မိစ္ဆာများ၏ ရုတ်တရက်တိုက်ခိုက်မှု
Vol. 14 Ch. 198
Child of light (ကျန်းကုန်း)
Volume 8: Chapter 9 - Unexpected Monster Attacks
ဖူလီမာမြို့ထဲရောက်တဲ့အခါ လူသူ သိပ်မတွေ့ရတော့ ကြည့်ရတာ ဒီမြို့ အန္တရာယ် တစ်ခုခု ရောက်နေတဲ့ပုံပဲ။
တည်းခိုခန်းကြီးတစ်ခုထဲ ဝင်လိုက်တာနဲ့ ဧည့်ကြိုတစ်ယောက် ချက်ချင်းရောက်လာတယ်။
“ငါတို့တွေ အခန်း(၈၄)ခန်းလိုချင်တယ်၊ ရနိုင်လား”
လူများလွန်းတာကြောင့် လမ်းတစ်လျှောက်မှာ ကျုပ်တို့နဲ့ သင့်တော်တဲ့တည်းခိုခန်း မရတာတွေ အမြဲကြုံနေရတာဆိုတော့ တခါတည်း ရှင်းအောင် ပြောထားလိုက်တယ်။
“ဟုတ်ကဲ့.. ဟုတ်ကဲ့၊ ရပါတယ်။ အမှန်အတိုင်းပြောရရင် တည်းခိုခန်းတစ်ခုလုံး အလွတ်ကြီး ဖြစ်နေတော့ (၈၄)ခန်းဆိုတာ ဘာပြဿနာမှကို မရှိတာ”
“ဒီလောက် ကြီးတဲ့ တည်းခိုခန်းမှာ ဘယ်သူမှမရှိဘူးဆိုတော့ တည်းခိုခတွေ ဈေးကြီးလို့လား”
“တည်းခိုခ ဈေးကြီးလို့မဟုတ်ပါဘူး။ တခြားအကြောင်းကြောင့်ပါ။ ဖူလီမာမြို့ အန္တရာယ်ကျနေတယ်ရော မထင်မိဘူးလား”
“ဘာ ပြဿနာများ ရှိနေလဲ”
“ဒီမြို့အတွက် အဓိကဝင်ငွေက နိုင်ငံစုံကလာတဲ့ ကုန်သည်တွေရဲ့ ကျေးဇူးကြောင့်ဆိုတာ မင်းမသိလို့လား။ ဒါပေမယ့် အခုတော့ ဒဏ္ဍာရီလာ သားရဲတွေအများကြီး ဘယ်လိုဘယ်လို တောင်တန်းဒေသကို ရောက်လာကြတယ် မပြောတတ်တော့ပါဘူး။ လူတွေ သောက်သောက်လဲ သေကုန်တော့ ဒီမြို့ဝန်းကျင်တောင် မလာရဲကြတော့ဘူးလေ။ အဲ့ သားရဲတွေကြောင့် ရှို့တိက ကုန်သည်တွေလဲ မလာကြတော့ဘူး။ ဒီတော့ ဖူလီမာမြို့ရဲ့ လက်ရှိအခြေအနေက မြင်တဲ့အတိုင်းပဲပေါ့”
“နိုင်ငံတော်ကရော ဒီအခြေအနေကို အရေးမယူဘူးလား”
“နိုင်ငံတော်ကလား။ သူတို့တွေ မိစ္ဆာဘုရင်နဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတာဆိုတော့ ငါတို့ ပြဿနာကို ဖြေရှင်းပေးဖို့ အဝေးကြီးပါလေ”
“အဲ့ ဒဏ္ဍာရီလာ သားရဲဆိုတာ ဘယ်လိုပုံစံမျိုးတွေလဲ”
“ဘယ်လို ပုံစံရှိမလဲဆိုတာ ငါမသိပေမယ့် တောင်တန်းလွင်ပြင်ဒေသမှာနေတဲ့ ဧည့်သည်တစ်ယောက်ဆီက ကြားထားတာတော့ အရွယ်အစား အမျိုးအမျိုးရှိတဲ့အပြင် အရင်က တစ်ခါမှ မတွေ့ဖူးသေးဘူးတဲ့။ ဒီကမ္ဘာကြီးက ဘာနဲ့မှ မတူဘူးတဲ့”
မြင့်မြတ်အကြီးအကဲနဲ့ ကျုပ် လန့်သွားတယ်။ ဒီကမ္ဘာကြီးပေါ်က မဟုတ်ဘူးဆိုတော့ကာ ဖြစ်နိုင်တာက….
“ခင်ဗျားတို့ ဒီမှနေလို့ရအောင် စီစဉ်ပေးပါ့မယ်”
ပတ်ဝန်းကျင်က တောင်တွေမှာသာ အဲ့သားရဲတွေ ရောက်နေမယ်ဆိုရင် အစ်ကိုကြီးကျန့်ဟူနဲ့ ကျန်တဲ့သူတွေ ဘယ်လောက်ထိဒုက္ခရောက်နေမလဲ ကျုပ်လဲမသိတော့ဘူး။
ဧည့်ကြို ထွက်သွားတာနဲ့ မြင့်မြတ် အကြီးအကဲကို ခေါ်ပြီး..
“အကြီးအကဲ.. မနက်ဖြန် ကျုပ်တို့ သွားကြည့်ရအောင်။ အဲ့သတ္တဝါတွေ လူသားမျိုးနွယ်ကို ဒုက္ခမပေးသင့်ဘူး။ ကျုပ်သာ မမှားရင် ဒါမိစ္ဆာဘုရင်နဲ့ ပတ်သက်နေတာ သေချာတယ်”
“ဒီနားမှာ တခြားအမွေခံတွေ ရှိသေးတယ်ဆို။ သူတို့ကို အရင်ရှာမလား၊ ဒါမှမဟုတ် သားရဲတွေကို အရင်ချေမှုန်းမှာလား”
“ကျုပ်သူငယ်ချင်းတွေကို အရင်ရှာမယ်။ လမ်းမှာတွေ့သမျှ သားရဲတွေ သုတ်သင်ပစ်မယ်။ ဘယ်လိုသဘောရလဲ။ ရွာသားတွေထဲမှာ ပညာရှင်(၁၀၀)ကျော်ပါတယ်လေ။ နတ်ဘုရားသစ်တောထဲကလို ဧရာမ သတ္တဝါကြီးတွေနဲ့ အတွေ့သရွေ့ လက်ရှိသားရဲတွေကို ကြောက်စရာမလိုလောက်ဘူး”
*********
The over a hundred of us majestically walked out. When we were exiting the town, we were halted by the guards on duty.
ကျုပ်တို့ လူ(၁၀၀)ကျော်အဖွဲ့ကြီး အုံနဲ့ကျင်းနဲ့ ထွက်လာတော့ မြို့စောင့်တပ်က တားထားတယ်။
စစ်သူကြီးပုံစံနဲ့ တစ်ယောက်ထွက်လာပြီး..
“ဘယ်ကိုသွားကြမှာလဲ။ ဒဏ္ဍာရီလာ သားရဲတွေကြောင့် ဘေးဖြစ်နေတယ်ဆိုတာ မသိဘူးလား”
ကျုပ်လဲ ရှေ့ထွက်သွားပြီး အပြုံးလေးနဲ့..
“အဲ့ ဒဏ္ဍာရီသားရဲတွေကို သုတ်သင်ဖို့သွားမှာ။ ကျေးဇူးပြုပြီး ဖြတ်သန်းခွင့်ပေးပါ”
“ဒဏ္ဍာရီ သားရဲတွေကို သတ်ရလွယ်တယ်များ ထင်နေလား။ နောက်ပြန်ဆုတ်ဖို့ အကြံပေးချင်တယ်။ မင်းတို့ အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူး”
“ငါတို့က တာဝန်ကျ တပ်ဖွဲ့ပါ။ စိတ်ပူစရာမလိုပါဘူး။ ကျုပ်တို့ အစွမ်းအစနဲ့ဆို ဒါတွေ ဖယ်ရှားဖို့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး”
ဘေးက စစ်သားတစ်ယောက်က အဲ့လူကို အသာဆွဲပြီး..
“ခေါင်းဆောင်၊ လွှတ်ပေးလိုက်ပါလား။ လူအင်အားများတော့ သားရဲတွေကို ရှင်းနိုင်ရင် ရှင်းနိုင်မျာပေါ့။ သူတို့ အောင်မြင်သွားရင် ပိုမကောင်းဘူးလား”
“ဒါဆိုလဲ မင်းတို့ကို ငါမတားတော့ဘူး။ သူရသတ္တိအပြည့်နဲ့ သူရဲကောင်းတွေ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
အဲ့စစ်သားတွေ သူတို့အလုပ်အပေါ် တော်တော်လေး သစ္စာရှိကြတာပဲ။ ကျုပ်လဲ အဲ့စစ်သားလက်ထဲကို စိန်ဒင်္ဂါးတစ်ပြား ထည့်ပေးလိုက်ရင်း..
“ဒါ မင်းတို့ ညီအစ်ကိုတွေ သောက်ဖို့စားဖို့ပေါ့ကွာ။ ငါတို့တွေ သွားတော့မယ်။ ကျေးဇူးလဲတင်ပါတယ်။ ကဲ ညီအစ်တို့ သွားကြစို့ဟေ့”
*******
မြင့်မြတ်အကြီးအကဲနဲ့ ကျုပ် အဖွဲ့ရှေ့ထိ လျှောက်လာခဲ့လိုက်တယ်။
“မင်း လူတွေရဲ့ နှလုံးသားကို ဘယ်လိုအနိုင်ယူရမယ်ဆိုတာ တော်တော်သိတဲ့ကောင်ပဲကွ။ ငါတို့ ထွက်လာတော့ အဲ့စစ်သားတွေ အရမ်းကျေးဇူးတင်နေကြတာ”
“ဒီ ဒဏ္ဍာရီသားရဲတွေကြောင့် ဖူလီမာမြို့ကြီးက အပျက်အစီးတွေနဲ့ ဒုက္ခရောက်ခဲ့တာ မကြာသေးဘူးလေ၊ အရာရှိတွေရော စစ်သည်တွေမှာပါ ဝင်ငွေ ရဖို့မလွယ်တော့ဘူးလေ။ သူတို့လဲ ခက်ခဲနေတဲ့အချိန် ကျုပ်မှာလဲ ပိုလျှံနေတဲ့အချိန်ဆိုတော့ အကူအညီပေးလိုက်တဲ့ သဘောပါပဲ။ ကျုပ်တို့ ပြန်ဆုံကြတော့လဲ စကားပြောရဆိုရ ပိုကောင်းသွားတာပေါ့.. အဟီး…”
အဝေးကို လှမ်းမျှော်ကြည့်လိုက်တဲ့တော့ ကျုပ်တို့ရှေ့က တောင်ကြားအထက်မှာ အမှောင်စွမ်းအားတစ်ခု ရှိနေတာ တွေ့လိုက်ရတယ်။ ကျုပ်လဲ ရွာသားတွေဘက်လှည့်ပြီး..
“အားလုံးသတိထားကြပါ။ ငါတို့ရှေ့မှာ အန္တရာယ်ရှိနိုင်တယ်”
သူတို့ကိုသတိပေးပြီးတာနဲ့ ကျုပ်ကိုယ်တိုင်လဲ စုက္ကရေးကို ထုတ်ကိုင်ထားလိုက်တယ်။
အကြီးအကဲတွေကိုလဲ..
“ရှေ့မှာ ဘာတွေရှိမယ်ဆိုတာ မသိပေမယ့် ကောင်းကင်မှာ မိစ္ဆာအငွေ့အသက်တွေနဲ့ ပြည့်နေတယ်။ ငါတို့ သတိထားမှရမယ်”
အကြီးအကဲတွေ ခေါင်းညိတ်တော့မှ ထပ်ပြီး..
“ဒီလိုဆိုရင်ရော။ အရင်ဆုံး စက်ဝိုင်းပုံ တိုက်ပွဲဝင်္ကပါခင်းကြမယ်။ အတွင်း အပြင် အလယ် စက်ဝိုင်း(၃)ဝိုင်းရှိမယ်။ စက်ဝိုင်းတစ်ခုစီမှာ (၅၄)ယောက်စီနဲ့ဆို အကြီးအကဲတွေပါ အညီအမျှ နေရာယူပေးကြတာ ပိုကောင်းမယ်။ တိုက်ပွဲဖြစ်တဲ့အချိန် ကျုပ်အလယ်ဗဟိုမှာ နေရာယူပြီး မှော်ပညာထုတ်သုံးမယ်။ ဝင်္ကပါအပြင်ဘက်က ရန်သူတွေကို တိုက်ခိုက်ဖို့ကတော့ ခင်ဗျားတို့ အပေါ် မူတည်မှာပဲ။ အပြင်ဘက်ဆုံး စက်ဝိုင်းက ရွာသားတွေ ပင်ပန်းလာရင် အချိန်မရွေး ဒုတိယ စက်ဝိုင်က လူတွေနဲ့ အစားထိုးရမယ်။ ဘယ်လိုသဘောရကြလဲ”
မြင့်မြတ်အကြီးအကဲ ခေါင်းညိတ်ပြီး..
“အဲ့ တိုက်ပါဲဗျူဟာ မဆိုးဘူး။ ငါတို့တွေ ဖွဲ့စည်းပုံကိုလဲ အနှောက်အယှက် နည်းသွားနိုင်တဲ့ ဝင်္ကပါ ပုံစံတစ်ခုပဲ”
တကယ်တော့ စက်ဝိုင်းပုံဝင်္ကပါဆိုတာလဲ ကျုပ်စဉ်းစားမိတဲ့ တစ်ခုတည်းသော ဗျူဟာပဲ။ ဟာကွက်တွေ အများကြီး ရှိသေးတယ်။ ဒီရွာသားတွေရဲ့ မွေးရာပါ အရည်အချင်းမြင့်လွန်းတယ်လေ။ သူတို့ကို အရိပ်ပြလိုက်တာနဲ့ အကောင်မြင်ကြတယ်။
ရုတ်တရက် ကျုပ်စိတ်ထဲ အန္တရာယ်အနံ့အသက်တစ်ခု ရလိုက်တယ်။
“အားလုံး သတိထားကြ၊ အန္တရာယ်ရှိတယ်”
ကျုပ် ပြောပြီးယုံရှိသေးတယ် အနီရောင်မြစ်ကြီးတစ်စင်း ကျုပ်တို့ကို တိုက်ခိုက်လာတယ်။ အံ့ဩစရာပဲ။ ရေတွေလဲ မဟုတ်ပါဘူး။ ဘာလို့ အနီရောင်ဖြစ်နေပါလိမ့်။
ကျုပ်မျက်လုံးထဲကို စွမ်းအားတွေ စုပြီး စူးစိုက်ကြည့်လိုက်တယ်။ ကျုပ်အမူအရာ ချက်ချင်းပြောင်းသွားမိလိုက်တယ်။ အဲ့အနီရောင်တွေက မြစ်မှမဟုတ်တာ။ ဦးချို(၂)ချောင်းနဲ့ ခွေးတွေ၊ ခန္ဓာကိုယ်မှာလဲ အကြေးခွံတွေနဲ့ အုပ်ထားသေးတယ်။ တော်တော်ကို ရက်စက်ပြီး ကြောက်စရာကောင်းမယ့်ပုံပဲ။
အပြင်ဘက်ဆုံးစက်ဝိုင်းက အကြီးအကဲတွေဆီကို အလျှင်စလိုနဲ့ လှမ်းပြောလိုက်ရတယ်။ မြင့်မြတ်အကြီးအကဲတောင် အံ့ဩတကြီးနဲ့..
“မင်းပြောပုံအရဆို ငရဲခွေးတွေ ဖြစ်လိမ့်မယ်။ ဘိုးဘွားတွေ မှတ်တမ်းထဲမှာ ဖတ်ဖူးတယ်။ နတ်ဘုရားနဲ့ မိစ္ဆာ စစ်ပွဲအကြောင်း မှတ်တမ်းမှာ ငရဲခွေးတွေကိုပါ ထည့်ရေးထားတယ်။ ဒါတွေက မိစ္ဆာမျိုးနွယ်ရဲ့ သတ္တဝါတွေ ဆင့်ခေါ်ပြီး ထိုးစစ်ဆင်နိုင်တဲ့ အစွမ်းတွေထဲက တစ်ခုပေါ့”
============= (*^*)=============
အပိုင်း( ၁၉၉ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား