ဧကရာဇ်ရဲ့ တော်ဝင်ကာကွယ်သူ ဦးလေးကြီး
Vol. 16 Ch. 234
Child of light (ကျန်းကုန်း)
Volume 9: Chapter 28 - The Empire’s Royal Protector Uncle
ဦးလေးထင်းတုံးကြီး ကျုပ်ကို အေးစက်စက်နဲ့..
“ငါက နတ်ဆိုးဘုရင်ရဲ့ ဦးလေးတစ်ယောက်ဆို မင်းမကြောက်လောက်ဘူးမို့လား။ အရင်နတ်ဆိုးဧကရာဇ်က ငါ့ညီလေ။ ဒီတော့ ငါက မြင့်မြတ်အလင်းအင်ပါယာကို ကာကွယ်ဖို့အတွက် လက်ကျန် သက်တမ်းတလျှောက်လုံး ဒီမှာပဲ နေနေရတာပေါ့ကွာ။ နတ်ဆိုးမျိုးနွယ် အန္တရာယ်ရှိနိုင်တဲ့ တစ်ခုခု ဖြစ်လာရင်တော့လား.. ဟွင့်… မင်းခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်မယ်”
မင်းမျိုးမင်းနွယ်၊ မင်းသားတပါး ဒီလိုနေရာမှာ ထင်းခွဲနေလိမ့်မယ်လို့ ထင်မထားတော့ အံ့ဩသွားတာပေါ့။ ကျုပ်လဲခေါင်းယမ်းရင် ကောင်းကင်ကို မော့ကြည့်လိုက်တာ့ အမှောင်တွေပဲ မြင်ရတဲ့အတူတူ ပက်လက်လှန်ပြီး အိပ်ချလိုက်တော့တယ်။
နောက်နေ့မနက်ကျ ဦးလေး ထင်းတုံးကြိး နိုးလာတယ်။
“ဟေ့ကောင်(၁၈) ထင်းခွဲဖို့ အချိန်ရောက်ပြီ။ ငါ့ခွင့်ပြုချက်မရဘဲ ဘယ်မှသွားခွင့်မပေးနိုင်ဘူးနော်။ အဲလိုမှ မဟုတ်ရင် အကျိုးဆက်ကို မင်း ကောင်းကောင်းသိရမယ်”
မကောင်းတော့ဘူး။ လက်ရှိ နတ်ဆိုးမျိုးနွယ် မင်းသားတစ်ပါး ကျုပ်ကို စောင့်ကြည့်နေတယ်။ အစ်ကိုကြိးနဲ့ ကျန်တဲ့သူတွေကို ဘယ်လို ကယ်ရတော့မှာတုန်း။ ကျုပ်ကို ဒီမှာ သေအောင် နေစေချင်တာလားမသိဘူး။
တနေကုန် စိတ်ထဲမှာ ပူနေမိတယ်။ ညရောက်တော့ ကျုပ်လဲ မနေနိုင်တော့ဘူး။ ဦးလေး ထင်းတုံးကြီးကို မျက်နှာချင်းဆိုင်ပြီး..
“ခင်ဗျား ပိုင်နက်ထဲမှာဆိုတော့ ဘာတွေတွေးနေတာလဲ။ ကျုပ်ကို သတ်ချင်ရင် ချက်ချင်းသာ သတ်ပစ်လိုက်။ ခင်ဗျား ကျုပ်ကို ဘာလို့ ချုပ်ထားရတာလဲ”
“မင်း ဘယ်လိုခံစားနေရလဲဆိုတာ ငါသိပါတယ်။ တနေ့လုံး ငါစဉ်းစားပြီးသွားပြီ။ မိစ္ဆာဘုရင်က ငါတို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုဆိုတာ သေချာတယ်။ မင်းပြောသလိုသာ မိစ္ဆာဘုရင် ပြန်ကောင်းလာမယ်ဆို ပထမဆုံးပစ်မှတ်က မြင့်မြတ်အလင်းအင်ပါယာဆိုတော့ မင်းနဲ့ ပူးပေါင်းဖို့ ငါဆုံးဖြတ်လိုက်ပြီ”
“ပူးပေါင်းမယ်… ဘယ်လိုပုံစံမျိုးလဲ”
“ငါ့အနေနဲ့ နတ်ဆိုးမျိုးနွယ်၊ သားရဲမျိုးနွယ်တွေကို လူသားမျိုးနွယ်ဆီ ကျူးကျော်တဲ့ကိစ္စ မတားဆီးနိုင်ပေမယ့် နှောင့်နှေးအောင်တော့ လုပ်နိုင်ပါသေးတယ်။ ဒီအချိန်အတွင်း မင်းအနေနဲ့ မိစ္ဆာဘုရင်ရဲ့ ခြိမ်းခြောက်မှု မှန်ကန်ပါတယ်ဆိုတဲ့ သက်သေအထောက်အထား ခိုင်လုံအောင်ရှာပြီး ပြနိုင်ဖို့ မျှော်လင့်ရတာပဲ။ အဲ့လိုမှပဲ နတ်ဆိုးဧကရာဇ်ကို မင်းစည်းရုံးနိုင်လိမ့်မယ်”
“ခင်းဗျား ကျုပ်ကို လွှတ်ပေးလိုက်တာလား”
“မင်းကို လွှတ်ပေးယုံတင်မဟုတ်ဘူး၊ မင်းမိတ်ဆွေတွေကို ကယ်ဖို့ပါ အကူအညီပေးမယ်။ ဒါပေမယ့် ဒီအချိန်ကစပြီး ငါ့နတ်ဆိုးမျိုးနွယ်ကို အန္တရာယ်ဖြစ်မယ့် ကိစ္စ ဘာဆိုဘာမှ မလုပ်ဖို့ နတ်ဘုရားဘုရင်ကို တိုင်တည်ပြီး မင်းကျိမ်ဆိုရမယ်”
“ကျုပ် ပစ်မှတ်က နတ်ဆိုးမျိုးနွယ်မှမဟုတ်တာ။ ကမ္ဘာကြီးကို ဒုက္ခပေးမယ့် မိစ္ဆာဘုရင်လေ။ နတ်ဘုရားတွေကို တိုင်တည်ပြီး ကျုပ် ကျန်းကုန်းဝေ နတ်ဆိုးမျိုးနွယ်ကို အန္တရာယ်ပေးခဲ့မိရင် ကျုပ်ခန္ဓာကိုယ်ကို လျှပ်စီးကြောင်း (၅)ခုထိပြီး လူပြန်မဝင်စားနိုင်တဲ့အထိ သေပါစေ”
ကျုပ်ရည်မှန်းချက်အတိုင်း သွားနေသရွေ့ ဒီသစ္စာစကား ဘာအသုံးဝင်မှာမို့လဲ။
ဦးလေးထင်းတုံးကြီး ကျေကျေနပ်နပ်ကြီး ပြုံးပြီး..
“မင်း သစ္စာစကား မင်းမှတ်ထား။ ဒီကိုလာခဲ့.. မင်းကို ငါကုပေးမယ်”
စကားဆုံးတာနဲ့ ကျုပ်ကို လှမ်းဆွဲပြီး တင်ပျဉ်ခွေ ထိုင်ခိုင်းတယ်။ ပြီးတော့ ကျုပ်လက်ဖဝါးတွေ ယှက်တင်ထားတဲ့အချိန် ကျုပ်နောက်ကျော ဘက်မှာ ဝင်ထိုင်တယ်။ သူ့ခန္ဓာကိုယ်ကနေ အပြာရောင် အလင်းတန်းတွေ ထွက်လာပြီး ကျုပ်ကို လွှမ်းခြုံသွားပါလေရော။ တုနှိုင်းမဲ့လောက်အောင် သန့်ရှင်းတဲ့ စွမ်းအားတွေ ကျုပ်ခန္ဓာကိုယ်ထဲ ဝင်လာပြီး ပိတ်ဆို့နေတဲ့ ဒန်တျန်တွေကို ဆက်တိုက် ဖွင့်ပေးသွားတယ်။ ဒီလို အခွင့်ကောင်းကို ကျုပ်က ဘယ်လိုလုပ် လက်လွတ်ခံနိုင်မှာတုန်း။ ဒီတော့ ဦးလေး ထင်းတုံးကြီး လှုပ်ရှားမှုအတိုင်း တောက်လျှောက်အာရုံစိုက်ရင်း ပေါင်းစပ် စွမ်းအားတွေ ဖြန့်ထုတ်လိုက်တယ်။
ဦးလေး ထင်းတုံးကြီးနဲ့ တိုက်ခိုက်ပြီးနောက်ပိုင်း ကျုပ်ဒဏ်ရာတွေ ပြန်မပျောက်သေးဘူးလေ။ ကျုပ်မှာ ရှိနေတဲ့ တစ်ခုတည်းသော ရွှေအမြူတေကို ဖောက်ထွက်ဖို့ သူ့အကူအညီနဲ့ တဖြည်းဖြည်းချင်း (၃)ခု ခွဲထုတ်လိုက်တယ်။ ကျုပ်အပေါ်ပိုင်း ဒန်တျန်မှာ ဦးချိုပုံစံ စွမ်းအားတစ်ခုက အလင်းဒြပ်စင်တွေ စုပ်ယူတဲ့ နေရာမှာ သိသိသာသာ တိုးလာတယ်။ ကျုပ်ဒဏ်ရာဟောင်းတွေ ပျောက်သွားတာသိတော့ ကျုပ်ပျော်သွားတာပေါ့။ နတ်ဆိုးမျိုးနွယ်ရဲ့ ထိပ်သီးကျွမ်းကျင်သူ တစ်ယောက်အနေနဲ့ ဦးလေးထင်းတုံးကြီးကို ကျုပ်တော်တော် လေးစားသွားတယ်။ ကျုပ် သူ့ကို ပြတ်ပြတ်သားသား အနိုင်မယူနိုင်တာ သေချာတယ်။ တခြားသူတွေကို စိတ်ထဲမရှိပေမယ့် ခယ်လွင်သောင်သာ ကျုပ်လက်ထဲရောက်လို့ကတော့ မသတ်ဖြစ်တောင် အရေခွံလောက်တော့ ခွာပစ်လိုက်အုံးမယ်။ ကျုပ်လဲ အဲလောက်ထိ စိတ်ထား ကောင်းတဲ့ ကောင်မှ မဟုတ်တာကို။
ကျင်ကြံမှုတွေ ရပ်လိုက်တဲ့အချိန် မိုးတောင်လင်းနေပြီ။ ဦးလေးထင်းတုံးကြီးကတော့ ထင်းတုံးတွေ ဖြည်းဖြည်းချင်း ခွဲနေလေရဲ့။
“ကျေးဇူးတင်ပါတယ် ဦးလေး ထင်းတုံးကြီး။ ကျုပ် နေလိုကောင်းသွားပြီလို့ ခံစားနေရတယ်”
“မင်းကတိသာ မင်းတည်အောင်နေပါကွာ။ ဒါဆို ငါ့ကို အကြီးမားဆုံး ကျေးဇူးဆပ်တာပဲ…ကြည့်ရတာ ငါ မင်းကို လျှော့တွက်မိသွားတာပဲ.. မင်းက မှော်သခင်ကြီး အဆင့်ကို ကျော်ပြီး မှော်ဘိုးဘေးအဆင့်ကိုတောင် ဦးတည်နေပြီ။ မင်းအသက်အရွယ်မှာ ဒီအနေအထားထိ ရောက်ဖို့ဆိုတာ အရမ်းကို ထူးခြားလွန်းတယ်။ ဒါပေမယ့် ငါ့မျိုးနွယ် အနာဂါတ်အတွက် မင်းငါ့ကို နောက်ထပ် ကတိတစ်ခု ပေးရမယ်”
ဘယ်လို။ နောက်ကတိတစ်ခုလား။ စိတ်ထဲမှာ တွက်ရင်းချက်ရင်း မထိန်းနိုင်အောင်ကို မျက်မှောင်ကြုတ်လိုက်မိတဘ်။ ကျုပ်လက်ရှိစွမ်းအားက အထွတ်အထိပ် အခြေအနေကနဲ့ ယှဉ်ရင် (၈၀)ရာခိုင်နှုန်းလောက် ပြန်ကောင်းလာပြီ။ နောက်တစ်ရက်လောက်ဆို နတ်ဆိုးဧကရာဇ်နဲ့ တိုက်တုန်းက အခြေအနေကို ပြန်ရောက်လောက်တယ်။ အစကတည်းက ဦးလေးထင်းတုံးကြီးနဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ဘူး။ ကျုပ် ဘာတတ်နိုင်အုန်းမှာလဲ။ ကျုပ် ဘဝအတွက် စိတ်လျှော့ထားရအုံးမျာပေါ့။
“ဘာကို ကတိပေးရအုံးမှာလဲ”
မင်း သဘောတူမယ်ဆိုတာ ငါသိပါတယ်ကွာ ဆိုတဲ့ ရုပ်နဲ့..
“မိစ္ဆာဘုရင်ကို နှိမ်နင်းပြီးသွားရင် မျိုးနွယ်စု ပေါင်းစုံကြားက ပဋိပက္ခတွေ ချက်ချင်း ဖြစ်ကြမှာဆိုတော့ မင်းအနေနဲ့ တစ်ဖက်ဖက်ကနေ အကူအညီမပေးဘူးဆိုတဲ့ ကတိလိုချင်တာ။ ဒါ မင်းအတွက် တရားမျှတမှု တစ်ခုပါပဲ။ သဘောတူလား”
ဒါ တစ်ယောက်ယောက်ဆီကနေ အဆိုးဝါးဆုံး ကတိတောင်းနည်း ထင်တာပဲ။ မိစ္ဆာဘုရင်ကို ဖယ်ရှားပြီးသွားရင် မျိုးနွယ်စု တွေကြားက ပဋိပက္ခတွေထဲ ဝင်ပါမှာဆိုလို့ တစ္ဆေတွေပဲရှိလိမ့်မယ်။ ကျုပ် ချက်ချင်း ပြုံးရင်းနဲ့..
“အဲဒါ လွယ်ပါတယ်ဗျာ။ ကျုပ်ကျန်းကုန်းဝေ မိစ္ဆာဘုရင်ရဲ့ ပြဿနာကို ဖြေရှင်းပြီးတာနဲ့ သီးခြားနေပြီး ကမ္ဘာကြီးရဲ့ ကိစ္စတွေ ဘယ်တော့မှ စိတ်မဝင်စားတော့ဘူးဆိုတာ ကျိန်ဆိုပါတယ်။ မျိုးနွယ်ပေါင်းစုံကြားက ပဋိပက္ခတွေ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူးလေ”
“မင်းနဲ့ လုံးလုံး မသက်ဆိုင်သလို နေရမယ်လို့ မပြောလိုပါဘူး။ ငါတို့ နတ်ဆိုးမျိုးနွယ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာသာ မင်းအနေနဲ့ လူသားမျိုးနွယ်ဘက်ကနေ ဘက်မလိုက်ဖို့ မျှော်လင့်တာပါ။ မင်းက နတ်ဘုရားဘုရင် ရဲ့ အမွေရထားတော့ အဲ့ဒါကိုသာ အပြည့်အဝ အသုံးချနိုင်ပြီဆိုရင် ကမ္ဘာပေါ်မှာ မင်းနဲ့ ယှဉ်နိုင်မယ့်သူ ရှိမှာမဟုတ်တော့ဘူးလေ။ မင်းသာ လူသားမျိုးနွယ်အပေါ် ဘက်လိုက်မယ်ဆိုရင် ငါတို့ နတ်ဆိုးမျိုးနွယ်ကို ဖယ်ရှားပစ်တော့မှာလေ။ အဲလိုဖြစ်သွားရင် ငါကလဲ နတ်ဆိုးမျိုးနွယ်အပေါ် သစ္စာဖောက် ဖြစ်သွားမှာ မဟုတ်ဘူးလား”
“အဲလိုမျိုး ကျုပ်ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ တခြား အကြောင်းပြချက်တွေ ဘေးချိတ်ထားလိုက်အုံး။ မူကျီကြောင့် ကျုပ်မှာ လူသားတွေဘက်ကနေ နတ်ဆိုးမျိုးနွယ်ကို ဝင်ရှင်းလို့ မရနိုင်တာတွေ ရှိတယ်။ ကျုပ်သာ ကမ္ဘာ့ထိပ်သီး ကျွမ်းကျင်သူ ဖြစ်လာရင် ဘယ်ကိုမှ မကျူးကျော်ဘဲ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပြန်အလှန် ချစ်ကြည်ရင်းနှီးဖို့အတွက်ပဲ ကျုပ်ရဲ့ လက်ကျန် ဘဝသက်တမ်း တစ်လျှောက် အသုံးချသွားမှာ”
ဦးလေး ထင်းတုံးကြီး သက်ပင်းချ ခေါင်းညိတ်ပြီး..
“ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း ငါ့စွမ်းအား တိုးလာတာနဲ့အတူ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးကသာ အကောင်းဆုံးဆိုတာ ငါနားလည်လာတယ်။ နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေ လူသားမျိုးနွယ်ကြားမှာ အမုန်းတရားတွေ ရှိနေရင်တောင် စစ်ပွဲတော့ ဆက်မဖြစ်စေချင်ဘူးလေ။ ငါလဲ အသက်ရလာပြီဆိုတော့ ဒီကမ္ဘာကြီး ညီညွတ်ငြိမ်းချမ်းမယ့် နေ့ကို မြင်သွားနိုင်တော့မယ် မထင်ပါဘူးကွာ။ ဒါတွေကို ဖြေရှင်းပေးဖို့အတွက် မျိုးဆက်သစ် လူငယ်တွေ လိုတယ်ကွ။ မင်းဒီနေ့ ထင်းခွဲစရာမလိုဘူး။ ဒီည မင်းမိတ်ဆွေတွေကို ကယ်ဖို့ ငါလာခေါ်မှာဆိုတော့ မင်းအနေနဲ့ သေချာကျင့်ကြံပြီး ပြန်ကောင်းဖို့သာ အကောင်းဆုံး လုပ်ပေတော့”
“ကျုပ် မိတ်ဆွေတွေကို ကယ်ဖို့ ခင်ဗျားကူညီတာ သိသွားရင် နတ်ဆိုးဧကရာဇ်က ခင်ဗျားကို အပြစ်မပေးဘူးလား”
“ဟိုတုန်းက နတ်ဆိုးဧကရာဇ်က နိုင်ငံတော်ကာကွယ်ဖို့ တာဝန်ပေးခဲ့တယ်လေ။ ဒီတော့ တစ်ချို့ကိစ္စတွေမှာ နတ်ဆိုးဧကရာဇ်အတါက် ဆုံးဖြတ်ချက် ချပေးလို့ရတာပေါ့။ ပြီးတော့ နတ်ဆိုးဧကရာဇ်ဆိုတာ ငါ့လက်ထဲမှာ ကြီးပြင်းလာတာ။ အနည်းဆုံးတော့ ငါ့မျက်နှာ ထောက်အုံးမှာပါ။ မင်းလုပ်ရမှာက မိစ္ဆာဘုရင်ရဲ့ သက်သေ အထောက်အထားတွေ အမြန်ဆုံး ရှာဖွေဖို့ပဲ”
============= (*^*)=============
အပိုင်း( ၂၃၅ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား