← Chapters

နန်းတော်ထဲ ဝင်အလုပ် လုပ်မယ်

Vol. 16 Ch. 227

နန်းတော်ထဲ ဝင်အလုပ် လုပ်မယ်

Vol. 16 Ch. 227

Child of light (ကျန်းကုန်း)

Volume 9: Chapter 21 - Job at the Imperial Palace

“အိုက် ယား… တော်တော် ရုပ်ဆိုးတဲ့ကောင်ပဲ။ အပြင်ထွက်ရင် လူတွေကြောက်မယ်ဆိုတာ ကိုယ့်ရုပ်ကိုယ် မသိတဲ့ကောင်ပဲ။ မြန်မြန်ဝင်သွားလိုက်”

ဒီလောက်ထိ လှောင်ပြောင်နေတာ ကျုပ်ဒေါသဖြစ်မိပေမယ့် နတ်ဆိုးမြို့ထဲကို ဝင်ရမျာဆိုတော့ အတတ်နိုင်ဆုံး ဒေါသထိန်းထားလိုက်တယ်။

အစ်ကိုကြီးနဲ့ ကျန်တဲ့သူတွေကို ကယ်ဖို့အတွက် နေရာတစ်ခုရှာပြီး အစီအစဉ်ဆွဲမှ ရမယ်။

ကျုပ်လဲ ဝေ့လည်ဝေ့လည်နဲ့ (၂)နာရီလောက် ကြာတော့ ထောင့်တနေရာမှာ ထိုင်နေမိလိုက်တယ်။ တကယ်တော့ ကျုပ်ကို တည်းခိုခန်းတွေက တည်းခွင့်မပေးကြလို့ဗျ။ ကျုပ်ရုပ်ကြီးက သူတို့ ဖောက်သည်တွေကို ကြောက်နိုင်လို့တဲ့လေ။ ကျုပ်တော်တော်ကို ရုပ်ဆိုးသွားတာလား။

ကျုပ်လမ်းလျှောက်ရင်းနဲ့ ရှေ့နားမှာ ရုတ်ရုတ်သဲသဲ အသံတွေကြားလိုက်ရတယ်။ ကျုပ်လဲ မတ်တပ်ရပ်ပြီး အဲ့နေရာကို လှမ်းကြည့်လိုက်တော့ လူတွေအများကြီးနဲ့ ပွဲစည်နေတာပဲ။

ကျုပ်လျှောက်လာလိုက်တော့ တော်ဝင် ကြေငြာချက် တစ်စောင် တွေ့လိုက်ရတယ်။ ဘာအတွက်လဲတော့ မသိဘူး စားပွဲရှည်ကြီးနဲ့ အရာရှိတွေ ထိုင်နေကြတယ် ဗျ။

ကြေငြာချက်တွေ ဖတ်ကြည့်လိုက်တော့ နန်းတော်ထဲမှာ ထူးထူးဆန်းဆန်း အလုပ်တွေလုပ်ဖို့ စုဆောင်းနေတာဗျ။ အခွင့်အရေးကောင်းဆိုတော့ ဘယ်အလွတ်ပေးလိမ့်မလဲ။ အစ်ကိုကြီးနဲ့ ကျန်တဲ့သူတွေ ဘယ်မှာချုပ်ထားတယ်ဆိုတာ စုံစမ်းနိုင်သလို မူကျီကိုလဲ ခိုးကြည့်လို့ ရနိုင်တယ်လေ။ လက်ရှိရုပ်ကြီးကြောင့် သူနဲ့ မျက်နှာချင်း မဆိုင်ရဲပေမယ့် အဝေးကတော့ ခိုးကြည့်လို့ရရင်ကို ကျေနပ်ရမှာပဲလေ။

ကျုပ်လဲ ကိုယ့်ရုပ်နဲ့ကိုယ် တစ်ချက် မျက်မှောင်ကြုတ်ပြီး လူတွေတိုးဖြဲ ဝင်သွားလိုက်တယ်။ စားပွဲရှေ့ရောက်တော့..

“ထူးဆန်းတဲ့ အလုပ်ကို စိတ်ဝင်စားလို့ပါ”

စစ်ဆေးရေး ခေါင်းဆောင်ထင်ရတဲ့သူကြီး ကျုပ်ကြောင့် လန့်ဖြန့်ပြီး ခုံပေါ်ကတောင် ပြုတ်ကျလုမတတ် ဖြစ်သွားတယ်။ ရှုံ့တွသွားပြီး..

“အမှိုက်… မင်းပုံစံနဲ့ နန်းတော်ထဲ ဝင်ချင်နေတာလား။ မြန်မြန် ရိုက်ထုတ်လိုက်ကြစမ်းဟေ့”

ကျုပ်ဒေါသထွက်ပြီး ဓားနဲ့ ခုတ်သတ်လိုက်ချင်တာများဗျာ။ အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေကို ကယ်ချင်စိတ်နဲ့ ဒေါသတွေ မျိုးသိပ်ထားယုံကလွဲပြီး ဘာများတတ်နိုင်အုံးမှာလဲ။

“အရာရှိကြီးခင်ဗျာ… ကျုပ်ကို အခွင့်အရေးပေးဖို့ တောင်းဆိုပါတယ်။ နွမ်းပါးလွန်းတဲ့ ဘဝကနေ ရုန်းထွက်နိုင်ဖို့ နေရာလေး တစ်နေရာပဲ လိုချင်တာပါ။ လစာမရရင်လဲ ဖြစ်ပါတယ်”

အဲ့စစ်သားက မတ်တပ်ရပ် မျက်လုံးမှိတ်ပြီး..

“မင်းရုပ်ကြီးကိုက စိတ်အနှောက်အယှက် တော်တော် ပေးနေပြီ။ မြန်မြန် ထွက်သွားတော့ မဟုတ်ရင် ငါ့ကို မယဉ်ကျေးဘူး မပြောနဲ့”

“အာ.. အရာရှိကြီးက အရမ်းဒေါသကြီးတာပဲ..”

ချိုသာပြီး ချစ်စရာကောင်းတဲ့ အသံတစ်ခု ကြားလိုက်ရတယ်။

ခေါင်းလှည့်ကြည့်လိုက်တော့ ရှောင်ရို့ ဗျ။ ကျုပ် အင်္ကျီအောက်ကထွက်ပြီး နတ်ဆိုးမျိုးနွယ် ပုံစံပြောင်းလိုက်တာ ကျုပ်တောင် သတိမထားမိလိုက်ဘူး။

အရာရှိရော လူအုပ်ကြီးရော အံ့ဩမှင်တက်ကုန်ကြတယ်။ ခေါင်းဆောင် အရာရှိက နှာရည်တွေ ယိုရင်း..

“ထိပ်တန်းအဆင့်၊ တကယ်ကို ထပ်တန်းအဆင့်ပဲ..”

ရှောင်ရို့ လျှောက်လာပြီး ကျုပ်ပုခုံးပေါ် လက်တင်ရင်းနဲ့..

“အရာရှိ ဒီအစ်ကိုက ဘာဖြစ်လို့လဲ။ အသက်မွေးဝမ်းကြောင်းအတွက် နေချင်တာလေးပဲမို့လား။ ရှင့်မှာ စိတ်ကောင်းရှိမှန်း ကျမ သိပါတယ်။ ကျေးဇူးပြုပြီး သူ့ကို လက်ခံပေးလိုက်ပါလား”

အရာရှိ ရှောင်ရို့ကို အငမ်းမရ ကြည့်ရင်း..

“ခက်တာက…… သူ.. သူ့ရုပ်က ဆိုးလွန်းနေတယ်”

ရှောင်ရို့ ရုတ်တရက် ငိုချလိုက်ပြီး..

“အရာရှိ.. ငါတို့ မောင်နှမတွေ တစ်သက်လုံး အမှီသဟဲ ပြုနေရတာပါ။ အစ်ကို့ကို လက်မခံရင် ကျမတို့ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး”

အရာရှိ မှင်တက်သွားပြီး အလုပ်စာအုပ်ကြီး ဟိုလှန် ဒီလှန်လုပ်ရင်း..

“ကဲ ကဲ သူ့နဲ့ သင့်တော်တဲ့ အလုပ်ရှိမရှိ ကြည့်ပေးအုံးမယ်”

သူ့ဘေးနားက အရာရှိက..

“မီးဖိုချောင်မှာ ထင်းခွဲတဲ့ အလုပ်ရှိတယ်။ ကျုပ်တို့ သူ့ကို အဲ့နေရာပဲ ပေးလိုက်ရမှာ။ နန်းတော်ထဲ ဝင်စရာ မလိုဘူးဆိုတော့ သူ့ရုပ်ရည်လဲ အရေးမကြီးတော့ဘူးလေ”

အရာရှိကြီး ခေါင်းညိတ်ပြီး..

“ကောင်းပြီလေ.. နန်းတော်ထဲမှာ ထွင်းခွဲဖို့ အခွင့်အရေး ပေးလိုက်မယ်။ အလှလေး ဒီလောက်နဲ့ ကျေနပ်သင့်တယ်။ ငါမို့ မင်းကို စေတနာနဲ့ အကူအညီပေးတာ။ မင်းငါ့ကို ဘယ်လို ကျေးဇူးပြန်ဆပ်မှာလဲ”

သူ့ရုပ်ကြီး ကြည့်ပြီး ကျုပ်ဖြင့် အံတောင် အံချင်လာတယ်။ လက်ရှိ သူ့ပုံစံက ကျုပ်ရုပ်ထက်တောင် ရွံစရာ တော်တော် ကောင်းနေသေးတယ်။

ရှောင်ရို့ အဲ့လူကို စူးစူးစိုက်စိုက်ကြည့်ရင်း..

“ဒီည တောင်ဘက် ဝင်ပေါက်မှာ ဆုံရအောင်လေ။ အစ်ကိုက အရမ်းချောတာပဲ။ ငါအရင် ပြန်နှင့်တော့မယ်နော်။ ငါ့အစ်ကို ကို ဂရုစိုက်ပေးပါအုံး”

စကားဆုံးတာနဲ့ သူ့တင်ပါးကို လှုပ်ပြီး လူအုပ်ထဲက ထွက်သွားရော။

အရာရှိတွေကတော့ ရှောင်ရို့ကို အာသာငမ်းငမ်းနဲ့ ကြည့်ကောင်းနေတုန်းပဲ။ ကျုပ်က

“အရာရှိ… အရာရှိ…”

ခေါင်းဆောင် အရာရှိ ရှူတည်တည်နဲ့..

“မင်း ဘာပြောချင်လို့လဲ”

“ကျုပ် အခု ဘာလုပ်ရမှာလဲ”

“မင်းမှာ ပစ္စည်း ပစ္စယတွေ ယူဖို့ ရှိသေးလား”

“ဘာမှ မကျန်တော့ဘူး”

“အာ.. ဟိုနားသွားပြီး ခနစောင့်လိုက်။ လူသစ်တွေ စုပြီးမှ နန်းတော်ထဲ ဝင်ကြမယ်”

ကျုပ်လဲ လေးလေးစားစားနဲ့ ဂါရဝပြုခဲ့လိုက်တယ်။ ကျန်ခဲ့တဲ့ အရာရှိကတော့..

“တကယ်ဆို ဒီလိုမျိုး မိတ်ဆွေတစ်ယောက် ရှိတယ်ကွ။ သူတို့ရုပ်ရည်တွေ ဘာလို့ ဒီလောက် ကွာနေရတာလဲကွာ”

ထောင့်တနေရာရောက်တော့ ရှည့်လေး အရွယ်လောက်ထိ ပြောင်းထားတဲ့ ရှောင်ရို့ ရောက်လာပြီး ကျုပ်အင်္ကျီ ရင်ဘတ်ထဲ ခုန်ဝင်လာတယ်။ ကျုပ် သူ့ခေါင်းလေး ပွတ်ပြီး..

“အင်း.. မင်းကြောင့်သာမဟုတ်ရင် တော်တော် အခြေအနေ ဆိုးမှာကွ။ ရှောင်ရို့ ကျေးဇူးတင်တယ်ကွာ”

ရှောင်ရို့ ကျုပ်ရင်ခွင်ထဲကနေ ကျုပ်လက်ကို ဖမ်းနမ်းလိုက်တယ်။

......

စစ်သားတွေ ဝန်ထမ်းသစ် လိုသလောက် စုမိတဲ့အချိန် အားလုံးစုလိုက်တော့ မွန်းတည့်ချိန်တောင် ရောက်နေပြီ။

တစ်ချက် ကြည့်လိုက်တော့ အယောက်(၂၀)လောက်ရှိတယ်။ ဒါပေမယ့် သူတို့အလုပ်က ဘာမှန်းမသိသေးဘူး။ (၁)နာရီလောက် လျှောက်သွားပြီးမှ နောက်ဆုံးတော့ နန်းတော်ထဲ ရောက်လာကြတယ်။ ကျုပ်တို့က အဆင့်အတန်း နိမ့်တဲ့လူတွေဆိုတော့ ဘေးပေါက်ကပဲ ဖြတ်လျှောက်ခဲ့ကြရတယ်။ နန်းတော်ထဲ ရောက်တာနဲ့ ရှုခင်းတွေ ပြောင်းလဲသွားတာပဲ။ နေရာတိုင်းမျာ ထူးဆန်းတဲ့ ပန်းတွေ၊ ရှားပါး ဆေးဘက်ဝင်အပင်တွေ အပြည့်ပဲ။ ဗိသုကာက လူသားလက်ရာတွေလောက် မဟုတ်ပေမယ့် နတ်ဆိုးမျိုးနွယ်ရဲ့ အထိန်းအကွပ်မရှိ စိတ်ဓာတ်တွေ မြင်သာနေတယ်။

လိုက်ပို့တဲ့ စစ်သည်က..

“မင်းမျက်လုံးတွေ မသရမ်းနဲ့။ မဟုတ်လို့ တစ်ခုခုဖြစ်ရင် ကြိုသတိမပေးဘူး မပြောနဲ့”

သူ့စကားကြားတော့ ကျုပ်လဲ ချက်ချင်း ခေါင်းငုံ့လိုက်တယ်။ လောလောဆယ်တော့ တခြားဘာမှ မလုပ်ခင် အေးအေးဆေးဆေး အချေကျအောင် လုပ်ရအုံးမယ်။

ခြံဝင်းလေး တစ်ခုဆီ ခေါ်သွားပြီးတော့..

“ကောင်းပြီ.. မင်းတို့ ဒီမှာ ခဏစောင့်ရမယ်။ နန်းတော်စောင့် ကြီးကြပ်ရေးမှူတွေ မင်းတို့အမည်တွေကို မှတ်တမ်းတင်ဖို့နဲ့ တာဝန်ပေးဖို့ မကြာခင် ရောက်လာကြလိမ့်မယ်။ ဒီနေရာက ငါတို့အရှင်မင်းမြတ် နတ်ဆိုးဧကရာဇ် စံအိမ်ပဲ။ အရှင်မင်းမြတ်ကို မမြင်နိုင်ပေမယ့် ကိုယ့်အလုပ်ကိုယ် သေချာလုပ်ကြ။ သဘောပေါက်ကြလား”

အားလုံး တပြိုင်တည်း ခေါင်းညိတ်လိုက်ကြတယ်။ အဲ့စစ်သား သူ့အာဏာစက် ဘယ်လောက်ထိရောက် တယ်ဆိုတာ ပီတိဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်သွားလေရဲ့။

ကျုပ်က ရုပ်ဆိုးနေတော့ ဘယ်သူမှ စကားလာပြောချင်တဲ့သူမရှိဘဲ ခပ်ဝေးဝေးလေးမျာပဲ ထိုင်နေလိုက်တယ်။ ဒါကိုက ကျုပ်ကို ဒုက္ခကင်းစေတာဆိုတော့ မဆိုးပါဘူးလေ။

ခဏကြာတော့ အတော်အသင့် အရပ်အမောင်းနဲ့ နန်းတော်မှူးမတ်ဝတ်စုံနဲ့ လူတစ်ယောက် သူ့နောက်မှာ အစောင့်(၂)ယောက်နဲ့အတူ လျှောက်လာကြတယ်။ သူ့လက်ထဲမှာလဲ အလုပ်ခွဲဝေ စာရင်းစုအုပ်ကြီးကိုင်လို့။ ကျုပ်တို့အဖွဲ့ ရှေ့လဲရောက်ရော ချောင်းဟန့်ပြီး..

“အားလုံး ငြိမ်ကြစမ်း။ အခုချိန်ကစပြီး မင်းတို့အားလုံး ငါ့လက်အောက်မှာ လုပ်ရမယ်။ မင်းတို့တွေ ငါ့ကို နတ်ဆိုးစီမံသူ ရို့တုန်း ဒါမှမဟုတ် နတ်ဆိုး စီမံသူလို့ ခေါ်ဖို့ မမေ့ကြနဲ့။ ဟုတ်ပြီ။ မင်းတို့ နာမည်နဲ့ လုပ်ငန်း တာဝန်တွေကို တစ်ယောက်ချင်းစီ အစီရင်ခံကြစမ်း”

ဘယ်လက်အစွန်ဆုံးမှာ သာမန်ရုပ်ရည်နဲ့ ပေါ့ပေါ့ပါးပါး နတ်ဆိုးတစ်ယောက်ရှိတယ်ဗျ။ သူက စီမံခန့်ခွဲသူကို လေးလေးစားစား ဂါရဝပြုရင်း..

“ကျုပ်က လီကာ ပါ။ ဥယျာဉ်မှူးတာဝန် ယူရမှာပါ။ သခင် နတ်ဆိုးစီမံသူ နောက်နောင် ကျုပ်ကို စောင့်ရှောက်ပေးပါအုံး”

============= (*^*)=============

အပိုင်း( ၂၂၈ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters