ပတ်ဝန်းကျင် အခြေအနေကို ထိန်းချုပ်ခြင်း
Vol. 14 Ch. 200
Child of light (ကျန်းကုန်း)
Volume 8: Chapter 11 - Controlling the Situation
ကျုပ်လှည့်ကြည့်လိုက်တော့ တုန်းရီဗျ။ လက်ထဲမှာလဲ နတ်ဘုရားလေးကြီးနဲ့။ တုန်းရီ ဝမ်းသာအားရနဲ့..
“အစ်ကိုကြီး ကျန်းကုန်း မင်းရောက်လာပြီပေါ့”
“ဘာတွေဖြစ်နေတာလဲ။ မင်းရော ဘယ်နှယ့်လဲ”
တုန်းရီ ကျုပ်ကို ပြန်မဖြေသေးဘဲ ကောင်းကင်ပေါ် ကြည့်ပြီး မှင်သက်မိနေတယ်။ ဒီကောင် အမူအရာပြောင်းသွားပြီး ထအော်တော့တယ်..
“မကောင်းတော့ဘူး။ နောက်ထပ်ရောက်လာတဲ့ မိစ္ဆာတွေ ပျံနိုင်တယ်ဟ”
ကျုပ်တောင် ကြောက်လန့် ခုန်ဆင်းပြီး သူကြည့်တဲ့နေရာ လှမ်းကြည့်ပြီး သက်ပြင်းချရင်း..
“ငတုံး။ အဲဒါ မိစ္ဆာတွေမဟုတ်ဘူး။ ငါခေါ်လာတဲ့ စစ်ကူတွေကွ”
“လေမှော်ဆရာတွေ အများကြီးနဲ့ဆို ငါတို့မှာ မျှော်လင့်ချက် ရှိသွားပြီ”
“မှားပြန်ပြီကွာ။ သူတို့က လေမှော်ဆရာတွေ မဟုတ်ဘူးဟ။ သူတို့လဲ မင်းလိုပဲ စစ်သည်တော်တွေဟ”
အဲ့ငတုံးကို ပြောပြီးတာနဲ့ ကျုပ်လဲ နတ်ဘုရားကျေးရွာ အုပ်စုဆီ ချက်ချင်းသွားလိုက်တယ်။
တုန်းရီဆိုတဲ့ကောင်ကတော..
“စစ်သည်တော်တွေလား။ ဒါဆို သူတို့တွေ ကြယ်စဉ်သူရဲကောင်းတွေ မို့လား”
ကျုပ်လဲ မြင့်မြတ်အကြီးအကဲနဲ့ တွေ့ပြီး..
“ဟိုအောက်ဘက် တောင်ကုန်းပေါ်ကလူတွေက ကျုပ်တို့မိတ်ဆွေတွေပဲ။ ဟိုမိစ္ဆာတွေကို အမြန်ဆုံး သုတ်သင်လိုက်ကြရအောင်”
အကြီးအကဲတွေလဲ ခေါင်းညိတ်ပြီး သူ့လူတွေကို သုတ်သင်ဖို့ အမိန့်ပေးလိုက်တယ်။ ကျုပ်တို့ အကူအညီနဲ့ဆိုတော့ မိစ္ဆာတော်တော်များများ နောက်ပြန်ဆုတ်သွားရတာပေါ့။
ကျုပ်နဲ့ အကြီးအကဲတွေ တောင်ကုန်းလေးပေါ် ရောက်သွားတယ်။ အစ်ကိုကြီး ကျန်းဟူ ခွန်အားနည်းနည်း ပြန်ရလာတဲ့ပုံပဲ။ သူရောက်လာပြီး..
“ကျန်းကုန်း သူတို့က ဘယ်သူတွေလဲ”
“ငါ မိတ်ဆက်ပေးမယ်။ သူတို့က နတ်ဘုရားကျေးရွာကနေ ဖိတ်ခေါ်လာတဲ့ အကြီးအကဲတွေပေါ့။ ဒါ စစ်နတ်ဘုရားချပ်ဝတ် အမွေခံ ကျုပ်အစ်ကိုကြီး ကျန်းဟူတဲ့”
ကျန့်ဟူ အကြီးအကဲ (၅)ယောက်ကို ကြည့်ပြီး အံ့ဩတကြီးနဲ့ အလေးအနက်ဂါရဝပြုပြီး..
“အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်”
အစ်ကိုကြီး ကျန်းဟူ အကြီးအကဲတွေ အစွမ်းအစ မသိသေးတော့ နည်းနည်း စိတ်မောနေအုံးမှာ သေချာတယ်။
အကြီးအကဲကတော့ ခပ်ပြုံးပြုံးနဲ့ပဲ..
“ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူးလေ။ မင်းက နတ်ဘုရားအမွေခံတစ်ယောက်ပါ။ အစောက မင်းရဲ့ သူရဲကောင်းဆန်မှုတွေကို ငါတို့ မြင်လိုက်ရပါတယ်။ အခုဆို မင်းလဲ ဓားသူတော်စင် အဆင့် ရောက်နေလောက်ပြီ”
ကျန်းဟူ ရှက်ပြုံးလေးပြုံးရင်း..
“ကျုပ်က နတ်ဘုရားချပ်ဝတ် သုံးထားတဲ့အချိန်မှာသာ ဓားသူတော်စင်အဆင့်ရှိတာ။ မသုံးတဲ့အချိန်ဆို အဝေးကြီး လိုပါသေးတယ်”
“ဒါဆိုလဲ အစ်ကိုကြီး ပညာစည်းပူးဖို့ နောက်ဆို အကြီးအကဲတွေဆီ အကူအညီတောင်းပေါ့”
ကျန်းဟူ ကျုပ်ကို အလန့်တကြားကြည့်ပြီးမှ ချက်ချင်း အမူအရာပြောင်းသွားပြီး..
“မ ဖြစ် နိုင် ဘူး…..”
“အဟဲ.. အမှန်ပဲ။ ဒီအကြီးအကဲတွေအားလုံး ဓားသူတော်စင် အဆင့်တွေ”
မြင့်မြတ်အကြီးအကဲက.
“ကဲကဲ ဒါတွေ ထားလိုက်ပါအုံး။ မိစ္ဆာတွေအကြောင်း ဆက်ဆွေးနွေးရအောင်”
အစ်ကိုကြီး ကျန်းဟူ အကြီးအကဲတွေကို လေးလေးစားစားအမူအရာနဲ့..
“ပြီးခဲ့တဲ့ (၂)လလောက်က ဒီမိစ္ဆာတွေ ရုတ်တရက် ရောက်လာကြတာ။ အစပိုင်း သိပ်မများတော့ ကျုပ်လဲ သိပ်စိတ်မဝင်စားမိဘူး။ ဒါပေမယ့် တစ်လခွဲလောက်ကြာတော့ ရွာမှတောင် မနေနိုင်တော့ဘဲ ဒီကို ဆုတ်ခွာခဲ့ရတဲ့အထိ မိစ္ဆာကောင်ရေ တိုးလာတော့တာ။ သဘာဝနတ်သူငယ်တွေဆီကို ရှို့စစ်နဲ့ သူလူတွေ စွန့်စွန့်စားစား သွားအကူအညီမတောင်ခဲ့ရင် မင်းရောက်လာတဲ့အချိန်ထိ တောင့်ခံနိုင်မှာမဟုတ်လောက်ဘူး”
“အစ်ကိုကြီး ရှို့စစ်နဲ့ ကျန်တဲ့သူတွေကရော..”
ကျန်းဟူ သက်ပြင်းကြီးချပြီးမှ..
“ကောင်းသဲနဲ့ ရှို့စစ် ဒဏ်ရာအပြင်းအထန်ရထားတယ်။ အခု ဆေးကုနေကြလေရဲ့”
“အစ်ကိုကြီး မင်းကိုယ်မင်း သိမ်ငယ်နေစရာမလိုပါဘူး။ မင်းသာ ဒီမိစ္ဆာတွေကို ကာကွယ်ပေးမထားရင် မြို့ထဲထိ ဝင်သောင်းကျန်းကြမှာဟ”
မြင့်မြတ်အကြီးအကဲက…
“ကျန်းကုန်းပြောတာ မှန်တယ်။ အခု ငါတို့တွေ လုပ်ရမှာက မိစ္ဆာတွေကို အမြစ်ပြတ် ချေမှုန်းဖို့ပဲ”
“ဒီမိစ္ဆာတွေ လေထဲကပေါ်လာတာမဟုတ်ဘူး။ အကြီးအကဲတွေနဲ့ ဆွေးနွေးဖူးတယ်။ ဒါတွေက နတ်ဘုရားဘုရင်နဲ့ မိစ္ဆာဘုရင် စစ်ပွဲတုန်းက မိစ္ဆာမျိုးနွယ်တွေ သာရဲဆင့်ခေါ်ခြင်း ပညာနဲ့ တော်တော်တူတယ်လို့ မြင်တယ်။ အဲလိုသာဆို တစ်ယောက်ယောက် သူတို့ကို ဆင့်ခေါ်နေတာပဲ။ အဓိက လက်သည် ဘယ်သူလဲဆိုတာ သိမှဖြစ်မယ်။ ဒါတွေ တွေးကြည့်ရရင် မိစ္ဆာဘုရင် လက်ချက်တော့ မဖြစ်နိုင်ဘူး။ တကယ်လို့ မိစ္ဆာဘုရင်သာ ထင်ထားတဲ့ အချိန်ထက် စောပြီးပေါ်လာရင် သူ့အစွမ်းအစနဲ့ဆို ငါတို့တွေ သုတ်သင်နိုင်ဖို့ အဝေးကြီး။ ဒါမိစ္ဆာမျိုးနွယ် မဖြစ်နိုင်သေးဘူး။ နတ်ဘုရားဘုရင်နဲ့ မိစ္ဆာစစ်ပွဲတုန်းက အဲ့ကောင်တွေ ပျက်စီးသွားကြတာ မဟုတ်ဘူးလား”
“မင်းပြောတာ မှန်တယ်။ ဒါပေမယ့် ဒီသတ္တဝါတွေ ဘယ်ကထွက်လာနေတာလဲ။ မိစ္ဆာတွေ မရပ်မနား ကျူးကျော်တာ တားနိုင်ဖို့ဆို အရင်းအမြစ်ကို ရှာနိုင်မှ ရမယ်”
မြင့်မြတ်အကြီးအကဲက..
“ဒီကိစ္စ ဖင်လေးနေလို့မရဘူး။ ငါတို့ကြောင့် မိစ္ဆာတွေ ခနလေး တပ်ပျက်သွားတုန်း ဒီအခွင့်အရေးကို အသုံးချပြီး ချက်ခြင်းသွားရှာသင့်တယ်”
“အစ်ကိုကြီး မင်းဒီမှာနေပြီး အခြေအနေတွေကို ပြန်ထိန်းပေး။ အကြီးအကဲတွေနဲ့ ငါသွားလိုက်မယ်”
“ငါ ဒီလိုမျိုး ဘာလို့ ခွင့်ပေးရမှာတုန်း။ မင်းက ငါတို့ဧည့်သည်လေ။ အကြီးအကဲတွေကို အပူကပ်ရတာနဲ့တင် ရှက်စရာကောင်းနေပြီ။ ဒီတော့ ငါလဲ ဦးဆောင်ပါမှရမှာပေါ့။ တုန်းရီ ဒီမှာရှိရင်ကို လုံလောက်နေပြီ။ မင်းထွက်သွားတော့ တုန်းရီ တော်တော်ကြိုးစားလိုက်တာများ အခုဆို ကြယ်စင်သူရဲကောင်း အဆင့် ရောက်နေပြီ။ သူ့နတ်ဘုရားလေးနဲ့ လုံးလုံး မပေါင်းစည်းနိုင်သေးပေမယ့် ဒီကောင်းစွမ်းအား မသေးဘူးကွ။ သူဒီမှာရှိနေရင်ကို ရပြီ”
ကျုပ်လဲ သူ့ကို နိုင်အောင် မပြောနိုင်မှတော့ ခေါ်သွားဖို့ပဲ တတ်နိုင်တော့တယ်။
ကျုပ် တုန်းရီလှမ်းခေါ်ပြီး..
“ဒီမှာ နတ်ဘုရားကျေးရွာက ရွာသားတွေရှိတယ်။ ဆိုတော့ ကာကွယ်ရေးပိုင်းမှာ ဘာမှ ပြဿနာ ရှိမှာမဟုတ်ဘူး။ အစ်ကိုကြီး ကျန်ဟူနဲ့ ငါတို့ ဒီမိစ္ဆာတွေ ဇစ်မြစ်ကို သွားရှာမယ်။ ဒီနေရာမှာ မင်းနေခဲ့လိုက်။ မင်းသတိထားမှရမယ်နော် နားလည်တယ်မို့လား”
“စိတ်အေးအေးထား။ ဘာပြဿနာမှ မဖြစ်စေရဘူး။ ကျန်းကုန်း မင်းခေါ်လာတဲ့လူတွေ တော်တော် အစွမ်းထက်တာပဲကွ။ ကြည့်ရသလောက် ငါ့ထက် နိမ့်တဲ့သူ တစ်ယောက်မှ မပါဘူး”
“ငါတို့ ပြန်ရောက်မှ မင်းကို အသေးစိတ်ရှင်းပြမယ်။ အခု ငါတို့သွားတော့မယ်”
ပြောပြီးတော့ အစ်ကိုကြီး ကျန်းဟူ၊ အကြီးအကဲတွေနဲ့အတူ အပြင်ထွက်ဖို့ ပြင်လိုက်ကြတယ်။
တုန်းရီ အသံကျယ်ကျယ်နဲ့..
“ဂရုစိုက်ကြနော်..”
မြင့်မြတ်အကြီးအကဲက..
“မိစ္ဆာတွေ ဇစ်မြစ်က ဒီနဲ့ သိပ်မဝေးလောက်ဘူး။ လေပေါ်က ပျံသွားရင် လမ်းကြောင်းတစ်လျှောက် သဲလွန်စတွေနိုင်တယ်”
“ကျုပ်သွားကြည့်လိုက်မယ်။ စွမ်းအားတွေ ထိန်းထားတာ အကောင်းဆုံးပဲ။ ကျုပ် တစ်ခုခုတွေ့တာနဲ့ ခင်ဗျားတို့ကို ခေါ်ဖို့ မှော်မန္တန်သုံးလိုက်မယ်။ အစ်ကိုကြီး ကျန်းဟူ မင်းစွမ်းအား ပြန်ရအောင် အချိန်ယူသင့်တယ်”
“အေး.. ဘာပဲလုပ်လုပ် သတိထားလုပ်”
ကျုပ်ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေကိုသုံးပြီး မြေပေါ်ကနေ ပျံတက်လာခဲ့လိုက်တယ်။ ကျုပ် မှော်စွမ်းအား တော်တော်များများ သုံးခဲ့တယ်ဆိုပေမယ့် နတ်ဘုရားသွေးကြော စုပ်ယူပြီးကတည်းက ကျုပ်မှော်စွမ်းအား ပြန်လည်စုဆောင်းတဲ့ အရှိန် တော်တော်ကို ဩချလောက်တယ်ဆိုတာ သတိထားလိုက်မိတယ်။ မကြပါဘူး မှော်စွမ်းအား မလုံလောက်တဲ့ ခံစားမှု ပျောက်သွားတယ်။ ကျုပ်အထွတ်အထိပ် အနေအထားနဲ့ ယှဉ်ရရင် (၈၀)ရာခိုင်နှုန်းလောက် ပြန်ရနေပြီဗျ။
တောင်ကုန်းပေါ်ကလူတွေ ပုရွက်ဆိတ်လောက်ထိ သေးသေးလေး မြင်ရတဲ့ အမြင့်ရောက်မှ တက်နေတာ ရပ်ပြီး အောက်က မြင်ကွင်းကို အာရုံစိုက်ထားလိုက်တယ်။ တောင်ကုန်းပတ်ပတ်လည်မှာ မိစ္ဆာတွေ ပျံကျဲပြီး နောက်တခါ ပြန်တိုက်ဖို့ စုနေကြလေရဲ့။ ပြီးတော့ မိစ္ဆာအင်အားတွေ အရှိန်အဟုန်နဲ့ကို ကြီးမားလာတာဗျ။ မိစ္ဆာစွမ်းအားတွေ အရှေ့တောင်ဘက်မှာ နက်နဲ သိပ်သည်းလွန်းနေတာ ကျုပ်တွေ့လိုက်ရတယ်။ မိစ္ဆာတွေ အဲ့တောင်ကုန်း တစ်ဝိုက်က ထွက်လာနေတာ ဆိုတော့ ဒင်းတို့ဇစ်မြစ်က အရှေ့တောင်ဘက်မှာ ဆိုတဲ့သဘောပေါ့။
============= (*^*)=============
အပိုင်း( ၂၀၁ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား