← Chapters

စွမ်းအားကြီး အချစ်လုဘက်

Vol. 14 Ch. 209

စွမ်းအားကြီး အချစ်လုဘက်

Vol. 14 Ch. 209

Child of light (ကျန်းကုန်း)

Volume 9: Chapter 3 - A Powerful Love Rival

မင်းသား(၂)က..

“ငါ့မှာ ညီမ တစ်ယောက်ပဲရှိတာ မင်းမသိဘူးလား။ ငါက မင်းသားဆိုပေမယ့် ထီးနန်းဆက်ခံခွင့်ကျ ငါ့ညီမပဲရတာ။ တော်ဝင်အဖေက အစ်ကိုကြီးနဲ့ ငါ့ဆို့ ကြည့်ကိုမကြည့်ဘူး။ ညီမလေးရဲ့ (၁၀)ရာခိုင်နှုန်းလောက် ကောင်းပေးရင် ဘယ်လောက်ကောင်းမလဲဆိုပြီး ခနခန ပြောနေတာ”

ကျုပ် လုံးဝစိတ်လွတ်သွားတယ်။ မူကျီနဲ့ လက်ထပ်ပြီးသွားပြီလား။

“မူကျီ အိမ်ထောင် ကျသွားပြီလား”

မင်းသား(၂)မျက်လုံးတွေ အံ့အားသင့်ရာကနေ အရောင်တောက်လာတယ်..

“သူတို့တွေ တရားဝင် လက်မထပ်ရသေးဘူး။ ဒါပေမယ့် ငယ်ငယ်လေးကတည်းက စေ့စပ်ထားကြတာလေ။ ဒီစစ်ပွဲပြီးရင် သူတို့ လက်ထပ်ကြမှာပေါ့”

အဲ့စကားကြားမှပဲ ကျုပ်စိတ်တွေ နည်းနည်းငြိမ်သွားသလို ခံစားလိုက်ရတယ်။

“ခယ်လွင်သောင်က ဘာလုပ်တာလဲ။ လွှတ်တော်ကို ထိန်းချုပ်နိုင်လောက်တဲ့ လုပ်ပိုင်ခွင့်ရှိတာလား”‌ေ “ခယ်လွင်သောင် က တော်တော်ကို အထင်ကြီးဖို့ကောင်းတယ်။ ဒီကောင်က နတ်ဆိုးမျိုးနွယ်ရဲ့ ထိပ်တန်းစစ်သည်တော် ဖြစ်တဲ့အပြင် မှော်ပညာနဲ့ ကိုယ်ခံပညာတွေလဲ ကောင်းတယ်။ သူ့အကြောင်း ငါ့အဖေ ခနခန ချီးကျူးနေတာ။ ပြီးတော့ ဗိုလ်ချုပ်ကြီး ခယ်လီတိရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ ဆိုလဲ ဟုတ်တယ်လေ….. လယ်လီတိ ဆိုတာ ငါတို့နိုင်ငံမှာ အထင်ရှားဆုံး ထိပ်တန်းစစ်သူကြီးပေါ့။ အရှေ့ဘက် တိုက်ကြီးကို တိုက်ခိုက်မယ့် အပိုင်းမှာ ဒုတပ်မှူလေ ”

ကျုပ် ခေါင်းငုံ့ရင်း မူကျီရာ နင့်မှာ ရီးစားရှိတာ ဘာလို့ ထုတ်မပြောတာတုန်းဆိုပြီး တွေးနေမိတယ်။ လူသားမျိုးနွယ်နဲ့ ဆက်ဆံရေးမှာ ပြုပြင်ပြောင်းလဲဖို့ လှုံ့ဆော်တာ ကျုပ်ကြောင့် ဖြစ်လိမ့်မယ်။ ဒါဆို သူကျုပ်ကို ချစ်နေတုန်းပဲပေါ့။ ကျုပ်လဲ တွေးရင်းနဲ့ နည်းနည်းတော့ စိတ်ဓာတ် တက်ကြွလာမိတယ်။

“မင်းသိချင်တာတွေ ငါပြောပြီးသွားပြီ၊ ကျေးဇူးပြုပြီး ငါ့ကို သွားခွင့်ပေးပါ။ ငါမင်းကို တွေ့တဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောပါဘူး။ ကျိန်ဆို ကျိန်ရဲပါတယ်”

“မင်းလား ကတိတည်မှာ။ မင်းလိုကောင်က ကျိန်တယ်ဆိုတာလဲ ဘာမှ ထူးခြားသွားမှာ မဟုတ်ဘူး”

ကျုပ်စကားကြားတော့ မင်းသား(၂) နည်းနည်းပြာသွားပေမယ့် ဘာမှတော့ ဆက်မပြောတော့ဘူး။ မူကျီကြောင့်သာ မဟုတ်ရင် အဲ့ကောင်ကို သတ်မိလောက်တယ်။ ပြီးတော့ ဒီကောင် နည်းနည်းတော့ တန်ဘိုးရှိသေးတယ်။ နတ်ဆိုးမျိုးနွယ်ကို သွားရမယ့် လမ်းကြောင်း ကျုပ်တို့မသိဘူးလေ။ ဒီကောင်သာ လမ်းပြရင် ကျုပ်တို့အတွက် ပြီးပြည့်စုံသွားမှာ။ ဒါတွေ တွေးမိပြီး ကျုပ်အိတ်ထဲကနေ သာမန် အရပ်ဝတ်ထုတ်ပြီး မင်းသား(၂)ကို ဝတ်ခိုင်းလိုက်တယ်။

“မင်းနာမည် ဘယ်လိုခေါ်လဲ”

“ငါ့နာမည် စုဟေးမို..”

“ကောင်းပြီ။ အခုချိန်ကစပြီး မင်းကို စုဟေးလို့ ခေါ်မယ်။ ငါ့စကား နားထောင်။ ကိစ္စတစ်ချို့ ဖြေရှင်းဖို့ နတ်ဆိုးမျိုးနွယ်ထဲ ရောက်လာတာ။ မင်းစိတ်မပူနဲ့။ မင်းရဲ့ တော်ဝင်အဖေကို ငါတို့ မကောင်းကြံမှာ မဟုတ်ဘူး။ ဒီတော့ မင်းငါတို့ကို လမ်းပြပေးဖို့ မျှော်လင့်တယ်။ ဒီတာဝန် အောင်မြင်သွားရင် မင်းကို သေချာပေါက် လွှတ်ပေးမယ်။ တစ်ခုတော့ရှိတယ်နော် မင်း ထွက်ပြေးဖို့ စဉ်းတောင် မစဉ်းစားနဲ့။ မင်း ထွက်ပြေးဖို့ကြံတိုင်း မင်းလက်တစ်ချောင်း ငါဖြတ်ပစ်မယ်။ နားလည်လား”

စုဟေး စိတ်ပျက်လက်ပျက်နဲ့..

“မင်းက ဓားလိုပဲ။ ငါက ငါးတစ်ကောင်ဖြစ်နေတာကိုး။ ငါ့မှာ ဘယ်လိုလုပ် ငြင်းနိုင်မှာတုန်း။ ဒါပေမယ့် မင်းကိစ္စပြီးရင်တော့ ငါ့ကို ပြန်လွှတ်ပေးမှာ သေချာလား”

“ငါတို့လူသားတွေက သစ္စာအရှိဆုံးမို့ အဲ့အတွက် မင်းဘာမှ စိတ်ပူမနေနဲ့”

ကျုပ်ဒီကောင့်ကို စိတ်တိုတိုနဲ့ အော်ပစ်လိုက်တယ်။ နတ်ဆိုးတွေ ဝိုင်လာရင်တောင် ကြောက်မနေပါဘူး။

“ငါသာမမှားရင်း မင်းမှာ နတ်ဆိုးမျိုးနွယ် မြင့်မြတ်အလင်း အင်ပါယာ မြေပုံရှိတယ်မို့လား”

“ရှိတယ်။ ငါ့မှာရှိတယ်။ မြင်းကျောပေါ်မှာ”

ကျုပ် ခေါင်းညိတ်ပြီး ချီးမွမ်းလိုက်တယ်။ ဒီကောင် သုံ့ပန်းတစ်ယောက်လို နေတတ်သားပဲ။

ကျန်းဟူ မြင်းပေါ်ကနေ မြင့်မြတ်အလင်း အင်ပါယာ အသေးစိတ်မြေပုံ ထုတ်ယူလိုက်တယ်။

“အခုဆို ငါတို့တွေ လမ်းပျောက်မှာ မပူရတော့ဘူး။ ငါတို့တွေ မြေပုံရပြီဆိုတော့ ဒီကောင့်ကို သတ်လိုက်ရအောင်လေ”

ကျန်းဟူ စကားဆုံးတာနဲ့ ကျုပ်ကို အဓိပ္ပါယ် ပါပါ တစ်ချက် လှမ်းကြည့်တယ်။

ကျုပ်လဲ စဉ်းစားချင်ယောင် ဆောင်လိုက်တဲ့အချိန် စုဟေး ပြာပြာသလဲနဲ့..

“မင်း ငါ့ကို မသတ်ဘူးလို့ ပြေားထားတယ်လေ။ သူရဲကောင်းကြီးတွေအနေနဲ့ နိမ့်ကျတဲ့ ငါ့အသက်လေး ချမ်းသာပေးကြပါကွာ။ မင်းတို့ ခိုင်းသမျှ ငါလုပ်ပါ့မယ်”

ဒီကောင့်ကို အရင် မျက်မှောင်ကြုတ်ကြည့်ပြီးမှ ကျန်းဟူကို..

“ထားလိုက်ပါတော့။ ငါတို့ ဒီကောင့်ကို လမ်းညွှန်အနေနဲ့ပဲ ဆက်ထားလိုက်ကြတာပေါ့”

ကျန်းဟူ မျက်လုံးထဲမှာ စုဟေးကို မုန်းတီးတဲ့ အရိပ်အယောင်တွေနဲ့ သတိပေးလိုက်တယ်။

“ကောင်လေး။ ငါ့ညီကြောင့် မင်းကို ခန အသက်ရှင်ခွင့်ပေးလိုက်မယ်။ လမ်းမှာ လှည့်စားရဲ လှည့်စားကြည့်။ ဒီမှာ ကြည့်ထား”

“ဝုန်း……”

ပြောပြီးတာနဲ့ လက်တစ်ချက် အလှုပ်နဲ့ မြေကွက်လပ်ကြီးကို ရိုက်ချလိုက်တာဗျ။

စုဟေး အထိတ်တလန့်နဲ့..

“ငါ မလုပ်.. ငါမလုပ်ရဲပါဘူး။ ငါ့ကို မသတ်လို့ မင်းတို့ (၂)ယောက်ကို ကျေးဇူးလဲ တင်ပါတယ်”

အဲလို ခြိမ်းခြောက်ပြီးတာနဲ့ ထင်ထားသလိုပဲ စုဟေး တော်တော်ကို အပိုးကျိုးပြိး ကျုပ်တို့ကို လမ်းကြောင်းအတိုင်း သေချာ လမ်းပြမှာတော့ အသေအချာပဲ။

ပြန့်ကျဲနေတဲ့ ရန်သူ့အလောင်းတွေကို အားလုံးဝိုင်မပြီး ကျန်းဟူ လက်ဝါးစာမိထားတဲ့ တွင်းကြီးထဲပစ်ထည့်ပြီး တိုက်ပွဲ ခြေရာလက်ရာတွေ လက်စဖျောက်လိုက်ကြတယ်။

တုန်းရီက..

“ကျန်းကုန်း ဒီမြင်းတွေ ငါတို့ဘာလုပ်ကြမလဲ”

“တို့တို့ အကောင်းဆုံး မြင်းတွေ ရွေးကြလေ။ ဒါဆို ငါတို့တွေ ပိုမြန်သွားလိမ့်မယ်။ ကျန်တဲ့ မြင်းတွေတော့ လွှတ်ပေးလိုက်ကွာ။ ဒီအီးပေါလောကောင်ကို သယ်ပြီး ပျံသွားဖို့ မလွယ်ဘူးကွ။ ဘာပြောပြော ငါတို့တွေ ဒီကောင့်ကို ခေါ်လာတာ အချိန်ကုန်သက်သာမှာတော့ သေချာပါတယ်”

ကျုပ် စုဟေးပုခုံးကို သာဖိပြီး သူ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအားနဲ့ စိတ်ပွဲစိတ်ဝိညာဉ်ကို ချိတ်ပိတ်လိုက်တယ်။ ပြီးမှ ကျုပ် ရယ်ရယ် မောမောနဲ့..

“အခု မင်းကို ငါချိတ်ပိတ်ထားလိုက်ပြီ။ (၃)ရက် တစ်ကြိမ် ပြန်ဖွင့်ပေးဖို့ လိုလိမ့်မယ်။ မဟုတ်ရင် မင်း လူသား ခန္ဓာကိုယ် မြင်ဘူးလား။ အာ မဟုတ်သေးပါဘူး။ မင်းအနေနဲ့တော့ နတ်ဆိုးမျိုးနွယ်တွေ ခန္ဓာကိုယ် ပေါက်ကွဲ သေတာတော့ မြင်ဖူးမှာပေါ့”

“မင်း ပြောသမျှ ငါလုပ်ပြီးပြီလေ။ ချိတ်ပိတ်ထားဖို့ လိုလို့လား”

“ဒါ မင်းဆုံးဖြတ်ရမှာမဟုတ်ဘူး။ မင်းလုပ်ရမှာက နတ်ဆိုး မြို့တော်ဆီ အမြန်ဆုံးနည်းနဲ့ ငါတို့ကို ခေါ်သွားဖို့ပဲ”

နတ်ဆိုးမျိုးနွယ်နဲ့ စစ်မြင်းကြီးတွေ တော်တော်ကို မိုက်တာပဲ။ ခုန်ပေါက်နေတဲ့အချိန်မှာတောင် ငြိမ်နေရောပဲ။

“စုဟေး… မင်းအဖေ.. လက်ရှိနတ်ဆိုး ဧကရာဇ်က နတ်ဆိုးမျိုးနွယ်မှာ နံပတ်(၁) ကျွမ်းကျင်သူလို့ ငါကြားဖူးတယ်။ ဘာလို့ နောက်ထပ် ခယ်လွင်သောင် ရှိနေသေးတာလဲ”

“အဖေက နတ်ဆိုးမျိုးနွယ်ရဲ့ နံပတ်(၁) ကျွမ်းကျင်သူပဲလေ။ စစ်သည်တော်နဲ့ ပညာရှင်ဆိုတာ အဓိပ္ပါယ်မှ မတူတာ။ အရင်တုန်းက ငါတို့နဲ့ သားရဲမျိုးနွယ်တွေ ခနခန တိုက်ပွဲဖြစ်တယ်ဆိုတာ မင်းမသိဘူးလား။ ငါတို့တွေ မဟာမိတ်ဖွဲ့ပြီး အရှေ့ပိုင်းတိုက်ကြီးကို ကျူးကျော်ဖို့လုပ်မှ တိုက်ပွဲတွေ ရပ်သွားတာ။ အဲ့တိုက်ပွဲတွေမှာ အများကြီး စွမ်းဆောင်နိုင်ခဲ့လို့ ခယ်လွင်သောင်က ထိပ်တန်းစစ်သည်တော် ဖြစ်နေတာ။ အဲ့ကောင် အသက် (၁၆)နှစ်လောက်ကတည်းက စစ်မှုထမ်းခဲ့တာ။ အခုဆို အသက်(၂၇)နှစ်ရောက်ပြီ။ ပြီးတော့ သူတိုက်ခဲ့တဲ့ တိုက်ပွဲ ရာချီမှာ ရှုံးပွဲမရှိဖူးသေးဘူး။ ဒီကောင် သူ့မိသားစု နောက်ခံကိုလဲ အားမကိုးဘူး။ စစ်ပွဲက ကူညီမှုအမှတ်တွေစုပြီး နိမ့်ဆုံး စစ်သားအဖြစ်ကနေ စခဲ့ပေမယ့် ကြယ်စင်ကာကွယ်ရေးတပ်မှူး ဆိုတဲ့ ရာထူးအထိ ဖြည်းဖြည်းချင်း တက်လာတာ။ ပြီးခဲ့တဲ့နှစ် နန်းတွင်း ပြိုင်ပွဲမှာ ဒီကောင် ရှုံးပွဲမရှိဘဲနဲ့ ဘုရင်နဲ့ ခြေလှမ်း(၁၀၀) ချီးမြှင့်ခွင့်ရခဲ့တယ်။ တော်ဝင်အဖေရဲ့ ကျေးဇူးနဲ့ဆိုတော့ အခုလက်ရှိ ရာထူးထိ ရောက်သွားတဲ့အပြင် ညီမလေးနဲ့ စေ့စပ်ပေးခဲ့သေးတယ်လေ”

စုဟေး ရှင်းပြတဲ့အတိုင်းဆို ခယ်လွင်သောင်ဆိုတဲ့ကောင် တော်တော်ကို ထူးချွန်တဲ့အပြင် အခုဆို ကျုပ်နဲ့ အချစ်လုဘက်တွေ ဖြစ်သွားပြီ။ ကျုပ်တော်တော် ခံချိမခံသာ ဖြစ်ရတယ်ဗျ။

“မင်းညီမနဲ့ ခယ်လွင်သောင် ဆက်ဆံရေးကရော ဘယ်နှယ့်လဲ”

“မင်း ငါ့ညီမကို တော်တော် အလေးထားနေတယ် ထင်တယ်”

“ပေါက်ကရ စကားတွေ တော်လိုက်။ ငါမေးတာသာ သေချာဖြေ။ မင်း ဒုက္ခရောက်သွားချင်လို့လား”

“မဟုတ်.. မဟုတ်.. မရောက်ချင်ပါဘူး။ ငါပြောပြမယ်။ တကယ်တော့ ငါမပြောတောင် မင်းနားလည်မှာပါ။ ခယ်လွင်သောင်က စစ်ပွဲတွေမှာ အမြဲတိုက်ပွဲဝင်နေတာဆိုတော့ မြို့တော်မှာ မရှိသလောက်ပဲ။ ငါ့ညီမနဲ့ ခနတာလောက်ပဲ တွေ့ခွင့်ရတာ။ နောက်ပြိးတော့ သူပြန်လာတဲ့အချိန် ငါ့ညီမက တာဝန်တစ်ခုနဲ့ ခရီးထွက်သွားတယ်။ အခုတော့ မပြောတတ်ဘူး။ ငါ့ညီမ မြို့တော်ကိုပြန်ရောက် နေပြီလေ။ ခယ်လွင်သောင် ရုပ်ရည်က တော်တော် ကြည့်ကောင်းတဲ့အပြင် အစွမ်းလဲထက်တယ်။ သူ ငါ့ညီမကို ယုံကြည်ချက်ရှိရှိ လိုက်မယ်ဆိုရင် ဒီကောင့် အဆင့်အတန်းနဲ့ဆို ငါ့ညီမကို အပိုင်သိမ်းနိုင်မှာ သေချာတယ်”

============= (*^*)=============

အပိုင်း( ၂၁၀ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters