နတ်ဆိုးမျိုးနွယ် မင်းသား
Vol. 14 Ch. 208
Child of light (ကျန်းကုန်း)
Volume 9: Chapter 2 - Prince of the Demon Race
ကျုပ်တို့နဲ့ သိပ်မဝေးတဲ့ နေရာတစ်ခုက လျှပ်စီးခံတပ်ရှေ့မှာ တန်းစီဆောက်ထားတဲ့ တဲတွေမှ တပုံတခေါင်းပဲ။ ကျုပ် ကျန်းဟူကို ကြည့်ပြီး..
“ဒါ နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်စခန်း ဖြစ်လိမ့်မယ်။ ကြည့်ရတာ မှော်ဝင်္ကပါ ငါတို့ကို နေရာမှန် ပို့လိုက်တဲ့ ပုံပဲ။ ငါတို့ကိုက ပိုမြင့်တဲ့ နေရာရောက်နေကြတာ.. ငါ တစ်ခု စဉ်းစားမိတယ်ကွ။ နတ်ဆိုးမျိုးနွယ် မြို့တော်ကို သွားတဲ့လမ်း ဘယ်သူသိလဲ”
အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြလေရဲ့။ ကျုပ်လဲ စိတ်ပျက်လက်ပျက်နဲ့.
“ငါမေ့သွားတာ။ ငါတို့ဒီကို ဘယ်လိုရောက်အောင် လုပ်ရမလဲဆိုတာပဲ အာရုံစိုက်ထားမိတာကိုက မကောင်းတာပဲ”
အရှေ့ဘက်တိုက်ကြီးက လူသားတွေ အနောက်ဘက်ခြမ်းကို မရောက်ခဲ့တာ နှစ်ပေါင်းဘယ်လောက်တောင် ကြာပြီတုန်း။ ဒီတော့ မြို့တော်ကို ဘယ်လိုလုပ်ရှာရမှာလဲလို့။
အဲ့အချိန်မှာပဲ မြင်းခွာသံတွေ ရုတ်တရက် ကြားလိုက်ရတယ်။ အဲဒါ နတ်ဆိုးနဲ့ သာရဲမဟာမိတ်က မြင်တပ်ဖွဲ့ ဖြစ်လောက်တယ်။
ကျန်းဟူ အံ့ဩတကြီးနဲ့..
“နတ်ဆိုးမျိုးနွယ်ကလဲ မြင်းတွေ စီးကြတာပဲလား။ အဲ့ကြောင်း ငါတစ်ခါမှ မကြားဖူးသေးဘူး”
ကျုပ်တို့ တည့်တည့်ကို တပ်သား (၆၀)(၇၀)လောက်ရှိတဲ့ အဖွဲ့တစ်ဖွဲ့ လာနေတာ။ နေရာကလဲ မြေပြန့် ဖြစ်နေတော့ ပုန်းစရာနေရာက မရှိဘူး။
“အားလုံး သတိထားကြ။ အပြောင်းအလဲ တစ်ခုခု လုပ်ဖို့လိုရင် တွန့်မနေကြနဲ့။ ဘယ်လို ခွေတွေကြက်တွေလို ကောင်တွေကြောင့်မှ အနှောက်အယှက် အဖြစ်မခံကြနဲ့”
ကျုပ်ကိုယ်တိုင် အမိန့်ပေးပြီးမှတော့ ရွေးစရာမရှိတော့ဘူး။ ကျုပ်တို့အောက်ဘက်က နတ်ဆိုးနဲ့ သားရဲမဟာမိတ်အဖွဲ့ကို သတိပေးမိသလို ဖြစ်သွားရင် ကျုပ်တို့ ဘယ်လောက် ကျွမ်းကျင်သူ ဖြစ်နေပါစေ၊ ထောင်နဲ့ချီတဲ့ မြင်းနဲ့ကောင်တွေကို ဘယ်လိုမှ ကိုင်တွယ်နိုင်မှာမဟုတ်ဘူးရယ်။ အချိန်မရတော့တဲ့ အတူတူ အရိုးရှင်းဆုံး နည်းလမ်းကိုပဲ သုံးရတော့မယ်။
ခနလေးနဲ့ မြင်းတပ်ကြီး ကျုပ်တို့ရှေ့ရောက်လာတယ်။ သူတို့မြင်းတွေက လူသားတွေရဲ့ မြင်းနဲ့ ကွာခြားတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ဒီမြင်းတွေက အရပ်ပိုမြင့်ပြီး ခန္ဓာကိုယ်တစ်ခုလုံး နက်ပြောင်နေရောပဲ။ တစ်ချက်ကြည့်လိုက်တာနဲ့ မြင်းကောင်းတွေဆိုတာ သိသာတယ်။ မြင်းစီး စစ်သားတွေမှာ ခရမ်းရောင် မျက်လုံးတွေနဲ့၊ ပြီးတော့ ခမ်းနားလွန်းတဲ့ ချပ်ဝတ်တွေလဲ ဝတ်ထားသေးတယ်။ သူတို့ ပုံစံကြည့်ရတာ ဓားသွားတမျှထက်ရှလွန်းတဲ့ အကြည့်တွေနဲ့ဆိုတော့ ပုံမှန်ထက် ပိုခန့်နေသလိုလို။ ဒါပေမယ့်လဲ သူတို့စွမ်းအား တော်တော်နည်းတယ်လို့ ခံစားနေရတယ်။ သူတို့ ရာထူးနဲ့ နောက်ကွယ်က စွမ်းအားကြားမှာ ကွာခြားချက် ရှိတဲ့ပုံပဲ။
ခပ်ခန့်ခန့်နဲ့ စစ်သည်တော်က..
“မင်းတို့ ဘယ်နယ်မြေကလဲ။ ဘာလို့ ဒီကို ရောက်နေတာတုန်း”
ကျန်းဟူ တခစ်ခစ် ရယ်ရင်း..
“မင်းကရော ဘယ်နယ်ကလဲ။ ကြည့်ရတာ ဆံပင်တောင် အပြည့်မပေါက်သေးဘူး။ မြင်းစီးနည်း အရင်သင်ထားတယ်ပေါ့လေ”
အဲလူနောက်က စစ်သည်တော်တွေ အကုန်တပြိုင်တည်း..
“ရိုင်းလိုက်တာ…”
သူတို့ အသံတွေ ပဲ့တင်တောင် ထပ်ပြီး ကျုပ်တို့ နည်းနည်း လန့်သွားတယ်။ ဒီအခြေအနေကို ကိုင်တွယ်နိုင်ဖို့ အစီအစဉ်တစ်ခု လျှပ်တပျက် တွေးလိုက်ရတယ်။
ကျုပ် စုက္ကရေးကို မြှောက်ပြီး..
“အဲ့ကောင်တစ်ကောင်ချန်ပြီး ကျန်တဲ့သူတွေအကုန် သတ်ပစ်လိုက်..”
ကျုပ်စကားကြားတော့ နတ်ဆိုးမျိုးနွယ်ထဲက ခပ်ခန့်ခန့်နတ်ဆိုးက မမျှော်လင့်ဘဲ သူ့လက်ထဲက ဓားနဲ့ လက်ခုတ်ချလာတယ်။
အရင်ဆုံး စလှုပ်ရှားတာ တုန်းရီဗျ။ သူ့နောက်ကျောမှာလွယ်ထားတဲ့ နတ်ဘုရားလေးကို ဖြုတ်လိုက်တယ်။ လေးညှို့ကို အသာဆွဲပြီး မြှားတွေ တစ်စင်စပြီးတစ်စင်း ပစ်ပြီး စစ်သည်တွေရဲ့ မျက်ခုံး နှစ်ခုကြားကို ပစ်ချနေနေတယ်။
“ရွှစ်… ရွှစ်… ရွှစ်….”
ကျုပ်တို့ (၁၂)ယောက်တည်းနဲ့ တိုက်ဝံ့တာ ရန်သူတွေမြင်တော့ မြင်းပေါ်က ခုန်ဆင်းပြီး ဓားတွေ ဆွဲထုတ်ရင်းနဲ့ ကျုပ်တို့ဆီ ပြေးဝင်လာကြတယ်။
အေးစက်စက် အကြည့်တွေနဲ့အတူ အဲ့ကောင်တွေကို လှောင်ရယ်နေလိုက်မိတယ်။ ကျုပ်တို့အားလုံး ကမ္ဘာကြီး တစ်ခုထဲမှာ နေကြတာ မှန်ပေမယ့် မင်းတို့ကို ငါမသတ်ရင် မင်းတို့ ငါ့ကို သတ်တော့မှာဆိုတော့လဲ စိတ်မကောင်းပါဘူးကွာ ပဲပေါ့။ ရန်သူတစ်ယောက်တော့ ဓားစာမိသွားလေရဲ့။
ကျန်းဟူနဲ့ ရှန့်ကျန်းတို့ကတော့ နတ်ဘုရား ရွာသားတွေကို ဦးဆောင်ထားတယ်။ ရန်သူတွေ ထင်ထားတာထက် စွမ်းအားပိုကောင်းနေကြတာပဲ။ ကျုပ် ဒီကောင်တွေကို မှော်ဓားတစ်လက်နဲ့ တွယ်လိုက်တာ (၇) (၈) ယောက်လောက် လွှင့်ထွက်သွားကြတယ်။ ဒဏ်ရာအပြင်းအထန်ရပေမယ့် တစ်ယောက်မှတော့ သေမသွားပါဘူး။
ကျုပ်လူတွေ စွမ်းအားကြောင့် ကျုပ် အံ့ဩရပေမယ့် သတ်ဖြတ်ချင်စိတ်တော့ လျော့မသွားဘူး။ မိစ္ဆာမျိုးနွယ် ခန့်ချောကောင်ကို အလင်းစက်ဝိုင်စတစ်ခုနဲ့ ကျုပ်လှမ်းပစ်လိုက်တယ်။ အဲ့ကောင် လန့်သွားပြီး..
“မင်းဘာလုပ်တာတုန်း..”
ဒီကောင် မမျှော်လင့်ဘဲ အချုပ်ခံလိုက်ရတယ်။ ကျုပ်လဲ စုက္ကရေးကို ဝှေ့ရမ်းရင်း အဲ့ကောင်ကို ဆွဲခေါ်လိုက်တယ် အံ့ဩဟန်နဲ့..
“ဒီကောင် ပန်းကနုတ်ခေါင်းအုံးကြီးလိုပဲဟ။ ကြည့်ကောင်းတာကလွဲပြီး အသုံးမဝင်ဘူး”
သူတို့ ခေါင်းဆောင်ကို ဖမ်းမိသွားတာမြင်တော့ နတ်ဆိုးမျိုးနွယ် (၆၀) (၇၀) လောက် ကမူးရှူးထိုး ဝင်တိုက်ကြတော့တာပဲ။
ကျန်းဟူ အာဗြဲကြီးနဲ့ အော်ရယ်လိုက်တယ်။ အပြာရောင် အလင်းတန်းတစ်ခုနဲ့အတူ စစ်ပွဲနတ်ဘုရား ချပ်ဝတ် ထုတ်သုံးလိုက်တယ်။ ပြီးတော့ ရန်သူတွေဆီ လျှပ်တပျက် တိုးဝင်သွားလေရဲ့။ ကျုပ်တို့နဲ့ ပါလာတဲ့ နတ်ဘုရားရွာသားတွေကလဲ နည်းမျိုးစုံနဲ့ ဝင်တိုက်ကြတယ်။ တုန်းရီရဲ့ ညှာတာမှုကင်းပြီး အေးစက်နေတဲ့ မြှားတွေအောက်မှာ အချိန်တိုအတွင်း နတ်ဆိုးမျိုးနွယ် (၆၀) – (၇၀)လောက်ကို သတ်ပြီး လေနတ်ဘုရား လေးကြီးကို အခန့်သား ကိုင်ထားလေရဲ့။ နတ်ဆိုးမျိုးနွယ် ခပ်ချောချောကောင်ရဲ့ မျက်နှာမှာ တွန့်သွားတာ မထင်မှတ်ဘဲ ကျုပ်မြင်လိုက်ရတယ်။
ခန့်ချော နတ်ဆိုးကောင် မျက်နှာဖြူရော်သွားပြီး..
“မင်း ဘာလိုချင်တာလဲ”
ကျုပ် သူ့ကို ငုံ့ကြည့်ပြီး..
“အဟီး.. ငါဘာမှ မလိုချင်ဘူး။ ဧည့်လမ်းညွှန် တစ်ယောက်လိုနေလို့ကွ။ မင်း အကူအညီပေးမယ် မို့လား”
နတ်ဆိုးကောင် လန့်သွားပြီး..
“ဧည့်လမ်းညွှန်ဆိုတာ ဘာကိုပြောတာလဲ”
ကျန်းကုန်း ရောက်လာပြီး..
“နတ်ဆိုးမျိုးနွယ်ထဲမှာ လည်ပတ်ဖို့အတွက် လမ်းပြတစ်ယောက်ပေါ့ကွာ”
နတ်ဆိုးမျိုးနွယ်ကောင် တလေးတနက် ဖြစ်လာပြီး..
“ငါ.. ငါက နတ်ဆိုးမျိုးနွယ် ဒုတိယ မင်းသားပါ။ မင်းငါ့ကို နာအောင်လုပ်ရင် တော်ဝင်အဖေက မင်းမိသားစုနဲ့ မျိုးဆက်(၉)ဆက်လုံးကို သုတ်သင်ပစ်လိမ့်မယ်နော်”
ကျန်းဟူနဲ့ကျုပ် တစ်ယောက်ကိုတစ်ယောက် အံ့ဩတကြီး ကြည့်လိုက်မိတယ်။ နတ်ဆိုးမျိုးနွယ်ရဲ့ ဒုတိယ မင်းသားက အဲ့လောက်တောင် ကြောက်တတ်တာလားဟ။
“မင်းကြောက်နေတာလား။ မင်းလုပ်ရပ်တွေကပဲ မင်းကို ကယ်နိုင်မျာကွ”
ကျုပ် တချက်စဉ်းစားသလိုလုပ်ပြီး..
“မင်းက နတ်ဆိုးမျိုးနွယ် ဒုတိယ မင်းသား ဟုတ်လား”
“ဟုတ်တယ်..”
“ဒါဆို ပိုကောင်းတာပေါ့ကွာ။ မိစ္ဆာဘုရင်နဲ့ ဆွေးနွေးတဲ့အချိန်ကျ နိုင်ကွက်တစ်ခု ရတာပေါ့ကွာ”
ဒုတိယမင်းသား လန့်သွားပြီး..
“ဆွေးနွေးမယ်… နိုင်ကွက် .. ဆိုတာဘာကိုပြောတာလဲ”
ဒီကောင် တော်တော် ဒုံးဝေးတဲ့ကောင်ပဲဗျ။
“မင်းငါ့ကို ကောင်းကောင်း ဆက်ဆံသင့်တယ်။ အမှန်အတိုင်းပြောရရင် ငါတို့တွေ နတ်ဆိုးမျိုးနွယ်က မဟုတ်ဘူးကွ။ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က မင်းအဖေနဲ့ ဆွေးနွေးဖို့။ မင်းနားလည်ပြီလား”
ဒုတိယ မင်းသား ကြောက်လန့် တကြားနဲ့..
“မင်း.. မင်းတို့…”
ကျန်းဟူက..
“မှန်တယ်။ ဒါကြောင့် မင်းငါတို့ကို ကြောက်နေယုံနဲ့ မင်းအဆင့်အတန်းတွေ အသုံးမဝင်ဘူး။ မင်းကောင်းကောင်း နေရင်တော့ မင်းအသက်ကို ချမ်းသာပေးမယ်”
ဒုတိယမင်းသား သူ့မှာပြန်လှန်နိုင်တဲ့ စွမ်းအားမရှိတော့ လေလျော့နေတဲ့ ပူပေါင်းတစ်လုံးလို ရှုံ့တွပြီး မကျေမနပ် ဖြစ်နေတယ်။
“မင်းတို့ ငါ့ကို ဘာလုပ်စေချင်တာလဲ။ ငါ့အသက်တော့ ချမ်းသာပေးကြပါ”
ကျုပ်စိတ်ထဲမှာတော့ မူကျီရဲ့ အစ်ကို(၂) ဒီလောက်တောင် ပျော့ညံ့ရလားလို့ သက်ပြင်းချနေမိလိုက်တယ်။ နတ်ဆိုးမျိုးနွယ် ဧကရာဇ်က မူကျီကို ဆက်ခံသူအဖြစ်ရွေးတာ အံ့ဩစရာမရှိတော့ဘူးပေါ့။
“မင်းအသက်ရှင်ချင်ရင် မင်းအပေါ်မှာပဲ မူတည်တယ်။ လောလောဆယ် နတ်ဆိုးမျိုးနွယ်ရဲ့ အဓိက အခြေအနေအနေတွေ အရင်ပြောပြကွာ”
“ငါတို့ နိုင်ငံကို အုပ်စု(၂)ခု ကွဲနေတယ်။ တစ်စုက လူသားမျိုးနွယ်ကို ကျူးကျော်ဖို့ကွ။ နောက် ရင်ကြားစေ့ရေး အဖွဲ့ကတော့ လူသားမျိုးနွယ်ကို ကျူးကျော်ဖို့အစီအစဉ် မရှိတဲ့အထိ ဖြစ်သွားကြတယ်”
“တိုက်ချင်တဲ့အဖွဲ့နဲ့ သင့်မြတ်ရေး အဖွဲ့ရဲ့ ခေါင်းဆောင်တွေက ဘယ်သူတွေလဲ”
It seemed that the Second prince saw his life in great importance. After hearing my question, he replied hastily, “The representatives of the group that wants to battle are my uncles, Demon King Sata and Demon King Xiu Yu. The representatives for reconciling are my sister Mu Zi, Teacher Ha Yan Zha and the Emperor’s son-in-law, Ke lun duo.”
ဒုတိယမင်းသား သူ့အသက်အတွက် အရေးကြီးတယ်ဆိုတာ သူသိသေးတယ်။ ကျုပ်မေးခွန်းကြားတော့ ချက်ချင်းကိုပဲ..
“စစ်တိုက်ချင်တဲ့အဖွဲ့ ခေါင်းဆောင်က ငါ့ဦးလေးတွေ။ နတ်ဆိုးဘုရင် စစ်တနဲ့ နတ်ဆိုးဘုရင်ရှို့သောင် တို့ပဲ။ ပေါင်းစည်းရေးအဖွဲ
I asked in astonishment, “Emperor’s son-in-law? What Emperor’s son-in-law?”
The Second prince replied in a daze, “Emperor’s son-in-law is definitely the husband of my sister.”
I asked anxiously, “How many sisters do you have?”
============= (*^*)=============
အပိုင်း( ၂၀၉ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား