← Chapters

အမြီး(၆)ခု နတ်ဆိုးမြေခွေး

Vol. 15 Ch. 214

အမြီး(၆)ခု နတ်ဆိုးမြေခွေး

Vol. 15 Ch. 214

Child of light (ကျန်းကုန်း)

Volume 9: Chapter 8 - Six Tailed Demon Fox

တောင်ပေါ်သွားဖို့ စိတ်ကူးပြီးမှတော့ တောင်ပေါ်မတက်ခင် မြင်းတွေအတွက် ကြိုပြီး အစီအစဉ်တွေ လုပ်ရတော့တယ်။ ဘာမဟုတ်တာလေးနဲ့ ငွေတော်တော်ကုန်သွားလိမ့်မယ်လို့ကို မထင်မိဘူး။ ပိုင်ရှင်ကတော့ ကျုပ်တို့မြင်းတွေ တော်တော်ရှားတယ်ပြောတယ်။ ကျုပ်တို့ မြင်းတွေ အကုန်လိုချင်တယ်ဆိုပဲ။ ဒီလိုသာ အစကသိခဲ့ရင် ဟိုမြင်းတွေ လွှတ်မပေးလိုက်ပါဘူးဗျာ။

တောင်တက်လမ်းလေးအတိုင်း ကွေ့ဝှိက်လျှောက်လာရင်း..

“မြေပုံအရဆို ဒီတောင်ကို ဖြတ်သွားရင် မြို့တော်ဆီသွားမယ့် လမ်းကြောင်း တော်တော် တိုသွားမှာ”

စုဟေး ခေါင်းညိတ်ပြီး..

“ဟုတ်တယ်။ အဲဒါ (၃)ရက်စာလောက်ကို ခရီးတိုသွားမှာ။ ဒါပေမယ့် တောင်ပေါ်လမ်းဆိုတော့ သွားရလာရ ခက်လို့ ဒီလမ်းကြောင်းကို မသုံးကြသလို၊ အစွမ်းထက် နတ်ဆိုးသားရဲတွေနဲ့လဲ ကြုံရနိုင်တယ်လေ”

“ဘာပဲဖြစ်ဖြစ်လေ။ ငါတို့ကို ကောင်းကောင်း လမ်းမပြရင် အဲ့နတ်ဆိုးသားရဲကောင်နဲ့တွေ့လို့ကတော့ မင်းကို အရင်ချကျွေးလိုက်မှာပဲ။ အဟွင်း… အားလုံးကတော့ မင်းအပေါ်ပဲ မူတည်တယ်”

စုဟေး မချိပြုံးပြုံးရင်း..

“ငါသိပါပြီကွာ။ ငါ့ကို ဖြဲမခြောက်ကြပါနဲ့။ ဒီလိုသာဆို ငါနှလုံးဖေါက် သေလိမ့်မယ်”

“ဟန်ဆောင်မနေနဲ့။ ဟွင့်…”

ကျုပ်ပြောတဲ့ အချိန်မှာကိုပဲ စုဟေး မျက်လုံးတွေ အရောင်လက်နေတာ အမှတ်တမဲ့ မြင်လိုက်ရသေးတယ်။ ပြီးတော့ အဲ့ကောင် ထိန်းမနိုင် သိမ်းမရ မျက်ရည်ဖြိုင်ဖြိုင် ကျနေပြန်ရော။

ကျုပ်လဲ စုဟေးကို လှမ်းပြီး ပါးရိုက်လိုက်မှပဲ စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်သွားတော့တယ်။

“အင်း….”

ဒီကောင် ကျုပ်ကို မှုန်ကုတ်ကုတ်နဲ့ ကြည့်ပြီး..

“မင်းဘာလုပ်တာတုန်း”

“ဘာကြည့်တာတုန်း။ မင်းငါတို့နဲ့ ရှိနေတဲ့အချိန် ကိုယ့်ကိုကိုယ် သေချာထိန်းထား။ မင်းသာ ဒုက္ခပေးရင် တအား ပျော်ဖို့ကောင်းသွားလိမ့်မယ်”

စုဟေးကတော့ သူ့ကိုယ်သူ အဟုတ်မှတ်ပြီး..

“အမျိုးကောင်းသားမှန်ရင် ယဉ်ကျေးပြီး ပညာရှိတဲ့ မိန်မတို့ကို ရာကုန်ရာ၏။ အမျိုးသမီးတို့၏ ရုပ်ရည်သည် တင့်တယ်ကုန်၏။ ခန္ဓာကိုယ် အချိုးအစားသည်လည်း ပြီးပြည့်စုံ၏။ အိုး ဟို… ရှယ်ပဲ။ သူနဲ့သာ အတူရှိနေရရင်…. အိုက် ယိုး.. မင်း ငါ့ကို ဘာလို့ ရိုက်တာတုန်း..”

“ဒါ အလင်းတန်း တစ်ခုနဲ့ သတိပေးယုံပဲ။ နောက်တခါ အဲ့အမျိုးသမီးကို ထပ်ကြည့်မနေနဲ့တော့”

ကျုပ်ဖိအားတွေကြောင့် စုဟေး ခေါင်းငုံ့ထားတယ်။ နတ်ဆိုးမျိုးနွယ်ကောင်မလေး ကျုပ်တို့အနားကို ရောက်လာတယ်။ နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်ထက် ပိုချစ်ဖို့ကောင်းတာပဲ။ ကျုပ်တို့တွေ စုဟေးလိုပဲ အဲ့ကောင်မလေးကို လိုက်ကြည့်နေမိလိုက်တယ်။

နတ်ဆိုးမျိုးနွယ် ကောင်မလေး မူကျီလောက် မလှပေမယ့် သူ့ခန္ဓာကိုယ်ကောက်ကြောင်းတွေက အားလုံးကို တော်တော်ဆွဲဆောင်နိုင်တာပဲ။ သူကလဲ ကျုပ်တို့ကို ကွေ့ဝိုက်ပြီး လျှောက်နေတာ။ သူတစ်လှမ်းလျှောက်တိုင်း တင်၊ ရင် လှုပ်ရှားမှုတွေက ပုရိသတွေအတွက် အကြီးအကျယ် စွဲမက်စရာပါဗျာ။

သူ ကျုပ်တို့ကို ဖြတ်သွားပြီးတာတောင် ကျုပ်တို့အကြည့်တွေ မခွာနိုင်သေးဘူး။ အဲ့မိန်းကလေး သမင်လည်ပြန်ကြည့်ပြီး တခစ်ခစ်ရယ်ရင်း ကျုပ်တို့ရဲ့ မသေမျိုးဝိညာဉ်(၃)ခုနဲ့ သေမျိုးပုံစံ(၇)ခု နှိုးစွလာတယ်။

ရုတ်တရက် ကျပ်ခေါင်းထဲ စူးကနဲ နာသွားတယ်။ ဘယ်ဟာက ဖေါက်သွားမှန်းကို မသိလိုက်ဘူးရယ်။ ကျုပ်လဲ လန့်ပြီး စိတ်တွေ ရှင်းထုတ်လိုက်တယ်။ ကျုပ်ကျင့်ကြံအားနဲ့ ဒီလောက်ထိ စွဲလန်းတယ်ဆိုတာ မဖြစ်သင့်ဘူးလေ။

“မကောင်းတော့ဘူး.. အားလုံးသတိထား။ ဒါ နတ်ဆိုးသားရဲတစ်ကောင်ဟ”

ကျုပ်အသံထဲမှာကို မှော်စွမ်းအားတွေနဲ့မို့ ကျန်တဲ့သူတွေလဲ အသိစိတ်ကပ်လာကြတယ်။

ကျန်းဟူတောင် နဖူးပေါ်က ချွေးတွေ သုတ်ရင်းနဲ့..

“တော်တော် အစွမ်းထက်တာပဲကွ..”

ကျုပ်လူတွေ တုန်လှုပ်နေသလို သူလဲပဲအံ့ဩတဲ့ ပုံစံ ပေါ်လာတယ်။

“ကျွန်မရဲ့ ပြစ်မျိုးမှည့်မထင် ရပ်သွင်ကို မြင်ပြီးတာတောင် သူတို့အာရုံတွေ ပြန်ရသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး”

ကျုပ်လဲ သန့်ရှင်းသောဓားစွမ်းအားကို အသာလေး ဖြန့်ခွဲလိုက်တယ်။ ကောင်းကင်တခွင်က အလင်းရောင်တွေ ကျုပ်ရင်ဘတ်ကို ချက်ချင်းရောက်လာတယ်။ အဲ့နတ်ဆိုးမ အလှလောက်နဲ့ ကျုပ်ကို လွှမ်းမိုးနိုင်ဖို့ဆိုတာ မဖြစ်နိင်တော့ဘူး။

“နတ်ဆိုးမ နင်ကောင်းကောင်း မနေချင်တော့ဘူးထင်တယ်။ နင် ငါတို့ကို ဘာကိစ္စ ဆွဲဆောင်ဖို့ ကြိုးစားနေတာလဲ”

“ငါ ဗိုက်ဆာလို့ပါ”

သူ့အသံကိုက နုညံ့သိမ်မွေ့မှုနဲ့အတူ စွဲမက်စရာ စွမ်းအားတစ်ခု တိုးဝင်လာသလိုပဲ။ ကျုပ်လဲ အေးစက်စက် တစ်ချက် အော်ပြီး သန့်ရှင်းသောဓားစွမ်းအားနဲ့ ပေါင်းစပ်ထားတဲ့ အလင်းကွန်ချာတစ်ခုနဲ့ လှမ်းပစ်လိုက်တယ်။

ကောင်မလေး လန့်သွားပြီး ဆက်မြူဆွယ်ရဲတော့ဘဲ ကျုပ်တိုက်ကွက်ကို တားဖို့ရာ အနက်ရောင်အလင်းတန်း တစ်ခုနဲ့ ပစ်လွှတ်လာတယ်။

သန့်ရှင်းသောဓားရဲ့ အစွမ်းတွေမှာ အမှောင်မှော်ပညာတွေကို နှိမ်နင်းတဲ့ အစွမ်းပါတော့ သူ့တန်ပြန်တိုက်ကွက်က အရာမရောက်ပါဘူး။ သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေက သူ့အမှောင်မှော်ပညာကို ဘာမဟုတ်သလိုထိုးဖောက်ပြီး အဲ့ကောင်မလေးကို ချုပ်ထားလိုက်တယ်။

အဲ့ကောင်လလေး အလင်းကွန်ချာကို အစွမ်းကုန် ခုခံရုန်းကန်ရင်း တော်တော်လန့်သွားပြီး လူသားဘာသာစကားနဲ့ပဲ ..

“လူသားမျိုးနွယ်ရဲ့ အလင်းမှော်ပညာ.. နင် နင် နတ်ဆိုးမျိုးနွယ် မဟုတ်ဘူးလား”

“ငါတို့ လျှို့ဝှက်ချက် သိသွားမှတော့ မင်းကို လွှတ်ပေးအုံးမယ် ထင်နေလား”

ကျုပ်လဲ အေးစက်စက်အမူအရာပြောင်းပြီး သူ့နားကို လျှောက်သွားလိုက်တယ်။

ကျန်တဲ့သူတွေလဲ ခြောက်ခြားစွဲမက်စရာ အနေအထားကနေ အခုမှနိုးလာပြီး တော်တော်ကို တုန်လှုပ်သွားကြတယ်။ ဒီလောက် မြင့်မြင့်မားမား ကျင့်ကြံထားတာတော် အဲ့ကောင်မလေးလက်ထဲမှာ အသတ်ခံရလုနီးနီးပဲလေ။

အလင်းကွန်ချာက ဆက်တိုက် တင်းကျပ်လာတယ်။ ကောင်မလေးလဲ ဝမ်းနည်းတကြီး အော်ရင်း သူ့ပုံစံ ပြောင်းသွားတယ်။ အားလုံးရဲ့ အံ့ဩတကြီး မျက်လုံးတွေအောက်မှာ အမြီး(၆)ခု မြေခွေးမလေး ဖြစ်သွားတယ်။ စုဟေး အလန့်တကြားနဲ့..

“သန္ဓေပြောင်း နတ်ဆိုးမြေခွေးပါလား”

“သူလဲ နတ်ဆိုးသားရဲပဲလား”

စုဟေး ခေါင်းညိတ်ရင်း..

“သူ မခံနိုင်တော့ဘူးကွ။ မင်းတိုက်ကွက်ကို နည်းနည်းလေး လျော့ပေးလို့ ရမလား”

ကျုပ်လဲ အလင်းကွန်ချာကို သေချာလေး ပြန်ညှိပေးလိုက်တယ်။

စုဟေးက..

“ဒီလို သန္ဓေပြောင်းနိုင်တဲ့ နတ်ဆိုးသားရဲတွေ တော်တော်ရှားတယ်။ ဒီလိုနေရာမှာ တွေ့လိမ့်မယ်လို့ကို ထင်မထားမိဘူး”

“ဒီ သန္ဓေပြောင်း နတ်ဆိုးသားရဲနဲ့ မှော်သားရဲတွေကြားမှာ ဘာတွေကွာခြားလဲ”

စုဟေး ခေါင်းညိတ်ရင်း..

“တစ်ခုတော့ ကွာတယ်ကွ။ သန္ဓေပြောင်းသားရဲရဲ့ အကြောက်စရာအကောင်းဆုံးက ဉာဏ်ရည်တွေ သိသိသာသာ တိုးသွားတဲ့ ဉာဏ်ရည်မြင့် နတ်ဆိုးသားရဲတွေ ဖြစ်သွားတာ။ လက်ရှိ သူက အမြီး(၆)ခုနဲ့ဆိုတော့ (ခ)အဆင့် နတ်ဆိုးသားရဲဆိုပေမယ့် သာမန် (ခ)အဆင့် နတ်ဆိုးသားရဲတွေထက် ဉာဏ်ရည်ပိုကောင်းလိမ့်မယ်။ အမြီး(၉)ခုထိအောင် သန္ဓေပြောင်းသွားရင်တော့ (က)အဆင့် နတ်ဆိုးသားရဲဖြစ်သွားလိမ့်မယ်။ အဲ့အချိန်ကျရင်တော့ ဒီလိုမျိုး လွယ်လွယ်နဲ့ ကိုင်တွယ်နိုင်မှာ မဟုတ်တော့ဘူး”

“ဒီ နတ်ဆိုးမြေခွေးက ဘယ်လိုတိုက်ခိုက်တာ ထူးချွန်လဲ”

“ထူးထူးခြားခြားတော့ မတိုက်ခိုက်နိုင်ဘူး။ သူ့အမြီးဖျားက ဆူးတွေမှာ အဆိပ်ပြင်းပြင်းပါတယ်ဆိုပေမယ့် မသေနိုင်နိုင်ဘူး။ ထုံထိုင်းသွားယုံလောက်ပဲ။ ထူးခြားချက်က ပုံစံမျိုးစုံပြောင်းနိုင်တယ်။ အသံတုမျိုးစုံ လုပ်နိုင်တယ်။ အရင်တုန်းကဆို နတ်ဆိုးသားရဲတွေထဲမှာမှ အလှဆုံးသားရဲမျိုးနွယ်ထဲကနေ သန္ဓေပြောင်းလာတာ။ ငါတို့ကို သွေးဆောင်ပြီး အဆိပ်ဆူးနဲ့ ထိုးလိုက်တာနဲ့ ငါတို့တွေ သွေးထွက်လွန်ပြီး သေသွားလိမ့်မယ်”

“ဒီကောင်တွေ တော်တော် ရက်စက်တာပဲ”

“ဒီလိုနေရာမှာ ဘာလို့ ဒီလိုနတ်ဆိုးသားရဲရှိနေတာလဲ ဆိုတာ သိချင်လိုက်တာ။ တခြားအသက်ရှိတွေလဲ သူ့လိုပဲ ဆင့်ကဲပြောင်းလဲခြင်းတွေ ဖြစ်နေလောက်ပြီ။ ရိုးရာအတိုင်း ပြောရရင် မျိုးသုန်းသင့်တာ ကြာပြီကွ။ ကောင်ကင်ဘုံ ဒေါသအမြက် ကြီးစေတဲ့အထိ ရက်စက်လွန်းကြတယ်လေ။ ပြီးတော့ သူ့အဆင့်အတန်းလို မွေးဖွားနိုင်တဲ့ နတ်ဆိုးမြေခွေး အရမ်းနည်းလွန်းတယ်။ လောလောဆယ် ငါတို့တွေ စုံစမ်းလို့ရသမျှမှာ ငါတို့ နတ်ဆိုးသားရဲစာရင်းတွေအရ အမြီး(၁)ခုမြေခွေးတွေပဲ တွေ့တယ်”

ကျုပ်လဲ နတ်ဆိုး မြေခွေးဆီ လျှောက်သွားရင်း အေးစက်စက်နဲ့..

“မင်း ဒီလောက် ဆိုးသွမ်းနေမှတော့ ဘယ်လိုမှ ခွင့်မလွှတ်နိုင်တော့ဘူး။ မဟုတ်ရင် အပြစ်မဲ့ သူတွေ ဘယ်လောက်တောင် သတ်ပစ်လိုက်မလဲဆိုတာ ငါလဲ မမှန်းတတ်တော့ဘူး”

ပြောပြီးတာနဲ့ ကျုပ်လက်ကို မြှောက်လိုက်တော့တယ်။

============= (*^*)=============

အပိုင်း( ၂၁၅ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters