စစ်နတ်ဘုရား၏ မှော်စွမ်းရည်
Vol. 16 Ch. 232
Child of light (ကျန်းကုန်း)
Volume 9: Chapter 26 - Magic Race’s War God
အလင်းတန်းတွေ ပျောက်သွားတော့ အဝတ်နက်လူက အစောကပုံစံအတိုင်း ရှိနေတုန်းပဲ။
ကျုပ်လဲ တုန်လှုပ်ခြောက်ပြီး..
“မဟုတ်သေးဘူး။ မဖြစ်နိုင်ဘူး။ သန့်ရှင်းသော ကြယ်စင်အလင်း တောက်ပမှုကို သာမန်လူတစ်ယောက် ဘယ်လိုလုပ် ခံနိုင်မှာလဲ”
အခု တိုက်လိုက်တဲ့ တိုက်ကွက်က နတ်ဆိုး ဧကရာဇ်တောင် အမှောင်နတ်ဆိုးနဂါးရဲ့ စွမ်းအားရော မူလမန္တန်တွေရော အကူအညီတောင်းပြီး ကာကွယ်ရတဲ့ သန့်ရှင်းသောဓားစွမ်းအား ပြီးရင် ဒုတိယလိုက်နိုင်တဲ့ တိုက်ကွက်လေဗျာ။
ဝတ်စုံနက်နဲ့လူက လက်ကို လေထဲမှာလှုပ်ရှားလိုက်တယ်။ အစောက ကျုပ်တိုက်ကွက်ရဲ့ စွမ်းအား အကျွင်းအကျန်တွေကို ရှင်းထုတ်နေတဲ့ပုံပဲ။ ပြီးတော့..
“မဖြစ်နိုင်ဘူး ထင်ထားတာတွေ အများကြီးရှိတယ်”
အတွေးတစ်ခုကြောင့် ကျုပ်စိတ်ထဲလန့်သွားပြီး..
“ဖြစ်နိုင်တာက ခင်ဗျား ကျွမ်းကျင်ပြီးသား……”
“မင်းအမြင် မဆိုးဘူးပဲ။ ဒါလဲ ဖုံးကွယ်ထားဖို့ မလိုပါဘူးလေ။ ဟုတ်တယ်။ ငါ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော နံပတ်(၁) တိုက်ပွဲနတ်ဘုရားအဆင့် စစ်သည်တော်ပေါ့”
သူ့စကားကြားတော့ ကျုပ်တွေးထားတာတွေ သေချာသွားတာပေါ့။ ကျုပ်လဲ ကြောက်စိတ်တွေ ဖျောက်ပြီး..
“တိုက်ပွဲနတ်ဘုရားအဆင့် တဲ့လား။ အဲဒါ ဒဏ္ဍာရီတွေထဲမှာပဲ ရှိတာမဟုတ်ဘူးလား။ အဲ့အဆင့်ထိ ဘယ်လိုများ လေ့ကျင့်ခဲ့လဲ”
တိုက်ပွဲနတ်ဘုရား အဆင့်ရောက်ဖို့ဆို တားမြစ်မန္တန်တွေအပါအဝင် မန္တန်ပေါင်းစုံကို ချေဖျက်နိုင်တဲ့ စွမ်းအားရှိတယ်လေ။ ကျုပ်သာ နဂိုအထွတ်အထိပ်အခြေအနေဆိုရင် သူနဲ့ သရေပွဲ ဖန်တီနိုင်လောက်တယ်။ အခုတော့ မှော်စွမ်းအား မပြည့်သေးတဲ့အပြင် စုက္ကရေးကလဲ လက်ထဲမျာမရှိ ဆိုတော့ ဘယ်လိုသွားတိုက်ရပါ့မလဲ။ တွေးရင်း စိတ်ဓါတ်တောင် ကျလာမိတယ်။
ဝတ်စုံနက်နဲ့လူ ကောင်းကင်ကို မော့ကြည့်ရင်း..
“ငါ နှစ်ပေါင်း(၈၀)လောက် ခါးခါးသီးသီး လေ့ကျင့်ပြီးမှ ဒီအဆင့်ရဖို့အတွက် ဇာတိကိုစွန့်လွှတ်ခဲ့ရတယ်။ လွယ်တယ်လို့ မင်းထင်လား။ ငါစစ်ကြည့်ရသလောက်ဆို မင်းမှာ အတွင်း ဒဏ်ရာတွေနဲ့ပဲကွ။ မဟုတ်ရင် မင်းအခုလို ပ့ုစံဖြစ်နေမှာ မဟုတ်ဘူး။ မင်းကို ဖိနိပ်ဖို့အတွက် ငါစွမ်းအားကုန်သုံးရလိမ့်မယ်။ ငါ လူမသတ်ဖြစ်တာတောင် အတော်ကြာနေပြီ။ မင်းရည်ရွယ်ချက် ပြောပြရင် မင်းအသက်ကို သေချာပေါက် ချမ်းသာပေးမယ်”
ကျုပ်လဲ အေးစက်စက် ရယ်မောရင်း..
“ကျုပ်အသက်ကို ချမ်းသာပေးမယ်ဆိုတာ ဘာကို ပြောချင်တာလဲ”
“မင်းကျင့်ကြံခြင်းကိုပဲ ဖျက်စီးလိုက်မယ်။ မင်းအသက်ရှင်မယ် မရှင်ဘူးဆိုတာတော့ မင်းအပေါ်ပဲ မူတည်မှာ”
သူ့စကားကြားတော့ ကျုပ်လဲ အသက်ပြင်းပြင်း ရှူလိုက်တယ်။ သေမင်းနတ်ခမ်း လျှောက်လာခဲ့ရတဲ့ အတွေ့အကြုံကြောင့် ကျုပ်စွမ်းအားနည်းနေရခံစားချက်ကို ကျုပ်ကလွဲရင် ဘယ်သူသိနိုင်မှာတဲ့တုန်း။ သူ့စကားက ကျုပ်ရဲ့ အသက်ရှင်ချင်စိတ်ကို ပိုတောင်တိုးသွားစေတယ်။ ကျုပ်စွမ်းအားတွေ စုစည်းပြီး သန့်ရှင်းသောဓား စွမ်းအားတွေ နှိုးစွလိုက်တယ်။ အသေခံမယ့်အစား သေတဲ့အထိ တိုက်ပစ်မှာပေါ့။
ဝတ်စုံနက်နဲ့လူ ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအား အပြောင်းအလဲတွေ ခံစားမိလိုက်တော့.
“ဒါဆို မင်း အစွမ်းကုန် မသုံးရသေးဘူး ဆိုတဲ့ သဘောပေါ့”
အဲ့လူ အံ့ဩတကြီးပြောပြီး သန့်ရှင်းသောဓားဖိအားကို ဒီအတိုင်း တောင်ခံမထားနိုင်တော့ သူ့တကိုယ်လုံးကို အပြာရောင်အလင်းတန်းတွေ ထုတ်လွှတ် ကာကွယ်ထားလိုက်တယ်။
“ကျုပ် သေတဲ့အထိ လက်မလျှော့ဘူး။ ကျုပ်ရဲ့ နောက်ဆုံး တိုက်ကွက် ခင်းဗျားကို မြည်းခွင့် ပေးလိုက်မယ်”
ကျုပ်ပတ်ဝန်းကျင်မှာ စူရှရှ အလင်းတွေ ပေါ်လာတယ်။ ငွေရောင်တလက်လက် တောက်ပရင်း သန့်ရှင်းသောဓားက ကျုပ်ခေါင်းပေါ်မှာ ပေါ်လာတယ်။ မှော်စွမ်းအားတွေ ဆက်တိုက်စုပ်ယူနေတာဆိုတော့ တဖြည်းဖြည်း ကြီးလာနေတယ်။
ကျုပ်တကိုယ်လုံးမျာ သန့်ရှင်းသောဓား အငွေ့အသက်တွေနဲ့ တောက်ပနေတယ်။ ကျုပ်ကျောမှာ အတောင်(၆)ခု ပေါ်လာပြီး ကျုပ်ဆံပင်တွေ ရွှေရောင်ပြောင်းသွားတယ်။ ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျုပ်မျက်လုံးထဲမှာကို ရွှေရောင်အလင်းတွေ ထွက်နေတာ။ ကျုပ်လဲ အေးစက်စက်အသံနဲ့..
“နတ်ဘုရားဘုရင်ကိုယ်တိုင် ငါ့ကို သန့်ရှင်းသောဓားအပ်နှင်းထားတဲ့အတွက် ကောင်းကင်ဘုံထိ အရှိန်အဟုန်နဲ့ တောက်ပစေရမယ်ဟေ့…”
ကျုပ်အော်နေတုန်းပဲကိုပဲ ကောင်းကင်မှာ အလင်းတန်းတွေ တရှိန်ရှိန်နဲ့ နေ့လည်ပိုင်း နေမင်းကြီး ထွန်းတောက်နေသလို ကောင်းကင်မှာ လင်းထိန်းနေတာပေါ့။ အလင်းတန်းတွေမှာလဲ မြင့်မြတ်လဲ အလင်းစွမ်းအားတွေနဲ့ ပြည့်နေတယ်။ ကျုပ်မှော်စွမ်းအားတွေ အပြည့်အဝ ပြန်မရသေးတာတောင် သန့်ရှင်းသောဓားက ကျုပ်အထွတ်အထိပ်အနေထားတုန်းက စွမ်းအားရဲ့ (၇၀)ရာခိုင်နှုန်းလောက် ထွက်လာတယ်။ ကျုပ်ခန္ဓာကိုယ်ထဲမှာ ပေါင်းစပ်စွမ်းအားတွေ တရှိန်ရှိန် တောက်နေတာပေါ့။
“ဟာ.. မင်းက နတ်ဘုရား အမွှေခံပဲ… ရပ်လိုက်၊ ရပ်လိုက်၊ မြန်မြန်ရပ်လိုက်”
ခက်တာက ကျုပ် မန္တန်ရွတ်လို့ ပြီးသွားပြီ။ သူ့အော်သံနဲ့ ဘယ်လိုလုပ် ရပ်လို့ရတော့မှာလဲ။ ငွေရောင်ဓားက ရုတ်တရက် သူ့ဆီ ပစ်ဝင်သွားတယ်။ ပတ်ဝန်းကျင်က မြက်ပင်တွေရော၊ သစ်ပင်ကြီးတွေရော သန့်ရှင်းသောဓား အစွမ်းကြောင့် အကုန် ပြာကျသွားပြီ။ ကျုပ်လဲ သန့်ရှင်းသော ဓားအစွမ်းတွေ ထုတ်ပြီးတာနဲ့ အားပြတ်ပြီး လဲကျသွားပြီ။ ဒီတိုက်ကွက်က အဆုံးအဖြတ်ပဲလေ။
အနက်ဝတ်နဲ့လူ သူ့ဆီ ဦးတည်လာတဲ့ အဆုံးမဲ့ စွမ်းအားကို လေးလေးနက်နက် ကြည့်နေတယ်။ သူ့လက်နှစ်ဖက်စလုံး ဆက်တိုက် လှုပ်ရှားရင်း သူ့ခန္ဓာကိုယ် တစ်ခုလုံးကနေ အပြာရောင်စွမ်းအားလှိုင်းတွေ အမြန်ဆုံးထွက်လာတယ်။
“မြင့်မြတ်သော အလင်းပြာ ကာကွယ်ခြင်း”
သူအော်နေတုန်းမှာပဲ ခန္ဓာကိုဘ်ကနေ ရေမှော်ပညာ စွမ်းအားတွေ အစွမ်းကုန် သုံးလိုက်တာ သိသိသာသာမြင်နေရတယ်။ အလင်းပြာကာကွယ်ရေး ဆိုတာကြီးကကို သူ့ဆီဝင်လာတဲ့ သန့်ရှင်းသောဓားဆီ ဖြည်းဖြည်းချင်း တွန်းထုတ်လိုက်တယ်။
ဘယ်ဟာ ပိုစွမ်းအားပြင်းမလဲ။ သန့်ရှင်းသောဓားလား သူ့အလင်းတန်းလား သိချင်စိတ်နဲ့ မျက်လုံး အပြူးသား ကြည့်နေမိတယ်။ အဲဒါကိုက ကျုပ်ကံကြမ္မာကို ဆုံးဖြတ်ပေးမှာလေ။
စွမ်းအား(၂)ခု ထိပ်တိုက်တွေ့တဲ့အချိန် ကျုပ်ထင်ထားသလို အပေါက်ကွဲသံမပြားတော့ မျှော်လင့်ချက်တွေထက် ကျော်နေတဲ့သဘောပဲ။ အလင်းပြာ အကာအကွယ်ကြောင့် သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေ တော်ဝင်မြို့ဆီကို လမ်းကြောင်း ပြောင်းသွားတယ်။
ညအမှောင်အောက်မှာ အပြာရောင်အလင်းတန်းတွေ ဖုံးထားတဲ့ ငွေရောင်အလင်းဓားကြီး နတ်ဆိုးမျိုနွယ်ရဲ့ မြင့်မြတ်အလင်းအင်ပါယာမြို့ဆီ ဦးတည်ဝင်သွားတယ်။ ပေါက်ကွဲသံ ပြင်းလွန်းအားကြီးတော့ မြို့သူမြို့သားတွေ လန့်နိုးသွားကြတာပေါ့။ မြို့တော် အနောက်ပိုင်းက မြို့ရိုးကြီးရဲ့ (၇၀)ရာခိုင်နှုန်းလောက် ပျက်စီးသွားတဲ့အပြင် လူတွေ ရာနဲ့ချီပြီး သေကျေ ဒဏ်ရာရတာတွေ ဖြစ်ကုန်ရော။ နတ်ဆိုး ဧကရာဇ်က..
“မြို့အနောက်ဖက်ခြမ်းကို ဘာမှန်းမသိလိုက်တဲ့ စွမ်းအားကြီးတစ်ခု ဖျက်စီးသွားလို့ မြို့ရဲ့ (၆၀)ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီ”
မြို့အနောက်ဘက်ခြမ်းက လူတွေကလဲ ပေါက်ကွဲမှုကြောင့် သေကုန်ကြတာဆိုတော့ သန့်ရှင်းသောဓားရဲ့ ပုံစံကို ဘယ်သူမှ မမြင်လိုက်ရဘူးလေ။
ဟို ခပ်ဝေးဝေးက မြို့နေရာမှာ ဒီလောက်ထိ အပြင်းအထန် ပေါက်ကွဲသွားတာကြည့်ပြီး ကျုပ်တော်တော် အံ့ဩသွားတယ်။ စွမ်းအားကြီး (၂)ခုပေါင်း ပေါက်ကွဲအားက (၁၅)ကီလိုမီတာအကွာကို ရောက်သွားတာတောင် အဖျက်စွမ်းအား ကောင်းလွန်းချက်ကြိးက ကျုပ်ဖြင့် ထင်ကိုမထားမိဘူး။
ဝတ်စုံနက်နဲ့လူလဲ အမောတကောနဲ့ မြေပြင်ပေါ်မှာ ငုတ်တုတ်ကြီး အော်ညည်းနေတယ်။ ကျုပ်ကတော့ မုန်ကုတ်ကုတ်နဲ့ သူ့ကို ကြည့်ပြီး..
“ခင်ဗျား မြင့်မြတ်အလင်းက ကျုပ်ရဲ့ သန့်ရှင်းသောဓား စွမ်းအားတွေကို လမ်းပြပေးနိုင်တာ မယုံနိုင်စရာပဲ။ ကျုပ် နားမလည်တာ တစ်ခုတော့ ရှိသေးတယ်”
“ဘာတွေ မယုံနိုင်တာလဲ။ ငါ့အသက်တောင် သေလုနီးပါးဖြစ်သွားတာဟ။ မင်းဘာမေးချင်တာလဲ မေးစမ်း”
“ခင်ဗျားက နတ်ဆိုးဖြစ်ပြီး ဘာလို့ နတ်ဆိုးမြို့ဘက်ကို ခေါင်းတည်ပေးလိုက်တာလဲ”
“အဲလို ဖြစ်စေချင်တယ်များ ထင်နေလား။ ပထမတန်း နတ်ဘုရားလက်နက်နဲ့ အတိုက်ခံရတဲ့အချိန် ကာကွယ်နိုင်တာကိုက မဆိုးဘူး ပြောရမှာ။ ကျန်တာတွေ တွေးနေချိန်မရှိဘူး။ ဒါပေမယ့် တော်ဝင်မိသားစု အစောင့်အရှောက်တွေကို လှုပ်နှိုးဖို့ အချိန်ကျပြီလေ။ ဒီကောင်တွေ အေးအေးဆေးဆေး ငြိမ့်နေကြတာ အချိန် အတော်ကြာသွားပြီကွ”
ဒီလိုကိုး။ ကျုပ်တိုက်ကွက်ကို ကာကွယ်ဖို့ သူ့အတွက်လဲ တော်တော်ကို မလွယ်လိုက်ဘူးပဲ။
အနက်ဝတ်လူ မြို့တော်ဘက်ကို လှည့်ကြည့်လိုက်ရင်း..
“မကောင်းတော့ဘူး။ တော်ဝင်မိသားစု အစောင့်အရှောက်တွေ ငါတို့ဘက် လာနေကြပြီ။ ဒီကနေ ထွက်သွားကြစို့”
ကျုပ်ကို လှမ်းဆွဲရင်း ကောင်းကင်ပေါ် ခုန်တက်လိုက်တယ်။ တိုက်ပွဲနတ်ဘုရား ဆိုတဲ့အတိုင်း သူ့မှာ စွမ်းအားတွေ အများကြီး ကျန်သေးတာပဲ။ အရှုံးကို လက်မခံလို့ကို မရတော့ဘူး။ ဒါပေမယ့် သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေ ထွက်လာပြီးမှ အဝတ်နက်လူ ကျုပ်အပေါ် ဘာလို့ သဘောထားတွေ ပြောင်းသွားလဲ သိချင်လိုက်တာ။ ကျုပ်လဲ တွေးနေရင်းနဲ့ စွမ်းအားတွေ စုမိလေ၊ အသက်ရှင်ချင်စိတ်တွေ ပိုများလာလေလေပဲ။ ကျုပ်ခန္ဓာကိုယ်ထဲမှာ ပေါင်းစပ် စွမ်းအားတွေ အသာလေး စုမိလာနေတယ်။
============= (*^*)=============
အပိုင်း( ၂၃၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား