မိစ္ဆာမျိုးနွယ်တို့၏ စားဖွယ်ကောင်း
Vol. 15 Ch. 213
Child of light (ကျန်းကုန်း)
Volume 9: Chapter 7 - The Demon Race’s "Gourmet Food"
စုစည်းထားသမျှ စွမ်းအားတွေ ပစ်ထုတ်ရင်း တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြတယ်။ အဝါရောင်အလင်းတန်းနဲ့ ရွှေရောင်တောက်တောက် အလင်းတန်းဓားတစ်ချောင်း လေထဲမှာ တိုက်မိသွားကြတယ်။ စွမ်းအားတွေအကုန်လုံး တစ်ချိန်တည်း တစ်ပြိုင်တည်း တွေ့သွားပုံပဲ။ အချိန်တောင် တစ်စက္ကန့်လောက် ရပ်သွားသလား အောင့်မေ့ရတယ်။
အဲ့နေရာကို ဗဟိုပြုပြီး စွမ်းအားကြီးတစ်ခု ပေါက်ကွဲသွားတယ်။ ကျန်းဟူရော ဝက်ဝံကြီးပါ ပေါက်ကွဲအားကြောင့် လွင့်ထွက်သွားကြတယ်။ သူတို့ကို ကာကွယ်ဖို့ အလင်းတံတိုင်းတစ်ခုနဲ့ ကာကွယ်ပေးလိုက်ရင်း…
“အားလုံး သတိထားကြ….”
မြေပြင်လဲ ငလျှင်တွေလှုပ်ပြီး ခနလောက်ကြာမှ ငြိမ်သွားတော့တယ်။ အစောက ပေါက်ကွဲအားအရှိန်ကြောင့် မီးတောင်ထိပ်ဝကြီးတစ်ခု ပေါ်လာတယ်။ ကျန်းဟူနဲ့ ဝက်ဝံကြီးကတော့ မီးတောင်ဝ တစ်ဖက်စီမှာ ပြားပြားဝပ်နေကြရင်း ညီးတွားနေကြလေရဲ့။
ပတ်ပတ်လည်က ဝက်ဝံစစ်သားတွေလဲ ပေါက်ကွဲစွမ်းအားကြောင့် ညစ်ပတ်ပေရေနေကြရင်း တုန်နေကြလေရဲ့။
ကျုပ်တို့နောက်မှာ ပုန်းနေတဲ့ စုဟေးမျက်နှာမှာ ရူးသွပ်သွပ်အငွေ့အသက်တွေ အပြည့်ပဲ။ ဒီလက်ရည်စမ်းပွဲက စွမ်းအားတွေ စွဲလန်းသွားတာ သေချာလောက်တယ်။
ဝက်ဝံကြီးက..
“ကောင်းတယ်ကွာ။ အရမ်းသဘောကျတယ်။ အရင်က ဒီလိုမျိုး တခါမှကို မကျေနပ်ဖူးသေးဘူး”
ကျန်းဟူကတော့ ခပ်ပြုံးပြုံးနဲ့ပဲ..
“မင်း ထပ်တိုက်ချင်သေးလို့လား”
ဝက်ဝံကြီး ခေါင်းယမ်းရင်း..
“ငါ့အတွက်တော့ လုံလောက်ပြီကွ။ မင်းတို့ နတ်ဆိုးမျိုးနွယ်မှာ တိမ်တွေကိုတောင် ဖြတ်နိုင်လောက်တဲ့ ကျွမ်းကျင်သူတွေ ရှိလိမ့်မယ်လို့ ထင်မထားမိဘူး။ ဒါတောင် မင်းခွန်အားတွေ ထိန်းထားသေးတယ်မို့လား။ မင်းအချိန်ရှိလို့ အခွင့်အရေးကြုံရင် ငါတို့ ဝက်ဝံခေါင်းဆောင်နဲ့ လာပြီး လက်ရည်စမ်းသင့်တယ်ကွ။ သူလဲ တော်တော် စိတ်လှုပ်ရှားမှာ သေချာတယ်ဟေ့”
ဝက်ဝံကြီးရဲ့ ရိုးသားတဲ့ ဟန်ပန်တွေကြောင့် ကျန်းဟူလဲ သူ့အပေါ် အကောင်းမြင်စိတ်တွေ တိုးလာတယ်။
“ကောင်းပြီလေ။ ငါ အခွင့်အရေးကြုံရင် ဝက်ဝံဘုရင်ရဲ့ စွမ်းအားတွေ သေချာပေါက် သိအောင်လုပ်အုံးမယ်”
ဝက်တံကြီး ဂါရတစ်ချက်ပေးပြီး..
“ညီနောင် တစ်နေ့နေ့ ပြန်စုံကြသေးတာပေါ့။ ငါ့ကောင်တွေ သွားရအောင်ဟေ့”
ပြောပြီးတာနဲ့ လှည့်ပြီး တလွှားလွှာနဲ့ ထွက်သွားကြရော။
ကျုပ်လဲ ကျန်းဟူဆီ လျှောက်လာပြီး..
“ဒီကောင်ကြီး တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ မိတ်ဆွေကောင်း တစ်ယောက်ကွ”
ကျန်းဟူ ပြုံးရင်းနဲ့..
“ဟုတ်တယ်ကွ။ သူ့ရိုးသားပုံကိုက ချစ်ဖို့ကောင်းနေတာ။ ငါ့အတွက်တော့ ဒီကောင်ကြီးက ပြိုင်ဖက်ကောင်း ရှာရင်း အထီးကျန်ဆန်တယ်လို့လဲ ခံစားရတယ်”
တုန်းရီ၊ ကျန့်ရှန်နဲ့ တခြားရွာသွားတွေ တော်တော်ကို ရိုကျိုးသွားတဲ့ပုံပဲ။ ကျန်းဟူက..
“မင်းတို့တွေ ငါ့ကို အဲလိုကြည့်မနေကြနဲ့တော့။ ငါ့ကို ရင်ခုန်အောင် လုပ်မနေကြနဲ့။ မင်းတို့ထဲမှာလဲ ဝက်ဝံကြီးထက် စွမ်းအားနည်းတဲ့သူ တစ်ယောက်မှ မပါဘူးရယ်”
စုဟေးက..
“ဝါး.. အစ်ကိုကြီး ငါမင်းကို လေးစားသွားပြီ။ ငါ တကယ်ကိုပဲ အဆုံးမရှိ လေးစားတာပါကွာ”
“မင်းရဲ့ မြှောက်ပင့်ပေးတတ်တဲ့ စွမ်းရည်ကို နည်းနည်းလေး ထပ်ကျင့်လိုက်မယ်ဆို ပိုကျွမ်းကျင်လာလိမ့်မယ်”
“ငါ.. ငါ… ငါ…”
“ပါးစပ်ပိတ်ထား။ ငါတို့ ခရီးဆက်ဖို့ ပြင်ကြတော့”
စုဟေး လန့်သွားပြီး..
“အစ်ကိုကြီး အနားမယူတော့ဘူးလား။ ငါတို့တွေ လောစရာမှ မရှိတာကို”
“မင်းက အစ်ကိုကြီး ကျန်းဟူကို တော်တော် အထင်သေးတာပဲ။ ဒီလောက်ကတော့ သူ သွေးပူယုံပဲ ရှိသေးတယ်”
“ကျန်းကုန်း မင်းငါ့အကြောင့် တော်တော်သိတာပဲ။ ညီနောင်တို့ သွားကြရအောင်ဟေ့။ ခရိးဆက်ဖို့ အချိန်ကျပြီ”
(၂)ရက်လောက်ကြာတော့ ကျုပ်တို့တွေ ပထမဆုံးအကြိမ်အဖြစ် နတ်ဆိုးမျိုးနွယ် အစားအစာတွေ မြည်းခါင့်ရလိုက်မှ မူကျီ ဘာလို့ လူသားအစားအစာတွေ ကြိုက်ရတယ်ဆိုတာ သဘောပေါက်တော့တယ်။ နတ်ဆိုးမျိုးနွယ် စားစရာဆိုတာ ပုံမှန် အသားတုံးတွေပဲဗျ။ ဒါတောင် ကျုပ်တို့ ဝင်ခဲ့တာ အဆင့်မြင့် စားသောက်ဆိုင်နော်။ သူတို့ လုပ်ထားတဲ့ အစားအသောက်တွေက အရိုးခြောက်တွေနဲ့ ပေပွနေတော့ အားလုံးတောင် တံတွေးထွေးလိုက်မိကြတယ်။ နောက်ဆုံးတော့လဲ ဗိုက်ပြည့်ဖို့အရေး ကျုပ်ယူလာတာတွေပဲ ထုတ်စားရတော့တာပ။ေစုဟေး မဲ့ရွဲ့ပြီး..
“အစ်ကို ငါတို့ နတ်ဆိုးမျိုးနွယ်တွေရဲ့ စားဖွယ်တွေ မင်းတွေ့ပြီမို့လား”
သူဘာပြောပြော ဂရိုစိုက်နေဖို့ အချိန်ကို မရှိပါဘူးဗျာ။ ကျုပ်ယူလာတဲ့ ရိက္ခာ ဘယ်နှစ်ရက်လောက် ခံနိုင်အုံးမလဲပဲ တွက်နေမိတာ။
“နတ်ဆိုးမျိုးနွယ်မှာ စားပင်သီးပင်တွေ မရှိလို့လား”
“နတ်ဆိုးမျိုးနွယ် နယ်မြေအများစုက မြေဆီမြေနှစ် ခန်းခြောက်နေကြတာ။ ငါတို့ပိုင်တဲ့ တစ်ချို့ နယ်မြေလေးတွေမှာပဲ စိုက်မျိုးနိုင်တဲ့အပြင်း များသောအားဖြင့် နတ်ဆိုးသားရဲတွေအတွက် အစာကျွေးဖို့လောက်ပဲ ရတယ်လေ။ မင်းပြောတဲ့ စားပင် သစ်ပင်ဆိုတာ ငါဖြင့် ကြားကို မကြားဖူးသေးဘူး။ နတ်ဆိုးဧကရာဇ် နေရာမှာတော့ ရှိကောင်းရှိမှာပေါ့”
သူ့စကားကြားတော့ ကျုပ်တို့တွေ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြတယ်။ နတ်ဆိုးမျိုးနွယ်တွေရဲ့ ဘဝက တော်တော်ကို ကြမ်းတမ်းလွန်းတာပဲ။ ကျုပ်လဲ အသက်ပြင်းပြင်းရှူရင်း..
“ဒီနေရာမှာ မင်းတို့ဘဝတွေ တော်တော်ကို ကြမ်းတမ်းတာပဲ။ တစ်ကမ္ဘာလုံးသား ငြိမ်းချမ်းသွားရင် ငါတို့တွေ မင်းတို့နတ်ဆိုးမျိုးနွယ်ဆီကို အစားအသောက်တွေ လဲပေးလို့ရတာပေါ့။
စုဟေး မျက်လုံးတွေ အရောင်တောက်သွားပြီး..
“မင်း ဘာကိုပြောချင်တာလဲ။ ပြဿနာက…. ။ အေးလေ အဲလိုဖြစ်သွားရင်တော့ အကောင်းဆုံးပေါ့။ မဖြစ်နိုင်ဘူး ဆိုတာလဲ ငါသိပါတယ်။ ပထမဆုံး မင်းက လူသားမျိုးနွယ်ကိုယ်စား မဆုံးဖြတ်နိုင်သေးသလို၊ ငါလဲ နတ်ဆိုးမျိုးနွယ်ကိုယ်စားလှယ် မဟုတ်ဘူးလေ။ နတ်ဆိုးမျိုးနွယ်နဲ့ လူသားတွေကြားက အမုန်းတရားက နှစ်ထောင်ချီနေပြီ။ အဲ့မျိုးနွယ်(၂)ခု ဆက်ဆံရေး ပြောင်းလဲပစ်ဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူး”
“ငါတော့ မင်းကို အသုံးမကျတဲ့ မင်းသားတစ်ယောက်လို့ မမြင်မိဘူး။ မင်းက နက်နက်နဲနဲ စဉ်းစားနိုင်တဲ့ အုပ်ချုပ်သူကောင်း တစ်ယောက်ပဲ”
စုဟေး သူ့စကားတွေ မှားသွားတာ သတိထားမိလိုက်တာနဲ့ အလျှင်စလိုပဲ..
“ဒီ ရက်စက်မှုတွေ ခနထားလိုက်ပါအုံး။ မင်းပဲစဉ်းစားကြည့်လေ။ ငြိမ်းချမ်းရေးကို မလိုချင်တဲ့သူ ရှိလို့လား။ အထူးသဖြင့် ငါတို့လူမျိုးတွေအတွက် ကမ္ဘာကြီးပေါ်မှာ သင့်မြတ်နေရင် အကောင်းဆုံးပဲပေါ့။ ဒါဆို ငါတို့တွေ လူသားမျိုးနွယ်နဲ့ အတူတူနေပြီး အစားကောင်းတွေ စားလို့ရပြီပေါ့။ အဟီး…”
ဒီကောင် သူ့ပုံစံအမှန် ပြန်ပေါ်လာပြန်ပြီ။ အရင်က အကောင်းမြင်ထားတာတွေတောင် ပြန်ပျောက်သွားတယ်။ ကျုပ်လဲ စုက္ကရေးကို ကိုင်ရင်း..
“ထားလိုက်တော့။ ငါကိုယ်၌က လေတွေ တော်တော်ဖြုန်းမိသွားတာပဲ။ သွားကြစို့ဟေ့။ ထွက်ဖို့ အချိန်တန်ပြီ”
စုဟေးကတော့ ရယ်ယုံရယ်နေပြီး ဘာစကားမှ မပြောတော့ဘဲ ထရပ်ပြီး စားသောက်ဆိုင်က ထွက်လာခဲ့လိုက်ကြတယ်။
လမ်းလျှောက်ရင်းနဲ့..
“အခုအချိန်ကစပြီး အစားအသောက်တွေ ချွေတာမှ ရတော့မယ်။ မဟုတ်ရင် ဒီနတ်ဆိုးမျိုးနွယ် အစားအစာတွေကိုပဲ စားရတော့မယ် ထင်တယ်”
ကျန်းဟူ တခစ်ခစ်ရယ်ရင်း..
“မလိုပါဘူးကွာ။ သူတို့တွေ မချက်တတ် ကြလို့သာ အစားအသောက်တွေ ဒီလောက် ဆိုးရွားလွန်းနေတာရယ်”
“အစ်ကိုကြီး.. မင်း ချက်နည်းပြုတ်နည်းတွေ သိနေလို့လား”
ကျန်းဟူ သူ့ရင်ဘတ်ကိုသူ ခပ်ဖွဖွ ပုတ်ပြရင်း..
“ဘာလဲ၊ မင်းက မယုံလို့လား။ ငါဘာလုပ်ခဲ့ဖူးတယ်ဆိုတာ မင်းမေ့သွားပြီလား။ ဓားပြတစ်ယောက်အနေနဲ့ ငါတို့မှာ အသက်ရှင်သန်ဖို့ နည်းလမ်းတွေ ဘာလို့ ချို့တဲ့မှာတုန်းဟ။ နောက်တခါ စားချိန်ရောက်ရင် ငါဘာလုပ်ပေးနိုင်လဲဆိုတာ မင်းစောင့်ကြည့်လိုက်လေ။ ဒါပေမယ့်…. နတ်ဆိုးသားရဲ ဖမ်းဖို့တာဝန်ကတော့…”
ကျန့်ရှန် ကျုပ်အဖြေတောင်မစောင့်ဘဲ..
“ငါ ငါ ငါ.. မင်းသာ ချက်တတ်တယ်ဆိုရင် ဖမ်းပေးဖို့တာဝန် ငါယူတယ်”
စုဟေးဘက်လှည့်ပြီး..
“နတ်ဆိုးသားရဲတွေ ရှိတဲ့နေရာ မင်းသိလား”
စုဟေး ခေါင်းညိတ်ရင်း…
“တောင်ပေါ်က သစ်တောကြီးတွေမှာ နည်းနည်းတော့ သေချာပေါက်ရှိတယ်။ ဒါပေမယ့် အဲ့ကောင်တွေ တော်တော်ကြမ်းတယ်နော်။ ဘာဖြစ်ဖြစ်ပါ မင်းတို့နဲ့ ယှဉ်ရင်တော့ ဘာမှ မဟုတ်ပါဘူး”
ကျပ် မြေပုံ ထုတ်ကြည့်ပြီး..
“ဒီတောင်ပေါ်က သစ်တောနေရာကို ပစ်မှတ်ထားလိုက်မယ်လေ။ ဒါမှ ငါတို့အတွက် ရိက္ခာ လုံလောက်မှာ။ အစ်ကိုကြီး ငါမင်းကို အားကိုးလိုက်မယ်နော်”
“စိတ်မပူနဲ့။ မင်းလျှာမင်း မှားမကိုက်မိအောင်သာ သတိထားစား။ ကျန်တာ ငါ့တာဝန်ပဲ”
============= (*^*)=============
အပိုင်း( ၂၁၄ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား