခတ်မှုတိုင်းအတွက် အဓိက စွမ်းအင် အရင်းအမြစ်မှာ မှော်သလင်းကျောက်များ ဖြစ်ပြီး အလွန်အရေးကြီးသော နေရာများ၊ မြို့များနှင့် လျှပ်စီးခံတပ်တို့တွင် မှော်အမြှောက်ကြီးများ တပ်ဆင်ထား၏။ ဤသည်မှာ လျှပ်စီးခပ်တပ် ခိုင်မြဲနေရခြင်း၏ အကြောင်းအရင်းတစ်ခု ဖြစ်သည်။)

ဒီလို ရတနာဆိုင်ကြီးက ခရမ်းရောင်သလင်းကျောက် မဝယ်နိုင်ဘူးတဲ့လား။ ကျုပ်မျက်မှောင်ကြုတ်ရင်း..

“ဒါဆိုလဲ ဈေးနှုန်းလေး ခန့်မှန်းပေးပါလား”

“အနိမ့်ဆုံးအနေနဲ့ စိန်ဒင်္ဂါး (၂၀၀၀)လောက်တန်တယ်”

အဲလောက်တောင် တန်ဘိုးရှိတယ်ပေါ့လေ။ စိန်ဒင်္ဂါး (၂၀၀၀၀)ဆိုတာ ကျုပ်အတွက်တော့ နာမည်တစ်ခါ ရွေးပေးစာပဲရှိတာကိုး။ ကျုပ်လဲ ပြုံးရင်းနဲ့.

“ဒီဈေးက အရမ်းနည်းတယ်ဆိုပေမယ့် ပိုက်ဆံလိုနေတာရယ်.. မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ စိန်ဒင်္ဂါး (၂၀၀၀၀)ပဲ ထားပြီး ရောင်းပေးလိုက်မယ်လေ”

ဆိုင်ရှင် မျက်လုံးတွေ အရောင်လက်သွားတယ်။ မှော်သလင်းကျောက်ရဲ့ တန်ဘိုးက ကျုပ်သဘောတူ လိုက်တာထက် အများကြီး တန်ဘိုးရှိတယ်ဆိုတာ သိသာတယ်။ သူ အံတင်းတင်းကြိတ်ပြီး..

“ဒါဆို ကျေးဇူးပြုပြီး ခနလေး စောင့်ပေးပါ။ ကျုပ်မှာ ငွေအလုံအလောကင် မရှိသေးလို့ သူငယ်ချင်းတွေနဲ့ ရှယ်ယာ လုပ်မှာမို့ပါ။ ဆိုင်ကလဲ အခုမှ စဖွင့်တာဆိုတော့ ကျုပ်ငွေတွေအားလုံး အရင်းနှီးထဲ မြုပ်နေတာလဲ ပါတာပေါ့။ ဒီတော့ ဆောင်ထားတဲ့ အရန်ငွေနဲ့ မလောက်တော့လို့ပါ”

မှော်သလင်းကျောက်ကို လက်ထဲမှာ ကစားရင်း ဆိုင်ရှင် ခပ်သုတ်သုတ်ထါက်သွားတယ်။ အစွမ်းထက် မှော်စွမ်းအားတွေ ပါတယ်ဆိုတာ ခံစားမိနိုင်ပေမယ့် ဘာမှထူးခြားတာလဲမဟုတ်ဘူး။ မထင်မှတ်ဘဲ တန်ဘိုးကြီး ပစ္စည်း ဖြစ်နေတာကိုး။ ကျုပ်နောက်ကျောမှာ ထုပ်ပိုးထားတဲ့ စုက္ကရေးကိုသာ မြင်သွားရင် အဲ့လူ ဘယ်လိုတွေတောင် တွေးပြစ်မလဲ မပြောတတ်တော့ဘူး။

ခနကြာတော့ ဆိုင်ရှင် အပြေးလေး ပြန်လာတယ်။ သူ့မျက်နှာမှာရော အဝတ်အစားတွေမှာပါ ချွေးတွေ ရွှဲနေတာပဲ။ သူ့ကိုကြည့်ရင်း ကျုပ်တောင် သက်ပြင်းချလိုက်မိသေးတယ်။ ကျုပ် ခပ်ပြုံးပြုံးနဲ့ပဲ..

“ဘာကို ကြောက်ပြီး သေပြေးရှင်ပြေး ဖြစ်နေရတာတုန်း”

ဆိုင်ရှင် ခပ်ရှက်ရှက်နဲ့ပဲ..

“ကျုပ် ငွေကြေးစုပြီးသွားပြီ။ အရောင်းအဝယ်အတွက် မှော်သမ္မဂ္ဂကို သွားကြရအောင်။ (အရောင်းအဝယ် ကြီးကြီးမားမား ပြုလုပ်ပါက မှော်သမ္မဂ္ဂတွင်သာ ပြုလုပ်လေ့ရှိကြသည်။)

ဒီတော့လဲ သူနဲ့အတူ မှော်သမ္မဂ္ဂကို လိုက်သွားရသေးတာပေါ့။ အဲ့နေရာမှာလဲ ကျုပ်ကို အလိုရှိကြောင်း ဖမ်းဝရမ်း ကပ်ထားတာ တွေ့ခဲ့မိသေးတယ်။ ကံကောင်းချင်တော့ ကျုပ်က ဝါးခမောက် အကြီးကြီးစောင်းထားတာလေ။ ကျုပ်လဲ ဆိုင်ရှင်ဆီကို စိန်ဒင်္ဂါးတွေ ထည့်ပေးလိုက်ရအောင် ခရမ်းရောင်ကတ် ပေးလိုက်တော့ သူအံ့ဩသွားပြီး..

“မင်းမှာ ခရမ်းရောင် ကတ်ရှိတယ်ပေါ့လေ။ ဒါဆို နာမည်ကြီး မှော်ဆရာ တစ်ယောက်ဖြစ်မယ်ထင်တယ်”

“မေးခွန်းတွေ ထပ်မေးမယ့်အစား အရောင်းအဝယ်ကိစ္စ ပြီးအောင်အရင်လုပ်သင့်တယ် ထင်တယ်”

ကျုပ်မျက်စိအောက်မှာပဲ ခရမ်းရောင်ကတ်ထဲကို စိတ်ဒင်္ဂါး(၂၀၀၀၀)ထည့်ပေးလိုက်တာတွေ့တယ်။ အဟား ကျုပ် ချမ်းသာသွားပြန်ပြီပေါ့။

ရတနာဆိုင်ကို ပြန်ရောက်တော့ ကျုပ်ကို ခရမ်းရောင်ကတ်ပြန်ပေးတယ်။ ကျုပ်သူကိုကြည့်ရင်း ကလေးလေးလို မြင်ပြီး ရယ်ချင်လာမိတယ်။

ဆိုင်ရှင် ရိုရိုကျိုးကျိုးနဲ့..

“မှော်သခင် နောက်နောင် ဒီလိုမျိုး အဆင့်မြင့် မှော်သလင်းကျောက်တွေရှိရင် ကျုပ်ဆိုင်ကို ထပ်ရောင်းပေးအုံးမှာလားဗျ။ သင့်တင့်မျှတတဲ့ ဈေးနဲ့ သေချာပေါက် ပေးချေပါ့မယ်”

ကျုပ် ခေါင်းခါရင်း..

“ဖြစ်နိုင်မယ် မထင်ဘူး။ ဒီနေရာက ခေါင်လွန်း ဝေးလွန်းတော့ ဒီမြို့ကို နောက်တကြိမ် ဘယ်တော့မှ ရောက်ဖြစ်မယ် မပြောတတ်သေးဘူး”

“တကယ်တော့ ဒီဆိုင်က ဆိုင်ခွဲလေး တစ်ခုပါပဲ။ နယ်အနှံ့မှာ ကျုပ်တို့ ဆိုင်ခွဲတွေ အများကြီး ရှိပါတယ်။ အရှေဘက်ပိုင်း မြို့ကြိးတွေတိုင်းမှာ တွေ့ရမှာပါ”

အို့… ရတနာဆိုင်ခွဲ တစ်ခုပဲကိုး…။

ဆိုင်ရှင်က ကတ်တစ်ကတ်ထုတ်ပြီး ကျုပ်ကို ပေးရင်းနဲ့..

“ဒါ ကျုပ်တို့ ရတနာဆိုင်ရဲ့ အရေးကြီးပုဂ္ဂကတ်ပါ။ တကယ်လို့ ဆိုင်ခွဲတွေမှာ ဒီကတ်ကို ပြလိုက်ရင် သေချာပေါက် ဦးစားပေးပါလိမ့်မယ်”

“ကတ်တွေကို အဆင့်သတ်မှတ်ထားသေးလား”

“ဒါပေါ့။ အဆင့်(၅)ဆင့်ခွဲထားပါတယ်။ ဒီကတ်က အမြင့်ဆုံးအဆင့်ပါ။ အရေးကြီး ဧည့်သည်တွေကိုပဲ ပေးတာပါ”

“ဒါဆို ကျုပ်ဂုဏ်ယူဝမ်းမြောက်ရပါတယ်ဗျာ။ နောက်လဲ ရေရှည်လက်တွဲသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ဆိုင်ရှင်ကတော့ ကျုပ်ဆိုင်က ထွက်လာတဲ့အထိ လိုက်ပို့ပေးလေရဲ့။ သူပျော်နေတဲ့ ရုပ်ကြည့်ရတာ ဒီအရောင်းအဝယ်မှာ တော်တော်ကြီး အကျိုးအမြတ်ကြီးသွားတယ်ဆိုတာ ကျုပ်သိတာပေါ့။ နောက်ပိုင်းကျ ကျုပ်လဲ မကြာခဏ ဆိုသလို သွားသွားရောင်လို့ ရတနာဆိုင်ခွဲတွေကနေ အကယ့်ကို အကြီးဆုံး ရတနာဆိုင်အထိ ဖြစ်သွားတယ်ဗျ။ ကျုပ်အသုံးစရိတ်လိုတိုင်း သွားရောင်းနေတာကိုး။

စိန်ဒင်္ဂါး(၂၀၀)လောက်သုံးပြီး ကုန်တင်လှည်း(၂)စီးတိုက်စာ ပစ္စည်းတွေနဲ့အတူ တည်းခိုခန်းကို ပြန်သွားလိုက်တယ်။ ရက်ရောက်လွန်းတဲ့ နဂါးမျိုးနွယ်တွေကို ကျေးဇူးတင်ရတော့မှာပဲ။ နောက်နောင် ကျုပ်မှာ ငွေပြတ်မှာ မပူရတော့ဘူးလေ။

နေ့တနေ့ကျ ရွာသားတွေရဲ့ လိုအပ်ချက်တွေဖြည့်ပေးပြီး ရှို့တိဘက်ကို ခရီးဆက်ထွက်ခဲ့လိုက်ကြတယ်။

ကျုပ်တို့အဖွဲ့က ကြေးစာအဖွဲ့လို ရုပ်ဖျက်ထားတာဆိုတော့ လမ်းမှာ ဒုက္ခသိပ်မရောက်လိုက်ဘူး။ ကျုပ်တို့တွေ ဖူလီမာမြို့ကို စိုက်စိုက်မြိုက်မြိုက် ရောက်သွားကြတယ်။ အဲ့နေရာမှာ စစ်သည်တော်တွေအကြောင်း အရင်ဆုံး လေ့လာဖြစ်တဲ့နေရာလေ။ ဒီနေရာက အစ်ကိုကြီး ကျန့်ဟူစိုးမိုးထားတဲ့ တောင်ကြားနဲ့လဲ နီးတယ်ဗျ။

============= (*^*)=============

အပိုင်း( ၁၉၈ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters