နတ်ဆိုးဧကရာဇ်ရဲ့ ခါးသီးခြင်း
Vol. 17 Ch. 243
နတ်ဆိုးဧကရာဇ် အတွေးတွေ နက်သွားတယ်။ အချိန်အတော်ကြာမှ..
“အဲဒါ တကယ်ကို ဖြစ်နိုင်ပါ့မလား”
ကျုပ်လဲ..
“ဟုတ်တယ်၊ အမှန်တရားပဲ။ ကျုပ်ကိုယ်တိုင် မိစ္ဆာဘုရင်နဲ့ တစ်ကြိမ်တိုက်ဖူးလို့ ငြင်းမရနိုင်ဘူး”
“မင်းမှာ သက်သေရှိလား”
“လောလောဆယ် သက်သေပြမရပေမယ့် သေချာပေါက် တွေ့မှာပါ။ တကယ်လို့ အရှင်မင်းကြီးသာ ဒီအပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်မထားရင် မိစ္ဆာဘုရင် ပြန်လည်နိုးထလာတာနဲ့ သူပထမဆုံး ချေမှုန်းမှာက ခင်ဗျားရဲ့ နတ်ဆိုးမျိုးနွယ်ပဲ။ ခင်ဗျား မျိုးနွယ်ဝင်တွေကို ဂရုမစိုက်ဘဲတော့ မနေနိုင်ဘူးမို့လား”
ဦးလေးထင်းတုံးကြီးကတော့ နတ်ဆိုးဧကရာဇ် နားမဝင်ဘူးဆိုတာ သိနေတယ်။
“ချီမုန့်.. မင်းမှ ငါ့ကိုမယုံသေးရင် ဘာဆက်ပြောရမှန်း မသိတော့ဘူး။ ဒါပေမယ့် မင်း ကျန်းကုန်းနဲ့ သူ့မိတ်ဆွေတွေကို လွှတ်ပေးလိုက်မယ်လို့ မျှော်လင့်ပါတယ်။ ဦးလေးကိုတော့ မင်းကြိုက်သလို အပစ်ပေးလို့ရတယ်”
နတ်ဆိုးဧကရာဇ်ရဲ့ အေးစက်စက်အကြည့်တွေ ကျုပ်ပေါ်ရောက်လာပြီး..
“ကျန်းကုန်း.. ဦးလေးကိုယ်တိုင် တောင်းဆိုတာ မဟုတ်ဘဲနဲ့တောင် ငါမင်းကို လွှတ်ပေးထားတာ ဘာလို့လဲသိလား”
“ဘာကြောင့်လဲ..”
“ငါ့ အချစ်ရဆုံး သမီးလေးကြောင့်ပေါ့။ မင်းလဲ ဒီလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာတောင် ဇွဲနပဲနဲ့ အသက်ရှင်နိုင်အုံးမယ် ငါမထင်မိခဲ့ဘူး။ အမှောင်စွမ်းအားတွေ မင်းခန္ဓာကိုယ်ထဲကို ထည့်လိုက်တုန်းက ငါ့ပေါ့လျှော့မှုကြောင့်ဆိုတာ ငါဝန်ခံတယ်။ ဒေါသတကြီးနဲ့ ငါ့သမီးကိုတောင် သတ်မိလုနီးပါ ဖြစ်သွားတယ်.. မင်းကိုသာ ငါထပ်သတ်လိုက်ရင် ငါ့သမီးကို ဆုံးရှုံးသွားမှာ ကြောက်နေလို့ပဲ”
ကျုပ် ခံစားချက်တွေ နိုးထလာပြီ..
“မူကျီ ကြောင့်လား…”
“ငါမင်းကို လောလောဆယ် ယုံထားလိုက်မယ်။ ဒါပေမယ့် မင်းပြောလို့တော့မဟုတ်ဘူး။ ဦးလေးအပေါ် ယုံကြည်မှုနဲ့ မူကျီအမြင်ကို ယုံထားလို့။ မင်းခုထွက်သွားလို့ ရပေမယ့် မိစ္ဆာမျိုးနွယ် ကျူးကျော်တဲ့ အထောက်အထား မင်းရှာပေးရလိမ့်မယ်”
ကျုပ်မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခု ရလိုက်တဲ့ တခန ပျော်လွန်းလို့ လန့်တောင်သွားမိတယ်။
ဦးလေး ထင်းတုံးကြီး မျက်ရည်တွေ ဝဲရင်း..
“ကျေးဇူးတင်ပါတယ်.. အရှင်မင်းကြီး…”
ပြောပြီးတာနဲ့ နတ်ဆိုးဧကရာဇ်ကို မျက်နှာမူပြီး ဒူးထောက်လိုက်တယ်။
နတ်ဆိုးဧကရာဇ် ဦးလေးထင်းတုံးကြီးကို ဆွဲထူပေးရင်း..
“ဦးလေး.. ခင်ဗျား အဲ့လိုမလုပ်ပါနဲ့။ ခင်ဗျားရှေ့မှာတော့ ကျုပ်က အမြဲတမ်း ချီမုန့်ပဲ။ ကျန်းကုန်း ငါမင်းကို လွှတ်ပေးလိုက်ပေမယ့် တစ်ခုတော့ရှိတယ်နော်”
“ကျေးဇူးပြုပြီး ပြောပါ”
“မင်းနောက်ကို ငါ့လူ(၂)ယောက် ထည့်ပေးလိုက်မယ်”
“ကျုပ်ကို အနီးကပ် စောင့်ကြည့်ဖို့လား”
“အမှန်ပဲ။ ငါ မင်းကို လွတ်လွတ်လပ်လပ် ထားမယ်များ ထင်နေလား”
“ဘယ်သူတွေကို ထည့်ပေးမှာလဲ”
“ခယ်လွင်သောင်နဲ့ မူကျီ”
“ဘာကြောင့်လဲ…”
ကျုပ်မှာ နှလုံးတွေခုန်ပြီး လည်ချောင်းနာမတတ် အော်ပစ်လိုက်မိတယ်။
“ငါ ဘာရည်ရွယ်ချက်နဲ့ လုပ်လိုက်ရလဲဆိုတော့ မင်းရဲ့ ရုပ်သွင်ကို သေသေချာချာမြင်ပြီး မင်းနဲ့ ခယ်လွင်သောင် ကြားက ကွာခြားချက်တွေ သေချာသိပြီး မင်းကို လုံးလုံး လက်လျှော့သွားဖို့ပေါ့ကွာ။ ပြီးတော့ မူကျီ မင်းဘေးမှာ ရှိနေမှ မင်းမှာ မဟုတ်တာတွေ ကြံစည်လို့ မရမှာလေ”
“ကျုပ်အတွက်တော့ ကျုပ်မှာ မကောင်းတဲ့ အကြံအစည်မရှိဘူး။ ခင်ဗျား ကျုပ်နောက်ကို ခယ်လွင်သောင် ထည့်ပေးလိုက်တာနဲ့တင် လုံလောက်ပါတယ်”
နေ့တိုင်း မူကျီနဲ့ တွေ့နေရရင် ကျုပ် ဘာဆက်လုပ်ရမှန်း သိမှာမဟုတ်တော့ဘူး။ ဒါပေမယ့် ကျုပ်နှလုံးသားထဲမှာတော့ ပျော်ရွှင်မှုလေးတစ်ခု ပေါ်နေတယ်။
နတ်ဆိုးဧကရာဇ်ကတော့ အေးစက်စက်နဲ့ အော်ပြီး..
“ဒါ မင်းဆုံးဖြတ်ရမယ့် ကိစ္စလား။ ပြီးတော့ ဒါမူကျီ ဆန္ဒပဲ။ မင်းရော သူ့ကို ထပ်မတွေ့ချင်တော့လို့လား”
ကျုပ်စိတ်ထဲ အကြိမ်တစ်သောင်းလောက် ကျေနပ်နေပေမယ့် နောက်ဆုံးတော့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချခဲ့ရတယ်။ အဲဒါကြောင့်ပဲ ကျုပ် လုပ်ထားခဲ့သမျှတွေ သဲထဲ ရေသွန်ဖြစ်သွားနိုင်တယ်။ တကယ်လို့ မူကျီသာ ကျုပ်ရဲ့ ဆိုးဝါးလွန်းတဲ့ ပုံစံကြောင့် ကျုပ်ကို ပစ်သွားမယ်ဆိုရင် ကျုပ်မှာ ခံနိုင်ရည် ရှိပါ့မလား မသိတော့ဘူး။
“ငါဆုံးဖြတ်ပြီးသွားပြီ။ မင်းခနစောင့်နေ”
နတ်ဆိုးဧကရာဇ် သူ့စကားဆုံးတာနဲ့ လက်နက်တိုက်ထဲ ဝင်သွားတယ်။
နတ်ဆိုးဧကရာဇ် နတ်ဘုရားလက်နက်တွေ ခပ်မြန်မြန်ပဲ ထုတ်ယူလိုက်တယ်။ ကျုပ်ရဲ့ စုက္ကရေးကြီးလဲ ပါနေတော့ အံ့ဩသွားမိတာပေါ့။
နတ်ဆိုး ဧကရာဇ် လက်နက်တွေ ကျုပ်ဆီ ပစ်ပေးလိုက်တယ်။ စုက္ကရေးကလွဲရင် ကျန်တာတွေ သိမ်းဖို့ သိုလှောင်အိတ် ဖွင့်လိုက်တယ်။
နတ်ဆိုးဧကရာဇ်က..
“ဒီကိစ္စတွေ ဖော်ထုတ်ပြီးသွားရင် နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ မင်းသိထားနော်”
ကျုပ်လဲ လှုပ်ရှားနေတဲ့ နှလုံးသားကို ထိန်းချုပ်ပြီး..
“အရှင်မင်းကြီးရဲ့ တောင်းဆိုချက်ကို ကျုပ်လက်ခံနိုင်ပေမယ့် ကျုပ်မှာလဲ တောင်းဆိုချင်တာ တစ်ခုရှိပါသေးတယ်။ ဒါကလဲ နှစ်ဖက်စလုံးအတါက် အကျိုးရှိလိမ့်မယ်”
နတ်ဆိုးဧကရာဇ် မျက်မျောင်ကြုတ်ပြီး..
“ဒီလိုအနေအထားမျာ မင်းက တောင်းဆိုရဲသေးတယ်ပေါ့။ မင်းအသက် ငါ့လက်ထဲမှာဆိုတာ မေ့မနေနဲ့အုံး”
“ဒီအခြေအနေမှာ ကျုပ်တို့ နှစ်ဖက်စလုံးအတါက် အကျိုးရှိမယ်လို့ စကားခံထားတယ်လေ။ သေချာပေါက် လက်ခံမယ်လို့လဲ ယုံကြည်ပါတယ်”
နတ်ဆိုးဧကရာဇ်ရဲ့ အေးစိမ့်လွန်းတဲ့ အကြည့်တွေကို အကြည့်လွှဲထားလိုက်မိတယ်။ အဲ့အေးဆက်ဆက် အကြည့်ကိုက ကြောက်စရာကောင်းနေတာ။ သူသာ ဒေါသထွက်ရင် ကျုပ်မှာ အခွင့်အရေး ရှိမှာမဟုတ်တော့ဘူး။
“ပြောစမ်း..”
အဲ့စကားကြားမှ ကျုပ်လဲ သက်ပြင်းချလိုက်မိတော့တယ်။
ကျုပ်လဲ ကိုယ့်ကိုကိုယ် အတည်ငြိမ်ဆုံးဖြစ်အောင် အကောင်းဆုံးကြိုးစားလိုက်တယ်။ အေးစက်စက် ခံစားချက်တွေစိမ့်ဝင်နေတာကနေ ရုတ်တရက် ကျုပ်စိတ်တွေ ကြည်လင်သွားတယ်။
“မိစ္ဆာမျိုးနွယ် ကျူးကျော်တဲ့ သက်သေတွေ တွေ့ရင် အရှင်မင်းမြတ်အနေနဲ့ လူသားမျိုးနွယ်ကို တိုက်ခိုက်မယ့် အစီအစဉ်တွေ ခေတ္တရပ်ထားပေးဖို့ မျှော်လင့်ပါတယ်”
နတ်ဆိုးဧကရာဇ် ထင်သလောက် ဒေါသမထွက်ဘူးဗျို့။ အေးအေးဆေးဆေးပဲ..
“ဘာကြောင့်လဲ…”
“ဒါ နှစ်ဦိးနှစ်ဖက် အပြန်အလှန် အကျိုးစီးပွား အတွက်လို့ ပြန်ဖြေရမှာပဲ။ စဉ်းစားကြည့်ဗျာ။ နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေ လူသားမျိုးနွယ်အပေါ် စစ်ပွဲကြီးနွဲခဲ့မယ်ဆိုရင် ဒီမျိုးနွယ်တွေကြားမျာ အမုန်းတွေ ပိုကြီးလာဖို့ပဲရှိတယ်။ မိစ္ဆာမျိုးနွယ် ကျူးကျော်တဲ့ သက်သေတွေ ကျုပ်ရှာတွေ့လာခဲ့ရင်တောင် ခင်ဗျားတို့ နတ်ဆိုးမျိုးနွယ်တွေ မိစ္ဆာဘုရင်ကို ပြန်တိုက်ဖို့ လူသားမျိုးနွယ်နဲ့ မဟုတ်မိတ် ဖွဲ့လို့ ရနိုင်အုံးမယ် ထင်လား။ အဲလိုသာဆို စစ်ပွဲကြီးကြောင့် အသေအပျောက်နဲ့ အရင်းအမြစ်တွေ အများကြီး ဆုံးရှုံးပျက်စီးရမှာ။ ခင်ဗျားမျာ အရင်းအမြစ်နည်းလေလေ မိစ္ဆာဘုရင်နဲ့ တိုက်ခိုက်ရတဲ့အချိန် အားနည်းချက် ပိုကြီးလေလေပဲလေ။ လောလောဆယ် အရေးအကြီးဆုံးက ဒီကမ္ဘာကြီးမှာ ကျုပ်တို့တွေ အသက်ရှင် နေနိုင်ဖိုပဲ”
နတ်ဆိုးဘုရင် ကျုပ်ကို အသာကြည့်နေတယ်။ သူကောင်းကောင်း စဉ်းစားနေပြီဗျ။
ဦးလေး ထင်းတုံးကြီးက..
“အရှင်မင်းကြီး။ ကျန်းကုန်းပြောတာတွေ မှန်တယ်။ မလိုအပ်ဘဲ အဆုံးရှုံးခံစရာ မလိုတော့ဘူး”
နတ်ဆိုးဧကရာဇ်က..
“ကျန်းကုန်းဝေ… ငါ့နတ်ဆိုးမျိုးနွယ် မြင့်မြတ်တပ်စခန်းအတွက် တစ်ရက်တစ်ရက် ရိက္ခာ ဘယ်လောက်သုံးတယ်ဆိုတာ မင်းသိလား”
ကျုပ်လဲ ဒီလိုစကားပြောလာမယ် မထင်တော့ နည်းနည်းလန့်သွားမိတယ်။ ဒါပေမယ့် ဒီကိစ္စ ဖြေရှင်းနိုင်လောက်တယ်လို့ တွေးမိတော့ ခနလေးစဉ်းစားပြီး..
“ကျုပ်မသိပါဘူး။ ဒါပေမယ့် ရှေ့တန်းစစ်သည် (၁)သန်းအတွက် မနည်းဘူး ကုန်လောက်မယ်”
နတ်ဆိုးဧကရာဇ် ရုတ်တရက်ကြီး သက်ပြင်းချပြီး ကောင်းကင်ပေါ်က လကို မော့ကြည့်နေတယ်။ အခုအချိန်မှာ သူ့ပုံစံက အနောက်ခြမ်းတိုက်ကြီးရဲ့ ခမ်းနားကြီးကျယ်တဲ့ အုပ်ချုပ်သူဆိုတာထက် အထက်တန်းပြဆရာနဲ့တောင် တူနေသေးတယ်။
“ငါတို့ နတ်ဆိုးမျိုးနွယ် ပိုင်နက်က မြေဆီတွေ ခန်းခြောက်နေတော့ သားရဲတွေနဲ့ သတ္ထုနည်းနည်းပဲ ထုပ်လုပ်နိုင်တယ်။ အသက်ရှင်သန်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ နတ်ဆိုးသားရဲတွေကိုပဲ အားထားနေရတယ်။ သားရဲမျိုးနွယ်ရဲ့ နယ်မြေတွေက နည်းနည်းပိုကောင်းတယ်ဆိုပေမယ့် စပါးနည်းနည်းပဲ စိုက်ပျိုးလို့ရတယ်။ ငါတို့မျိုးနွယ်တွေ လူသားမျိုးနွယ်ကို ကျူးကျော်ဖို့အတွက် စစ်သုံးစရိတ် လုံးလောက်အောင် စုဆောင်းထားတယ်။ ရှေ့တန်းမှာ စောင့်နေတဲ့ စစ်တပ်ကြီးရဲ့ တစ်ရက်ကုန်ကျစရိတ်က မြို့ကြီးမှာ (၁)လစာလောက် တန်ဖိုးနဲ့ညီတဲ့ အရင်းအမြစ်တွေ သုံးနေကြတယ်။ တစ်လလောက်ဆိုရင် အင်ပါယာကြီးရဲ့ (၂)နှစ်စာလောက်နဲ့ ညီမျှသွားမှာ။ ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ သဘာဝက ကျူးကျော်ဖို့ကိုပဲ ကြိုက်ကြတယ်လို့များ ထင်နေလား။ ငါတို့ အသက်ရှင် နေထိုင်ဖို့အတွက် ရွေးစရာမရှိတော့လို့ကွ။ မင်းရဲ့ ကိုယ်ကျင့်တရားနဲ့ လက်ရှိအခြေအနေမှန်တွေက ဆွဲဆောင်မှုရှိပေမယ့် ငါလက်ခံလိုက်လို့မရဘူး။ သိပ်မကြာခင် အမှောင်မြူခိုးနယ်မြေက သားရဲမျိုးနွယ်တွေနဲ့ စုပေါင်းအင်အားတွေ လူသားမျိုးနွယ်ကို အပြည့်အဝ တိုက်ခိုက်တော့မှာ။ အရင်းအမြစ်တွေ အလုံအလောက်ရဖို့အတွက် စစ်ပွဲစရတော့မှာ”
============= (*^*)=============
အပိုင်း( ၂၄၄ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား