← Chapters

ကြင်နာတတ်တဲ့ သားရဲလေး

Vol. 15 Ch. 215

ကြင်နာတတ်တဲ့ သားရဲလေး

Vol. 15 Ch. 215

Child of light (ကျန်းကုန်း)

Volume 9: Chapter 9 - Kindhearted Little Beast

ကျုပ်ရဲ့ အလင်းကွန်ချာနဲ့ နဂိုအခြေအနေထိ ရောက်သွားတာနဲ့ မြေခွေးလေး စကားမပြောနိုင်တော့ဘူး။ သူ့ မျက်ဝန်းလှလှကြီးတွေမှာ မျက်ရည်တွေစီးကျရင်း သနားခံတဲ့ အကြည့်တွေနဲ့ ကြည့်နေလေရဲ့။

“နင် မကောင်းတာတွေ အများကြီး လုပ်ခဲ့ပြီးပြီလေ။ ဒါနဲ့များ နင့်ကို သတ်ဖို့ရာ ဘာမှားတယ် ထင်နေလို့တုန်း”

မထင်မှတ်ဘဲ နတ်ဆိုးသားရဲလေး ခေါင်းတခါခါ လုပ်နေတယ်။ ကြည့်ရတာက ကျုပ်ကပဲ သူကို မှားပြီး စွပ်ဆွဲနေ သလိုလို။ စုဟေးက..

“ဟမ်.. သူ တစ်ခုခု ပြောချင်နေတာထင်တယ်”

ကျန်းဟူက..

“သူက ဘာပြောချင်ရမှာတုန်း။ သူ့ကို ခွင့်လွှတ်ပေးဖို့ပဲနေမှာပေါ့။ ကျန်းကုန်း သတ်သာ သတ်လိုက်တော့။ ငါတို့ ခရီးဆက်ရအုံးမှာလေ”

ကျုပ်လဲ သူ့မျက်ဝန်းလှလှကြီးတွေမြင်တော့ နည်းနည်း စိတ်ပျော့ပြီး ချုပ်ထားတဲ့ အလင်းကွန်ချာကို နည်းနည်း ထပ်လျှော့ပေးလိုက်တယ်။

“မင်း ထွက်ပြေးဖို့ ကြိုးစားတာနဲ့ တမ်းသေဖို့သာ ပြင်ထား။ ရှင်းပြဖို့ အခွင့်အရေးတစ်ခု ပေးလိုက်မယ်”

နတ်ဆိုးမြေခွေးလေး ငိုကြွေးသံထွက်ရင်း သူ့ကိုယ်ထဲကနေ မှော်စွမ်းအား နည်းနည်း ထွက်လာပြီး ကောင်မလေးပုံစံ ပြန်ပေါ်လာတယ်။ တော်တော်ကို ဆွဲတောင်နိုင်လွန်းချက်တော့ ကျုပ်နှလုံးသားတွေတောင် ပြိုလဲမိ မတတ်ပဲ။ ကျုပ်လဲ လျှာဖျားလေးကို ကိုက်ပြီးမှ..

“နင်ငါ့ကို ထပ်ပြီး ဆွဲဆောင်ဖို့ ကြိုးစားရင် ငါယဉ်ကျေးနေမှာ မဟုတ်တော့ဘူးနော်..”

နတ်ဆိုးမြေခွေးလေး ပြာပြာသလဲနဲ့..

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါမလုပ်ရဲပါဘူး”

“နင်ပြောချင်တာ အခုပြော။ နင့်ကို ကြည့်နေဖို့ ငါတို့မှာ အချိန်မရဘူး”

နတ်ဆိုး မြေခွေးလေး ကျုပ်ကို အသနားခံတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး..

“ငါ မထင်မှတ်ဘဲ သန္ဓေပြောင်းသွားပြီး ဉာဏ်ရည်ဉာဏ်သွေးတွေ ရလာလို့ ကျင့်ကြံနိုင်ခဲ့ပေမယ့် အခုထိ သာမန် မြေခွေးတစ်ကောင် ဖြစ်နေတုန်းပဲ။ ဒါပေမယ့် ငါ့ခန္ဓာကိုယ်အတွက် သွေးလိုအပ်တယ်ဆိုပေမယ့် အခုထိ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးသေးပါဘူး”

“နင် ဒီလောက်အဆင့်ထိအောင် ကျင့်ကြံလာခဲ့ပြီးမှတော့ ဘယ်သူ့ကိုမှ မသတ်ခဲ့ဖူးသေးဘူး ဆိုတဲ့စကား ငါတို့က ယုံရမှာတဲ့လား”

“ငါ အမှန်တွေ ပြောတာပါ။ နတ်ဆိုးမျိုးနွယ် သွေးအနှစ်သာရကို စားဖို့လိုပေမယ့် ငါနဲ့တွေ့တဲ့ နတ်ဆိုးမျိုးနွယ်တိုင်းကို မေ့အောင်လုပ်ပြီး သွေးနည်းနည်းပဲ ယူလိုက်တာပါ။ ငါ့ခန္ဓာကိုယ်အတွက် သွေးယူတဲ့ ကာလတလျှောက် ဘယ်သူ့ကိုမှ မသတ်ခဲ့ဖူးသေးပါဘူး”

ကျုပ်လဲ စုဟေးကို ကြည့်ပြီး..

“သူပြောတာ ဖြစ်နိုင်လား”

စုဟေး ခေါင်းညိတ်ပြီး..

“သူ့ အပေါ်ပိုင်း ဒန်တျန်မှာ အမှောင်လှိုင်းတွေ မရှိတော့ မှန်တဲ့ပုံပဲ။ အရင်က ဘယ်သူ့ကိုမှ သတ်ခဲ့ဖူးပုံမရဘူး”

“မင်း ဘယ်သူ့ကိုမှ မသတ်ဖူးသေးဘူးဆိုတော့ ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ကြိမ် အစာရှာရင် သတိကြပ်ကြပ်ထား။ အခု နင့်ကို လွှတ်ပေးလိုက်ပြီ သွားချင်ရာသွားပေတော့”

နတ်ဆို မြေခွေးလေး ကျုပ်ကို ကျေးဇူးစကား အကြိမ်ကြိမ်ပြောရင်းနဲ့ တော်ကလျှောက် စူးစိုက်ကြည့်နေတယ်။ ကျုပ်လက်ကို လှုပ်ရှားပြီး သူ့ကိုလွှတ်ပေးဖို့ အလင်းတန်းတစ်ခု ပစ်လွှတ်ပေးလိုက်တယ်။

“ဒီလောက်ဆို လုံလောက်ပြီ။ နောက်နောင် လူတွေ မသတ်မိစေနဲ့။ ဒါဆို ငါကျေးဇူးတွေ ပြန်ဆပ်တာနဲ့ အတူတူပဲ”

နတ်ဆိုးမြေခွေးလေး အသံတိုးတိုးနဲ့ ကျုပ်ကို..

“အရှင်… ကျွန်မ တစ်ခုလောက် တောင်းဆိုလို့ရမလား”

ကျုပ်သူ့ကို မသတ်တာနဲ့တင် တော်တော်ဟုတ်နေပြီလေ။ အခု သူက တောင်းဆိုချင်နေသေးတယ်တဲ့။ ကျုပ်လဲ စိတ်မရှည်တော့ဘဲ..

“ကဲ ပြော…”

နတ်ဆိုးမြေခွေးလေး သတိကြီးကြီး ထားတဲ့ပုံစံနဲ့…

“ကျွန်မ အရှင်နဲ့အတူ ခရီးစဉ်မှာ လိုက်ချင်ပါတယ်”

ကျုပ် တော်တော်ကြီး တုန်လှုပ်သွားမိတယ်။ သူ့ကို အသံဗြဲကြီးနဲ့ အော်ပစ်လုနီးနီးပဲ။

နတ်ဆိုးမြေခွေးလေး မျက်ရည်တွေ တဖြိုင်ဖြိုင် ကျလာပြီး..

“ဘယ်လိုနတ်ဆိုးဖြစ်ဖြစ် လူသားဖြစ်ဖြစ် ငါမသတ်ပါဘူး။ ကျေးဇူးပြုပြီး ငါ့ကို လက်ခံပေးပါနော်”

“ဒီကိစ္စမှာ နင် ဘယ်သူ့ကို သတ်တယ် မသတ်တယ်ဆိုတာနဲ့ မဆိုင်ဘူး။ နင် ဒီမှာပဲနေပြီး သေသေချာချာ ကျင့်ကြံနေသင့်တယ်”

သူ့ကို ခေါ်သွားဖို့ဆိုတာ ဟာသ တစ်ခုလိုပဲ ဖြစ်နေလိမ့်မယ်။ တော်ကြာ မူကျီနဲ့ ဟိုင်ရှင်းတို့ ရှေ့ကျမှ တစ်ခုခုထလုပ်ရင် ကျုပ်အရှက်တကွဲ အကျိုးနည်းနေရလိမ့်မယ်။ သူတို့က နဂိုထဲက သွေးဆူးလွယ်ကြတဲ့ သူတွေလေ။

စုဟေး နတ်ဆိုးမြေခွေးလေးနား ကပ်ပြီး တိုးတိုးလေးနဲ့….

“နင့် အခုပုံစံနဲ့ ဘယ်လိုလုပ် လိုက်လို့ရမှာတုန်း။ တခြားပုံစံပြောင်းလိုက်လေ”

နတ်ဆိုးမြေခွေးလေး ရုတ်တရက် သဘောပေါက်သလိုမျိုးနဲ့ နတ်ဆိုးမြေခွေးလေးပုံစံပြောင်းပြီး ကျုပ်ရင်ခွင်ထဲ ပြေးဝင်လာပြီး ဆက်တိုက် နမ်းရှုတ်နေတော့တာပဲ။

ကျုပ် စုဟေးကို စိုက်ကြည့်ပြီး..

“မင်း ငါတို့နောက်လိုက်လာပြီး ဘာတွေ တွေးနေတာတုန်း”

ဟိုကောင် စုဟေး ပြုံးရင်းနဲ့..

“မင်းမသိလို့ပါကွာ။ သူတို့ မြေခွေးမျိုးနွယ်တွေအတွက်တော့ မွေးရာပါအရည်အချင်း မကောင်းတော့ ဆက်ပြီး လေ့ကျင့်ဖို့က အရမ်းခက်ခဲတယ်။ သူနတ်ဘုရားစွမ်းအား အကာအကွယ် လိုနေတဲ့ပုံပဲ။ ဒါမှမဟုတ် သူဆီကို ဆုတောင်းတတ်ကြတဲ့ ယုံကြည်သူတွေ အများကြီးရှိဖို့ သေချာပေါက် လိုတယ်ကွ။ နောက်တစ်ခုက ဖြစ်နိုင် မဖြစ်နိုင် မသေချာပေမယ့် မင်းခန္ဓာကိုယ်မှာ နတ်ဘုရားစွမ်းအား တမျိုးမျိုး သူခံစားမိလို့ မင်းနောက်ကို လိုက်ချင်နေတာ”

စုဟေး စကားကြားတော့ နတ်ဆိုးမြေခွေးလေး ပုတ်သင်ညိုလို တဆတ်ဆတ် ခေါင်းညိတ်နေလေရဲ့။

ကျုပ်လဲ နတ်ဆိုးမြေခွေးလေးကို အစ်ကိုကြီး ကျန်းဟူဆီ လှမ်းပစ်ပေးလိုက်ရင်း..

“အစ်ကိုကြီး မင်းမှာလဲ နတ်ဘုရားစွမ်းအားရှိတာပဲ။ ဒီတော့ သူ့ကို မင်းပိုင်တယ်။ အလှလေး ပုံစံလဲ ပြောင်းနိုင်သေးတယ်နော်”

မြေခွေးလေး ကန်းဟူရင်ခွင်ထဲရောက်တာနဲ့ ကြောက်လန့်တကြား ခုန်ဆင်းပြေးတယ်။ ကျုပ်စကားကြားတော့ ကျန်းဟူ ဒေါသတကြီးနဲ့..

“ကျန်းကုန်း… မင်း ရင်တွင်းစကားမှန် မပြောတတ်သေးဘူးလား။ မဟုတ်သေးပါဘူး။ ဒီအလှလေး မင်းအတွက်ပဲ ငါထားခဲ့လိုက်မယ်”

ပြီးတော့ နတ်ဆိုးမြေခွေးလေးကို ဖမ်းပြီး ကျုပ်ဆီ ပြန်ပစ်လိုက်ပြန်ရော။ ကျုပ်လဲ တုန်းရီဆီ ထပ်ပစ်ပေးချင်ပေမယ့် မြေခွေးလေး မျက်ရည်တွေ ထွက်လာတာ ရုတ်တရက် မြင်လိုက်ရတယ်။ ဒီတော့လဲ ကျုပ်သက်ပြင်းချရင်း..

“ကောင်းပြီလေ။ ခုချိန်ကစပြီး ငါ့နောက် လိုက်လို့ရတယ်။ ဒါပေမယ့် နင် ကလိန်ကကျစ်တွေ လုပ်လို့မရဘူးနော်။ နင်လုပ်တာနဲ့ တမ်းလွှင့်ပစ်လိုက်မှာ။ အရေးအကြီးဆုံးက ငါ့ခွင့်ပြုချက်မရဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆွဲဆောင်နိုင်တဲ့ ပုံစံပြောင်းခွင့်မရှိဘူး။ နင် နားလည်လား”

ကျုပ်မှာမှ ရွေးစရာမရှိတော့တာ။ ပြီးတော့ ကျုပ်က စိတ်ကောင်းရှိတဲ့လူ တစ်ယောက်လေ။ နောက်နောင် သူကို မူကျီဆီ လက်ဆောင်ပေးရမယ်။

နတ်ဆိုးမြေခွေးလေး ပျော်လွန်းလို့ ခေါင်းတဆတ်ဆတ် ညိတ်ရင်း ပိတိတွေ ဖြာနေလေရဲ့။

တာဝန်က မပြီးသေးဘူး ကျုပ်တို့မှာ အဖွဲ့ဝင် (၂)ယောက်က တိုးလာပြီ။

နတ်ဆိုးမြေခွေးလေးနဲ့ လှုပ်လှုပ်ရှားရှားဖြစ်သွားတော့ အားလုံးလဲ ဗိုက်ဆာနေကြပြီ။ စုဟေးကို..

“တောင်ပေါ်မှာ နတ်ဆိုးသားရဲတွေ ရှိတယ်လို့ မင်းပြောဖူးတယ်မို့လား။ ဒီနတ်ဆိုးမြေခွေးလေးကလွဲပြီး ဘာလို့ ဘာသားရဲမှ မတွေ့ရတာတုန်း”

စုဟေး ရှက်ပြုံးပြုံးပြီး..

“နတ်ဆိုးသားရဲတွေနဲ့ တွေ့ရဖို့ဆိုတာ များသောအားဖြင့် ကံနဲ့လဲ ဆိုင်တယ်ကွ။ စိတ်ရှိသလို တွေ့နိုင်တာတွေ မဟုတ်ဘူးလေ”

ရုတ်တရက် နတ်ဆိုးမြေခွေးလေး ကျုပ်ပုခုံးပေါ်ကနေ ခုန်ဆင်းပြီး ကျုပ်ရှေ့မှာ ငုတ်တုတ်လေး ထိုင်နေတယ်။ သူ့ ခန္ဓာကိုယ်ကနေ ဆီးနှံ့ထွက်လာတယ်။

“သူဘာလုပ်နေတာတုန်း… မစင်စွန့်နေတာလား”

အဲ့အချိန်မှာဘဲ တောထဲဘက်ကနေ..

“ရှဲ… ရှဲ….”

ကျန်းဟူက..

“အားလုံး သတိထားကြ။ နတ်ဆိုးသားရဲ ဖြစ်လိမ့်မယ် ထင်တယ်”

ထင်ထားသလိုပဲ ခွေးနဲ့တူတဲ့ နတ်ဆိုးသားရဲတစ်ကောင် နတ်ဆိုး မြေခွေးလေးဆီ ခုန်အုပ်လာတယ်။ မြေခွေးလေးက နတ်ဆိုးခွေးကြီးပေါ် အသာလေး ခုန်တက်သွားတယ်။ နတ်ဆိုးခွေးကြီးကျောပြင်ကို အမြီးက ဆူးတွေနဲ့ ထိုးခဲ့လိုက် ပြီးတော့မှ မြေပြင်ပေါ် ပြန်ဆင်းလာတယ်။

အဲဒါတွေလဲ ပြီးရော အစောက ဆီးအနံ့လဲ ပျောက်သွားပါလေရော။ တုန်းရီ တအံ့တဩနဲ့…

“ဒါဆို အစောက အနံ့က နတ်ဆိုးသားရဲတွေကို ငါတို့အတွက် ဖမ်းနိုင်လိုက်တယ်ပေါ့”

နတ်ဆိုး မြေခွေးလေးကတော့ နတ်ဆိုးခွေးကြီးကို သူ့လက်သည်းတွေနဲ့ ညွှန်ကြရင်း ကျေနပ်နေတဲ့ပုံနဲ့ အသံ ပေးနေလေရဲ့။ စုဟေး လျှောက်လာပြီး..

“အာ.. ဒါ(ဃ)အဆင့် နတ်ဆိုးဝံပုလွေပဲ။ ဒါဆို ငါတို့တွေ စားလို့ရတယ်ကွ”

မြေခွေးလေး ကျုပ်ပုခုံးပေါ်ပြန်တက်လာပြီး သူ့အမြီးနဲ့ ပွတ်သပ်ရင်း တအီအီ လုပ်နေလေရဲ့။

“ကျုပ်လဲ ရယ်ရယ်မောမောနဲ့..

“မင်းလို အကောင်သေးသေးလေးက ဒီလောက်ထိ လုပ်နိုင်လိမ့်မယ် ထင်မထားမိဘူး။ မဆိုးပါဘူး။ မင်း အောင်ပွဲအတွက် ငါအသိအမှတ်ပြုပါတယ်။ အစ်ကိုကြီး ချက်ပြုတ်တတ်တယ် ပြောထားတာနော်။ မင်းအရည်အချင်း စမ်းကြည့်ရသေးတာပေါ့”

“ကိစ္စမရှိဘူး။ ငါတို့ရှေ့က ဘယ်ဘက်ယွန်းယွန်းမှာ ရေစီးသံထင်တယ်။ အဲ့ကို သွားကြရအောင်”

ကျန့်ရှန်က နတ်ဆိုး ဝံပုလွေကို ဆွဲပြီး အားလုံးပဲ ကျန်းဟူ ပြောတဲ့ နေရာဆီ ဦးတည်လိုက်ကြတယ်။ ကျုပ်တို့ ထင်ထားသလိုပါပဲ ကျုပ်တို့ရှေ့မှာ စမ်းချောင်းငယ်လေးတစ်ခု မြင်လိုက်ရတယ်ဗျ။ ကျန်းဟ ကျေကျေနပ်နပ်နဲ့..

“ဘယ့်နှယ့်လဲ။ အတွေ့အကြုံက စကားပြောတယ်ဆိုတာ ဟုတ်တယ်မို့လား”

============= (*^*)=============

အပိုင်း( ၂၁၆ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters