← Chapters

မူကျီရဲ့ နားလည်နိုင်စွမ်း

Vol. 16 Ch. 230

မူကျီရဲ့ နားလည်နိုင်စွမ်း

Vol. 16 Ch. 230

Child of light (ကျန်းကုန်း)

Volume 9: Chapter 24 - Mu Zi’s Understanding

“မင်းသမီး သွားကြရအောင်”

ခယ်လွင်သောင် ထပ်သတိပေးတယ်။

မူကျီကတော့ မျက်စိအသာမှိတ်ထားရင်း..

“ကျန်းကုန်းလား။ အဲ့လူ ကျန်းကုန်းများလား…”

ခယ်လွင်သောင် လန့်သွားပြီး..

“အဲဒါ မင်းလူသားမျိုးနွယ်ထဲမှာ သိခဲ့တဲ့ မှော်ဆရာလား”

အဲ့ကောင် ကျုပ်ကို မသိသလို ဟန်ဆောင်နေတာပဲ။ ဒေါသနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိတယ်။

မူကျီ ရှုတ်ထွေးနေတဲ့ပုံနဲ့ ခယ်လွင်သောင်ကို ကြည့်ပြီး..

“အစ်ကိုကြီး ဝေလောင် .. အဲဒါ သူပဲ။ သူငါ့နဲ့တွေ့ဖို့ ဒီနေရာထိ ရောက်လာတယ်။ ငါ သူ့ကို တွေ့ချင်တယ်”

ကျုပ်ကို ရှာပေးဖို့ ပြောနေတုန်းမှာပဲ ခယ်လွင်သောင် မူကျီလက်ကို ဆွဲပြီး..

“မင်းသမီး အခုပြန်သွားတာ ပိုကောင်းလိမ့်မယ်ထင်တယ်။ အဲ့လူက မင်းပြောတဲ့သူ မဟုတ်တာ သေချာတယ်”

မူကျီ အံ့ဩသွားပြီး..

“ဘာကြောင့်လဲ။ ငါ့ပင်ကိုယ် သိစိတ်အရ ကျန်းကုန်းပဲ။ သူ့ဆီက ရင်းနှီးတဲ့ အငွေ့အသက်တွေ ငါဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ငါတောင်းပန်ပါတယ် အစ်ကိုကြီး ဝေလောင် ငါတို့ အတူတူ ကြီးပြင်းလာတယ်ဆိုပေမယ့် ငါ နင့်ကို အစ်ကိုကြီးတစ်ယောက်လိုပဲ ဆက်ဆံခဲ့တာ ခွင့်လွှတ်ပေးပါလား”

ထင်ထားတဲ့အတိုင်းပဲ။ မူကျီ ကျုပ်အပေါ်ထားတဲ့ မေတ္တာတရားတွေ ပြောင်းလဲမသွားဘူးပဲ။ ကျုပ်နှလုံးသားမှာ ခံစားချက်တွေ ထိုးထွက်လာတယ်။

ခယ်လွင်သောင် သက်ပြင်းတစ်ချက်ချပြီး..

“မင်းသမီး ငါနင့်ရဲ့ အဖော်မွန် မဖြစ်ထိုက်ဘူးဆိုတာ ငါသိပါတယ်။ အဲလိုလဲ စိတ်ကူးမထားဘူး။ ဒါပေမယ့် အခုတော့ ငါနဲ့ ပြန်လိုက်ခဲ့မှဖြစ်မယ်။ နင်ပျောက်သွားရင် အရှင်မင်းကြီး ဒေါသနဲ့ဆို ငါ့မှာ ခေါင်း(၁၀)လုံးရှိရင်တောင် လောက်မှာမဟုတ်ဘူး”

မူကျီ တင်းခံခေါင်းခါရင်း..

“ဒီကိစ္စကလွဲရင် ကျန်တာ ဘာပဲဖြစ်ဖြစ် ကတိပေးနိုင်တယ်။ ကျန်းကုန်း ငါနဲ့တွေ့ဖို့ ဒီနေရာထိအောင် စွန့်စားပြီးလာခဲ့ရတာ။ သူနဲ့သာမတွေ့လိုက်ရရင် ငါ…..”

“အဲ့လူက မင်းပြောတဲ့ ကျန်းကုန်းမဟုတ်ဘူး။ သူ့မျက်လုံးတွေ ခရမ်းရောင်သန်းနေတာ မတွေ့ဘူးလား”

“ဒါကို ငါထည့်စဉ်းစားတယ်။ ငါ လူသားမျိုးနွယ်ကို သွားတုန်းက ရုပ်ဖျက်ဖို့လွယ်တော့ ကျန်းကုန်းလဲ အဲလိုပဲ လုပ်တာနေမယ်။ ကျေးဇူးပြုပြီး ငါ့ကို ယုံပေးပါ အစ်ကိုကြီး ဝေလောင်..”

ခယ်လွင်သောင် လန့်သွားပြီး..

“မင်းသမီး… မင်းသမီး.. ကိုယ့်ကိုကိုယ် အန္တရာယ်ထဲ တွန်းပို့တဲ့အလုပ်မျိုးတော့ ငါဘယ်လိုမှ ခွင့်မပြုနိုင်ဘူး”

“ဘာကို အန္တရာယ် များရမှာလဲ။ ကျန်းကုန်း ငါ့ကို ဘယ်တော့မှ ထိခိုက်အောင် လုပ်မယ့်သူမဟုတ်ဘူး”

“ဒါပေမယ့်.. အဲဒါ တကယ်ကြီး ကျန်းကျန်း မဟုတ်ဘူး..”

မူကျီ မျက်မှောက်ကြုတ်ပြီး..

“အဲ့လူ ကျန်းကုန်းမဟုတ်မှန်း ဘာကြောင့် သေချာနေရတာလဲ”

မူကျီ မေးခွန်းက ဖိအားတွေ ပါသွားလို့နေမယ်..

“ဘာဖြစ်လို့လဲဆိုတော့ သိပ်မကြာခင်ကပဲ ကျန်းကုန်း သေသွားလို့ပေါ့”

အဝေးက ကျုပ်တောင် မူကျီ ခန္ဓာကိုယ် တောင့်တင်းသွားတာ သတိထားမိလိုက်တယ်။

“နင် ဘယ် သူ သေ သွား တယ် လို့ ပြော လိုက် တာ လဲ…”

ခယ်လွင်သောင် ဆက်မပြောသင်တာ သတိရပြီး..

“မဟုတ်ဘူး။ ငါ ဒီအတိုင်းပဲ ပြောလိုက်မိတာ”

မူကျီ မက်လုံးတွေ ပြူးပြီး..

“အစ်ကိုကြီး ဝေလောင်၊ နင်လိုလူက ဘယ်တုန်းက အခြေအမြစ်မရှိတဲ့ စကားတွေ ပြောခဲ့ဖူးလို့လဲ။ ဘာတွေ ဖြစ်ခဲ့လဲ အမြန် ပြောပြ”

ခယ်လွင်သောင်အနေနဲ့ သူဆက်ပြီး ဖုံးကွယ်လို့ မရတော့ဘူးဆိုတာ သဘောပေါက်သွားတယ်။ သက်ပြင်းကြီးချပြီး ကျုပ်တို့အဖွဲ့ စိမ့်ဝင်လာတာတွေ၊ နတ်ဘုးခေါင်းကိုက်တောင်ကြားထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြလိုက်တယ်။ မူကျီ စိုးရိမ်တကြီးနဲ့..

“တော်ဝင်အဖေ သူ့ကို ဖမ်းပြီး ဘာလုပ်လိုက်လဲ”

ခယ်လွင်သောင် သက်ပြင်းချပြီး..

“အရှင်မင်းကြီး ပြောတာတော့ သူ့ခန္ဓာကိုယ်ထဲကို အမှောင်စွမ်းအားတွေ စိမ့်ဝင်သွားတာ မခံနိုင်လို့ သူ့ခန္ဓာကိုယ် တစ်ခုလုံး ပုတ်ပွပြီး သေတဲ့အထိ ဖြစ်သွားတယ်တဲ့”

မူကျီ တစ်ကိုယ်လုံး ယိမ်းယိုင်သွားတယ်။ ပြီးတော့ နှုတ်ကလဲ တတွတ်တွတ်နဲ့..

“ကျန်းကုန်း တကယ်သေသွားတာလား။ မဟုတ်ဘူး။ သူမဖြစ်နိုင်ဘူး။ နင်လိမ်နေတာမို့လား။ အစ်ကိုကြီး ဝေလောင် နင်အရိုးသားဆုံးပြောစမ်းပါ။ ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ”

မူကျီကတော့ စိတ်လှုပ်ရှားလေ ခယ်လွင်သောင် ပုခုံးကိုဆွဲရမ်းလေ လုပ်နေတော့တာ။

“မင်းသမီး စိတ်အေးအေးထားပါ။ ငါပြောနေတာ အကုန်အမှန်တရားပဲ”

မူကျီ ရူးသွားတဲ့ပုံစံနဲ့ နန်းတော်ဘက် ပြေးသွားတယ်။

“နင် လိမ်လား မလိမ်လား တော်ဝင်အဖေကို ငါကိုယ်တိုင် သွားမေးမယ်”

လေထဲမှာ ကြည်လင်နေတဲ့ ရေစက်လေးတွေ မြင်လိုက်ရတယ်။ အာ.. ဒါ မူကျီ မျက်ရည်စက်တွေပဲ။

“မင်းသမီးလေး.. ငါ့ကို စောင့်အုံးလေ..”

ခယ်လွင်သောင်လဲ အော်ရင်း လိုက်သွားတော့တယ်။

သူတို့ထွက်သွားပြီ ခနလောက်ကြမှ ကျုပ်လဲ မျက်ရည်အရွှဲသားနဲ့ ခြုံထဲက ထရပ်လိုက်တယ်။ ကျုပ်ခန္ဓာကိုယ်မှာသာ အမာရွတ်တွေ မရှိရင် ကျုပ်ဘယ်လောက်တောင် ဝမ်းသာလိုက်မလဲ။ ကျုပ်ပုံစံအမှန်ပြပြီး မူကျီနဲ့ ချက်ချင်း တွေ့ပစ်မှာ။ အခုတော့ နတ်သမီးလေးလို သူ့အတွက် ဘီလူသဘက်လို ကျုပ်ရုပ်က မလိုက်ဖက်တော့ဘူးလေဗျာ။

ပတ်ဝန်းကျင်ကို သေချာလေ့လာ စစ်ဆေးပြီးမှ ထင်းအိမ်လေးဆီ လေဟာနယ်ရွှေ့ပြောင်းလိုက်တယ်။ ကျုပ်ရောက်လာတော့ ရှောင်ရို့ ကျုပ်ဆီတမ်းရောက်လာတယ်။ ကျုပ်လဲသူ့ကို အသာဖမ်းဆွဲပြီး တိုးတိုးလေးနဲ့..

“ငါ့အတွက် စောင့်ကြည့်ပေးအုံး ။ အဝတ်အစား လဲလိုက်အုံးမယ်”

ကျုပ်လဲ ညဝတ်စုံကို သိမ်းပြီး အမြန်ဆုံး အဝတ်အစားလဲလိုက်တယ်။

အကုန်လဲပြီးမှ သက်ပြင်းချနိုင်တော့တယ်။

ကုတင်ပေါ် လှဲနေတုန်းရှိသေးတယ် နန်းတွင်းထဲကနေ ပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်ရတော့ ဦီးလေးထင်းတုံးရော ကျုပ်ရော လန့်သွားတယ်။

ဦးလေး ထင်းတုံးက..

“ဘာဖြစ်တာလဲဟ..”

“မသိဘူးလေ။ တစ်ခုခုတော့ ပေါက်ကွဲတာ ထင်တာပဲ”

ဦးလေးထင်းတုံးကြီး အဝတ်အစာကောက် ဝတ်ပြီး..

“လာဟေ့ ဘာဖြစ်တာလဲ သိရအောင် နည်းနည်းထွက်ကြည့်ကြစို့”

ဦးလေးထင်းတုံးနဲ့အတူ ထင်းတဲလေးထဲက ထွက်လာတော့ နန်းတော်ထဲက ကောင်းကင်တစ်ပြင်လုံး ကြက်သွေးရောင် နီရဲနေတာ တွေ့လိုက်ရတယ်။ တစ်နေရာရာမှာများ မီးလောင်နေလားမသိဘူး။ ကျုပ်လဲ နန်းတော်ထဲမှာ ဘာမှ မဖျက်စီးခဲ့မိပါဘူး။

မိးဖိုဆောင်က အလုပ်သမားတွေအကုန်လုံးလဲ လူးလဲထလာကြပြီး စားဖိုဆောင်ခေါင်းဆောင်က..

“ဘာဖြစ်တာလဲဟေ့”

တစ်ယောက်ယောက်က..

“လုပ်ကြံသူတွေ နန်းတွင်းထဲ ဝင်သွားတဲ့ပုံပဲ”

“ဘယ်လိုလူကများ ငါးတို့ မြင့်မြတ်အလင်းအင်ပါယာ နန်းတွင်းထဲကို ခိုးဝင်ဖို့ သတ္တိတွေ ရှိနေပါလိမ့်။ ကြည့်ရတာ အဲ့လူ သေချင်နေတာ ဖြစ်မယ်”

စစ်သားတွေလဲ အပြင်ဘက်မှာ ရောက်လာတယ်။ စစ်သည် ခေါင်းဆောင်က..

“မီးဖိုဆောင် အလုပ်သမားတွေအားလုံး ဘယ်မှမသွားကြနဲ့။ လုပ်ကြံသူတွေ နန်းတွင်းထဲ ဝင်လာလို့ လိုက်ဖမ်းနေကြတယ်။ အားလုံး ကိုယ့်နေရာကိုယ် ပြန်ကြ”

ဒါတော့ မဟုတ်သေးပါဘူး။ တစ်ယောက်လေး ခိုးဝင်မိတာနဲ့ ဒီလောက်ထိ ကြီးကြီးကျယ်ကျယ် လုပ်စရာလိုလို့လား”

နန်းတော်ထဲမှာ တိတ်ဆိတ်သွားပြီး မီးဖိုချောင်အပါအဝင် နေရာအနှံ့ လိုက်ရှာနေကြတယ်။

နောက်နော့ နေ့လည်ကျ ထင်းခွဲနေရင်း အသစ်အရွက်ဆေးကြောဖို့ တာဝန်ကျ (၂)ယောက် စကားသံတွေ ကြားလိုက်ရတယ်..

“မနေ့ညက နန်းတွင်းထဲကို လုပ်ကြံသူတွေ ခိုးဝင်လာတယ်ကြားတယ်။ အရှင်မင်းကြီးကို လုပ်ကြံဖို့ ကြံစည်တာ တဲ့”

ကျုပ်လဲ သူတို့စကားကြားတော့ နည်းနည်းလေး အာရုံစိုက် နားထောင်လိုက်တယ်။

နောက်တစ်ယောက်က..

“အဲဒါ လူတိုင်းသိနေတာပဲကို။ တော်တော်ကြာတဲ့ထိ ရှုတ်ယှက်ခတ်ပြီး နောက်ဆုံးတော့လဲ ဘာမှ မဖမ်းမိလိုက်ဘူး။ စစ်သားတွေ ဘာလုပ်နေကြလဲ မသိဘူး”

“ရှူး… မင်းအသံတိုးတိုးပြောစမ်း။ ဘယ်သူမှ မကြားစေနဲ့ကွ။ မဟုတ်ရင်း မင်းဒုက္ခရောက်သွားလိမ့်မယ်နော်”

“ဒါ အမှန်တရားပဲ မဟုတ်ဘူးလား။ နန်းတွင်းကို ကာကွယ်ဖို့ သူတို့မျာ တာဝန်ရှိတယ်လေ။ ဒီလောက်တောင် လူတွေအများကြီးကို ခိုးဝင်နိုင်သေးတယ်လေ။ ပြီးတော့ ဘာမှမဟုတ်သလို ပြန်ထွက်သွားနိုင်သေးတယ်။ တကယ်ကို ရှက်စရာကြီး”

“ဒါက စိတ်ဝင်စားဖို့ အကောင်းဆုံး မဟုတ်သေးဘူး။ စိတ်ဝင်စားဖို့ကောင်းတာက သတ်သတ်ရှိတယ်”

“အဲဒါ ဘာတုန်းဟ”

“နန်းတွင်းထဲက ရုတ်တရက် ထတောက်တဲ့ မီးတောက်ကြီး မှတ်မိသေးတယ်မို့လား။ ဘာကြောင့်လဲ သိလား”

“ဟုတ်သားပဲ။ ငါလဲ အဲ့ပေါက်ကွဲမှုကြောင့် နိုးလာတာ။ လုပ်ကြံရေးသမားကြောင့် မဟုတ်ဘူးလား”

အဲ့လူ ပတ်ဝန်းကျင်ကို သေချာကြည့်ပြီးမှ တိုးတိုးလေးနဲ့..

“ဟုတ်တယ်။ ငါထမင်းသွားကျွေးနေကျ မိန်းမစိုးက မင်းသမီးလေး ပြောတာ ကြားခဲ့ရတယ်”

============= (*^*)=============

အပိုင်း( ၂၃၁ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters