← Chapters

ကျန်းဟူနှင့် ပြန်ဆုံခြင်း

Vol. 14 Ch. 199

ကျန်းဟူနှင့် ပြန်ဆုံခြင်း

Vol. 14 Ch. 199

Child of light (ကျန်းကုန်း)

Volume 8: Chapter 10 - Reunited with Zhan Hu

ကျုပ်လဲ အဲလိုပဲထင်မိတယ်။ ဘာလို့ မိစ္ဆာဘုရင်ရဲ့ တပ်တွေ ဒီနေရာကို ရောက်နေပါလိမ့်။ သူ ထင်ထားတာထက် စောပြီး ကမ္ဘာပေါ် ရောက်လာတာများ ဖြစ်နိုင်မလား။

ငရဲခွေးတပ်ကြီးကလဲ နီးလာပြီဆိုတော့ ဆက်တွေးနေဖို့လဲ အချိန်မရှိတော့ဘူး။ ကျုပ်တို့တွေလဲ အခုမှ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရပြီ။ စွမ်းအားတော့ သိပ်မကြီးကြဘူး။ အရှည်(၁)မီတာ၊ အမြင့်(၁)မီတာခွဲ လောက်နဲ့ ထောင်ချီရှိနေကြတာ။ ဒီအခြေဆိုတော့လဲ ဒီကောင်တွေ ဘယ်လောက် အစွမ်းထက်နိုင်မလဲဆိုတဲ့ သံသယနဲ့ ငြိမ်သွားမိတယ်။

ကျုပ်မျှော်လင့်ထားတာထက် ကျော်သွားတာက ဒင်းတို့တွေ တိုက်ရိုက် မတိုက်ခိုက်ကြဘူး။ ကျုပ်တို့ကို အရင် ဝိုင်းထားကြတာ။ သွေးမျက်လုံးတွေနဲ့ ကျုပ်တို့ကို စိုက်ကြည့်နေရင်း သူတို့ခန္ဓာကိုယ်တွေထဲကနေ မိစ္ဆာအငွေ့အသက်တွေ တွေ့နေရတယ်။ တစ်ယောက်ယောက် ချုပ်ကိုင်ထားတာလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်က ဉာဏ်ရည်ထက်မြက် နေကြတာလား။

ရွားတွေကတော့ လက်နက်တွေ ထုတ်ကိုင်လိုက်ကြတယ်။ ရုတ်တရက် အကြီးအကဲ အဖိုးကြီးတွေရဲ့ သတိပေးသံ ထွက်လာတယ်..

“အားလုံး သတိထားကြ၊ အဲဒါ ထုံထိုင်းနှေးကွေးစေတဲ့ အစွမ်းတွေ ပါနေတယ်”

အဲ့စကားကြားတော့ ကျုပ်လဲ လန့်သွားတယ်။ ထုံထိုင်းနှေးကွေးစေတဲ့ လှုပ်ရှားမှုတွေလား။ ဘယ်လို အတတ်ပညာတွေပါလိမ့်။

ပတ်ပတ်လည်က ငရဲခွေးတွေကတော့ သူတို့အစွမ်းတွေ ချက်ချင်းထုတ်ပြလာကြတယ်။ ချိုနှစ်ချောင်းက ခေါင်းပေါ်ကနေပေါက်ပြီး မိုးထောင်နေကြတာ။ ထောင်နဲ့ချီတဲ့ အဝါရောင်အလင်းတန်းတွေ ကောင်းကင်မှာစုပြီး အရမ်းကြီးတဲ့ မှော်ဝင်္ကပါတစ်ခု ဖြစ်သွားတယ်။ ကျုပ်တို့ ခန္ဓာကိုယ်တွေ အားနည်းပြီး ထုံထိုင်းထိုင်း ဖြစ်လာသလိုပဲ။ ပိတ်မိသွားရင်တော့ ကျုပ်တို့တွေ လှုပ်တောင် လှုပ်နိုင်မှာ မဟုတ်တော့ဘူး။ ဒီမန္တန်အချင်းအကျင်းက ကျုပ်တို့ဘက်က လူတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ ယုတ်လျော့သွားအောင် ဖန်တီးထားတာပဲ။ အဝါရောင် အလင်းတန်းတွေ အောက်မှာ ငရဲခွေးတွေ ထပ်လှုပ်ရှားလာကြပြန်ပြီ။

အရေးကြီးဆုံးအချိန်မှာ ကျုပ်လဲ စုက္ကရေးကို မြှောက်ပြီး..

“မြင့်မြတ်သော အလင်းတော်။ မိစ္ဆာသတ္တဝါတွေကို ဖယ်ရှားဖို့ ကမ္ဘာမြေပေါ်မှာ တောက်ပနိုင်အောင် အကန့်သတ်မဲ့ ရှင်းလင်းရေးအလင်းရောင်အဖြစ် ဖန်တီးဖို့ တောင်းဆိုပါတယ်”

ဒီတစ်ခါတော့ ကျုပ်ခွန်အားတွေ အစွမ်းကုန်သုံးလိုက်တာ။ ရွှေအမြူတေ(၃)ခု ခပ်မြန်မြန် လည်ပတ်လာတာနဲ့အမျှ အလင်းဓာတ်တွေ ကျုပ်မျက်ခုံးအလယ်ကနေ ဝင်လာကြတယ်။ မြေပြင်ကနေ တဖြည်းဖြည်းကြွလာပြီး စုက္ကရေးက ရတနာတွေကလဲ ရွှေရောင်အလင်းတန်းတွေ တောက်ပနေပြီ။ (၃)မီတာလောက် ကျယ်တဲ့ အလင်းတိုင်ကြီးတစ်ခု ကျုပ်ကို ဗဟိုထားပြီး ကောင်းကင်ထိအောင် ထိုးတက်သွားတယ်။

ငရဲခွေးတွေ ဖန်တီးထားတဲ့ အဝါရောင်အလင်းတန်းတွေ ဖြည်းဖြည်းပျောက်သွားပြီး ရှင်းလင်းရေး အလင်းရောင်က ဗဟိုချက် ဖြစ်လာတယ်။ ငရဲခွေတွေရဲ့ မှော်စွမ်းအား အရမ်းအားနည်းပေမယ့် ထောင်နဲ့ချီတဲ့ တိုက်ခိုက်မှုတွေက ကျုပ်ကို တော်တော် အခက်တွေ့စေတယ်ဗျ။ တကယ်လို့ ကျုပ်မှာသာ စုက္ကရေးရဲ့ အင်အားတွေ တိုးမလာခဲ့ရင်၊ နွေဦးကောင်းကင်သွေးကြောက စွမ်းအားတွေ အစုပ်ယူခဲ့မိရင် ဒီတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲ့လိုနဲ့ ကျုပ်မှာရှိတဲ့ မှော်စွမ်းအား ထက်ဝက်လောက် ကုန်သွားတယ်။ ငရဲခွေတွေအပေါ် အထင်သေးတာတွေလဲ ပျောက်သွားပြီ။ စုက္ကရေးကို မြေကြီးပေါ် စိုက်ချရင်း ကျုပ်တစ်ချက်အော်လိုက်တယ်..

“အားလုံး ဘာမှ ထိန်းချုပ်မထားနဲ့။ တတ်နိုင်သမျှ အမြန်ဆုံး သုတ်သင်ပစ်ကြပါ”

သူတို့သာ ကြာနေရင် ထုံထိုင်းလေးလံတဲ့ မန္တန်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာမဟုတ်တော့ဘူး။

တကယ်တမ်း နတ်ဘုရားကျေးရွာသားတွေ ငရဲခွေးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြတဲ့အခါ ပြောစရာကို မလိုတော့ဘူး။ သူတို့ စုဖွဲ့ထားတဲ့ စက်ဝိုင်းဝင်္ကပါက ရွှေစက်ဝိုင်ကြီး တစ်ခုပုံစံ ပြောင်းသွားပြီ။ ရွှေစက်ဝိုင်းမှာမှ အသွားထက်တဲ့ ဓားသွားတွေ ရှိနေတဲ့ပုံဖြစ်လာတယ်။ ပတ်ဝန်းကျင်က ငရဲခွေးတွေကို စသတ်ဖြတ်လိုက်တာနဲ့ စစ်မြေပြင်တစ်လွှား ငရဲခွေးတွေရဲ့ အသားစတွေ၊ သွေးတွေ ပြန့်ကျဲသွားတော့ အနိထာရုံ မြင်ကွင်းတစ်ခုအဖြစ် ကျန်သွားရော။ အကြီးအကဲ (၅)ယောက်က ကြယ်စင်သူရဲကောင်း အဆင့်ရွာသားတွေ ရှေ့ကနေရာချထားတာဆိုတော့ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ရှောင်ရှားနိုင်တဲ့ စိတ်ကူးကောင်းတစ်ခုပဲဗျ။ ဓားသူတော်စင်အဆင့် အဘိုးကြီး (၅)ယောက်နဲ့အတူ မိစ္ဆာတွေ ခံနိုင်ရည်ရှိစရာ အကြောင်းကို မရှိဘူး။

မကောင်းတော့ဘူး။ ကျုပ်တို့ လက်ရှိရောက်နေတဲ့ နေရာက အစ်ကိုကြီး ကျန်းဟူရဲ့ တောင်ကြားနဲ့ အရမ်းနီးနေပြီ။ သူတို့တွေ တိုက်ခိုက်ခံနေရလားမသိဘူး။ ကျုပ်ချက်ချင်းသွားမှ ရမယ်။ ကျုပ်လဲ တွေးမိတာနဲ့ အလင်းကြယ်တွေ ပစ်လွှတ်လိုက်တယ်။ ကျုပ်ခန္ဓာကိုယ်ကနေ ဝင်ထိန်တောက်ပတဲ့ အလင်းကြယ်တွေ အများကြီး ထွက်လာတယ်။ ကြယ်တစ်ပွင့်စီက ငရဲခွေးတစ်ကောင်စီကို ဦးတည်သွားတာနဲ့ တခနအတွင်း ဒင်းတို့အတွက် အဖြစ်ဆိုးကြီး ကြုံသွားရတယ်။ ကျုပ်ရဲ့ အစွမ်းထက် မှော်ပညာနဲ့ ပံ့ပိုးမှုအောက်မှာ ငရဲခွေးတွေရဲ့ အရေအတွက် အားသာချက်တွေက ကျုပ်တို့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဘူး။ မြင့်မြတ်အကြီးအကဲက..

“အားလုံး လူစုခွဲပြီး အမြစ်ဖြတ် သတ်ကြစမ်း”

အချိန် တခန အတွင်း ထောင်ချီတဲ့ ငရဲခွေးတွေ စစ်မြေပြင်အနှံ့ ပြန့်ကျဲသွားပြီး သွေးချောင်းစီးသွားတယ်။

“အချိန်မရှိတော့ဘူး။ တောင်ကြားမှာ ဘာတွေဖြစ်နေမယ် မသိဘူး။ ကျုပ်တို့တွေ ပျံသွားမှရမယ်”

ပြောပြီးတာနဲ့ ကျုပ်ဦးဆောင်ပြီး တောင်ကြားကို ပျံသွားလိုက်တယ်။

ကောင်းကင် အမြင့်ပေါ်ရောက်မှ တောင်ကြားကနေ မီးခိုးတွေ ထွက်နေတာ ချက်ချင်း မြင်လိုက်ရတယ်။ အစ်ကိုကြီး ကျန်းဟူတို့ တိုက်ခိုက်ခံနေရတာ ဖြစ်လိမ့်မယ်။ စိတ်တွေ ထူပူပြီး တောင်ကြားထဲကို လျှပ်စီးလိုအရှိန်နဲ့ တိုးဝင်သွားလိုက်တယ်။

တောင်ကြားမှာ တော်တော်ကို ပြောင်းလဲသွားတာပဲ။ ပတ်ဝန်းကင်က သစ်ပင်တွေ ကျိုးကျ ကျေမွပြီး မိစ္ဆာတွေ တဖြည်းဖြည်း များလာတယ်။ ရွာလဲ ပျက်စီးနေပြီ။ မီးခိုးတွေလဲ နေရာအနှံ့က ထွက်နေတယ်။ အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေ ဘယ်မှာပါလိမ့်။ ကျုပ်လဲ မိစ္ဆာတွေကို ဂရုမစိုက်တော့ဘဲ လေထဲကို ထပ်ခုန်တက်လိုက်တယ်။ တိုက်ပွဲလှုပ်ရှားသံတွေ ကြားလိုက်ရတယ်။ ဟူး.. အဲဒါ သူတို့ပဲဖြစ်လိမ့်မယ်။ ဒီနယ်မြေက တောင်ကုန်းလေးတွေပေါတော့ မိစ္ဆာတွေရဲ့ ပစ်မှတ်က အဲ့နေရာမှာ ဖြစ်ဖို့များတယ်။

တိုးတိုးလာတဲ့ မိစ္ဆာတွေကို တားဆီးဖို့ ရွှေရောင်အလင်းတန်း တစ်ခု ထွက်လာတယ်။ အပြာရောင် အလင်းတန်းတစ်ခုကလဲ ဟိုနေရာ၊ ဒီနေရာကနေ တစ်လက်လက် လင်းပြီး သွေးအမှုန်အမွှားလုံးကြီး ဖြစ်လာတယ်။ ကျုပ်လဲ စုက္ကရေးကို အမြန်ဆုံးသုံးပြီး အလင်းဓားတွေနဲ့ လှမ်းပစ်ပြီး မြေပြင်ပေါ်က မိစ္ဆာတွေကို အေးချမ်းမေ လုပ်ပစ်လိုက်တယ်။ အပြာရောင်အလင်းတန်းက နေရာထပ်မရွှေ့တော့ဘဲ စစ်ပွဲနတ်ဘုရားချပ်ဝတ် ဝတ်ထားတဲ့ အစ်ကိုကြီးကျန်းဟူ အံ့ဩနေလေရဲ့။

“အစ်ကိုကြီး ငါလာပြီဟေ့..”

အစ်ကိုကြီး ကျန်းဟူ အသားအရေတွေတောင် မွဲချောက်ချောက် ဖြူရော်ရော် ဖြစ်နေပြီ။ သူ့ကာယစွမ်းအားတွေ တော်တော်သုံးထားရတယ်ဆိုတာ သိသာတယ်။ ကျုပ်လဲ သူ့နားကို ဆင်းလိုက်ပြီး တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်ကြီးကို တစ်ချက်ထိုးလိုက်ရင်း..

“အစ်ကိုကြီး….”

ကျန်းဟူ ကျုပ်ကို မချိပြုံး ပြုံးပြရင်း..

“ညီလေး.. မင်းသာ နည်းနည်းနောက်ကျမှ ရောက်လာရင် မင်းအစ်ကိုကြီးကို ထပ်မတွေ့ရလောက်တော့ဘူးကွ”

“ဘာမှ စိတ်မပူနဲ့တော့။ ဟိုတောင်ကုန်းပေါ်သွားပြီး စကားပြောရအောင်”

ကျုပ် သူ့ကို တွဲပြီး တောင်ကုန်းလေးပေါ်ကို နေရာရွှေ့ပြောင်းလိုက်တယ်။

တောင်ကုန်းလေးပေါ်ရောက်တော့ လူ(၁၀)ယောက်လောက် ချက်ချင်း ဝိုင်လာလို့ အစ်ကိုကြီး ကျန်းဟူက..

“ငါရယ်ဟေ့..”

ကျုပ် သူ့ကို ထိုင်ဖို့ ကူညီပေးပြီး..

“အစ်ကိုကြီး မင်းဘယ်လိုဖြစ်သွားတာလဲ”

“ဒီကောင်တွေ ဘယ်ကရောက်လာမှန်း ငါမသိပါဘူးကွာ။ မြင်မြင်သမျှ တိုက်ခိုက်နေတော့တာပဲ။ နတ်သူငယ်တွေသာ မကူညီရင် ငါတို့လဲ ထိန်းထားနိုင်မှာ မဟုတ်ဘူး”

နတ်သူငယ်တွေလား။ အဲ့တော့မှ တောင်ကုန်းလေးပေါ်မှာ လူ(၁၀၀၀)ကျော်လောက် စောင့်ကြပ်နေတဲ့ကြားမှာ အတောင်ပံ တစ်ဖျတ်ဖျတ်ခတ်ရင်း နတ်သူငယ် (၄၀)(၅၀)လောက်ကို တွေ့လိုက်ရတယ်။ အစောက မြင်လိုက်ရတဲ့ အလင်းတန်းတွေက သူတို့ ဖန်တီးလိုက်တာနေမယ်။ တော်တော်ကို ကြိုးစား ထားကြတဲ့ပုံပဲ။ သူတို့ ပစ်လိုက်တဲ့ မြှားတွေမှာ အရင်က ကျုပ်သင်ပေးထားတဲ့ အလင်းမှော်ပညာတွေ ပါနေတယ်လေ။

“အစ်ကိုကြီး ကျန်းဟူ။ မင်းဘာမှ စိတ်ပူမနေနဲ့တော့။ အင်အားကြီး စစ်ကူတွေ ပါလာတယ်။ ငါရန်သူတွေ သွားသတ်လိုက်အုံးမယ်။ အဲ့အယုတ္တမာတွေသတ်ပြီးမှ မင်းနဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြသေးတာပေါ့”

ပြောပြီးတာနဲ့ တခြားတောင်ကုန်းဘက် ထွက်သွားလိုက်တယ်။ တော်တော် မြန်တာပဲ။ ဒီမှာတွေ့ရတဲ့ မိစ္ဆာတွေက ငရဲခွေးတွေနဲ့ တော်တော်ကွာတယ်။ မိစ္ဆာအလင်း ထုတ်နိုင်တာတွေတောင် ပါလာတယ်။ အရမ်းမမြန်ပေမယ့် ခံစစ်အားတော်တော်ကောင်းတာပဲ။ အနားပတ်ဝန်းကျင်က သစ်ပင်တွေကတော့ အကုန် ပြိုလဲနေပြီ။

“ကျန်းကုန်း..”

ရင်းနှီးပြီးသား အသံတစ်သံ ကျုပ်နောက်က ထွက်လာတယ်။

============= (*^*)=============

အပိုင်း( ၂၀၀ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters