မိစ္ဆာမျိုးနွယ် ကာကွယ်သူ
Vol. 14 Ch. 202
Child of light (ကျန်းကုန်း)
Volume 8: Chapter 13 - Monster Clan’s Protector
ကျန်းဟူက..
“မင်း ဘာမျိုးနွယ်လဲ။ မိစ္ဆာမျိုးနွယ်ကပဲလား”
“ဟုတ်တယ်။ ငါ မိစ္ဆာဘုရင်ကြီးရဲ့ မြင့်မြတ်ကာကွယ်သူ (၈)ယောက်ထဲက တစ်ယောက်ပဲ”
ကျန်းဟူ မထီပြုံးပြုံးပြီး..
“မင်း ဘယ်လို အယုတ်တမာမျိုးလဲကွဟမ်။ မိစ္ဆာဘုရင်ရဲ့ နောက်လိုက်ခွေး သက်သက်ပဲ မဟုတ်ဘူးလား”
“မင်းကရော ဘာထူးလို့လဲ။ နတ်ဘုရားဘုရင်နဲ့ နတ်ဘုရားမျိုးနွယ်ရဲ့ နောက်လိုက်ခွေးပဲလေ”
“ကောင်းပြီလေ။ မင်းကို ငါ့အစွမ်းအစ မြည်းခွင့်ပေးလိုက်မယ်။ သတိထား”
ပြောပြီးတာနဲ့ လက်သီးတစ်ချက် ပစ်လိုက်တာ ရွှေရောင်စွမ်းအားတစ်ခု မီးခိုးရောင်ဝတ် လူဆီ အလင်းတန်းတစ်ခုလို ရောက်သွားတယ်။ အဲ့လူရဲ့ အနက်ရောင် မြူခိုးတွေက ကျန်းဟူရဲ့ တိုက်ကွက်ကို တားနိုင်ခဲ့လိုက်တယ်။
အဲ့အချိန်မှာပဲ အဘိုးကြီး (၅)ယောက်ကချိပ်စည်းကို ကျဉ်းသည်ထက်ကျည်းအောင်လုပ်ပြီး မီးခိုးရောင်ဝတ်လူကို အော်နေရတဲ့အထိ ချုပ်ထားလိုက်တယ်။ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်က မြူခိုးတွေ တဖြည်းဖြည်း နည်းလာတယ်။
“ကောင်းတယ်။ ငါ့သခင် နိုးလာတဲ့အချိန်ကိုသာ မင်းတို့လူသားတွေ စောင့်ကြည့်နေလိုက်။ ငါ့သခင်က မင်းတို့လို အောက်တန်းစားတွေကို အစေခံအနေနဲ့တောင် သုံးမှာမဟုတ်ဘူး”
မီးခိုးရောင်နဲ့လူ ခန္ဓာကိုယ်ကနေ အစိမ်းရောင်သွေးတွေ စီးထွက်လာရင်း ပစ်လဲကျသွားတယ်။
အဲ့တော့မှ အဘိုးကြီး(၅)ယောက် စိတ်သက်သာရာ ရသွားကြတယ်။
“ဒီကောင် တော်တော် အစွမ်းကြီးတာပဲ။ တကယ်လို့ သန့်ရှင်းသောဓားကြောင့် ဒဏ်ရာသာရမထားရင် ဘယ်လိုမှ ထိန်းနိုင်မယ်မထင်ဘူး”
“အဲ့လူကို ကြည့်ရတာ စစ်ဖုန့်ရီကို ပထမဆုံးတွေ့လိုက်ရတုန်းကနဲ့ တူနေသလိုပဲ”
ကျုပ်လဲ ကုန်းရုန်းထပြီး စုက္ကရေးကို တုတ်ကောက်လို ထောက်ထားလိုက်တယ်။ အစ်ကိုကြီး ကျန်းဟူ ပြာပြာသလဲ ကျုပ်ကို လာတွဲပေးတယ်။
“ကျန်းကုန်း မင်းဘယ်လိုနေသေးလဲ”
“ကျုပ် အဆင်ပြေတယ်။ နည်းနည်း ပင်ပန်းသွားယုံပါပဲ။ မိစ္ဆာမျိုးနွယ်ကို တစ်ချက်ကြည့်ပါရစေ”
ကျန်းဟူ ကျုပ်ကို တွဲပို့ပေးတယ်။ မိစ္ဆာမျိုးနွယ်ရဲ့ အကာအကွယ် မိစ္ဆာအငွေ့အသက်တွေ ပျောက်သွားပြီ။ သွေးစိမ်းတွေကနေ တဖြည်းဖြည်း အနီရောင်သန်းလာတယ်။
“အစ်ကိုကြီး ကျန်းဟူ။ ငါ့ကို တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအားနဲ့ နည်းနည်းလောက် ကူပေးအုံး”
ကျန်းဟူ ကျုပ်ကျောပြင်ပေါ် လက်တင်ပြီး နဂါးအမိန့်စိတ်ဝိညာဉ်စွမ်းအားတွေ သွင်းပေးလာတယ်။ သူအကူအညီနဲ့ပဲ မှော်စွမ်းအားဖြစ်အောင် အာရုံစိုက်ပြောင်းလိုက်တယ်။ ပြီးတော့ စုက္ကရေးကို ဝှေ့ရမ်းပြီး မိစ္ဆာမျိုးနွယ်လူဆီ အဖြူရောင်အလင်းတန်းတစ်ခု ပစ်လွှတ်ပေးလိုက်တယ်။
ကျန်းဟူ လန့်သွားပြီး..
“ကျန်းကုန်း ဘာလို့ သူ့ကို ကုသရေးမန္တန်သုံးပေးလိုက်တာလဲဟ”
ကျုပ်လဲ ဘာမှပြန်ပြောမနေတော့ဘူး။ မိစ္ဆာမျိုးနွယ်ရဲ့ ကာကွယ်သူဆိုတာကိုပဲ စိုက်ကြည့်နေလိုက်တယ်။ ပြန်လည်ကုသရေး မန္တန်ကြောင့် အဲ့လူမျက်နှာမှာ သွေးရောင်နည်းနည်းလွှမ်းလာတယ်။ ပြီးမှ မျက်လုံးပွင့်လာပြီး ခက်ခက်ခဲခဲနဲ့..
“မင်း… တို့ .. တွေ…”
“ခင်ဗျား ကြုံခဲ့ရတာတွေ ပြန်ပြောပြပေးနိုင်မလား..”
မိစ္ဆာမျိုးနွယ်ကာကွယ်သူရဲ့ အသားအရေတွေ ပြန်ကောင်းလာပြီး တဖြည်းဖြည်းနီမြန်းလာတယ်။ ဒါပေမယ့် ဒီဟာက ဆီးခမ်းကာနီး နောက်ဆုံးတောက်လောင်မှု ပုံစံဆိုတာ ကျုပ်သိလိုက်တယ်။
“အမှောင်ထုထဲကျနေတဲ့ ငါ့ကို ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ်။ ငါလဲ အစက တလူနိုင်ငံသားတစ်ယောက်ပါ”
“ခင်ဗျားဒဏ်ရာတွေ တော်တော် ပြင်းလွန်းတယ်။ အတွင်းအင်္ဂါတွေအကုန် စွမ်းအားကြောင့် ပျက်စီးသွားတာဆိုတော့ ပြန်ကောင်းမလာနိုင်တော့ဘူး။ ကျုပ်အလင်းမှော်နဲ့တောင် ခင်းဗျားကို ကယ်ဖို့နည်းလမ်း ရှာမရဘူး”
မိစ္ဆာမျိုးနွယ် ကာကွယ်သူ ခါးခါးသီးသီးပြုံးရင်းနဲ့..
“ငါ့အခြေအနေ ငါကောင်းကောင်းသိပါတယ်ကွာ။ ဒါပေမယ့် မသေခင်လေးမှာ အသိဉာဏ် ပြန်ရအောင် လုပ်ပေး တာနဲ့တင် ဝမ်းသာလှပါပြီ”
“ခင်ဗျားနာမည် ပြောလို့ရမလား။ ဘယ်လို ဘယ်ပုံ ဖြစ်သွားတာလဲ”
“ငါ့နာမည် လီသွမ့်ဝေပ တဲ့။ အစကတော့ တလူနိုင်ငံက သူကောင်းမျိုးနွယ် တစ်ယောက်ပေါ့ကွာ။ လွန်ခဲ့တဲ့ (၈)နှစ်လောက်က ငါအိပ်ပျော်နေတုန်း လေပြင်းတစ်ချက်တိုက် ရုတ်တရက် တိုက်လာတယ်။ အဲ့အချိန်တုန်းက ငါ့ကို ရုံးတော်ကနေ ခနခန ထုတ်ပယ်ခံနေရတာ။ ကြောက်တာက ကြောက်တာပဲ စိတ်ထဲရှိတာတော့ အကုန်ပြောမိတာပေါ့ကွာ။ မှိုင်းတိုင်းတိုင်းအသံတစ်ခုက ငါ့ဆန္ဒတွေ ဖြည့်စည်းပေးမယ်ပြောတယ်။ ငါလဲ လောဘဇောနဲ့ အလိုက်သင့် သဘောတူလိုက်တယ်”
လီသွမ့်ဝေပ စကားခနရပ်ပြီး အသက်ပြင်းပြင်း ရှူလိုက်တယ်။
သူ့အသက် နည်းနည်းလေး ဆွဲဆန့်နိုင်အောင် တိုက်ပွဲစိတ်ဝိညာဉ်သုံးဖို့ အစ်ကိုကြီးကျန်းဟူကို လက်ဟန်လှမ်းပြလိုက်တယ်။
ကျန်းဟူကူညီလိုက်တဲ့ တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအားနဲ့ လီသွမ့်ဝေပ နည်းနည်းလေး နေသာထိုင်သာ ရှိလာတဲ့ပုံပဲ။ ပြီးမှ ဆက်ပြီး..
“မိုးလင်းတော့ ငါလဲ အိပ်မက်ပဲထင်ထားတာ။ ဒါပေမယ့် ငါ့ဆန္ဒတွေ တကယ်ဖြစ်လာတယ်။ တစ်နှစ်ခွဲအတွင်း တလူနိုင်ငံထဲမှာ လေတွေကိုဆင့်ခေါ် မိုးတွေကိုတောင် ညွှန်ကြားနိုင်လောက်တဲ့အထိ အရေးပါ အရာရောက်တဲ့သူ ဖြစ်လာတယ်။ ငါ့စွမ်းအားတွေ အထွတ်အထိပ်ရောက်နေတဲ့အချိန် အုံမှိုင်းမှိုင်းအသံ ပြန်ပေါ်လာတယ်။ ငါ့ဆန္ဒတွေ ဖြည့်စည်းပေးပြီးပြီဆိုတော့ ငါ့ကတိတည်ရမယ့် အချိန်ရောက်ပြီလို့ပြောတယ်။ အဲ့တုန်းကဆို ငါလဲ ကြောက်လန့်ပြီး လုံးဝမကူညီနိုင်ဘူးလို့ ပြန်ဖြေလိုက်တယ်။ အရာအားလုံး ငါ့ကြိုးစားမှုကြောင့် ရတယ်လို့ပဲ ပြောလိုက်တာပေါ့။ အဲ့အသံပိုင်ရှင်က စူးစူးဝါးဝါးရယ်ရင်း ငါ့လိုလူမျိုးကို ပိုကြိုက်တယ်ဆိုပဲ။ ပြီးတာနဲ့ ငါလဲ မူးမေ့သွားရော။ ပြန်သတိရတဲ့အချိန် ငါ့အတိတ်က မှတ်ဉာဏ်တွေ အကုန်ပျောက်နေပြီ။ အဲ့အုံ့မှိုင်းမှိုင်းအသံနဲ့ဘူက ငါ့ဆရာဖြစ်တဲ့ မိစ္ဆာဘုရင် လို့ပဲ ငါသိထားတယ်။ ပြီးတော့ သူ့အမိန့်တွေ ဘယ်လိုမှ လွန်ဆန်လို့လဲ မရနိုင်ဘူး။ ဒါပေမယ့် နောက်ဆုံးတော့ ငါမသေခင်လေးမှာ ငါ့မူလအသိစိတ်လေး ပြန်ရခဲ့ပြီပေါ့”
“အခု ခင်ဗျား ဘာတွေလုပ်နေရလဲ”
“တကယ်တမ်းကျ အတိအကျလုပ်ရတာမဟုတ်ဘူးကွ။ လူသားမျိုးနွယ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ အတတ်နိုင်ဆုံး နှောက်ယှက်ဖျက်စီးဖို့တစ်ခုပဲ။ အစပိုင်း အဆင်ချောနေပေမယ့် မကြာပါဘူးကွာ ခုခံတိုက်ခိုက်မှုတွေနဲ့တွေ့ပြီး ဆင့်ခေါ်ထားတဲ့ မိစ္ဆာသတ္တဝါတွေ ခနလေးနဲ့ ပျောက်ကုန်တယ်။ ဒါကြောင့်မို့ ငါတို့လဲ ခုခံတဲ့သူတွေကို အပြီးပြတ် ချေမှုန်းဖို့ မိစ္ဆာသတ္တဝါတွေကို ထပ်ဆင့်ခေါ်နိုင်အောင် ငါတို့ရဲ့ စွမ်းအားတွေကို အကာအကွယ်ထဲမှာ နည်းနည်းပဲ သုံးထားမိကြတာ”
“ဒါဆို ခင်ဗျားအပြင် နောက်ထပ် ကာကွယ်သူတွေ ကျန်သေးတယ်ပေါ့”
“ဟုတ်တယ်။ ငါတို့တွေ ရန်သူအနေနဲ့ စတွေ့တုန်းက အကြီးမြတ်ဆုံး ကာကွယ်သူ (၈)ယောက်ထဲက တစ်ယောက်လို့ ပြောခဲ့သေးတယ်လေ။ ဒီတစ်ကြိမ် ငါတို့တွေအကုန်စုပြီး ဒီလေဟာနယ်လှိုင်ခေါင်းမှာ မန္တန်သုံးနေကြတာ။ ဒါပေမယ့် သန့်ရှင်းသောဓားရဲ့ အစွမ်းက အထဲမှာရှိတဲ့ မိစ္ဆာတွေကို အမှုန့်ချေပစ်လိုက်ပြီ။ ငါတစ်ယောက်ပဲ လွတ်လာတာ။ ကျန်တဲ့ ကာကွယ်သူတွေလဲ ငါ့လိုပဲ ကူလီကူမာ နည်းလမ်းနဲ့ တပါတ်ရိုက်ခံခဲ့ရသူတွေပဲ ဖြစ်လိမ့်မယ်”
အစ်ကိုကြီး ကျန်းဟူက..
“မိစ္ဆာဘုရင်ဘယ်မှာရှိတယ်ဆိုတာ သိလား။ သူ ဘယ်လောက်ထိ စွမ်းအားကြီးလဲ”
“ငါပြောရင် မင်းယုံမှာတောင်မဟုတ်ဘူး။ မိစ္ဆာဘုရင်ကို ငါတခါမှ မမြင်ဖူးဘူး။ ငါ့ကို မိန့်ပေးတိုင်း အုံမှိုင်းမှိုင်း အသံနဲ့ပဲ သုံးတာ။ ငါလိုမျိုး တခြားငယ်သားတွေ ဒါဇင်နဲ့ချီရှိတယ်ကွ။ အတိအကျ မသိပေမယ့် ငါ့ကို တစ်ခုခုခိုင်းတိုင်း နတ်ဆိုမျိုးနွယ်တွေနဲ့ တွဲလုပ်ခိုင်တယ်ကွ။ အခုဆို မိစ္ဆာဘုရင်ဆီမှာ ငါတို့ (၈)ယောက် အုပ်စုဆိုတာ အသေးအဖွဲ့အုပ်စုလေးပဲ။ နတ်ဆိုးဧကရာဇ်ကို ထိန်းချုပ်ဖို့အတွက် ပူးပေါင်းအကွက်ချနိုင်အောင် စွမ်းအားကြီးအဖွဲ့ဝင်တွေ နတ်ဆိုးမျိုးနွယ်ဆီ လွတ်လိုက်ပြီ”
ကျုပ်တို့အကုန်လုံး တော်တော်ကို တုန်လှုပ်သွားတယ်။ မူကျီက နတ်ဆိုးမျိုးနွယ်ရဲ့ မင်းသမီးလေ။ နတ်ဆိုးဧကရာဇ်ကိုသာ ထိန်းချုပ်သွားရင် မူကျီ အန္တရာယ်ရှိမရှိ ဘုရားပဲသိတော့မှာပေါ့။ ကျုပ်လဲ စိုးရိမ်တကြီးနဲ့.
“နတ်ဆိုးဧကရာဇ်ကို ထိန်းချုပ်ချင်တဲ့ ရည်ရွယ်ချက်က ဘာကြောင့်လဲ”
============= (*^*)=============
အပိုင်း( ၂၀၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား