နတ်ဆိုးဧကရာဇ် စောင့်နေတယ်
Vol. 17 Ch. 242
ဦိးလေး ထင်းတုံးကြီးက..
“ငါနားလည်ပါတယ်ကွာ။ အဲဒါ မူကျီကြောင့်မို့လား။ ချစ်ရေးချစ်ရာ ကိစ္စကတော့ ငါမတတ်လို့ မင်းကိုယ်မင်းပဲ အားကိုးရလိမ့်မယ်။ ဒါပေမယ့် မူကျီလဲ မင်းလက်ရှိရုပ်ရည်ကို အလေးထားတဲ့ပုံ မပေါ်ပါဘူး။ မင်းဘာဆက်လုပ်မလဲ။ သူ့ကို စွန့်လွှတ်တော့မလို့လား”
သူ့စကားကြောင့် ကျုပ်စိတ်ထဲ နည်းနည်း လှုပ်ရှားသွားမိတယ်.
“အဲလိုဆိုရင်တောင် မူကျီကို မဖျက်စီးနိုင်ဘူး။ ကျုပ်လို ရုပ်ဆိုးကြီးတစ်ယောက်နဲ့ နတ်ဘုရားမပုံစံနဲ့ ဘယ်လိုလုပ် လိုက်ဖက်မှာတဲ့လဲ။ သူ့ကို နည်းနည်းလေးမှ စိတ်မဆင်းရဲစေချင်ဘူး။ အချိန်ကြာသွားရင် သူကျုပ်ကို မေ့သွားမျာပါဗျာ”
ဦးလေး ထင်းတုံးကြီး အံ့ဩသွားပြီး..
“မင်း ဒီလောက်တောင် ခံစားချက် လေးနက်မယ်လို့ ထင်မထားဘူး။ အချစ်က အဲ့လောက်တောင်ပဲလား။ ထားလိုက်တော့ ဆက်ပြောမနေနဲ့တော့။ မင်းစိတ်ဓာတ်ကျနေတာတွေ ဘယ်ထားလိုက်။ လက်တွေ့ လုပ်ရမယ့် ကိစ္စ လုပ်ကြတာပေါ့”
ကျုပ်လဲ သက်ပြင်းချပြီး..
“နတ်ဘုရားလက်နက်တွေ ဘယ်မှာသိမ်းထားတာလဲ”
“ထိပ်တန်း လက်နက်တွေဖြစ်တဲ့အတွက် နတ်ဆိုးဧကရာဇ်ရဲ့ လက်နက်တိုက်မှာပဲ သိမ်းထားလောက်တယ်”
“တော်တော် အလေးအနက် ထားတာပဲလား”
“အဲ့နေရာမှာ အစောင့်တွေ မရှိဘူးကွ”
“ဒီလောက် အရေးကြီးတဲ့ နေရာကို အလေးအနက်မထားဘူးဆိုတာ မဖြစ်နိုင်ပါဘူး”
“အစောင့်တွေ မရှိပေမယ့် အမှောင်နတ်ဆိုးနဂါးကို ကျော်ဖြတ်ဖို့ လွယ်မှာမဟုတ်ဘူး”
“ဖြစ်နိုင်ပါ့မလား…”
“အေးပေါ့ကွ။ လက်နက်တိုက်ကို အမှောင်နတ်ဆိုးနဂါး နေရာဘေးမှာ ကပ်ထားတာ။ နတ်ဆိုးဧကရာဇ်ရဲ့ ထောင်နဲ့ချီတဲ့ အစောင့်အရှောက်တွေထက်တောင် ကြောက်ဖို့ကောင်းသေးတယ်။ ပြီးတော့ သူ့က မှော်ပညာတွေ ချိုးဖောက်နိုင်သေးတယ်။ မင်းရဲ့ တည်နေရာရွှေ့ပြောင်းမန္တန်လဲ အသုံးမဝင်တော့ဘူး။ တံခါးမရှိ ဓားမရှိ ဝင်နိုင်တာဆိုလို့ နတ်ဆိုးဧကရာဇ် တစ်ယောက်ပဲရှိမယ်”
“ဒါဆို ကျုပ်တို့ ဘာတွေလုပ်ကြမလဲ”
“တကယ်တော့ အမှောင်နတ်ဆိုး နဂါးက ပြဿနာမဟုတ်ဘူးကွ။ ငါတို့ အင်အားပေါင်းလိုက်ရင် ကြောက်စရာမလိုဘူး။ ငါအကြောက်ဆုံးက နောက်တစ်ခုကွ။ အစောင့်တွေ ဝိုင်းလာရင် မကောင်းတော့ဘူး။ အခွင့်အရေး တစ်ခုပဲရှိတယ်။ ငါတို့ မအောင်မြင်ရင် လက်နက်တိုက်ထဲဝင်ဖို့ အရမ်းခက်သွားလိမ့်မယ်”
“ခင်ဗျားပြောတာမှန်တယ်။ ခြေလှမ်းတိုင်း ဂရုတစိုက် လုပ်မှ ရမယ်”
“ငါတို့ ဖောက်ဝင်ပြီဆိုတာနဲ့ မင်းလက်နက်တွေ အမြန်ရှာရမယ်။ အမှောင်နတ်ဆိုးနဂါးကို လက်နက်တိုက်အပြင်ဘက်မှာ ငါတားထာမယ်။ အချိန်တခနတော့ ဘာသံမှ ထွက်လာမှာမဟုတ်ဘူး”
သူ့စကားသံတွေမှာ ယုံကြည်ချက်တွေ ပြည့်နေတာ သတိထားမိလိုက်တယ်။
တကယ်ဆို သူ့တိုက်ပွဲနတ်ဘုရား စိတ်ဝိညာဉ်နဲ့တောင် အမှောင်နတ်ဆိုးနဂါးကို ထိန်းချုပ်ဖို့ လွယ်တာမဟုတ်ဘူး ဆိုပေမယ့် ရွေးစရာလဲ မရှိတော့ဘူးလေ။
ညရောက်တော့ ကျုပ်တို့တွေ နန်းတွင်းထဲ ခိုးဝင်ဖို့ ညဝတ်စုံလဲပြီး နတ်ဆိုးဧကရာဇ် စံအိမ်ကို တိုက်ရိုက်သွား လိုက်ကြတယ်”
“ဒီအဆောင်ကျော်ရင် နတ်ဆိုးနဂါး နေရာရောက်မယ်။ သတိထား”
အနှိုင်းမဲ့လောက်တဲ့ အမှောင်ထုကြီးက ကျုပ်တို့ရှေ့ (၁၀)မီတာလောက်လေးပဲ သေချာမြင်ရနိုင်တော့တယ်။
ကျုပ်လဲ ဦးလေးထင်းတုံးကြီးနာ အသာကပ်လိုက်လာလိုက်တယ်။ ခြံဝန်းကြီး တစ်ခုရှေ့ရောက်တော့ အံ့ဩစရာ ပုံစံကြီးနဲ့ နတ်ဆိုးနဂါးကို ကျုပ်တို့ရှေ့မှာ တွေ့လိုက်ရတယ်။ အတောင်ကြီးနှစ်ဖက် ခေါင်းကိုအုပ်ပြီး အိပ်နေတာဗျ။
ဦးလေးထင်းတုံးကြီးကတော့ နတ်ဆိုးနဂါးကို မျက်စပစ်ပြရင်း ထိန်းချုပ်ဖို့ မဆိုင်းမတွ ပြေးသွားလိုက်တယ်။
ဆတ်ဆတ်ထိမခံတဲ့ နတ်ဆိုးနဂါးရဲ့ အာရုံသိစိတ်က ကျုပ်တို့ကို ချက်ချင်းတွေ့သွားတယ်။ ဒေါသတကြီး ဟန်းဟောက်တော့မယ့်အချိန် ဦးလေးထင်းတုံးကြီး သူ့တိုက်ပွဲစိတ်ဝိညာဉ် ချက်ချင်းသုံးလိုက်တယ်။ အပြာရောင် အလင်းတန်းတွေ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့တယ်။ သူနဲ့ နတ်ဆိုးနဂါးကို လုံးလုံး ခြုံလွှမ်းထားတော့ မျှော်လင့်ထားသလိုပဲ ဘာသံမှကို ထွက်မလာတော့တာ။
နတ်ဆိုးနဂါးရဲ့ အမှောင်မှော်ပညာတွေကို ဦးလေးထင်းတုံးကြီး အဆက်မပြတ် ပိတ်ဆို့နေရတယ်။ ဦိးလေးထင်းတုံးကြီး သူ့ကိုမတိုက်တာတောင် နတ်ဆိုးနဂါးကို ထိန်းထားဖို့ တိုက်ပွဲစိတ်ဝိညာဉ်တွေသုံးပြီး နယ်မြေတစ်ခု ဖန်တီးထားရတယ်။
လက်နက်တွေကို အာရုံမခံမိသေးဘူလို့ တွေးမိတဲ့အချိန် သက်ပြင်းချသံတစ်ခု ကြားလိုက်ရတယ်။
ကျော်ကြားလွန်းတဲ့ အရပ်မြင့်မြင့်နဲ့ နတ်ဆိုးဧကရာဇ် ကျုပ်ရှေ့မှာ ပိတ်ရပ်နေတယ်။
ကျုပ် အံ့အားသင့်ပြီး နည်းနည်းလေး လန့်သွားသလိုပဲ နတ်ဆိုးဧကရာဇ် ကျုပ်ကိုကြည့်ပြီး အံ့ဩနေလေရဲ့။
ဦးလေးထင်းတုံးကြီး နတ်ဆိုးနဂါးနဲ့ အလုပ်ရှုတ်နေတာဆိုတော့ ကျုပ်ဖြစ်ပျက်နေတာတွေ မမြင်နိုင်သေးဘူး။
နတ်ဆိုးဧကရာဇ် ဦးလေးထင်းတုံးကြီး ဖန်တီးထားတဲ့ နယ်မြေဆီတိုးသွားပြီး လက်ညှိုးဆန့်ထုတ်လိုက်တယ်။
“ဖြူး…..”
ကျုပ် ဘာဆိုဘာမှ မတုန့်ပြန်နိုင်ခင်မှာပဲ နယ်မြေပျက်စီးသွားတယ်။
ဦးလေးထင်းတုံးကြီးကတော့ အကြောက်အလန့်မရှိ ပကတိနဲ့ ကျုပ်ကို ကာကွယ်ဖို့ လုပ်နေတယ်။
နတ်ဆိုးဧကရာဇ် အမှောင်နတ်ဆိုးနဂါး ဟိန်းဟောက်နေတာတွေကို ရပ်ခိုင်းလိုက်ပြီး ဦိးလေး ထင်းတုံးကြီးကို..
“ဦးလေး၊ ဒီလိုလုပ်ရတာ တန်လို့လား။ သူက လူသားမျိုးနွယ်က သူလျှိုတစ်ယောက်ဆိုတာ မသိလို့တော့ မဖြစ်နိုင်ဘူးမို့လား”
နတ်ဆိုးဧကရာဇ်က ဦးလေးထင်းတုံးကြီး ကိုရိပ်မိသွားတော့ အံ့ဩသွားမိတယ်။
ဦးလေးထင်းတုံးကြီး သက်ပြင်းချပြီး ဝတ်စုံနက်ကို ဖယ်လိုက်ရင်းနဲ့..
“ချီမုန့်.. မင်းဘယ်အချိန်ကတည်းက သိသွားတာလဲ”
နတ်ဆိုးဧကရာဇ် ပြုံးရင်းနဲ့..
“လူတစ်ယောက်နဲ့ အပြာရောင် တိုက်ပွဲစိတ်ဝိညာဉ် ပညာရှင်တစ်ယောက် လို့ ငယ်သားတွေ သတင်းပို့ကတည်းက ခင်ဗျားဆိုတာ ကျုပ်သိတယ်။ တိုက်ပွဲနတ်ဘုရားအဆင့် စိတ်ဝိညာဉ်ပိုင်ထားတာ ခင်ဗျားကလွဲလို့ ဘယ်သူရှိလို့တုန်း။ ဒီလူသားတွေကို ကယ်ပြီးတာနဲ့ လက်နက်တွေ ပြန်ယူရမယ်ဆိုတာ သိနေတယ်လေ။ နဂါးနတ်ဘုရားတောင်ဝှေးက ထူးခြားတဲ့ ရတနာလေ၊ ဒီတော့ ခင်ဗျားတို့ကို ဒီမှာစောင့်နေလိုက်တာ။ အခု ကျုပ်မှန်းထားသလို ဖြစ်လာတာပဲလေ”
ကျုပ်လဲ မနေနိုင်တော့ဘဲ..
“ခင်ဗျားသိပြီးတာတောင် ကျုပ်တို့ကို တစ်ယောက်တည်း ဘာလို့ရင်ဆိုင်ရဲရတာလဲ။ ကျုပ်တို့ ပေါင်းစပ်စွမ်းအားက ခင်ဗျားကို အောက်စည်းရောက်သွားမှာ မကြောက်ဘူးလား။ ခင်ဗျားအစွမ်းထက်ပေမယ့် ကျုပ်တို့နှစ်ယောက် ပေါင်းတိုက်ရင် ပြိုင်ဖက် မဖြစ်နိုင်တော့ဘူးလေ”
နတ်ဆိုးဧကရာဇ် ကျုပ်ကို အထင်သေးအမြင်သေးနဲ့ ခပ်လှောင်လှောင်ပဲ..
“ဦးလေးကြောင့်သာမဟုတ်ရင် မင်းမေးတာ ငါဖြေမနေဘူး။ ဦးလေးထင်းတုံးက နိုင်ငံတော်ရဲ့ နာယကတစ်ယောက်လေ။ ငါ့ဦးလေးကပဲ ငါအစွမ်းထက်အောင် လေ့ကျင့်ပေးခဲ့တာဆိုတော့ အားလုံး သစ္စာဖောက်တွေလို့ ထင်နေရင်တောင် ငါတော့ ထင်မှာမဟုတ်ဘူး။ သူ့အပေါ် ယုံကြည်မှုက ငါ့ကိုယ်ငါ ယုံတာထက် ပိုတယ်ကွ”
ဦးလေး ထင်းတုံးကြီး မျက်လုံးတွေ ရီဝေလာပြီး..
“ဒီလောက် နှစ်တွေကြာပြီးတာတောင် မင်း ဒီအဘိုးကြီးကို သတိရနေအုံးမယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားမိဘူး”
နတ်ဆိုး ဧကရာဇ် လေးလေးစားစားနဲ့..
“ကျုပ် ဘာလို့မေ့ရမှာလဲ။ ခင်ဗျားက ကျုပ်တို့မျိုးနွယ်ရဲ့ ထိပ်သည်းကျွမ်းကျင်သူလေ။ ခင်ဗျား ကျင့်ကြံခြင်းမှာ အနှောက်အယှက်ဖြစ်မှာစိုးလို့သာ ကျုပ်လာ မနှောက်ယှက်တာကို။ ဒါပေမယ့် ကျုပ်စိတ်ထဲမှာတော့ ခင်ဗျားက အမြဲတမ်း ထိပ်သည်းကျွမ်းကျင်သူပဲ။ ဒါနဲ့တောင် ကျုပ်တို့မျိုနွယ်ကို ကျူးကျော်ဖို့ လူသားမျိုးနွယ်သူလျှိုကို ဘာလို့ ကူညီနေရတာလဲ”
ဦးလေးထင်းတုံးကြီး မျက်ဝန်းထဲမှာ ရှုတ်ထွေးမှုတွေ အပြည့်နဲ့ ကြည့်ပြီး..
“ချီမုန့် … ဒီလောက် နှစ်ပေါင်းများစွာ အုပ်ချုပ်လာတာတောင် မျိုးနွယ်အတွက် ဘယ်ဟာက အကျိုးရှိမလဲဆိုတာ မသိနိုင်သေးဘူး မို့လား”
နတ်ဆိုး ဧကရာဇ် အံ့ဩသွားတယ်။
“အဲဒါ ဘာလဲ”
“စည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းရေး..”
“စည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းရေး.. တဲ့လား”
“စည်းလုံးမှုနဲ့ ငြိမ်းချမ်းမှု ရှိနေမှ ငါတို့တွေ အသက်ဆက်ရှင်နိုင်မယ်ဆိုတာ မင်းနားလည်သင့်တယ်”
“ဒါပေမယ့်.. ဦးလေးရာ၊ ငါတို့မျိုးနွယ်တွေ ဒီလိုခါးသီးအေးခဲနေတဲ့ အရပ်မှာ နေနေရပြီး၊ လူသားမျိုးနွယ်ကတော့ မြေဆီမြေနှစ် ကြွဝလွန်းတဲ့ နေရာတွေမှာလေ။ ဒီလို ခမ်းခြောက်နေတဲ့ စွန့်ပစ်နေရာတွေမှာ မျိုးနွယ်ကြီး တိုးတက်အောင် ဘယ်လို ဦးဆောင်စေချင်နေတာလဲ”
“အခု အဲဒါအရေးကြီးဆုံး မဟုတ်သေးဘူး။ ကျန်းကုန်း မင်းကို မိစ္ဆာဘုရင်အကြောင်း ပြောခဲ့တယ်မို့လား”
နတ်ဆိုးဧကရာဇ် မျက်မှောင်ကြုတ်ပြီး.
“ဦးလေး။ အဲဒါ သူ့လုပ်ဇာတ်ကြီးလေ။ ခင်ဗျားယုံနေတာလား။ မိစ္ဆာမျိုးနွယ်ဆိုတာ ပြီးခဲ့တဲ့ နှစ်ထောင်ချီကတည်းက နတ်ဘုရားမျိုးနွယ်က ဖယ်ရှားခဲ့ပြီးပြီလေ။ အခုမှ မိစ္ဆာဘုရင် ဘာလို့ ပြန်စခန်းထအုံးမှာလဲ”
ဦးလေးထင်းတုံးကြီး သက်ပြင်းချပြီး..
“ကလေး… ငါ သူပြောတာကို ယုံတယ်။ နတ်ဘုရားဘုရင်သာ သူ့ကို အသိအမှတ်မပြုရင် နတ်ဘုရားအမွေနဲ့ နတ်ဘုရားဘုရင်ရဲ့ အဖာ်မွန်ဖြစ်တဲ့ ဓားကို ဘယ်လိုလုပ် ရမှာတုန်း။ ဒါ ထူးဆန်းတယ်လို့ မထင်ဘူးလား”
============= (*^*)=============
အပိုင်း( ၂၄၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား