← Chapters

ကပ်ဘေးကို ကျော်ဖြတ်ပြီး အသက်ခန္ဓာအသစ်

Vol. 15 Ch. 224

ကပ်ဘေးကို ကျော်ဖြတ်ပြီး အသက်ခန္ဓာအသစ်

Vol. 15 Ch. 224

Child of light (ကျန်းကုန်း)

Volume 9: Chapter 18 - After the Calamity, Renewed Life

နတ်ဆိုး ဧကရာဇ်ရဲ့ အော်သံနဲ့အတူ ကျုပ်ဆီကို လျှောက်လာတဲ့ ခြေသံတွေ ကြားလိုက်ရတယ်။ နတ်ဆိုးဧကရာဇ် အမောတကောနဲ့..

“ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။ သူဒီလောက်ထိကို သနားစရာ အနေအထားရောက်သွားတာလဲ။ မင်းတို့တွေ သူ့ကို နှိပ်စက်ကြသေးလား”

အစောင့်က ကြောက်လန့်တကြားနဲ့..

“မလုပ်ပါဘူး။ မလုပ်ပါဘူး။ ကျုပ်တို့ ဘာမှ မလုပ်ပါဘူး။ သူ ဒီကိုရောက်လာပြီး နောက်နေ့ကျ အခုလို ဖြစ်သွားတာပဲ။ မနေ့ကထိတော့ အသက်ရှူသေးတယ်။ ဒါပေမယ့် အခုတော့ ထွက်သက် ဝင်သက် မရှိတော့ဘူး”

သေလိုက်စမ်းပါဗျာ။ ကျုပ်အသက်မရှူဘူးလို့ ဘယ်လိုတောင် ပြောရဲရတာတုန်း။ ကျုပ်တော်တော်ကို စိတ်ဆိုးနေပြီ။

နတ်ဆိုးဧကရာဇ် ကျုပ်ခန္ဓာကိုယ်ထဲကို အမှောင်စွမ်းအားတွေ ထည့်လိုက်တာ စဉ်းစားမိသွားတဲ့ပုံပဲ။ အခုဆို နာကျင်ရလွန်းတဲ့ ခံစားမှုတွေ အရမ်းကျဆင်းသွားမှန်း သိသိသာသာ ခံစားမိနေတယ်။ နာကျင်ရတာ များလွန်းလို့ ထုံသွားတာလဲ ဖြစ်နိုင်တယ်။ နတ်ဆိုးဧကရာဇ်က..

“အား… မဟုတ်တော့ဘူးကွ။ သူအလင်းမှော်ပညာ ကျင့်ထားတာ။ ငါ့အမှောင်စွမ်းအားတွေ သူ့ခန္ဓာကိုယ်ထဲ သွင်းလိုက်တော့ သူ့မှာ မှော်ပညာ အထောက်အပံ့မရှိတဲ့အချိန်ဆိုတော့ ခန္ဓာကိုယ် ပျက်စီးသွားတာဖြစ်လိမ့်မယ်။ သူအသက်ပြန်ရှင်နိုင်အုံးမလားဆိုတာ အမြန်ဆုံး သမားတော်ပြကြည့်လိုက်။ အစက သူ့ကို ငါ့လက်အောက် သိမ်းသွင်းဖို့ လုပ်ထားတာ။ ဒီအတိုင်းဆို ပြန်ကောင်းလာရင်တောင် ဒုက္ခိတ ပဲဖြစ်နေလိမ့်မယ်”

ခနကြာတော့ သမာတော်အိုကြီးတစ်ယောက် ရောက်လာပြီး..

“အရှင်မင်းကြီး..”

“အင်း.. ဒီလူသားကို ကယ်နိုင်အုံးမလား..”

ကျုပ်လက်ကို ကိုင်ကြည့်တယ်။ အချိန် အရမ်းနည်းပေမယ့် ဒီသမားတော် မဆိုးလောက်ဘူးဗျ။ တစ်ချက် ထိရုံနဲ့ ကျုပ်အခြေအနေကို သူသိသွားတယ်။ ဒါပေမယ့် သူပြောလိုက်တာက..

“အရှင်မင်းကြီး သူက အလောင်းကောင်ဖြစ်တာကြာပြီး နည်းနည်းတောင် ပုတ်နေပြီ၊ ကျုပ်က သေပြီးသား လူကို ဘယ်လိုလုပ်ပြီး သွားကယ်လို့ရမှာတုန်း"

သူ့စကားကြောင့် ကျုပ်မှာ ဒေါသထွက်လွန်းလို့ သေလုမတတ်ပဲ။

ရူးချင်စိတ်တောင် ပေါက်မိတယ်။ ကျုပ်မှာသာ စွမ်းအား နည်းနည်းလေး ကျန်ကြည့် သူ့ကို ချက်ချင်း ထသတ်မိမှာ။ ကျုပ်ကိုများ ပုတ်ပွနေတဲ့ အလောင်လို့ ဘယ်လိုများ ပြောရဲလိုက်ပါလိမ့်။ မင်းတော့ကွာ။ သူနဲ့ အိမ်ထောင်ကျခဲ့တဲ့ အမျိုးသမီးကိုတောင် ကျုပ် လေးစားမိသွားတယ်။

နတ်ဆိုးဧကရာဇ်က..

“အစကတော့ ငါ့မှာ မှော်လင့်ချက်လေး တစ်ခုရှိတာ။ ဒါပေမယ့် မင်း ဒီလိုပြောမှတော့ စွန့်လွှတ်လိုက်ပါတော့မယ်လေ”

သူလဲ ကျုပ်သေသွားပြီလို့ ထင်သွားပုံပဲ။ ကျုပ်နှလုံးခုံများ ရပ်သွားတာလား။

နတ်ဆိုး ဧကရာဇ်က ဆက်ပြီး..

“ဒီလူအကြောင်း မင်းဆီကနေ ဘာသံမှ ထွက်လာတာ မကြားချင်ဘူးနော်။ ငါပြောတာ သဘောပေါက်တယ် မို့လား။ ထောင်မှူး လာခဲ့စမ်း”

ကျုပ် ပထမဆုံး အသံကြားရတဲ့သူပဲ..

“အရှင်မင်းကြီး အမိန့်ရှိပါ..”

“လူနည်းနည်းလောက် မင်းနဲ့ခေါ်ပြီး လူသူကင်းတဲ့ အစွန်အဖျား တနေရာမှာ သွားစွန်လိုက်.. သူလဲ သေသွားပြီ ဆိုမှတော့ ငါတို့ နတ်ဆိုးသားရဲတွေကို အစာအဖြစ် ချကျွေးရတော့မှာပေါ့”

နတ်ဆိုး ဧကရာဇ် အမိန့်ပေးပြီးတာနဲ့ သမားတော်နဲ့အတူ ထွက်သွားတယ်။

ကျန်ခဲ့တဲ့ ထောင်မှူး ကျုပ်ကို တစ်ချက်ရိုက်ပြီးမှ..

“ဒီကောင် ငါတို့ကို တော်တော် ဒုက္ခပေးတာပဲ။ အားရှန်၊ ဝက်ပျံ လာကြစမ်း။ ဒီကောင့်ကို သယ်ခဲ့။ ငါတို့တွေ မြို့ပြင် သွားကြမယ်။

ကျုပ်ခန္ဓာကိုယ် ခံစားမှုမရှိတော့တာက မကောင်းဘူးထင်ရပေမယ့် တကယ်တမ်းကျ အနည်းဆုံးတော့ နာကျင်တဲ့ ဒဏ်တွေ မခံစားရတော့ဘူးပေါ့။ အချိန် နည်းနည်းကြာတော့..

“ရပြီ.. သူ့ကို ဒီမှာပဲ ပစ်ခဲ့လိုက်ရအောင်”

ကျုပ်ခန္ဓာကိုယ် အပြင်းအထန် လှုပ်ခါသွားတာနဲ့အတူ ကျုပ်လဲ သတိလစ်သွားပြန်ပါလေရော။

......******……

တော်တော်ကို နွေးထွေးတယ်လို့ ခံစားမိနေတယ်။ ကျုပ်မသေသေးဘူးပေါ့။ တကယ်ကို ထူးထူးခြားခြား အသက်ပြင်းတဲ့ အင်းဆက်တစ်ကောင်လိုမျိုး ခံစားလိုက်ရတယ်။ ကျုပ်ငယ်ငယ်တုန်းက ရွာထဲက ကလေးသူငယ်ချင်းတွေကဆို ‘လူသန်ကြီး’လို့ ခေါ်ခဲ့ကြသေးတာလေ။ မသေသေးပေမယ့် သိပ်တော့ မဝေးတော့ဘူးထင်တယ်။ ကျုပ်ဘယ်ရောက်နေမှန်း မသိပေမယ့် နတ်ဆိုးတွေရဲ့ ထောင်ထဲမှာ သေရတာထက်စာရင် တော်သေးတာပေါ့။

ကျုပ်ခန္ဓာကိုယ်မှာ ထင်မထားအောင်ကို မသက်မသာ မခံစားရဘူး။ နေရောင်ခြည် အနွေးဓာတ်နဲ့ဆိုတော့ နေ့ခင်းပိုင်း ဖြစ်လိမ့်မယ်။

ခန္ဓာကိုယ် ပူနွေးလာတာနဲ့အမျှ ရင်ဘတ်နေရာကနေ တစ်ခုခု ခံစားလိုက်ရတယ်။ သန့်ရှင်းသောဓားရဲ့ အနွေးဓာတ် ပြန်ခံစားလိုက်ရတယ်။ ပြီးတော့ ကျုပ်နှလုံးသား တစ်ဝိုက် ပျံ့နေတဲ့ပုံပဲ။

သန့်ရှင်းသောဓား… သန့်ရှင်းသောဓား… ဒီလောက်နဲ့ မလုံလောက်သေးဘူးလားကွာ။ ငါတော်တော် ဒုက္ခရောက်နေပြီနော့။ ဒီလောက် တောင်းပန်တာတောင် သေခွင့်မပေးသေးဘူးလားကွာ။

သန့်ရှင်းသောဓာကနေ အရှိန်အဟုန်နဲ့ ပျံနှံ့လာတော့ ကျုပ်ရင်ဘတ်တစ်ဝိုက်လုံး ပူနွေးလာတယ်။ နေရောင်ခြည်ကလဲ ကျုပ် အသားအရေတွေကို အပူပေးနေတယ်။ သေလိုက်စမ်းပါဗျာ။ ကျုပ်ပျော်နေတုန်းပဲ ရှိသေးတယ် အနွေးဓာတ်တွေ တဖြည်းဖြည်း ပျောက်သွားတယ်။ ပြီးတော့ အအေးဓာတ်တွေ ဝင်လာရော။ ညရောက်တာကလဲ အရမ်းမြန်လိုက်တာ။ ဒီလောက်ကြီးတော့ မဖြစ်နိုင်ဘူးမို့လား။

ကျုပ် ခန္ဓာကိုယ် တစ်ဆတ်ဆတ်တုန်ပြီး နာကျင်မှုတွေ ထွက်လာတော့ ကျုပ်ခန္ဓာကိုယ်ထဲက အမှောင်စွမ်းအားတွေ တော်တော် ဆိုးသွားတဲ့ပုံပဲ။ ငါ့ကိုယ်ခံအားတွေ။ ကိုယ့်ကိုယ်ကိုယ် ပြန်အကုနိုင်တော့ဘူးလားကွာ။ မင်း သေးသွားပြီဆို ဘာလို့ ငါ နာကျင်နေရသေးတာတုန်း။ ဟူး….။

ဝေဒနာတွေ ခါးစီးခံပြီးတော့ နွေးထွေးတဲ့ ခံစားချက် ပြန်ရောက်လာတယ်။ မနေ့ကနဲ့တောင် မတူတော့ဘူး။ နေရောင်ခြည်က ကျုပ်ခန္ဓာကိုယ်ပေါ် ရောက်လာတာနဲ့အမျှ အနွေးဓာတ်တွေ ကျုပ်ရင်ဘတ်ကို တိုးဝင်လာပြီး မနေ့ကလိုပဲ မသက်မသာ ဖြစ်လာပြန်တယ်။ သန့်ရှင်းသောဓား မင်းတော်တော် ဒုက္ခပေးတာပဲကွာ။ မသေခင်လေး အဆင်ပြေပြေ နေခွင့်ပေးပါတော့လားကွာ။ တကယ်တန်းကျ ကျုပ်အတွေးတွေလွဲနေတာရယ်။ အမှောင်စွမ်းအားတွေကလဲ တကယ်တမ်းကျ မဆိုးပါဘူး။ ကျုပ်ဦးနှောက်ကို မထိခိုက်ဘူးလေ။ သန့်ရှင်းသောဓားထက်တော့ တော်တော်လေးသာတယ်။

(၃)ရက်မြောက် ရောက်တော့ ဝေဒနာတွေကြောင့် သေချင်စိတ်ပါ ပေါက်လာမိတယ်။ ဘာလဲဟ။ မိုးက ရွာလိုက်သေးတယ်။ တော်တော်ဆိုးတဲ့ မိုးပါဗျာ။ ကျုပ်ခန္ဓာကိုယ်တစ်ခုလုံး အရမ်းကို နာလာတော့တာ။ ကံမကောင်းတာက ကျုပ်လှုပ်ရှားဖို့နေနေသာသာ အသံတောင်မှ မထွက်နိုင်တာကို။ ခံနိုင်အောင် နေဖို့ပဲပေါ့။ ခက်တာက ကျုပ်အသိစိတ်တွေ ခေါင်းမာမာနဲ့ ကြည်လင်နေရောပဲ။

ဝေဒနာတွေ ခံစားရင်း တနေထွက်လာပြန်ပြီ။ ကျုပ်လဲ စိတ်တွေ ရှုတ်ပြီး သန့်ရှင်းသောဓားကိုလဲ အပြစ်တင်ချင်စိတ် မရှိတော့ဘူး။ ပါးစပ်ထဲ တစ်ခုခု ဝင်လာသလိုပဲ။ တော်တော်ကို အရသာရှိတာ။ နည်းနည်းတော့ ခါးတယ်။ မိုးလဲ ရွာမနေပါဘူး။ ဒါပေမယ့် ကျုပ်ပါးစပ်ထဲ တည့်တည့် ရောက်လာနေတာ။ ကျုပ်စိတ်ထဲ ကြောက်စရာအတွေးတစ်ခု ဝင်လာတယ်။ ကျုပ်ကို သန့်သန့်ရှင်းရှင်း မသေချင်ယုံတင်မဟုတ်ဘူး လာပြီးပါ နှိပ်စက်နေကြတယ်။ မေ့မျောသွားချင်လိုက်တာဗျာ။

(၁)လခွဲလောက်နေတော့ ကျုပ်ခန္ဓာကိုယ် စပြောင်းလာပြီး ကျုပ်ရင်ဘတ်ထဲက သန့်ရှင်းသောဓားလဲ စွမ်းအားတွေ အလုံအလောက် စုပ်ယူလို့ ပြီးသွားတဲ့ပုံပဲ။ ရင်ဘတ်ထဲမှာ ငြိမ်နေရင်း တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ ဖြည်းဖြည်းချင်း ရွေ့နေသလိုပဲ။ ကျုပ်ရင်ခေါင်းက ပထမဆုံး ပစ်မှတ်ဖြစ်လိမ့်မယ်။ ထင်မထားဘဲ ညှိုးနွမ်းနေတဲ့ အမြူတွေတွေ သန့်ရှင်းသောဓားရဲ့ အစွမ်းနဲ့ တဖြည်းဖြည်း ပြန်ကောင်းလာပုံပဲ။ အစ်ကိုကြီး သန့်ရှင်းသောဓားရေ ကျေးဇူးပြုပြီး ဆက်လုပ်.. ဆက်လုပ်.. ကြိုးစားပြီး ဆက်လုပ်ဗျာ။

ဒါပေမယ့် စိတ်ပျက်စရာကောင်းတာက သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေ ရင်ခေါင်းတစ်ဝိုက် ကိုယ်အင်္ဂါတွေ ပြုပြင်ပြီးတဲ့အချိန် တဖြည်းဖြည်း နှေးကွေးပြီး ရပ်သွားတယ်။ ပြီးတော့ နေရဲ့ သဘာဝ စွမ်းအားတွေ စုပ်ယူနေတာကိုး။

============= (*^*)=============

အပိုင်း( ၂၂၅ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters