ဝတ်စုံနက်နဲ့ လျှို့ဝှက်လူသား
Vol. 16 Ch. 231
Child of light (ကျန်းကုန်း)
Volume 9: Chapter 25 - Mysterious Man in Black
“ဘာရယ်… ဒီပြဿနာတွေက မင်းသမီးကြောင့် ဖြစ်တာလား”
“မင်းအသံ တိုးစမ်းပါကွာ။ ဘာကြောင့်မှန်းမသိပေမယ့် အရှင်မင်းမြတ်ကို မင်းသမီး ဝုန်းဒိုင်းကြဲလိုက်တယ် ပြောတယ်။ ပြီးတော့ ဘာမှန်းမသိတဲ့ မှော်ပညာကြီးသုံးပြီး စံမံရေးအဆောင်ကို ဒေါသတကြီး ဖျက်စီးပစ်လိုက်တယ်တဲ့”
အဲ့အသံကြားတော့ တုန်လှုပ်နေတဲ့ စိတ်ခံစားချက်တွေ ဖုံးကွယ်နိုင်အောင် ခေါင်းငုံပြီး ထင်ကိုပဲ ဖိခွဲနေလိုက်မိတယ်။ မူကျီနဲ့ သူ့အဖေ ရန်ဖြစ်တာ ကျုပ်ကြောင့်ဆိုတာ သေချာတယ်။ မူကျီရေ ငါ့မူရင်းရုပ်ရေနဲ့ သာဆိုရင် မူကျီလေး ငါနဲ့အတူ ဝေးရာထွက်ပြေးမျာ သေချာတယ်။ ဒါပေမယ့် အခုတော့ ငါနဲ့ အလိုက်ဖက်တော့ဘူး။ ခယ်လွင်သောင်ပဲ မင်းအတွက် အကောင်းဆုံး ဖြစ်မယ်ထင်တယ်။ မူကျီကို နောက်ထပ် မတွေ့တော့ဘူးဆိုပြီး အံကြိတ်ရင်း စိတ်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်မိတယ်။ ကျုပ်ရုပ်ရေကြောင့်တော့ ကျုပ်ကို မငြင်းဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ကျုပ်ဘာကြောင့် အဲလိုလုပ်ရမျာလဲ။ ကျုပ်ကြောင့်တော့ သူ့ဘဝကို မပျက်စီးစေရဘူး။ အမာရွတ်အပြည့် ကျုပ်ရုပ်ကြီးနဲ့ သူကို့တွဲမြင်လိုက်ရင် ပတ်ဝန်းကျင်က ဘာတွေပြောကြမလဲ။ ဒါတွေ တွေးရင်း ကျုပ်ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာမိတယ်။ ချိုချဉ် ပူခါး အတွေးများစွာနဲ့ ကျပ်နှလုံးသား ရှုတ်ထွေးနေတယ်ဗျာ။
ဦးလေးထင်းတုံးကြီး တစ်ခုခုလွဲနေသလို ခံစားရလို့ထင်တယ် အံ့ဩပြီး ကျုပ်ကို..
“(၁၈) ဘာဖြစ်နေတာတုန်း”
ကျုပ်လဲ မျက်ရည်စတွေ အမြန်သုတ်ရင်း..
“ဘာမှ မဟုတ်ပါဘူး ဦိးလေးထင်တုံး၊ ကျုပ်မျက်လုံထဲ အမှုန် ဝင်သွားလို့ပါ”
“အော်….”
ဦးလေး ထင်းတုံးကြီး ဘာမှတော့ ထပ်မမေးတော့ဘူး။
နှလုံးသားထဲမှာ ရှုတ်ထွေးနေတဲ့ ခံစားချက်တွေ ငြိမ်သွားအောင် အသက်ပြင်းပြင်းရှူလိုကတယ်။ မူကျီအကြောင်း ဆက်တွေးလို့ မဖြစ်တော့ဘူး။ ကျုပ်သူ့ကို မြင်ပြီးပြီဆိုတော့ ကျေနပ်သင့်နေပြီလေ။ အခုအချိန် ဦးစားပေးအဆင့်က အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေကို ကယ်ထုတ်ဖို့ပဲ။ ပြီးတော့ မိစ္ဆာဘုရင်နဲ့ တိုက်ပွဲအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအောင် အခြေစိုက် စခန်းကို ချက်ချင်း ပြန်သွားမှ ဖြစ်မယ်။ ကျုပ်လဲ နှုတ်ခမ်းတွေ ကိုက်ရင်း ထင်းတွေကိုပဲ အာရုံစိုက် ခွဲနေလိုက်တယ်။
မွန်းတည့်ချိန်ရောက်တော့ ဦးလေးထင်းတုံးကြီး ကျုပ်ပုခုံးကိုပုတ်ပြီး..
“(၁၈) မင်းဒီလောက်ထိ ကြိုးစားနေစရာ မလိုပါဘူး။ နှစ်ရက်စာလောက်တောင် ခွဲပြီးသွားပြီဆိုတော့ နားပြီး စားကြ သောက်ကြစို့”
ကျုပ်လဲ ပုစိန်ပစ်ချ၊ ချွေးသုပ်ပြီး အားတင်းပြုံးပြလိုက်တယ်။
ဦးလေး ထင်းတုံးကြီး မျက်မှောင်ကြုတ်ပြီးမှ..
“ငါအရင် သွားစားလိုက်အုံးမယ်ကွာ။ စားပြီးရင် မင်းကို လာခေါ်လှည့်မယ်”
ကျုပ်လဲ ပြုံးစိစိနဲ့ အလုပ်ဆက်လုပ်ရင်း…
“ဘာလဲ ကျုပ်ပါရင်း ခင်ဗျား အစားအသောက် ပျက်မှာစိုးလို့မို့လား”
......****…..
ညဘက်ရောက်တော့ ညဝတ်ရုံဝတ်ပြီး ထင်းတဲက အသာလေး ထွက်လာပြီး ခေါင်မိုးပေါ် ခုန်တက်လိုက်တယ်။ ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် အကျဉ်းထောင်ရဲ့ အနေအထားတွေ သေချာလေ့လာ စုံစမ်းမှ ရမယ်။ ကျုပ် ဒီမှာ ကြာကြာနေလေ မူကျီကို တွေ့ချင်စိတ် ထိန်းမရလေ ဖြစ်တော့မှာ။
ကျုပ် ရှေ့ဆက်သွားမလို့ လုပ်တုန်း အနက်ရောင်အရိပ်တစ်ခု ကျုပ်ရှေ့က ပိတ်ရပ်လာတယ်။
အဲ့အရိပ်က ကြောက်စရာကောင်းလောက်တဲ့ အရှိန်နဲ့ ကျုပ်ဆီ ပြေးဝင်လာတာ။ ကျုပ် အာရုံခံနိုင်စွမ်းနဲ့တောင် ကျုပ်ဆီလာနေတာ ဘယ်သူမှန်း ခွဲမရဘူး။
I sized up the person before me, only to see that his entire body was covered with black clothing; not even his hair was in view. It was obvious that he was the same as me, who feared that someone
ရှေ့ကလူကို သေချာမြင်ရမှပဲ အရွယ်အစားရော၊ အနက်ရောင်ဝတ်စုံ ဝတ်ထားတာရော မြင်ရတော့တယ်။ နောက်ဆုံး သူ့ဆံပင်တောင် မမြင်ရဘူး။ ကြည့်ရတာ ကျုပ်လိုပဲ တစ်ယောက်ယောက် သူ့ကို မှတ်မိသွားမှာ စိုးရိမ်နေတဲ့ပုံပဲ။ ကျုပ်မှာသာ ဖိအားတွေများအနေရင် ဒင်ကို သတ်ပြီးနေလောက်ပြီ။
“ဘာဖြစ်ချင်တာလဲ”
ဝတ်စုံနက်က ခေါင်းညိတ်ပြီး..
“တခြားလူတွေ မသိစေချင်ရင် ငါ့နောက် အသာလိုက်ခဲ့..”
ပြောပြီးတာနဲ့ နန်းတော် အပြင်ဘက်ကို တဟုန်ထိုး ပြေးထွက်သွားတယ်။
အဲ့ ဝတ်စုံနက်က နန်းတော်ထဲ စိမ့်ဝင်နေသလိုပဲ။ ခပ်မြင့်မြင့်ပျံရင်း နန်းတော်ကနေ ထွက်ဖို့ ညအမှောင်ကို အကာအကွယ်ယူထားတဲ့ ပုံပဲ။ သူ့အမြန်နှုန်းက တော်တော်မြန်တာမို့ ကျုပ်လဲ ပေါင်းစပ် စွမ်းအားတွေ သုံးယုံကလွဲပြီး ရွေးစရာမရှိတော့ဘူး။ သူ့ကိုလဲ မေးခွန်းထုတ်ဖို့က မဖြစ်နိုင်သေးဘူးလေ။
မြို့ထဲက ထွက်မှ သူ့အရှိန် တဖြည်းဖြည်း လျှော့ချပြီး နောက်ဆုံးတော့ မြို့နဲ့ (၁၅)ကီလိုမီတာ အကွာလောက်က တောင်ကုန်းလေးပေါ်မှာ ရပ်သွားတယ်။ ကျုပ်လဲ သူနဲ့ (၁၀)မီတာလောက် ခွာရပ်လိုက်ပြီး နည်းနည်း ရှုံ့မဲ့နေလိုက်တယ်။ ဒီအကွာအဝေးအတွက် ပျံသန်းရတာ စွမ်းအား ကုန်ခမ်းမှု မနည်းဘူးလေ။
အနက်ဝတ်က ကျုပ်ကို စိုက်ကြည့်ပြီး အသံစူးစူးနဲ့..
“နတ်ဆိုးနန်းတော်ထဲ စိမ့်ဝင်ရတဲ့ အကြောင်းအရင်းက ဘာလဲ”
ကျပ်လဲ အေးဆက်ဆက်နဲ့..
“လူတွေ မမှတ်မိအောင် ရုပ်ဖျက်နေရတာချင်း အတူတူပဲ မဟုတ်ဘူးလား။ ငါ့ကို ဘာမေးစရာ လိုလို့တုန်း”
“မင်း မဖြေရင် ငါတို့တွေ အတင်းအကြပ် လုပ်ရလိမ့်မယ်”
ဘာမှန်းမသိရသေးတဲ့ သူနဲ့ ရင်ဆိုင်ရတဲ့အချိန် ကျုပ်သတိလက်လွတ်လို့ မဖြစ်ဘူး။ ဒီတော့ ကာကွယ်ရေးအတွက် အရင်ဆုံး ကျုပ်ခန္ဓာကိုယ်တစ်ဝိုက်မှာ အလင်းရောင်တွေ ဖြာထွက်လာတယ်။ ကျုပ်မှာမှ စုက္ကရေးမရှိတာ။ မှော်စွမ်းအားကလဲ အပြည့်အဝ ပြန်မကောင်းသေးဘူးဆိုတော့ မှော်စွမ်းအားတွေ စုစည်းတာ အရင်တုန်းကနဲ့စာရင် တော်တော်ကို နှေးတာပဲ”
အနက်ဝတ်လူက အံ့ဩတကြီးနဲ့..
“မင်းက မှော်ဆရာပေါ့လေ။ လူသားမျိုးနွယ် သူလျှိုတစ်ယောက်လို့ ငါထင်ထားတာ မမှားဘူးပဲ”
ကျုပ်သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး သတ်ပစ်မှ ရတော့မှာမို့ အလင်းဓားတစ်လက်နဲ့ ခုတ်ချလိုက်တယ်။ သူလဲ ကျုပ်ကို ရိပ်မိသွားလောက်ပြီလေ။ ဘယ်သူပဲဖြစ်ဖြစ် ဒီနေရာက နတ်ဆိုးမျိုးနွယ် နယ်မြေဆိုတော့ ကျုပ်ကို အမြစ်လှန်မှာသေချာတယ်လေ။ ကျုပ်ကိုသာ ဖော်ထုတ်နိုင်သွားရင် အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေကို ကယ်ရမယ့်ကိစ္စအတွက် တော်တော်ကို ခက်ခဲသွားမှာ အသေအချာပဲ။
ထူးဆန်းတာက အဲ့လူ သူ့ဆီရောက်လာတဲ့ အလင်းဓားကို နည်းနည်းမှ မရှောင်ဘူးဗျ။ သူ့ခန္ဓာကိုယ်ကနေ ကောင်းကင်ပြာလို အလင်းတန်းတွေ ရုတ်တရက် ထွက်လာပြီး အလင်းဓားရဲ့ စွမ်းအားတွေ ပြန့်ကျဲသွားတယ်။
အ့… အဲဒါ ဘယ်လို စွမ်းအားမျိုးကြီးတုန်း။ မထင်မှတ်ဘဲ ကျုပ်တိုက်ကွက်ကို အသာလေး ကာကွယ်လိုက်တယ်။ နတ်ဆိုးဧကရာဇ်နဲ့ ရင်ဆိုင်ပြီးကတည်းက ကူကယ်ရာမဲ့ ဖြစ်တာ ဒါပထမဆုံးအကြိမ်ပဲ။
=အနက်ဝတ်နဲ့လူ ပြန်တိုက်ဖို့ မလုပ်ဘဲ..
“ဒီလို တိုက်ခိုက်မှုမျိုးတွေ ငါ့အတွက် အသုံးမဝင်ဘူး။ မင်းအစွမ်းလဲ ဒီလောက်ပဲတော့ မကဘူးမို့လား”
ကျုပ်လဲ နှလုံးသားထဲကထိ အမုန်းတရားတွေ ထကြွလာပြီး အံကြိတ်ရင်း..
“အို အလင်းရောင်ခြည်။ ကြယ်တွေလို ဖန်တီးပြီး ရန်သူကို ဖယ်ရှားဖို့ အကန့်သတ်မဲ့ စွမ်းအားတွေ ငှားပေးပါအုံး… အလင်းကြယ်များ တောက်ပခြင်း ”
ရန်သူက အင်အားကြီးတယ် ဆိုတော့ ကျုပ်လဲ အဆင့်မြင့် မန္တန်(၂)ခု ထုတ်သုံးလိုက်တယ်။ ကျုပ်အစွမ်းတွေ အထွတ်အထိပ်အခြေအနေဆို ရွတ်စရာတောင်မလိုပေမယ့် အပြည့်အဝ ပြန်မရသေးဘူးဆိုတော့ အရင်ကနဲ့မတူဘဲ မန္တန်တွေ ရွတ်ယုံပဲရှိတော့တာပေါ့။
ကြယ်အလင်းရောင်တွေ စုလာပြီး ကျုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရန်သူဆီကို ကွင်းဆက်လိုမျိုး ပစ်ထွက်သွားတယ်။ တစ်ပြိုင်နက်တည်းမှာပဲ သန့်ရှင်းသောဓားအလင်း တွေကလဲ အလင်းကြယ်တွေကို ဝန်းရံပြီး ရွှေရောင်တိုင်လုံး တစ်ခုလို ပြောင်းသွားပြီး ပေါက်ကွဲစွမ်းအား တိုးသွားစေတယ်။ ဒါ သိပ်မကြာခင်ကမှ ကျုပ်တီထွင်ထားတဲ့ ပေါင်းစပ်မှုအလင်းမှော်ပညာပေါ့။ ဒါကို သန့်ရှင်းသော အလင်းကြယ်စင် တောက်ပမှု လို့ နာမည်ပေးထားတယ်။ ဒါ ပဏာမ သုံးကြည့်တာပဲ။ စွမ်းအားက တားမြစ်မန္တန်အဆင့်ကို မရောက်ပေမယ့် အဆင့်မြင့် မန္တန်စွမ်းအားတွေထက်တော့ သာသွားပြီ။
မန္တန်သုံးပြီးတဲ့အခါ ကျုပ်ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေ အပြင်ဘက်ကို အရူးအမူးထွက်သွားလို့ ကျုပ်ခန္ဓာကိုယ် အားနည်းသလို ခံစားလိုက်ရတယ်။
အနက်ဝတ်လူ နောက်ကို (၂)လှမ်းလောက် ဆုတ်သွားတယ်။ ဒီတိုက်ကွက်ကို ခုခံဖို့ မလွယ်ဘူးလို့ သူသိနေတယ်ဆိုတာ ထင်ရှားတယ်။ လက်နှစ်ဖက် ရင်ဖတ်ရှေ့ထားပြီး စက်ဝိုင်းတစ်ခု ပုံစံ လုပ်လိုက်တယ်။ အပြာရောင် အလင်းတန်းကြီး ရုတ်တရက် လင်းသွားပြီး သန့်ရှင်းသော ကြယ်စင်အလင်းတွေဆီ ဖြာကျသွားတယ်။ ပြိုင်ဖက်ကို သေချာကြည့်နေတုန်း ထိပ်တိုက် တွေ့မိတဲ့ အသံတွေ လေထဲမှာ အဆက်မပြတ် ပေါ်လာတော့တယ်။
============= (*^*)=============
အပိုင်း( ၂၃၂ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား