ကောင်းကင် အကျဉ်းထောင်ကို ဖောက်ဝင်ခြင်း
Vol. 16 Ch. 235
Child of light (ကျန်းကုန်း)
Volume 9: Chapter 29 - Invading the Sky Prison
တစ်ရက်လုံးလုံး အေးအေးဆေးဆေး ကျင့်ကြံပြီး နောက်ဆုံးတော့ နဂိုအထွတ်အထိပ် အခြေအနေ ပြန်ရခဲ့ပြီ။ ကျုပ်ခန္ဓာကိုယ်မှာ ပေါင်းစပ် စွမ်းအားတွေနဲ့ ပြည့်နေတော့ အမာရွတ်တွေဆိုတာလဲ ကျုပ်စိတ်ထဲ မရှိတော့ဘူး။
ဦးလေးထင်းတုံးနဲ့ ကျုပ်တို့တွေ ညဝတ်စုံကိုယ်စီနဲ့ ထင်းတဲထဲက ထွက်လာခဲ့လိုက်တယ်။ ဒီတကြိမ် ကျင့်ကြံပြီးတဲ့အချိန် ဦးလေးထင်းတုံးကြီး ခြေလှမ်းတွေကို မှီအောင်လိုက်ဖို့ အေးအေးဆေးဆေး ဖြစ်သွားပြီ။
ဦးလေးထင်းတုံးကြီးကတော့ ကျုပ်ကို မြို့အရှေ့ဘက် တံတိုင်းထိအောင် ပန်းခြံထဲ လမ်းလျှောက်သလို ခေါ်သွားတာဗျ။ ထောင့်တနေရာ အမှောင်ထဲမျာ ပုန်းနေတုန်း ဦးလေးထင်းတုံးကြီး အဆောက်အုံမြင့်ကြီး တစ်ခုကို လက်ညှိုးထိုးပြရင်း..
“အဲဒါ ကောင်းကင် အကျဉ်းထောင်ပဲ။ အေးနော် ဘယ်သူ့မှ မသတ်မိအောင် သတိထားရမယ်နော်။ မင်းသဘောပေါက် တယ်မို့လား"
“စိတ်မပူပါနဲ့ ကျုပ်မလုပ်ပါဘူး။ ခက်တာက လုံခြုံရေး တင်းကျပ်ထားတယ်။ ကျုပ်တို့ အောင်မြင်နိုင်ပါ့မလား”
ကောင်းကင် အကျဉ်းထောင်မှာ အစောင့် (၅၀)လောက်ရှိတယ်။ လူသတ်ခွင့်လဲမပေးဘဲ ဘယ်လို ဝင်ရပါ့မလဲ။
ဦးလေးထင်းတုံးကြီး ခနစဉ်းစားရင်း..
“မင်းမိတ်ဆွေတွေကို ကောင်းကင်အကျဉ်းထောင်ရဲ့ အနိမ့်ဆုံးနေရာမှာ ချုပ်ထားလောက်တယ်။ လုံခြုံရေးစည်း (၄)ခု ဖြတ်ကျော် ရလိမ့်မယ်။ နည်းနည်းတော့ ခက်ခဲမှာပေါ့ကွာ။ တည်နေရာရွှေ့ပြောင်းမန္တန် မင်းသိလား။ တည်နေရာ မရွှေ့ပြောင်းနိုင်ဘူးလား”
“တည်နေရာ ရွှေ့ပြောင်း ဖို့ဆိုတာ တိကျတဲ့ နေရာသတ်မှတ်ချက် ရှိရတယ်။ အဲလိုမှမဟုတ်ရင် တည်နေရာမမှန်ရင် ကျုပ်တို့တွေ လေဟာနယ်တစ်ခုထဲမှာ ပိတ်မိသွားနိုင်တယ်။ အဲလိုသာဆို ကျုပ်တို့ ဒုက္ခများ လိမ့်မယ်”
ဦးလေးထင်းတုံးကြီး ခနစဉ်းစားပြီး မြေပေါ်မျာ ပုံစဆွဲတယ်။ သူလက်ညှိုး ညွှန်တဲ့နေရာတိုင်း ကျောက်တုံး အပိုင်းအစ တွေပုံစံနဲ့ အက်ကွဲသါားတယ်။ မကြာပါဘူး မြေပြင်ပေါ်မှာ မြေပုံတစ်ခု ပေါ်လာတယ်။
မြေပုံပေါ်က အနိမ့်ဆုံး နေရာကို ပြရင်းနဲ့..
“ငါမှန်းတာ မမှားရင် သူတို့ကို အဲ့နေရာမှာ ရှိလိမ့်မယ်”
ကျုပ်လဲ နေရာအတိအကျ သေချာလေး တွက်ချက်ပြီးမှ..
“ဒီမြေပုံကိုနဲ့ပဲ မှော်ဝင်္ကပါ တစ်ခုစမ်းကြည့်လိုက်မယ်။ ဒါပေမယ့် အန္တရာယ်တော့ ရှိနိုင်လောက်တယ်”
“အမြန်သာ လုပ်စမ်းပါကွာ။ တခြားရွေးစရာမရှိရင် ငါတို့တွေ သွေးနဲ့ လမ်းဖွင့်ရမှာပေါ့။ အဲ့ကောင်တွေ ငါ့ကို တားနိုင်မှာမဟုတ်ပါဘူး”
ကျုပ်လဲ ခနစဉ်းစားပြီးမှ တာတိုတည်နေရာ ရွှေ့ပြောင်းဖို့အတွက် တည်နေရာအသေနဲ့ ထိုးဖေါက်ဝင်သွားနိုင်မယ့် မှော်ဝင်္ကပါတစ်ခု ဆွဲလိုက်တော့တယ်။
ဝင်္ကပါပြီးတော့ ကျုပ်လဲ ဦိးလေးထင်းတုံးကို ခေါင်းညိတ်ပြပြီး..
“လေဟာနယ်တံခါးဖွင့်၊ အတားအဆီးတွေ ထိုးဖေါက်၊ ငါသတ်မှတ်ထားတဲ့ နေရာအတိအကျရောက်စမ်း”
မှော်ဝင်္ကပါကနေ အလင်းရောင် ခပ်ဖျော့ဖျော့လေး လင်းပြီး ဦးလေးထင်းတုံးနဲ့ ကျုပ် အမှောင်ထုထဲကနေ ပျောက်သွားတယ်။
အလင်းရောင် မှိန်ဖျော့သွားတဲ့အခါ ကျုပ်တို့တွေ ထောင်ထဲကို တကယ်ရောက်လာတာ တွေ့လိုက်ရတယ်။ အနားဝန်းကျင်က အကျဉ်းသား (၁၀)ယောက်ကျော် ကျုပ်တို့ကို အံ့ဩကုန်ကြတယ်။ ကျုပ်လဲ ဒေါသတကြီးနဲ့..
“ကြည့်ရတာ တည်နေရာ နည်းနည်းလွဲသွားပုံပဲ။ ကျုပ်တို့ အခုဘာဆက်လုပ်ကြမလဲ”
ဦးလေး ထင်းတုံးကြီး အမြန်ဆုံးနည်းနဲ့ အပြာရောင် အလင်းတန်းထုတ်လွှတ်လိုက်တာ ကျုပ်တို့ ပတ်ပတ်လည်က အကျဉ်းသားတွေ မေ့လဲသွားကြတယ်။ ပြီးတော့ တိုးတိုးလေးနဲ့..
“ငါတို့ ဘာလုပ်လို့ ရအုံးမှာလဲ။ အစောင့်တွေ ငါတို့ကို မတွေ့ခင် မင်းမိတ်ဆွေတွေကို အရင်ရှာမှရမယ်”
တံခါးဖျက်ဝင်တော့မယ့် ဦးလေးထင်းတုံးကြီးကို ဆွဲပြီး ကျုပ်တို့ကို ကာကွယ်ဖို့ ပေါင်းစပ်မန္တန်သုံးပြီး ကောင်းကင် အကျဉ်းထောင်ထဲက စင်္ကြန်ကို တည်နေရာရွှေ့လိုက်တယ်။ ဦးလေးထင်းတုံးကြီး တစ်ခစ်ခစ်ရယ်ရင်းနဲ့..
“မှော်ပညာကို အမျိုးမျိုးလှည့်သုံးလို့ ရနေတာပဲကိုး။ ငါလဲ ဖြစ်နိုင်ရင် မှော်ပညာ သင်အုံးမှပါကွာ”
“ဘယ်လမ်းကြောင်း အတိုင်းသွားမလဲ”
“ရာဇဝတ်သားက ပိုအရေးကြီးလေလေ အောက်ဘက် အနက်ရှိုင်းဆုံးမှာ ထားလေပဲ”
အဲ့အချိန်မှာ အသံနည်းနည်း ကြားလိုက်ရတယ်။ ဦးလေး ထင်းတုံးကြီး ကျုပ်ကိုဆွဲပြီး ထောင့်တနေရာ ဆွဲခေါ်သွားတယ်။
ထောင်စောင့်(၄)ယောက် ကျုပ်တို့ဘက် ဦးတည်လာနေကြတယ်။ သူတို့ သိုင်းစွမ်းအား မမြင့်မှန်းသိပေမယ့် လက်သီးတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်တယ်။
ဦးလေး ထင်းတုံးကြီး ကျုပ်ကို တစ်ချက်ကြည့်ပြီး ထောင်စောင့်(၄)ယောက်ရှေ့ကို ဖြတ်ကနဲ ရောက်သွားတယ်။ အစကတည်းက စွမ်းအားကွာခြားလွန်းတော့ အစောင့်(၄)ယောက်ခမြှာ တိုက်ပွဲစိတ်ဝိညာဉ် ဖိအားအောက်မှာ ပျော့ခွေသွားတယ်။ ပြီးတော့ သူတို့တွေကို နေရာနည်းနည်း ရွှေ့ပေးထားလိုက်ကြတာပေါ့။ ပတ်ဝန်းကျင်ကို လိုက်စစ်ပြီး ဘယ်သူမှ မရှိတာ သေချာမှ ကျုပ်လဲ အစောင့်တစ်ယောက်ကို လှမ်းဆွဲပြီး ဦိးလေး ထင်းတုံးကို..
“သူ့ကို သတိရအောင် လုပ်ပေးပါလား။ လမ်းပြခိုင်းလိုက်မယ်လေ”
ကောင်းကင်အကျဉ်းထောင်ထဲမှာကို နက်ရှိုင်းလွန်းတဲ့ နေရာဆိုတော့ အစောင့်တွေ သိသိသာသာကို နည်းတာပဲ။
ဦးလေးထင်းတုံး ခေါင်းညိတ်ပြီး အစောင့်ကို အသာလေးပုတ်လိုက်တယ်။
အစောင့် အရမ်းကြောက်လန့်နေတဲ့ အသံနဲ့..
“ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့။ မေးချင်တာမေး ဖြေပါ့မယ်”
ကံဆိုးလိုက်တာဗျာ။ သူရဲဘောကြောင်နဲ့မှ လာတွေ့နေရသေးတယ်။
ဦိးလေးထင်းတုံး မျက်မှောင်ကြုတ်နေပြီ။ သူ့နိုင်ငံရဲ့ ကိုယ်ရံတော်တပ်မှာ ဒီလိုကောင်မျိုးရှိနေလို့ မကျေနပ်တာ သေချာတယ်။ ဒါပေမယ့် သူကိုယ်တိုင်ပဲ အသံတိုးတိုးနဲ့..
“လူသား သုံ့ပန်းတွေ ဘယ်မှာချုပ်ထားလဲ အခုပြောစမ်း”
အစောင့် ချီတုံချတုံ နဲ့ ကြည့်နေတယ်။ တိုက်ပွဲစိတ်ဝိညာဉ် စွမ်းအားနဲ့ အသက်ရှူရပ်မတတ် ဖိနှိပ်ခံထားရတာဆိုတော့ မျက်နှာလဲ နီရဲလာတယ်။ သူ့အကန့်အသတ်ရောက်လုနီချိန်ကျမှ ကိုင်ထားတဲ့လက်ကို လွှတ်ပေးပြီး အေးစက်စက်နဲ့..
“အခုပြောစမ်း…”
“ဒီ.. ဒီကနေ တည့်တည့်လျှောက်ပြီး ညာဘက်ချိုးလိုက်။ လူသားတွေကို ချုပ်ထားတဲ့ တံခါးတစ်ချပ် တွေ့လိမ့်မယ်”
ကျုပ်တစ်ချက်ကြည့်လိုက်တော့ ဦးလေးထင်းတုံးကြီး အသာလေး ခေါင်းညိတ်ပြတယ်။ စွမ်းအင် ဖိအားတွေ ကျုပ်လက်က တဆင့်ထွက်သွားပြီး အစောင့် ချက်ချင်း မူးလဲသွားပြန်ရော။
အစောင့် ပြောလိုက်တဲ့အတိုင်း သွားကြည့်လိုက်တော့ သတ္ထုတံခါးကြီး တစ်ခုရှေ့ အမြန်ရောက်သွားတယ်။ ဦးလေး ထင်းတုံးကြီး ကျုပ်ကို ရပ်ခိုင်းလိုက်တယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်ထဲကနေ အပြာရောင် အလင်းတန်းတွေ ထွက်လာပြီး သတ္ထုတံခါးဆီ ပစ်လွှတ်လိုက်တယ်။
သတ္ထုတံခါးကြီး အပြာရောင်အလင်းနဲ့လဲ တွေ့လိုက်ရော တဖြည်းဖြည်း တိုက်စားသွားတာ တွေ့လိုက်ရတယ်။ အဲလိုမြင်ရတော့ ကျုပ်လဲ အံ့ဩသွားတာပေါ့။ သတ္ထုတံခါး အထူကြီးပေါ်မှာ ဦးလေးထင်းတုံးကြီးက အမြင့် (၆၆)စင်တီမီတာ၊ အကျယ် (၃၃)မီတာ ရှိတဲ့ အပေါက်ကြီး ဖေါက်ပစ်လိုက်တာလေ။
ဦးလေးထင်းတုံးကြီး ကျုပ်ကို ခေါင်းညိတ်ပြတယ်။ ပြီးတော့ ကျုပ်နောက်က ကပ်လိုက်လာရင်း သတ္ထုတံခါးကို အပေါက်ဖောက်ပြီး အတွင်းဘက်ကို အလင်းရောင်တစ်ချက် ထိုးကြည့်လိုက်တယ်။ သတ္ထုတံခါးထဲ ဝင်ပြီးတဲ့အချိန် ကျုပ်အမြင်အာရုံ ဝေဝါးသွားတယ်။ ဦးလေး ထင်းတုံးကြီးက..
“သတိထား ထောင်ချောက်တွေ ရှိနိုင်တယ်”
ကျုပ်လဲ စိတ်မသက်မသာဖြစ်ပြီး နည်းနည်းကြောက်သွားမိတယ်။ လွန်လွန်းတယ်ဗျ။
အဲ့အချိန်မှာပဲ ပတ်ပတ်လည်မှာ ရုတ်တရက် တောက်ပလာတယ်။ ဦးလေးထင်းတုံးကြီးနဲ့ ကျုပ် အလင်းရောင်ကြောင့် မျက်လုံးတွေ မဖွင့်နိုင်တော့ဘူး။ ဦးလေးထင်းတုံးကြီးရဲ့ တိုက်ပွဲစိတ်ဝိညာဉ်က ကျုပ်တို့ကို ဗဟိုပြုပြီး ပတ်ပတ်လည်ကို ပျံ့နှံ့သွားတယ်။
တိုက်ပွဲစိတ်ဝိညာဉ်က ပတ်ပတ်လည်ကို ရောက်သွားတဲ့အချိန် အသံတွေပေါ်လာတယ်။
“ဖြောင်း…. ဖြောင်း….”
တစ်ယောက်ယောက် ကျုပ်တို့ကို တိုက်ခိုက်တာတော့ သေချာတယ်ဗျ။ ကျုပ်နောက်က အသံကြီးကြောင့် လှည့်ကြည့်လိုက်တဲ့အခါ အစောကထက် ပိုထူတဲ့ သတ္ထုတံခါးကြီးတစ်ခု တံခါးအဟောင်းရှေ့မှာ ကျလာတယ်။
ပြီးတော့ ရယ်သံနဲ့အတူ စကားသံတစ်ခု နားထဲဝင်လာတယ်..
“အသုံးမကျတဲ့ လူသားတွေ။ မင်းတို့ အဖော်တွေကို ကယ်ဖို့ လာမယ်ဆိုတာ ငါသိတာပေါ့။ ပြေးပေါက်မရှိအောင် ငါလုပ်ပြမယ်ဟေ့”
ကျုပ်နဲ့ ဦးလေးထင်းတုံးကြီးအနေနဲ့ အခြေအနေတွေ ပြောင်းပြန် ဖြစ်သွားတာ တွေ့လိုက်ရတာပေါ့။ ကျုပ်တို့ရှိနေတဲ့ ကျောက်သား အခန်းလွတ်ကြီးထဲမှာ နတ်ဆိုးမာန်နတ်ဘုရင် ခေါင်းဆောင်ပြီး ပညာရှင် (၁၀၀)နီးပါးနဲ့ ဝိုင်းထားကြတာဗျ။
နတ်ဆိုး မာန်နတ်ဘုရင်က..
“မင်းတို့ကို အေးအေးဆေးဆေး အရှုံးပေးဖို့ အကြံပေးလိုက်မယ်။ အဓိပ္ပါယ်မဲ့ ရုန်းကန်နေရင် အမြန်သေရလိမ့်မယ်”
ဘာကြောင့်မှန်းမသိပေမယ့် သူ့စကားတွေကြားရတာ စိတ်မသက်မသာ ဖြစ်ရတယ်ဗျ။ သူ့အသံကလဲ ပုံမှန်မဟုတ်ဘဲ ကျုပ်နားထဲ ထိုးဖေါက်လာတာလေ။
============= (*^*)=============
အပိုင်း( ၂၃၆ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား