ဇစ်မြစ်ကို အမြစ်ဖြတ်ခြင်း
Vol. 14 Ch. 201
Child of light (ကျန်းကုန်း)
Volume 8: Chapter 12 - Annihilation of the Origin
စုက္ကရေးကို မြှောက်ပြီး အလင်းစက်ဝိုင်းတစ်ခု ဖန်တီးလိုက်တယ်။ ခနနေတော့ တောင်ထိပ်ကနေ (၆)ယောက်လုံးရောက်လာပြီး ကျန်းဟူက..
“ဘယ်လိုလဲ.. သဲလွန်စတွေ့ပြီလား”
“ဟိုမှာကြည့်လိုက်။ မိစ္ဆာတွေ အဲ့ဘက်က လာနေပုံပဲ။ အဲ့ကနေမှ ပတ်ပတ်လည်က တောင်ကုန်းတွေကို ထွက်သွားကြတာ။ သွားကြည့်ရအောင်”
စကားဆုံးတာနဲ့ ကျုပ်ဦးဆောင်ပြီး မိစ္ဆာစွမ်းအားတွေ ထူထပ်နေတဲ့နေရာကို ပျံသွားလိုက်ကြတယ်။
ကျုပ်တို့ မိစ္ဆာတွေကို ခြေရာခံလိုက်ရင်း တောကြီးထဲမှာ လေဟာနယ် လှိုင်ခေါင်းကြီးတစ်ခု တွေ့လိုက်ရတယ်။ မရေမတွက်နိုင်တဲ့ မိစ္ဆာတွေ အဲ့လေဟာနယ် လှိုင်ခေါင်းထဲက ထွက်လာကြတာလေ။ ကျုပ်တို့လဲ အနားမှာရှိတဲ့ တောင်ကုန်းလေးတစ်ခု ပေါ်အသာဆင်းပြီး ခနပုန်းကြည့်နေလိုက်တယ်။
“ကြည့်ရတာ မိစ္ဆာတွေအားလုံး အဲ့ထဲက လာတာဖြစ်လိမ့်မယ်”
“သူတို့ကို ထိန်းချုပ်ထားတဲ့သူ ရှိလိမ့်မယ်။ ဒီလေဟာနယ် လှိုင်ခေါင်းက ထွက်လာပြီးတာနဲ့ ငါတို့ဌာနေတွေကို ပို့လိုက်တာ။ ဆင့်ခေါ်တဲ့သူတွေ ရှိကိုရှိရမယ်။ ငါတို့ အခု ဘာလုပ်ကြမလဲ”
မြင့်မြတ်အကြီးအကဲက..
“ငါတို့ ဝင်သွားမယ်ဆို တော်တော် အန္တရာယ်ကြီးလိမ့်မယ်။ အဲ့ထဲမှာ ဘယ်လိုရှိမယ်ဆိုတာ ဘာမှမသိဘူးလေ။ ဒီလိုလုပ်ရင်ရော.. ငါတို့ (၇)ယောက် လေဟာနယ် လှိုင်ခေါင်းဖျက်စီးဖို့ စွမ်းအားတွေ စုဆောင်မယ်။ လေဟာနယ် လှိုင်ခေါင်းကို ဖျက်ပြီးမှ အတွင်းကလူကိုဆွဲထုတ်နိုင်မှာ”
ကျန်တဲ့ အဘိုးကြီးတွေလဲ သဘောတူကြတယ်ဗျ။
“ကျုပ်တို့ စွမ်းအားတွေ သုံးဖို့ မလိုပါဘူး။ အခြေအနေ စစ်ဆေးဖို့ ကျုပ်ရဲ့ သန့်ရှင်းသောဓား စွမ်းအားကို အရင်သုံးလိုက်မယ်။ အဲလို လုပ်လို့မှ ရန်သူတွေ ကျန်နေသေးရင် အမြစ်ဖြတ်ဖို့ကတော့ အကြီးအကဲတို့ တာဝန်ပေါ့။ ပြီးတော့ သန့်ရှင်းသောဓား စွမ်းအားကို သုံးပြီးတာနဲ့ ကျုပ်မှာ စွမ်းအားကျန်မှာ မဟုတ်တော့ဘူး။ အစ်ကိုကြီး ကျန်းဟူ ငါမန္တန်သုံးပြီးတာနဲ့ ငါ့ကို စောင့်ရှောက်ပေးအုံး”
“ကျန်းကုန်း။ မင်း သန်ရှင်းသောဓားနဲ့ ပေါင်းစည်းပြီးသွားပြီလား။ ခွန်အားကုန်သွားရင် မင်းအတွက် အန္တရာယ်ကြီးမျာ မဟုတ်ဘူးလား”
“မဖြစ်သေးပါဘူး။ အတိုင်းအတာတစ်ခုထိတော့ စွမ်းအားသုံးနိုင်နေပါပြီ။ ငါ့လက်ရှိ မှော်စွမ်းအား ပြန်လည်စုဆောင်းတဲ့အရှိန် အရမ်းမြန်နေပြီ။ (၅၀)ရာခိုင်နှုန်းလောက် ပြန်ရဖို့ကို နာရီဝက်လောက်ပဲ ကြာတော့တယ်။ ဒီတော့ ငါ့ကို နာရီဝက်လောက် စောင့်ရှောက်ပေးဖို့ အစ်ကိုကြီးအတွက် ပြဿနာ မရှိဘူးမို့လား”
“ငါ မင်းပြောသလို လုပ်ပေးမယ်”
မြင့်မြတ်အကြီးအကဲက..
“ဒါ……”
“တွေဝေမနေပါနဲ့ဗျာ။ သန့်ရှင်းသားဓားရဲ့ အစွမ်းကို ခင်ဗျားလဲ မြင်ဖူးပြီးသားကို။ လက်ရှိပြဿနာကို ပြောင်းပြန်လှန် ဖြေရှင်းပစ်နိုင်မှာပါ”
“ကောင်းပြီလေ။ ဘာပဲပြောပြော မင်းသတိတော့ထား”
တကယ်တော့ ကျုပ် တစ်ကိုယ်ကောင်းဆန်ဆန် ဆုံးဖြတ်လိုက်တာဗျ။ အစ်ကိုကြီး ကျန်းဟူ အရင် တိုက်ပွဲမှာကတည်းက စွမ်းအား အလွန်အကျွံသုံးထားတာ။ ကျုပ်ကို ကာကွယ်ရင်း အနားမှာနေတာက သူအတါက် ပြန်လည်ကုသဖို့ အခွင့်အရေးလဲ ရလိမ့်မယ်လေ။ သန့်ရှင်းသောဓားအစွမ်းကို သုံးလိုက်ရင် ဘာတွေ ဆက်ဖြစ်လာမယ်ဆိုတာ ဘယ်သူသိနိုင်မှာတုန်း။ မိစ္ဆာတွေ ဒီတောင်ကုန်းကို တိုက်ခိုက်ဖို့တော့ မလုပ်လောက်ဘူး ထင်တာပဲ။ ပြီးတော့ အကြီးအကဲ(၅)ယောက်ကြားမှာ ထားတာ အစ်ကိုကြီးကျန်းဟူအတွက် အလုံးခြုံဆုံးပဲလေ။
“ကျုပ် စတော့မယ်။ အားလုံး ကျုပ်ကို စောင့်ရှောက်ပေးကြပါအုံး”
ကျုပ်မျက်လုံးတွေ မှိတ်ပြီး ငွေရောင်ဓားကို ဖြည်းဖြည်းချင်း ပုံဖော်လိုက်တော့ ကျုပ်မှော်အမြူတေစွမ်းအားတွေ တဖြည်းဖြည်း ပျံ့နှံ့လာတယ်။ ကျုပ်ကို ဗဟိုထားပြီး ပတ်ဝန်းကျင်လေထုတစ်ခုလုံး လှုပ်ရှားပြီး အကြီးအကဲ(၅)ယောက်နဲ့ ကျန်းဟူကို ကျုပ်နဲ့ (၅)မီတာ အကွာထိ တွန်းထုတ်ခံလိုက်ရသေးတယ်။
တွင်းပေါက်ကထွက်လာတဲ့ မိစ္ဆာတွေ တစ်ခုခု မူမမှန်တာ သတိထားမိတာနဲ့ ကျုပ်တို့ဘက်ကို စရွှေ့လာကြတယ်။ မြင့်မြတ်အကြီးအကဲက…
“အားလုံး ဝင်္ကပါပုံဖော်ပြီး ကျန်းကုန်းကို အနှောက်အယှက် မဖြစ်စေနဲ့”
ပြင်းထန်လွန်းတဲ့ အလင်းတန်းတစ်ခု ကျုပ်ခန္ဓာကိုယ်ကို ဝန်းရံပြီး ပတ်ဝန်းကျင်တစ်ခုလုံးထိ ဖြာထွက်နေတယ်။ သန့်ရှင်းသောဓားကလဲ ကျုပ်ခေါင်းပေါ်မှာ ငွေရောင်တဝင်းဝင်းနဲ့ တောက်ပနေလေရဲ့။ ကျုပ်မှော်စွမ်းအား တွေက သူ့ကို ပိုပြီး အားကောင်းစေတယ်လေ။ အရင်တုန်းကနဲ့ ယှဉ်ရင် စုစည်းတဲ့အရှိန် တော်တော်နှေးပေမယ့် ဒီတစ်ခါ သန့်ရှင်းသောဓားရဲ့ စွမ်းအားက အဘိုးကြီး (၅)ယောက်နဲ့ တိုက်တုန်းကထက် ပိုပြီး အစွမ်းကြီးလာတယ်လို့ ခံစားနေရတယ်။
မိစ္ဆာတွေ အနားရောက်လာတော့ အကြီးအကဲတွေနဲ့ ကျန်းဟူ တိုက်ခိုက်ဖို့ ပြင်လိုက်ကြပေမယ့် တောင်ခြေတဝိုက်မှာ မိစ္ဆာတွေ ကြောက်လန့်ပြီး ရပ်ကုန်ကြတယ်။ ကျန်းဟူက..
“သူတို့ ဘာကို အရမ်းကြောက်နေတာပါလိမ့်။ အား… ဒါ သန့်ရှင်းသောဓား စွမ်းအားကြောင့် ဖြစ်မယ်”
အရောင်တဝင်းဝင်းနဲ့ အတောင်(၆)ခု ကျုပ်နောက်ကျောမှာ ပေါ်လာတယ်။ ကျုပ် ဆံပင်တွေတောင် ရွှေရောင်တွေ စုပ်ယူသလိုမျိုးပဲ။ ကျုပ်မျက်လုံး ရုတ်တရက်ဖွင့်လိုက်တယ်။ စုက္ကရေးကို ကိုင်မြှောက်ပြီး..
“နတ်ဘုရားဘုရင်က ဝဠာတခွင်ထွန်းလင်းဖို့ ငါ့ကို အပ်နှင်းထားတဲ့ သန့်ရှင်းသောဓား”
ကျုပ် အော်နေတုန်းမှာပဲ ငွေရောင်ဓားက ကောင်းကင်ပေါ်ပျံတက်သွားပြီး နေလုံးကြီးထက် ပိုတောက်ပတဲ့ အလင်းရောင်တွေ ထုတ်လွှတ်လာတယ်။ အဲ့အထဲမှာ နတ်ဘုရားစွမ်းအားတွေ ပါတယ်လို့တောင် ပြောလို့ရတယ်။ အလင်းရောင်တွေ ကောင်းကင်မှာ တိမ်ဆိုင်တစ်ခုလို စုဝေးပြီးမှ မိစ္ဆာစွမ်းအားတွေကို တိုက်ဖျက်ပစ်လိုက်တယ်။
သန့်ရှင်းသောဓားက သွေးသံတရဲရဲ၊ မချီးမဆန့် ငြီးတွားသံတွေနဲ့အတူ မိစ္ဆာသတ္တဝါတွေကို လေထဲမှာရင် အရေဖျော် ဖျောက်ဖျက်ပစ်လိုက်တယ်။ တကယ်တမ်းကျ ကျုပ်မှာ စွမ်းအားအပြည့်ရှိနေရင်တောင် အဲ့ကောင်တွေကို ခုလို ချေမှုန်းပစ်နိုင်မှာ မဟုတ်ဘူးရယ်။ သန့်ရှင်းသောဓားမျာပါတဲ့ နတ်ဘုရားစွမ်းအားက ကြီးမားလွန်းတဲ့အတွက် အားလုံးဟာ အတားအဆီးလေး တစ်ခုသာသာပါပဲ။
သန့်ရှင်းသောဓားက လေဟာနယ် လှိုင်ခေါင်းပေါက်ဝကို တည့်တည့်တိုးဆက်သွားတယ်။ အနားရောက်တော့ ဓားက ကောင်းကင်ကို ရုတ်တရက် တက်သွားပြီး ဒြပ်စင်မျိုးစုံကို အမြန်ဆုံး စုစည်းလိုက်တယ်။ လေဟာနယ် လှိုင်ခေါင်းထဲက ရန်သူကလဲ မူမှန်တာ ခံစားမိရင်တောင် သန့်ရှင်းသောဓားရဲ့ စွမ်းအားကို တုန့်ပြန်နိုင်မှာတဲ့လား။
သန့်ရှင်းသောဓားက အမြင့်တနေရာအထိ ထိုးတက်သွားတယ်။ အကျုပ်အမိန့်အတိုင် ငွေရောင်အလင်းတန်းတွေ တောက်ပလျှံထွက်ရင်း လေဟာနယ် လှိုင်ခေါင်းထဲက ထွက်လာတဲ့ မိစ္ဆာအငွေ့အသက်တွေကို တိုက်ခိုက်လိုက်တယ်။
သန့်ရှင်းသောဓား အလင်းရောင်နဲ့ မီးခိုရောင် မိစ္ဆာစွမ်းအားတွေ ထိပ်တိုက်တွေ့တဲ့အချိန် မီးခိုးရောင် မြူခိုးတွေ မြင့်မြတ်ဓားအလင်းနားတောင် မကပ်နိုင်ကြဘူး။ သန့်ရှင်းသောဓာက ငွေရောင်အလင်းတန်းတစ်ခု ပုံစံနဲ့ လေဟာနယ် လှိုင်ခေါင်းထဲ တိုးဝင်ပျောက်ကွယ်သွားတယ်။
လေဟာနယ် လှိုင်ခေါင်းထဲက ထွက်လာနေသမျှ မိစ္ဆာသတ္တဝါတွေအကုန် အလင်းတန်းကြောင့် ပျောက်သွားလိုက်တာများ သူတို့ ညီးတွားသံတွေ ကောင်းကင်ထိအောင် ညံနေတာပဲ။
“ဝုန်း….ဟုန်း…ဟုန်း..”
မြေပြင်ကြီးတစ်ခုလုံး တုန်ခါသွားတယ်။ (၁၀)မီတာလောက်နက်တဲ့ တွင်းကြီးဖြစ်ပြီး ကောင်းကင်တစ်ခုလုံး ဖုန်တွေနဲ့ ပြည့်သွားတယ်။ အဲ့တွင်းကြီးကလဲ မီးတောင်ပေါက်ဝကြီး တစ်ခုလိုပဲ။ ကျုပ်လဲ တစ်ကိုယ်လုံး ပျော့ခွေပြီး လဲကျသွားရော။ အဲ့တိုက်ကွက် တစ်ခုထဲနဲ့တင် ကျုပ်ခွန်အားတွေ ပျောက်သွားတယ်။ သန့်ရှင်းသောဓားရဲ့ အစွမ်းက ဘာလဲဆိုတာ ကျုပ်သိလိုက်ရတယ်။ ဒီတိုက်ကွက်အတွက် ကျုပ်မှာရှိတဲ့ စွမ်းအားတွေ အကုန်သုံးလိုက်တာတောင် ပတ်ဝန်းကျင်က သဘာဝစွမ်းအားတွေ ထပ်ပြီး စုပ်ယူ လိုက်သေးတယ်။ စွမ်းအားအကုန် နတ်ဘုရားစွမ်းအားမဖြစ် ပေါင်းစည်းပြီးမှ တိုက်ကွက်ကို စလိုက်တာ။ ကျုပ်ရဲ့ စွမ်းအားဆိုတာ သန့်ရှင်းသောဓားအတွက်တော့ အစပျိုးမှု တစ်ခုအနေနဲ့ပဲရှိတာကိုး။
အကြီးအကဲတွေနဲ့ ကျန်းဟူကတော့ ကျုပ်ကို ဝိုင်းပတ်ထားပြီး ကျုပ်ဆီရောက်လာနိုင်တဲ့ မိစ္ဆာသတ္တဝါတွေ ရှိမရှိ အာရုံစိုက် စစ်ဆေးနေကြလေရဲ့။
လေဟာနယ် လှိုင်ခေါင်းထဲကနေ မိစ္ဆာမြူခိုးတွေ ထွက်လာပြီး ထွက်ပြေးဖို့ ပြင်နေတာကို အမြင်စူးရှတဲ့ ကျန်းဟူ လှမ်းမြင်လိုက်တယ်။
“အဲ့ကောင်ကို မလွတ်စေနဲ့..”
မိစ္ဆာမြူခိုးကို ပိတ်ဆို့ဖို့ ရွှေရောင်တိုက်ပွဲစိတ်ဝိညာဉ် အပြည့်ပါတဲ့ လက်သီးတစ်ချက်နဲ့ လက်ဦးအောင် တိုက်ခိုက်လိုက်တယ်။
အကြီးအကဲ (၅)ယောက်လဲ ကျုပ်အပေါ်သုံးထားတဲ့ တိုက်ပွဲစိတ်ဝိညာဉ် နယ်မြေကို ဖျက်ပြီး လေဟာနယ် လှိုင်ခေါင်းထဲက ထွက်လာတဲ့ မိစ္ဆာမြူခိုးကို ဝိုင်းပြီး ချိတ်ပိတ်လိုက်ကြတယ်။ ကျန်းဟူကတော့ မိစ္ဆာမြူခိုးကို အဆက်မပြတ် တိုက်ခိုက်နေတယ်။ မြူခိုးမည်းမည်းတွေ မဗျစ်ဗျစ်မြည်ပြီး ပျက်စီးသွားတယ်။ ပြီးတော့ မီးခိုးရောင်တွေ ဖုံးနေတဲ့ လူသားတစ်ယောက် ကျန်းဟူရှေ့မှာ ပေါ်လာတယ်။ သူ့ခန္ဓာကိုယ်ကနေ မိစ္ဆာရောင်ဝါတွေ ထုတ်လွှင့်နေလေရဲ့။ ပြီးတော့ အဲ့မိစ္ဆာကောင်က ကျန်းဟူကို…
“နတ်ဘုရားမျိုးနွယ်။ ထင်မထားဘဲ မင်းတို့ကောင်တွေ ဒီကိုရောက်လာတဲ့အထိ အစွမ်းထက် နေကြတယ်ပေါ့လေ”
============= (*^*)=============
အပိုင်း( )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား