← Chapters

မြေဝက်ဝံ

Vol. 15 Ch. 212

မြေဝက်ဝံ

Vol. 15 Ch. 212

Child of light (ကျန်းကုန်း)

Volume 9: Chapter 6 - Earth Bear

စုဟေးရှက်ရှက်နဲ့..

“ငါတော့ မင်းကို ဘယ်လိုမှ ဖုံးထားလို့ မရဘူးပဲ။ ယဉ်ပါးအောင်လုပ်နိုင်တဲ့ ထိပ်တန်းအဆင့် နတ်ဆိုးသားရဲ တစ်ကောင်ပဲရှိတယ်။ အဲဒါလဲ နတ်ဆိုးဧကရာဇ်ရဲ့ သီးသန့်သားရဲ အမှောင်နတ်ဆိုးနဂါးလေ”

“အမှောင် နတ်ဆိုး နဂါး ဟုတ်လား..”

စုဟေး အလေးတနက်နဲ့..

“ဟုတ်တယ်။ ငါ့အဖေရဲ့နတ်ဆိုးနဂါးက နတ်ဆိုးမျိုးနွယ်ထဲမှာ လုံးဝကို နတ်ဆိုး အဆန်ဆုံးပဲ။ ဒါကလဲ မိုးမျိုးနွယ်စု ဧကရာဇ်ဖြစ်ရတဲ့ အဓိက အခန်းကဏ္ဍထဲက တစ်ခုပဲ”

တုန်းရီလဲ ဝင်ပြီး စပ်စုလိုက်သေးတယ်။

“အဲ့ အမှောင်နတ်ဆိုးနဂါးက တော်တော် အစွမ်းထက်တာလား”

စုဟေး တလေးတစား ပုံစံနဲ့..

“အမှောင် နတ်ဆိုး နဂါးက အဆင့်မြင့်ဆုံး နတ်ဆိုးသွေးမျိုးဆက်ပဲ။ မီတာ(၁၀၀)လောက်ရှည်ပြီး ကောင်းကင်နဲ့ မြေပြင်ကိုတောင် ဖျက်စီးနိုင်လောက်တဲ့ အစွမ်းရှိတယ်။ ဒီကောင်ကြီးက ငါ့အဖေအပေါ် အကျွင်းမဲ့ သစ္စာရှိတဲ့အပြင် အန္တရာယ် အာရုံခံနိုင်စွမ်း အရမ်းမြင့်တယ်။ တစ်ယောက်ယောက်ကသာ နတ်ဆိုးဧကရာဇ်ကို လုပ်ကြံချင်ရင် အရင်ဆုံး သူ့ကို ကျော်ဖြတ်နိုင်မှ ရလိမ့်မယ်။ ပြီးခဲ့တဲ့ အနှစ်(၂၀)အတွင်း ငါ့တော်ဝင် အဖေကို လုပ်ကြံဖို့ အကြိမ်(၁၀၀)လောက် ကြိုးစားကြတာ ဘယ်သူမှ မအောင်မြင်လိုက်ဘူး”

“အမှောင်နတ်ဆိုးနဂါးကို တခြားနဂါးတွေနဲ့ ယှဉ်ရင်ရော ဘယ်လိုနေလောက်မလဲ”

စုဟေး ခေါင်းကုတ်ပြီး..

“ငါမှ တခြားနဂါးတွေ မမြင်ဖူးတာကို။ ဒါပေမယ့် တကယ့်နဂါးတစ်ကောင် ဆိုလဲ မယှဉ်နိုင်လောက်ထူး ထင်တယ်။ သူ့အစွမ်းကို သုံးတာ တစ်ခါပဲ မြင်ဖူးသေးတယ်။ အဲ့တုန်းကဆို မြို့တော် တစ်ခုလုံး အမှောင်ထဲ ဖုံးသွားလိုက်တာ။ တော်တော်ကို ကြောက်ဖို့ကောင်းတဲ့ မြင်ကွင်းပါကွာ”

“ခယ်လွင်သောင်က နတ်ဆိုးဧကရာဇ်ကိုယ်စား လုပ်ကြံမှု (၁၀၀)ခုခံနိုင်ခဲ့တယ်ပေါ့”

“မင်းတွေးသလိုမဟုတ်ဘူး။ ငါပြောတဲ့ အကြိမ်(၁၀၀)ဆိုတာ အမှောင်နဂါး ဝင်တောင် မပါခဲ့ဘူး။ နတ်ဆိုးဧကရာဇ် ကိုယ်တိုင်တောင် အမှောင်နဂါးကို အနိုင်မယူနိုင်လောက်ဘူး”

နတ်ဆိုးနဂါးအကြောင်းပြောတော့ ကျုပ်တော်တော်ကို စိတ်ဝင်စားမိတာဗျ။ တော်ဝင်အဖေလို့ မပြောဘဲ နတ်ဆိုး ဧကရာဇ်လို့ ပြောလိုက်မိတာ ကျုပ်သတိမထားမိလိုက်ဘူး။

“ဝုန်း.. ဝုန်း..”

မြေကြီးက ရုတ်တရက် တော်တော် တုန်သွားတယ်။ တုန်းရီက ..

“အမြန် ကြည့်လိုက်ကြ…”

အာရုံစိုက်ပြီးလမ်းကြည့်လိုက်တော့ ကျုပ်တို့ ဖြတ်ခဲ့တဲ့ လမ်းတလျှောက်မှာ ဖုန်တွေ တလိပ်လိပ် တက်နေတယ်။ အရှိန်က အဲလောက်အမြန်ကြီး မဟုတ်ပေမယ့် စွမ်းအားကတော့ လန့်လောက်စရာပဲ။ အနားနီးလာတာနဲ့အမျှ တော်တော်ကို လေးမယ့်ပုံနဲ့ ချပ်ဝတ်တွေနဲ့ ဝက်ဝံအုပ်ကြီးကို မြင်လိုက်ရတယ်။ ဝက်ဝံတစ်ကောင် သူ့လက်ထဲက လှံကြီးကို မြှောက်လိုက်တာနဲ့ အုပ်စု နှစ်ခု ခွဲထွက်လာပြီး ကျုပ်တို့ကို ဝိုင်းလိုက်ကြတယ်။ ထွက်ပြေးဖို့ ဆိုတာလဲ နောက်ကျသွားပြီပေါ့။

“ဒီ ဝက်ဝံအုပ်စု လက်စားချေဖို့ ရောက်လာတာထင်တယ်”

ကျန်းဟူ စွမ်းအင်ငွေ့တွေ တစ်လူလူထုတ်နေရင်း ပြောလာတယ်။

ကျုပ်လဲ သူနဲ့ ကျောချင်းကပ်ပြီး..

“အစ်ကိုကြီး ဒီလောက် အလျင်မလိုနဲ့အုံး။ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ နည်းနည်း စောင့်ကြည့်ရအောင်။ ဒီကောင်တွေ ဘာတွေ ကြံနေလဲ သိချင်သေးတယ်”

ဝက်ဝံတွေဆိုတာ တိုက်စစ်ရော ခံစစ်ပါ အစွမ်းရှိတယ်ဆိုပေမယ့် ကျုပ်တို့ အင်အားနဲ့ ဖောက်ထွက်ဖို့ ခက်စရာ အကြောင်းမရှိဘူးရယ်။

စုဟေးက..

“အဲဒါ မြေတံတိုင်း ဝက်ဝံတွေရဲ့ ကိုယ်ရံတော် (၅၀၀)ကွ။ မင်းငါ့ကို ကာကွယ်ပေးမှ ရမယ်နော်”

ပြောပြီးတာနဲ့ ကျုပ်တို့ကြားထဲဝင်ပြီး ပုန်းနေပါလေရော။

မြေတံတိုင်းဝက်ဝံက (၄)မီတာလောက် မြင့်တာပဲ။ ခန္ဓာကိုယ် တော်တော်သန်မာတဲ့ပုံတဲ့ တစ်ကောင်ထဲ တည်းတည်းကြီး လှောက်လာတယ်။

“ငါ့ ငယ့်သားတစ်ယောက်ကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ သူရဲကောင်းက ဘယ်သူလဲ”

ကျန်းဟူ ရှေ့ထွက်ပြီး..

“အဲဒါ ကျုပ်ပဲ။ မင်း လက်စားချေချင်တာမို့လား။ ဒါဆို ငါ့ဆီလာခဲ့လိုက်”

ဝက်ဝံကြီးက..

“ငါလာတာ လက်စားချေဖို့ မဟုတ်ဘူး။ ငါ့ငယ်သားတွေဆီကနေ ရန်ဖြစ်ခဲ့တဲ့ အကြောင်းကြားလိုက်ရတယ်။ အဲ့ဒါ ငါ့ကို တော်တော် အထင်ကြီးသွားမိတဲ့ အထိပဲ။ ဒါကြောင့်မို့ ငါမင်းနဲ့ လက်ရည်စမ်းကြည့်ချင်တယ်”

ကျန်းဟူ တော်တော် အံ့ဩသွားတယ်။ ဒီဝက်ဝံ ဘာလို့ ဒီလောက် ယဉ်ကျေးနေပါလိမ့် ပေါ့လေ။ တကယ်တော့ ပြိုင်ဖက်ရဲ့ လေးစားမှုရလိုက်ရတာကိုက သူ့အစွမ်းအစပဲလေ။

ကျန်းဟူက..

“မင်းငါ့ကို ဒီလိုကြီး တိုက်ချင်နေတာလား။ မင်း ဒီလောက်အင်အား ခေါ်လာလဲ ကြောက်နေမယ် ထင်လို့လား။ လာပါ။ မင်းတို့ မြေတံတိုင်းဝက်ဝံတွေ ဘယ်လောက် အစွမ်းရှိတယ်ဆိုတာ ငါ့ကို ပြပေးပါအုံး”

“ဒါဆို မင်းငါ့နာမည် ကြားဖူးပြီးသားပေါ့။ ငါတို့တွေ တပ်ဆုတ်ပြီး တိုက်ပွဲမြူခိုး အင်ပါယာကို ပြန်မလို့ တပါတည်း ခေါ်လာတာကွ။ တခြားရည်ရွယ်ချက် မရှိပါဘူး။ မြင့်မြတ်အလင်းကိုလာတာ သံတမန် ကိစ္စ သက်သက်ပါကွာ”

ကျုပ် လျှောက်ထွက်သွားပြီး..

“မင်း ငယ်သားက ငါတို့ကိုအရင် ရန်စတာနော်။ ဗိုလ်ချုပ် ကျုပ်တို့ကို အနှောက်အယှက် မပေးဖို့ တောင်းဆိုပါရစေ”

ဝက်ဝံကြီးက..

“ငါ မင်းတို့ကို နှောက်ယှက်ချင်တာ မဟုတ်ပါဘူးကွာ။ ငါက အဲ့ဒီ ညီနောင်နဲ့ လက်ရည်စမ်းချင်ယုံပါ။ ငါတို့ အဆင့်မှာ ပြိုင်ဖက်တွေ့ဖို့ မလွယ်ဘူးကွ”

တုန်းရီက..

“ဘယ်လိုမျိုး ပြိုင်ဖက်မရှိတာလဲ။ မင်းတို့ ဝက်ဝံဘုရင် လေ့ကျင့်ပေးနိုင်တာပဲ မဟုတ်ဘူးလား”

မြေတံတိုင်း ဝက်ဝံကြီး အမူအရာပြောင်းသွားပြီး ရှက်နေတဲ့ ပုံစံနဲ့..

“အဲ့လူက အရမ်းကြောက်စရာကောင်းတယ်ဟ။ ငါနောက်ထပ် နှစ်နည်းနည်းလောက် ရှင်ချင်သေးတယ်။ လောလောဆယ် သူနဲ့ပဲ လက်ရည်စမ်းချင်စိတ် ပြင်းနေလို့ပါကွာ”

သူ့ပုံစံက တော်တော်ကို ရိုးသားတာကြောင့် ကျုပ်လဲ သူ့အပေါ် အမြင်ပြောင်းသွားတယ်။

ကျန်းဟူက..

“ဒီလိုကိုး။ ဒါဆိုလဲ စမ်းကြတာပေါ့ကွာ…”

ကျုပ်လဲ ကျန်းဟူကို ကပ်ပြီး..

“အစ်ကိုကြီး။ သူ မြေကမ္ဘာမှော်ကိုသုံးမှာဆိုတော့ မင်းမြေပြင်ကို ဂရုစိုက်မှ ရမယ်နော်”

ကျန်းဟူ ခေါင်းညိတ်ပြရင်း ကျောပေါ်က ဓားကိုဆွဲထုတ်လိုက်တယ်။

ပတ်ပတ်လည်က မြေတံတိုင်းဝက်ဝံ ငယ်သားတွေ လက်ထဲက လှံတွေမြှောက်ပြီး (၃)ကြိမ်တိတိ အော်သံ ပေးလိုက်ကြတယ်။ သူတို့ ဘာကို ဆိုလိုမှန်း ကျုပ်လဲမသိဘူး။ ဝက်ဝံကြီးက..

“ဒီလှံက (၉၉)ကီလိုလေးပြီး လှပသော အေးခဲရာ လို့ခေါ်တယ်”

ဝက်ဝံကြီး သူ့လှံကို အဲလိုမျိုး နာမည်တောင် ပေးထားလိမ့်မယ် ထင်မထားမိဘူး။ ဝက်ဝံကြီး လှံကို ဝှေ့ယမ်းလိုက်တာနဲ့တင် ပတ်ဝန်းကျင်တစ်ခုလုံး စွမ်းအားတွေ ပျံ့နှံ့သွားတယ်။ ဒီနေတော့ ကျန်းဟူလဲ ပြိုင်ဖက်ကောင်းနဲ့ တွေ့လို့ သူ့အမူအရာတော်တော် လေးနက်နေတာ တွေ့တယ်။

ဝက်ဝံကြီး အသံကျယ်ကျယ်ပေးပြီး သူ့လှံကြီးနဲ့ လှမ်းရိုက်လိုက်တယ်။ ကျန်းဟူ ခြေနဲ့ ကန်ထုတ်ပြီး ညာဘက်ခြမ်းကို အမြန်ရှောင်သွားတယ်။

“လှံကိုကြည့်..”

ဒီကောင်ကြီး အရှိန်အဟုတ်က ကျုပ်တို့အားလုံး အံ့ဩကုန်တဲ့အထိပဲ။ ကျန်းဟူလဲ တုန်လှုပ်ပြီး လေထဲကို ခုန်ရှောင်ရင်း ကောင်းကင်တခွင်လုံး ပြည့်လုမတတ် ဓားချီတွေနဲ့ လှမ်းတိုက်လိုက်တယ်။

“ရွှီး… ရွှီး… ရွှီး…”

တိုက်ပွဲစိတ်ဝိညာဉ်တွေ မြောက်ဝံကြီးဆီကို ထောင်နဲ့ချီတဲ့ ရွှေရောင်လှိုင်းတွေလို စုပြုံရောက်ပြီး ပေါက်ကွဲသွားတယ်။

ဝက်ဝံကြီး သူ့လှံအလေးကြီးကို မြေပြင်ပေါ် ပွတ်ဆွဲရင်း..

“ကောင်းတယ်။ ကမ္ဘာမြေ ဒိုင်းကာ…”

သူ့လှံကြီးကို သုံးပြီး မြေတံတိုင်းတစ်ခု ဖန်တီးလိုက်တယ်။

“ဖြူး.. ဖြူး.. ဖြူး…”

အသံတွေ အဆက်မပြတ်ထွက်နေပါရော။ ဝက်ဝံကြီး တံတိုင်းလဲ ကွဲသွားရောက် အစ်ကိုကြီး ကျန်းဟူရဲ့ တိုက်ကွက်လဲ ရပ်လိုက်တယ်။ ကျန်းဟူ သူ့ပြိုင်ဘက်ကို ဆက်တိုက်ဖို့ လျှို့ဝှက်တိုက်ကွက်တွေ မသုံးတာ ထူးဆန်းတယ်လို့ ခံစားနေရတယ်။ အဲ့တုန်းကဆို ကျန်းဟူကိုယ်တိုင်ပဲ ပြိုင်ဖက်နဲ့တွေ့ရင်း အကောင်ဆုံး အနိုင်ယူဖို့က ပြိုင်ဘက်ရဲ့ ဟာကွက်တွေကို အကောင်းဆုံးအနိုင်ယူဖို့လို့ ပြောခဲ့သေးတာလေ။

ဝက်ဝံကြီးက..

“ကောင်းလိုက်တဲ့ လေ့ကျင့်သား။ ဒီတိုက်ကွက်ကို ငါမခုခံနိုင်တော့လုလုပဲဟေ့”

ကျန်းဟူက..

“မင်း ရွဲ့စောင်းပြောမနေနဲ့တော့။ ငါ့ရဲ့ တိုက်ကွက်ကို လက်ခံကြည့်စမ်း။ ပယင်းရောင်ခုတ်ချက်”

ကျန်းဟူ သူ့ဓာကို အောက်စိုက်ထားပြီး တဖြည်းဖြည်းနဲ့ မြှောက်လိုက်တယ်။ ပတ်ဝန်ကျင်က လေလှိုင်းတွေ သူ့ဆီ စုလာပြီး ဓားလဲ တဖြည်းဖြည်း တောက်ပလာတယ်။ အဲ့ထဲကို တိုက်ပွဲစိတ်ဝိညာဉ်တွေလဲ ဆက်တိုက် ထည့်ပေး နေတာဆိုတော့ ဓားက ကြီးကြီးလာတယ်။

ဝက်ဝံကြီး အကြည့်တွေ ပုံမှန်မဟုတ်တော့ဘဲ တော်တော် လေးနက်သွားတယ်။

“မဟာပထဝီ။ ကျုပ်ရှေ့က ရန်သူကို ချေမှုန်းဖို့အတွက် အပြင်းထန်ဆုံး စွမ်းအားတွေ သုံးနိုင်အောင် သင်ရဲ့ သစ္စာရှိကျွန်ကြီးကို စွမ်းအားတွေ ပေးသနားပါအုံး။ ဝက်ဝံအာဏာပိုင်နယ်မြေ”

ဒါ မှော်ပညာမဟုတ်ပေမယ့် မှော်ပညာကို သိုင်းပညာနဲ့ ပေါင်းသုံးထားတာဆိုတာ ကျုပ်သိတယ်။ သူ့လှံကြီးကို မြှောက်လိုက်တာ ခန္ဓာကိုယ်က အမွှေးတွေတောင် ထောင်လာတယ်။ မြေဓာတ်အဝရာအလင်းတန်းတွေ လှံထိပ်မှာ တောက်ပလာပြီး အလင်းလုံးကြီးတစ်ခု တဖြည်းဖြည်းပေါ်လာတယ်။

အဲ့အချိန်မှာ ကျန်းဟူလဲ ခေါင်းပေါ်ထိ ဓားကို မြှောက်ထားရင်း ဝက်ဝံကြီးနဲ့ တိုက်ဖို့ သူ့မှော်ပညာနဲ့ တိုက်ပွဲစိတ်ဝိညာဉ် ပေါင်းစည်းမှုလဲ ပြီးသွားပြီ။

============= (*^*)=============

အပိုင်း( ၂၁၃ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters