← Chapters

တဖြည်းဖြည်း ပြန်လည်ကုသခြင်း

Vol. 15 Ch. 225

တဖြည်းဖြည်း ပြန်လည်ကုသခြင်း

Vol. 15 Ch. 225

Child of light (ကျန်းကုန်း)

Volume 9: Chapter 19 - Gradual Recovery

ခါးသက်သက် အရည်တွေက တစ်ရက်ကို (၆)ကြိမ် (၇)ကြိမ်လောက်ထိအောင် တိုးလာတယ်။ ကျုပ်ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တော့ သန့်ရှင်းသောဓားကလာတဲ့ နွေးထွေးမှုကလွဲရင် ဘာမှကို မခံစားရဘူး။ ပြီးတော့ ကျုပ်ရွှေအမြူတေ (၃)ခုလဲ ပျောက်သွားပြီ။

ကျုပ် ကျေနပ်တာတစ်ခုက ကျုပ်ခန္ဓာကိုယ်ထဲက ဒန်တျန်တွေ လုံးဝကို မနာတာ။ လုံးဝ ညှိုးနွမ်းသွားတယ် ဆိုပေမယ့် (၁)လခွဲလောက်နေတော့ နည်းနည်းလေး ပြောင်းလဲလာပြီ။

နေလုံးကြီးရဲ့ လောင်ကျွမ်းမတတ် အပူချိန်ကြောင့် မွန်းတည့်ချိန်ဆိုတာ သိနေမိတယ်။ ဒီအချိန်က နေရောင်ခြည်း အပြင်းထန်ဆုံးဖြစ်နေတာကိုး။

နေရောင်ခြည်စွမ်းအားတွေကို အပြင်းအထန် စုပ်ယူလိုက်တာကြောင့် ကျုပ်ရင်ဘတ်ထဲက သန့်ရှင်းသောဓား ရုတ်တရက် အသက်ဝင်လာတာနဲ့ တပြိုင်နက် သူ့စွမ်းအားတွေ ကျုပ်ခေါင်းထဲကို တိုးဝင်လာတယ်။ ရုတ်တရက်ကြီး ကျုပ်မှာဖြင့် မယုံနိုင်လောက်အောင် မူးမိုက်သွားပြီး အတွေးတစ်ခု ဝင်လာမိတယ်။ အစ်ကိုကြီး သန့်ရှင်းသောဓား မင်းဆက်လုပ်နေရင် ငါ့ဒဏ်ရာတွေ အသက်သာခင် စွတ်တိုးလာတဲ့ စွမ်းအားတွေကြောင့် ငါရူးသွားလောက်တယ်ဟ။

သန့်ရှင်းသော ဓားကတော့ ကျုပ်ခေါင်းထဲကို နေရောင်ခြည်းစွမ်းအားရယ်၊ သူ့စွမ်းရယ် ပေါင်းပြီး အမြန်ဆုံး တိုးတွင်လာနေတော့ တခြားခံစားချက်တွေ ဂရမစိုက်နိုင်တော့ဘူး။ တကယ်ကို သီးမခံနိုင်စရာပါဗျာ။

......*****…..

သတိပြန်ရတဲ့အချိန် ခေါင်းမမူးတော့ဘဲ တော်တော်သက်သာလာတယ်။ ခံစားချက် တစ်မျိုးလဲ ရလိုက်တယ်။ နုညံ့ညံ့အရာတစ်ခု ကျုပ်ခြေထောက်ကို ပွတ်တိုက်နေပြီး သိပ်မကြာခင် ဘယ်ဘက်ခြေထောက်က အေးမြတဲ့ ခံစားမှု ခံစားလိုက်ရတယ်။

ကျုပ် စိတ်ဝိညာဉ်စွမ်းအားတွေ ပြန်ရသွားပြီဆိုတာ ရုတ်တရက် သိလိုက်ရတယ်။ ကျုပ် စိတ်ဝိညာဉ်သုံးနိုင်ပြီပေါ့။ ဘာပြောပြော သေးသေးလေးဆိုပေမယ့် ဒါလဲ မျှော်လင့်ချက်ပဲလေဗျာ။

နုညံ့ညံ့ အထိအတွေက ဘယ်ဘက်ခြေထောက်ကနေ ညာဘက်ကို ပြောင်းသွားတယ်။ စေ့စေ့စပ်စပ်ကို ပွတ်သပ်နေတယ်ဆိုပေမယ့် မျက်လုံးက မဖွင့်နိုင်သေးဘူး။ ဘာတွေ ဖြစ်နေပါလိမ့်။ နာကျင်တာတွေ မခံစားရအောင် မေ့သာသွားလိုက်ချင်တော့တယ်။ နတ်ဆိုးသားရဲတစ်ကောင် ကျုပ်ကို လာကိုက်နေတာထင်တယ်.

ကျုပ်လဲ သေချာလေး ဂရုစိုက်ပြီး အလင်းဒြပ်စင်တွေ စုစည်းနေလိုက်မိတယ်။ ကျုပ်စုစည်းလိုက်တဲ့ အလင်းဒြပ်စင် ပမာဏက သနားစရာကောင်းလောက်အောင်ကို နည်းလွန်းတာပါှဗျာ။ ဘာပြောပြော ဘာမှမရှိတာနဲ့စာရင် တော်သေးတာပေါ့။ ကျုပ် နှေးရင်နှေးပါစေ သေချာပေါက် အောင်မြင်ရမယ်။

သန့်ရှင်းသောဓားကိုရော၊ ကျုပ်ခန္ဓာကိုယ်ကို ပွတ်သတ်နေတဲ့ နုညံ့ညံ့ အထိအတွေ့ကိုရော စိတ်ထဲက ထုတ်ထားလိုက်ပြီ။ ကျုပ် အမြန်ဆုံးပြန်ကောင်းလာဖို့အတွက်ပဲ အလင်းဒြပ်စင်တွေ စုဆောင်းနေလိုက်မိတယ်။ ကျုပ်မသိလိုက်တာက သန့်ရှင်းသောဓားစွမ်းအားတွေ ကျုပ်ဦးနှောက်ထဲက အမှောင်စွမ်းအားတွေကို ချေဖျက်ဖို့ သူ့စွမ်းအားတွေ အားလုံး ပုံအောပြီး သုံးလိုက်တာ။ အဲလိုသာမဟုတ်ရင် ကျုပ်စိတ်ဝိညာဉ်စွမ်းအားတွေ ပြန်ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူးရယ်။

ကုန်သွားတဲ့အချိန်ကို စိတ်မှန်းနဲ့ တွက်ကြည့်လိုက်တယ်။ (၁၀)ရက်လောက်တော့ ရှိနိုင်တယ်။ အလင်းဒြပ်စင်တွေ လုံလောက်အောင်စုပြီးတဲ့အချိန်ကျ ရွှေဒန်တျန်သေးသေးလေး ဖြစ်အောင် ချုံ့ဖို့ ကြိုးစားလိုက်တယ်။ နည်းနည်း အားစိုက်ကြိုးစားလိုက်တာ အောင်မြင်သွားတယ်ဗျ။ အလင်းဒြပ်စင်တွေ ဖိသိပ် လိုက်တာနဲ့အမျှ စုပ်ယူနိုင်တဲ့နှုန်း တိုးလာတယ်။ ရွှေဒန်တျန်ကို သန့်ရှင်းသောဓားစွမ်းအားနဲ့ ပေါင်းပြီး ရင်ဘတ်ပေါ် တွန်းထုတ်လိုက်တယ်။ အလင်းဒြပ်စင်တွေ ဝင်လာနေတော့ သန့်ရှင်းသောဓားက နေရောင်ခြည် စွမ်းအားတွေ အငမ်းမရစုပ်ယူလိုက်တော့ ရောထဲရောက်တဲ့ ငါးတစ်ကောင်နဲ့တောင် တူသွားတယ်။ (၃)ရက်လောက်ကြာတော့ ခြေတွေ လက်တွေကလွဲရင် ခေါင်းနဲ့ ကိုယ်ထည်ကြီးမှာတော့ အလင်းဓာတ်တွေ အမြန်ဆုံး ပြည့်လာတယ်လို့ ခံစားရတယ်။ အရင်ကလောက် မဟုတ်ပေမယ့် နောက်ဆုံးတော့ မျှော်လင့်ချက် ထင်ထင်ရှားရှား ပေါ်လာပြီပေါ့။

သန့်ရှင်းသောဓား အစွမ်းနဲ့ ပေါင်းထားတဲ့ အလင်းဒြပ်စင်တွေကို ကျုပ်ခြေလက်တွေဆီ တွန်းပို့လိုက်တော့ အမှောင်စွမ်းအားတွေနဲ့ အလင်းဓာတ်တွေ အပြင်းအထန် ရုန်းရင်းဆန်ခတ် ဖြစ်နေပြန်ရော။

နာကျင်မှု လှိုင်းလုံးတွေ ဦးနှောက်ထိ တက်စောင့်တာဆိုတော့ ကျုပ်မချိမဆံ့ အော်လိုက်မိတယ်။ အာ.. ရှယ်ပဲ။ ကျုပ်အသံထွက်လို့ရသွားပြီ။ ဒါကိုက ကျုပ်အတွက် ယုံကြည်ချက် ပြန်ရလိုက်တာပဲ။

ကျုပ်လဲ အံကြိတ်ပြီး အမှောင်စွမ်းအားတွေကို ဖယ်ရှားဖို့ အလင်းဓာတ်တွေ အဆက်မပြတ် ဖြန့်ကျက်နေလိုက်မိတယ်။ ရှိရှိသမျှ ပုံအောပြီး ကျုပ်ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်လိုက်ပြီးတဲ့အချိန် ကျုပ်လဲ မေ့မျောသွားပါလေရော။ အိပ်မက်ထဲထိအောင် စိတ်ကျေနပ်မှုတွေနဲ့ ပြည့်နေမိတယ်။

နုညံ့ညံ့ ခံစားမှုတစ်ခု ကျုပ်ခန္ဓာကိုယ်က ပြန်ခံစားလာရပြီး ပါးစပ်ထဲမျာလဲ ခါးသက်သက် အရသာတွေ စွဲနေတယ်။ ကျုပ် ကြိုးစားကြည့်လိုက်တာ မျက်ခုံး နည်းနည်း လှုပ်သွားတယ်။ ထပ်ကြိုးစားကြည့်လိုက်တာ ပြီးခဲ့တဲ့ (၂)လလောက်အတွင်း ပထမဆုံးအကြိမ် မျက်စိဖွင့်ချင်တဲ့ ဆန္ဒပြည့်သွားတယ်။ အစပိုင်းတော့ ကျုပ်ရှေ့က မြင်ကွင်းတွေ ဝေဝါးနေပေမယ့် တဖြည်းဖြည်းရှင်းသွားပြီး ပုံရိပ်တစ်ခု မြင်လိုက်ရတယ်။

ပုံရိပ်က တဖြည်းဖြည်း ရှင်းလာတယ်။ အာ.. ကောင်မလေးတစ်ယောက်။ ဟုတ်သေးပါဘူး။ ဒါ နတ်ဆိုးမြေခွေးလေးပဲ။

ကျုပ် အော်သံတစ်ချက်ကြားတော့ မြေခွေးလေး သူလုပ်နေတာတွေရပ်ပြီး ကျုပ်ပါးစပ်နားကို သူ့နားလေးကပ်ပေးလာတော့ ကျုပ်လဲ ကြိုးစားပြီး အသံတိုးတိုးနဲ့..

“ဘာတွေဖြစ်နေတာလဲ...”

မြေခွေးလေး ပျော်သွားပြီး..

“သခင်.. နောက်ဆုံးတော့ နင်နိုးလာပြီး။ နောက်ဆုံးတော့ နင်နိုးလာပြီ..”

“ရေ.. ရေ.. ရေဆာတယ်..”

“ခဏစောင့် ချက်ချင်း ယူခဲ့မယ်”

မကြာပါဘူး သစ်ရွက်ကြီးတစ်ရွက်ကို ကန်တော့ထိုး၊ ရေခပ်ပြီး ကျုပ်ပါးစပ်ထဲ လောင်းထည့်ပေးတယ်။ လန်းဆန်းသွားတဲ့ ခံစားချက်က အရမ်းကောင်းတာပဲ။ ကျုပ်ခွန်အားတွေ နည်းနည်းလေး ပိုကောင်းလာတယ်။

“မြေခွေးလေး ကျေးဇူးတင်ပါတယ်…”

“သခင် နိုးလာပြီ.. နင့်ခန္ဓာကိုယ် အားမကုန်အောင် ထပ်အနားယူလိုက်အုံးနော်..”

ကျုပ်ရဲ့ အဆိုးဝါးဆုံး အခြေအနေမှာ မထင်မှတ်ဘဲ ကျုပ်အနားမှာ သူရှိနေပြီး ပြုစုစောင့်ရှောက် ပေးနေလိမ့်မယ်လို့ ဘယ်လိုမှကို ထင်မထားမိဘူး။ နတ်ဆိုးသားရဲတွေကို အဆင့်နိမ့် မျိုးနွယ်တွေလို့ ဘယ်သူပြောလဲ။ ကျုပ်ကြည့်ရသလောက်ဆို နတ်ဆိုး မြေခွေးလေး မေတ္တာတရား အလေးထားတဲ့ ပုံပဲ။

ကျုပ် မျက်လုံးပြန်မှိတ်ပြီး အလင်းဓာတ်တွေ စုဆောင်းနေလိုက်တယ်။ ကျုပ်ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်သွားတဲ့အတွက် အလင်းဒြပ်စင်တွေ စုဆောင်းတဲ့ နှုန်းကလဲ ပိုမြန်လာတာပေါ့။ သန့်ရှင်းသော ဓားကလဲ ကျုပ်ရင်ဘတ်ထဲမှာ အလင်းဒြပ်စင်တွေ အဆက်မပြတ် စုပ်ယူရင်း ကျုပ်ခန္ဓာကိုယ်က ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ပြန်ကုဖို့ လုပ်နေလေရဲ့။ ကျုပ်စိတ်နဲ့ ခန္ဓာကတော့ ကောင်းကင်ဘုံက ချီးမြှောက်ထားသလိုမျိုး အလင်းသမုဒ္ဒရာထဲ လုံးလုံး နှစ်မြုပ်နေတော့တယ်။

နောက်ဆုံးတော့ ကျုပ်ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို ကုစားပြီးသွားပြီ။ ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေ အချိန်တိုအတွင်း ပြန်ကောင်းမလာနိုင်ပေမယ့် ကျုပ်ခန္ဓာကိုယ်ထဲက အမြူတေတွေကို ပြန်ကုစားပြီး အပေါ်ပိုင်း ဒန်တျန်ထဲမှာ ရွှေအမြူတေ တစ်ခု ပေါ်လာတယ်။ ဒီလို ဖြစ်လာတော့လဲ သေသွားတာထက်စာရင် အတိုင်းထက်အလွန် ကောင်းနေပြီမို့ ကျုပ်လဲ ကျေနပ်သွားမိတယ်။

ကျုပ် အသိစိတ်တွေ ခန္ဓာကိုယ်နဲ့ ပြန်ကပ်သွားတဲ့အချိန် ခါတိုင်းလိုပဲ ကျုပ်ပါးစပ်ထဲမှာ ခါးသက်သက် အရသာတွေနဲ့ပေါ့။

ကျုပ် မျက်လုံးဖွင့်ကြည့်လိုက်တော့ မြေခွေးလေး ကျုပ်ခန္ဓာကိုယ်ကို သန့်ရှင်း ပွတ်သတ်ပေးနေတာ တွေ့လိုက်ရတယ်။

“မြေခွေးလေး. နင် ငါ့ကို ဘာတွေ ကျွေးထားတာလဲ..”

“သခင် နိုးလာပြီလား။ အဲဒါ အရွက်တစ်ရွက်ရဲ့ အရည်တွေလေ။ အရင်ကလဲ ခနခန သုံးဖူးတယ်။ ခန္ဓာကိုယ်အတွက် အရမ်းကောင်းပြီး ခွန်အားတိုးစေတယ်လေ”

ကျုပ် ခန္ဓာကိုယ် လှုပ်ရှားနိုင်ပြီဆိုပေမယ့် ခွန်အားတစ်စက်မှမရှိတာ သတိထားမိသွားတယ်။ ကျုပ်လဲ မြေခွေးလေးကို ဒီအတိုင်းပဲ..

“ကျေးဇူးပြုပြီး ငါ့ကို ကူပေးပါလား..”

သူလဲ ကျုပ်စကားအတိုင်း ကူပေးပါတယ်။ သူ့နုညံ့ပျော့ပြောင်းတဲ့ ခန္ဓာကိုယ်ကို မှီပြီး ကျုပ်ရှေ့က မြင်ကွင်း ကြောင့် အံ့ဩသွားမိတယ်။ ကျုပ်ခြေတွေ လက်တွေ တော်တော် ပြောင်းလဲသွားတာဗျ။ အသားအရေတွေဆို မည်းခြောက်နေရုံတင်မဟုတ်ဘူး အမာရွတ်တွေလဲ အပြည့်ပဲ။ အရိုးပေါ် အရေတင် ခန္ဓာကိုယ်နဲ့ဖြစ်နေပြီ။

“ငါ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ပြောင်းလဲသွားရတာလဲ…”

“သခင် စိတ်မပူနဲ့။ နင့် ခန္ဓာကိုယ် တဖြည်းဖြည်း ပြန်ကောင်းလာလိမ့်မယ်။ စတွေ့တုန်းကဆို နင့်ခန္ဓာကိုယ်မှာ ပုတ်ပွနေတဲ့နေရာတွေ အများကြီးနဲ့ နံဆော်နေတာ။ အရိုးပေါ်တဲ့ နေရာတွေတောင် ရှိသေး။ နင် သေမသေ သေချာအောင် နတ်ဆိုးသားရဲ စွမ်းအားတွေ တော်တော်သုံးပြီး စမ်းကြည့်လိုက်ရသေးတယ်။ ဒီတော့ ပုတ်နေတာတွေ ရပ်သွားအောင် နင့်ခန္ဓာကိုယ်ပေါ်ကို သလင်းမြက်တွေနဲ့ နေ့တိုင်း ပွတ်ပေးခဲ့တာ။ နင့်ဒဏ်ရာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သက်သာလာတာ”

ကျုပ်လဲ ရုတ်တရက် တစ်ခုတွေးမိပြီး ကိုယ့်မျက်နှာကိုယ် လက်နဲ့ စမ်းကြည့်မိလိုက်တော့တယ်။

============= (*^*)=============

အပိုင်း( ၂၂၆ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters