← Chapters

ထင်းတဲက ဦးလေးထင်းတုံး

Vol. 16 Ch. 233

ထင်းတဲက ဦးလေးထင်းတုံး

Vol. 16 Ch. 233

Child of light (ကျန်းကုန်း)

Volume 9: Chapter 27 - Firewood House’s Uncle Firewood

ဝတ်ရုံနက်က ကျုပ်ကို ဆွဲရင်းနဲ့ နန်းတော်ဘက်ကို ခပ်မြန်မြန် ပျံသွားတာတွေ့လိုက်ရတယ်။ သူ ရည်ရွယ်ချက်က ဘာလဲ။ နတ်ဆိုးဧကရာဇ် လက်အောက်ကများလား။

ဝတ်ရုံနက်က တဖြည်းဖြည်းအရှိန်လျှော့ပြီး ထင်းတဲနားမှာ အသာလေး ဆင်းလိုက်တယ်။ သူ့ခန္ဓာကိုယ်ကနေ ချွေးတွေ ထွက်နေတာဆိုတော့ သူလဲ သူ့အကန့်အသတ်ထိ ရောက်လုနီးပြီဆိုတာ သိလိုက်ရတော့ နည်းနည်းတောင် ပီတိဖြစ်သွားမိတယ်။

အနက်ဝတ်လူ ပတ်ဝန်းကျင်ကို စစ်ပြီးမှ တံခါးပိတ်ပြီး ကျုပ်ကို ထင်းတဲထဲ ပစ်ချလိုက်တယ်။ ပြီးတော့..

“ဟေ့ကောင်ရာ .. မင်းတော်တော်လေးတာပဲ။ ပြန်မရောက်လောက်ဘူးတောင် ထင်ထားတာ။ အတွေးတွေလဲ လွန်မနေနဲ့အုံး။ လောလောဆယ် မင်းကျင့်ကြံမှု မထိခိုက်သေးဘူး။ ဒီကြားထဲ မင်းကို မေးစရာတွေ ရှိသေးတယ်”

ပြောပြီးတာနဲ့ မျက်နှာဖုံး ဆွဲချွတ်လိုက်တယ်။

ကျုပ် ခနတော့ အံ့ဩသွားတာပေါ့။ ဝတ်စုံနက်က ထင်းခွဲလိုက်၊ ဝိုင်သောက်လိုက်၊ အိပ်လိုက်လုပ်နေတဲ့ ထင်းတဲက ဦိးလေးထင်းတုံးကြီးလေ။ ကျုပ်လဲ အံကြိတ်ပြီး..

“ဦီးလေးထင်တုံး၊ တချိန်လုံးများ ခင်းဗျား…..”

ဦးလေးထင်းတုံး တခစ်ခစ်ရယ်ရင်း..

“ဒါဆို ငါမဟုတ်လောက်တဲ့ အကြောင်းပြချက် မင်းမှာရှိလား။ မင်းကို စတွေ့လိုက်ကတည်းက မရိုးဘူးဆိုတာ ငါသိတာပေါ့။ မင်း ပထမတန်းစား နတ်ဘုရားလက် ဘယ်လိုပိုင်သွားတာလဲ”

ပြောနေရင်းနဲ့ သူ့တိုက်ပွဲစိတ်ဝိညာဉ် အမြန်ဆုံးနည်းနဲ့ ပြန်ကောင်းလာနေတယ်ဆိုတာ ကျုပ်နာလည်လိုက်တယ်။ အင်းအားတစ်ခုနဲ့တင် နတ်ဆိုးဧကရာဇ်နဲ့သာ ပေါင်းလိုက်ရင် ကျုပ်မှာ ဘယ်လိုမှ အခွင့်အရေးမရှိဘူးဆိုတာ နားလည်လိုက်တယ်။ ကျုပ်လဲ သက်ပြင်းချရင်း..

“ခင်ဗျားသိချင်နေတော့လဲ ကျုပ်ပြောပြလိုက်မယ်။ တကယ်တော့ ကျုပ်က လူသားမျိုးနွယ်၊ အိုက်ရှားနိုင်ငံက မှော်ဆရာတစ်ယောက်ပေါ့။ ငယ်ငယ်ကလေးတည်းက အလင်းမှော်ပညာလေ့ကျင့်ခဲ့တာလေ…….**+-/+-/*++”

နတ်ဘုရားဘုရင် အသိအမှတ်ပြုပြီး သန့်ရှင်းသောဓားရခဲ့တဲ့ အတွေ့အကြုံကို ခပ်ကြမ်းကြမ်းလေး ပြောပြလိုက်တယ်။ မိစ္ဆာဘုရင်အကြောင်း ကြားတော့ ဦိးလေးထင်းတုံးကြီး မျက်ခုံးတွေ ကြုံ့ရတဲ့အထိ ဘယ်လောက် နက်နဲတယ်ဆိုတာ သဘောပေါက်သွားတယ်။

“……… အဲဒီလိုနဲ့ ။ နတ်ဆိုး ဧကရာဇ်က လူသားတွေကို ဆက်တိုက်နေတာတွေ ရပ်ဖို့ ကြိုးစားရင်း၊ မကြာခင် နိုးထလာမယ့် မိစ္ဆာဘုရင်ကို တွန်းလှန်ဖို့ အင်အားစုတွေ ပူးပေါင်းချင်နေတာ။ ဒါပေမယ့် နတ်ဆိုးဧကရာဇ်က ကျုပ်စကားတွေ နားမထောင်ဘဲ သူလုပ်ချင်ရာတွေ လုပ်သွားလို့ ဒဏ်ရာအပြင်းအထန်ရပြီး ကျုပ်ညီနောင်တွေ အဖမ်းခံလိုက်ရတယ်”

“မင်းက မင်းမိတ်ဆွေတွေကို ကယ်ဖို့ နန်းတော်ထဲ ရုပ်ဖျက်ဝင်ဖို့အတွက် ကိုယ်ကိုကိုယ် ရုပ်ပျက်ဆင်းပျက် လုပ်ရဲတဲ့ကောင်ပဲကွ”

“ကျုပ်က စိတ်လိုလက်ရ လုပ်ခဲ့ရတယ်များ ထင်နေလား။ အဲဒါတွေက နတ်ဆိုးဧကရာဇ်ရဲ့ အမှောင်စွမ်းအားတွေ တိုက်စားသွားလို့ ဖြစ်ခဲ့ရတာ။ သန့်ရှင်းသောဓားကသာ အကာအကွယ် ပေးမထားရင် ဒီအမာရွတ်တွေတင် မဟုတ်ဘူး အဲ့ကတည်းကသေသွားလောက်ပြီ”

“ဒီလိုကိုး။ ပြီးခဲ့တဲ့ ရက်တွေကတည်းက ညညဆို မင်းလျှောက်ပတ်သွားနေတာ ငါအသာလေး လိုက်ကြည့်နေတာ။ မူကျီနဲ့ မင်းဆက်ဆံရေးလဲ သာမန်တော့ မဟုတ်လောက်ပါဘူး”

အဲ့လူကြီး အားလုံးသဘောပေါက်သွားတဲ့ပုံပဲ။ မူကျီအကြောင်း သူ့ကို မပြောမိခဲ့ပါဘူး။ တချိန်လုံး ကျုပ်ကို စောင့်ကြည့်နေလိမ့်မယ်လို့ ထင်ကိုမထားမိဘူး။ ဘာအချက်အလက်မှ ဖုံးကွယ်ထားလို့ မရတော့ဘူး ထင်ပါတယ်။ ကျုပ်လဲ ခပ်ရှက်ရှက်နဲ့ ပြုံးပြီး..

“နတ်ဆိုးမျိုးနွယ်အကြောင်း ခင်ဗျားလဲ သေချာသိပြီးသားပဲလေ။ အရင်က လူသားမျိုးနွယ်ထဲကို သူလျှိုတွေအဖြစ်နဲ့ သွားခဲ့ကြတာ သိပြီးလောက်ရောပေါ့။ ကျုပ်နဲ့ သူက အတန်းဖော်ဆိုလဲဟုတ်တယ်၊ ချစ်သူတွေ ဆိုလဲဟုတ်တယ်။ ကျုပ် မူကျီကို တကယ် ချစ်ခဲ့တာဗျ။ ကျုပ် ဒီနတ်ဆိုးနိုင်ငံထဲ ဝင်လာရတဲ့ အဓိက အကြောင်းပြချက်က မူကျီဆိုရင် မမှားဘူး။ ဒါပေမယ့် အခု ခင်ဗျားမြင်ရတဲ့အတိုင်းပဲ ကျုပ်က ဒီလိုကြီး ဖြစ်နေပြီ။ သူနဲ့ ဘယ်လိုမှ မထိုက်တန်တော့ဘူးဆိုတော့ တိတ်တိတ်လေး ကွယ်ရာက ချောင်းကြည့်နေယုံပဲ တတ်နိုင်တော့တယ်”

ပြောရင်းပြောရင်း ကျုပ်ခံစားချက်တွေကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။

“မင်း အဝတ်အစားတွေ လဲလိုက်တော့။ အစောက ရုန်းရင်းဆန်ခတ်ဖြစ်ထားတာဆိုတော့ တမြို့လုံး လှုပ်လှုပ်ရွရွ ဖြစ်နေလိမ့်မယ်။ ငါတို့ကိုလဲ လာစစ်လောက်မှာ”

“ခင်ဗျား ကျုပ်ကို အပ်လိုက်ဖို့ အစီအစဉ်မရှိဘူးလား။ ကျုပ်က သူလျှိုဖြစ်နေတာလေ”

“ငါမင်းကို မအပ်ပါဘူး။ ဒါပေမယ့် မင်းကို ဒီအတိုင်း လွှတ်ပေးလိုက်မယ်လို့တော့ မဆိုလိုဘူး။ မင်းစကားလုံးတွေ လောက်နဲ့ ငါ့ကို စည်းရုံးနိုင်လိမ့်မယ် မထင်နဲ့။ မင်းပိုင်ထားတဲ့ ပထမတန်းစား နတ်ဘုရားလက်နက်ကြောင့် ခနတော့ ယုံကြည်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ”

“ဧကရာဇ်ရော ခင်ဗျားရော ပထမတန်းစား နတ်ဘုရားလက်နက် အကြောင်း ပြောကြတယ်နော်။ ဘာအဓိပ္ပါယ်လဲ။ နတ်ဘုရားလက်နက်တွေမှာကို အဆင့်တွေ သတ်မှတ်ထားသေးတာလား”

ဦးလေး ထင်းတုံးကြီး ကျုပ်ကို အရူးတစ်ယောက်ကို ကြည့်သလို ကြည့်ပြီး..

“အေးလေ။ အဆင့်တွေ သတ်မှတ်ထားတာပေါ့။ နတ်ဘုရားဘုရင် သန့်ရှင်းသောဓားကို ပေးတုန်းက မင်းကို မပြောလိုက်ဘူးလား။ နတ်ဘုရားလက်နက်မှာ အဆင့်(၅)ဆင့်ရှိတယ်။ ပထမတန်းစား လက်နက်ကတော့ စွမ်းအား အပြင်းဆုံးပေါ့ကွာ။ ဒါမျိုးတွေကိုကျတော့ နတ်ဘုရားဘုရင်ပဲ ကိုင်နိုင်တာပေါ့ကွာ။ အဲ့ဒါကြောင့်မို့ မင်းကို ငါယုံထားလိုက်တာ။ နတ်ဘုရားဘုရင်ကတော့ ဘယ်တော့မှ ဆုံးဖြတ်ချက်တွေ မှားပြီး မင်းကိုတော့ သူကိုင်တဲ့လက်နက် ပေးလိုက်မှာ မဟုတ်ဘူးလေ။ နဂါးဘုရင်ရဲ့ စုက္ကရေးဆိုရင် စတုထ္တတန်းစား ဖြစ်လိမ့်မယ်။ နတ်ဆိုးဘုရင်ရဲ့ အမှောင်နတ်ဆိုးနဂါးလှံတံဆိုရင် ရှေးခေတ်နတ်ဆိုး နတ်ဘုရားက လက်ဆင့်ကမ်းထားတာ ဖြစ်လိမ့်မယ်။ အဲ့ဒီလက်နက်ဆို ဒုတိယအဆင့် နတ်ဘုရားလက်နက် ဖြစ်လိမ့်မယ်”

“ဒါဆို ကျုပ်မှာ စတုတ္ထအဆင့်နဲ့ ပထမအဆင့် နတ်ဘုရားလက်နက် ပိုင်ထားတုန်းက နတ်ဆိုးဧကရာဇ်ရဲ့ ဒုတိယအဆင့် နတ်ဘုရားလက်နက်ကို ဘာလို့ အနိုင်မယူနိုင်လိုက်တာတုန်း”

ဦးလေးထင်းတုံးကြီး အဝတ်အစားလဲ နေရင်းနဲ့..

“အော.. အဲ့ဒါ မင်းမှာ စွမ်းအား အလုံအလောက်မရှိသေးလို့ လေကွာ။ အဲ့လက်နက်တွေကို အလွယ်တကူ သုံးနိုင်တာတွေလို့ မင်းထင်နေတာလား။ လက်ရှိ မင်းစွမ်းအားနဲ့ဆိုရင် စတုတ္ထအဆင့် နတ်ဘုရားလက်နက် ကိုတောင် စွမ်းအား အပြည့်အဝသုံးနိုင်အုံးမှာမှ မဟုတ်တာ၊ ပထမတန်းစား လက်နက်ဆို ပြောမနေနဲ့တော့။ နတ်ဆိုးဧကရာဇ်က နတ်ဆိုးမျိုးနွယ်ထဲမှာတောင် နံပတ်(၁) ပါရမီ ဖြစ်တဲ့အပြင် သူ့အသက် (၅၀)လောက်ကတည်းက အမှောင်နတ်ဆိုး နဂါးလှံတံကို စွမ်းအားပြည့် သုံးနိုင်နေပြီ။ အမှောင်နတ်ဆိုး နဂါးနဲ့ ပေါင်းလိုက်ရင် ပိုတောင် စွမ်းအားပိုတောင် ကောင်းသွားအုံးမယ်။ သူ့ဉာဏ်နဲ့ ဝီရိယကို ဘာသံသယမှ ဝင်စရာ အကြောင်းမရှိတာကို။ မင်းလက်ရှိအနေအထားက သူ့အောက် အနည်းဆုံး (၂)ဆင့်လောက် နိမ့်တယ်လေ။ နတ်ဆိုးဧကရာဇ်က တိုက်ပွဲနတ်ဘုရား အဆင့်ကို မရောက်သေးပေမယ့် သိပ်မဝေးတော့ဘူး။ လက်ရှိ မင်းအနေအထားနဲ့ သူ့ကို မယှဉ်နိုင်တာ ပြောစရာကိုမလိုဘူး”

သူ့ သုံးသပ်ချက်တွေ မှန်တာပဲ။ ကျုပ်အရင် အထွတ်အထိပ်အခြေအနေတုန်းက နတ်ဘုရားလက်နက် (၂)ခုရှိနေတာတောင် နတ်ဆိုးဧကရာဇ်ကို အနိုင်မယူနိုင်လိုက်ဘူး။ ကျုပ်တို့ကြားမှာ စွမ်းအား ကွာခြားချက်က သိသာလွန်းတယ်။ ကျုပ်ကို ဒီကမ္ဘာကြီးမှာ ကျွမ်းကျင်သူ တစ်ယောက်လို့ သတ်မှတ်နိုင်တယ်လို့ အရင်က ထင်ထားခဲ့မိတာ။ ဦးလေးထင်းတုံး၊ နတ်ဆိုးဧကရာဇ်တို့နဲ့ စွမ်းအားကွာခြားချက် ကြီးလွန်းအားကြီးတယ်ဗျာ။

ဦးလေးထင်းတုံးကြီး အဝတ်အစား လဲပြီးသွားတဲ့အချိန် ရုတ်တရက် ချောင်းတွေ အပြင်းအထန်ဆိုးလာပြီး မျက်နှာ ပျက်သွားတယ်။ ကျုပ်မှာလဲ စွမ်းအားတွေ အထိုက်အလျှောက် ပြန်ရလာပြီဆိုတော့ သူ့ကို ကူညီဖို့အလျှင်စလို ကပ်သွားလိုက်တယ်။

“ဦီးလေးထင်းတုံး ဘာဖြစ်တာလဲ”

ဦးလေးထင်းတုံး ကျုပ်ကို တစ်ချက်ကြည့်ပြီး ထင်းခွဲလိုက်တယ်။

“မင်းကြောင့် မဟုတ်ပါဘူးကွာ။ အသက်အရွယ်က အသုံးကို မကျပါဘူးကွာ။ ဒီနေ့ စွမ်းအား တော်တော် သုံးလိုက်ရလို့ ဒဏ်ရာဟောင်း ပြန်ပေါ်လာတာကွ”

“လောလောဆယ် သွားနားလိုက်ပါလား။ ကျုပ် ထင်းခွဲပေးထားမယ်လေ”

မဟုလဲ လောလောဆယ် ကျုပ်ဘဝက သူလက်ထဲမှာဆိုတော့ ဖားရအုံးမှာပဲကို။

“မလိုပါဘူးကွာ။ ငါ့ဟာငါ လုပ်နိုင်ပါတယ်။ ငါ တိုက်ပွဲနတ်ဘုရား အဆင့်ကို တက်တုန်းက ငါ့ခန္ဓာကိုယ်စွမ်းအားတွေ ကန့်သတ်ချက်ထက် ကျော်ပြီး အတင်းအကြပ် ထိုးဖေါက်လိုက်တာ။ အောင်မြင် သွားတယ်ဆိုပေမယ့် အဆုတ်မှာ ဒဏ်ရာရသွားတာပေါ့။ အဆုတ်က သစ်သားဒြပ်စင်လေကွာ။ ဒွတော့ ငါ့အဆုတ်တွေ ပြန်ကောင်းဖို့အတွက် ထင်တွေ ခွဲဖို့ မဖြစ်မနေလိုတယ်ကွ။ အခုဆို (၉၇)နှစ်ရှိပြီ။ အသက်ရှည်ရှည် နေနိုင်ပါ့အုံးမလားဆိုတာ နည်းနည်းတော့ သံသယ ဖြစ်စရာပဲ”

ကျုပ် အဝတ်အစားတွေ လဲပြီး ဦးလေးထင်းတုံးကို ..

“ကြည့်ရတာ ခင်ဗျားလဲ သာမန်မဟုတ်ပါဘူး။ ခင်ဗျား ဘာလို့ ဒီမှာ နေနေရတာလဲ။ ဇာတ်မြုပ် နေချင်ယုံ သက်သက်တော့ မဖြစ်နိုင်ဘူးမို့လား”

============= (*^*)=============

အပိုင်း( ၂၃၄ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters