နာကျင်နေတဲ့ နှလုံးသား
Vol. 17 Ch. 246
ခယ်လွင်သောင် မတ်တပ်ရပ်ပြီး..
“အားလုံးပဲ… ငါအရင်က အမှားတွေ လုပ်ခဲ့မိတယ်။ ခွင့်လွှတ်နိုင်ဖို့လဲ မျှော်လင့်ပါတယ်။ ဒီညှိနှိုင်းမှုမှာ နတ်ဆိုးဧကရာဇ်ကို ကိုယ်စားပြုပြီး အရိုးသားဆုံး လုပ်သွားမျာပါ”
ကျန်းဟူ ကျုပ်မျက်နှာပေါ်က အမာရွတ်တွေကို မြင်တော့ ခေါင်းယမ်းပြီး..
“အနစ်နာဆုံးသူဖြစ်တဲ့ ကျန်းကုန်းတောင် စိတ်မဝင်စားဘူးဆိုတော့ ငါဘာလုပ်ရတော့မှာလဲ။ ဒါပေမယ့်နော်.. ဟေ့ကောင် ခယ်လွင်သောင် မင်းနဲ့ ငါတို့ကိစ္စမပြီးသေးဘူးဆိုတာ သိထားလိုက်။ အခွင့်အရေးရတာနဲ့ ငါ မင်းနဲ့ တရားသဖြင့် လေးလေးနက်နက် တိုက်ခိုက်အုံးမှာ။ မင်းနောက်ထပ် လှည့်ကွက်တွေသုံးရင် ငါလုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူးနော်”
အဲ့ကောင် ခယ်လွင်သောင် တော်တော် ခံနိုင်ရည်ရှိတာပဲ။ ဒါကိုက ဒီကောင့်ရဲ့ ကြောက်စရာ အကောင်းဆုံး အပိုင်း ဖြစ်မယ်ထင်တယ်။
အားလုံးက ကျုပ်အမူအရာပျက်သွားတာတွေ့တော့ ဘာမှ ဆက်မပြောကြတော့ဘူး။
“အားလုံး နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်။ ရှောင်ကျင်းနဲ့ ချိန်းထားပြီးသားဆိုတော့ ဒီမှာ တစ်ရက်နှစ်ရက် လောက်တော့ စောင့်ရလိမ့်မယ်”
တုန်းရီက..
“ဒီ ကြောက်စရာ သားရဲကို မင်းပြန်ခိုင်းလိုက်ပြီလေ။ ဘယ်လို ပြန်ရောက်လာတာလဲ”
“နဂါးတောင်ကြားမှာ လေ့ကျင့်ပြီး ပြန်လာတာ ပုံမှန်ပဲလေ။ သူ့ကြောင့်သာမဟုတ်ရင် မင်းတို့တွေကို ငါကယ်နိုင်မှာတောင် မဟုတ်ဘူး”
ညီအစ်ကိုတွေအားလုံး မူကျီနဲ့ ခယ်လွင်သောင်ကို ချန်မထားခဲ့ကြတာတွေ့တော့ နည်းနည်းတော့ စိတ်အေးသွားရတာပေါ့။
ကျန့်ရှန်က..
“အားလုံး ဗိုက်ဆာနေလောက်ပြီ။ ငါ နတ်ဆိုးသားရဲ သွားရှာလိုက်အုံးမယ်..”
ရှောင်ရို့က ကျုပ်အဝတ်ကို နည်းနည်းလေး ဆွဲလိုက်လိုက်တယ်။ ပြီးတော့ အလင်းရောင် တစ်ချက်နဲ့အတူ အားလုံးရှေ့မှာ ရုပ်ပြောင်းပေါက်လာပြီး..
“စားစရာ ငါသွားရှာတာ ပိုကောင်းမယ် ထင်တယ်..”
မူကျီ ရှောင်ရို့ပုံစံမြင်လိုက်ရတော့ တော်တော်လေး အံ့ဩသွာတယ်။
ကျန့်ရှန် ရယ်ရယ်မောမောနဲ့..
“နတ်ဆိုးမလေး။ ငါမင်းကို ဘယ်လိုများ မေ့နိုင်မှာတုန်း။ ကျန်းကုန်းကတော့ နင့်ကြောင့် လွတ်လာနိုင်တာလို့ ပြောတယ်။ အဲ့အတွက်တောင် ကျေးဇူးမတင်ရသေးဘူး..”
ကျန်းဟူ အပြုံးနဲ့ ထရပ်ပြီး..
“အမှန်ပဲ ကောင်မလေး။ ငါ့ညီလေး ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်”
ရှောင်ရို့ကတော့ အရင်ကလို ဆွဲဆောင်မှုအပြည့်ပုံစံ မဟုတ်တော့ဘဲ..
“ငါ ကောင်မလေးမဟုတ်ဘူး။ တကယ်ဆို နင်တို့ထက် အများကြီး အသက်ကြီးတယ်။ ငါ့သခင်ကို ကယ်ရမှာ ငါ့တာဝန်ပဲလေ။ ပြီးတော့ သခင်နဲ့ နေရတာ အရမ်းပျော်စရာကောင်းတယ်။ နင်တို့ ငါ့ကို အခုကစပြီး ရှောင်ရို့လို့ ခေါ်ရမယ်။ အဲဒါ သခင်ပေးထားတဲ့ နာမည်ပဲ။ နင်တို့အတွက် စားစရာ သွားရှာလိုက်အုံးမယ်.. အဟက်.. ဟက်..”
စကားဆုံးတာနဲ့ လှစ်ကနဲ ထွက်သွားပါလေရော။
ကျုပ် မူကျီကို လှမ်းကြည့်လိုက်တော့ လန့်နေတုန်းပဲဆိုတာ မြင်ရတော့..
“ရှောင်ရို့က အမြီး(၆)ခု နတ်ဆိုးမြေခွေးလေးလေ။ သူ့ကြောင့်သာမဟုတ်ရင် ငါအခုလို အသက်ရှင်နေမှာ မဟုတ်တော့ဘူး”
ခယ်လါင်သောင်ကတော့..
“သူက လူတွေကို ဘယ်လိုသွေးဆောင်ရမယ်ဆိုတာ အမြဲတွေးနေတာလေ။ အဲ့လို နတ်ဆိုးသားရဲက လူ့အသက်ကို ကယ်တယ်ဆိုတာ တခါမှ မျှော်လင့်မထားမိဘူး”
တုန်းရီကလဲ..
“ရှောင်ရို့က လူတွေကို သွေးဆောင်ဖြားယောင်းတယ် ဆိုပေမယ့် ဒီနေရာက တစ်ယောက်နဲ့ မတူတာက ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဘူးလေ”
မူကျီ ကျုပ်ကို ထူးထူးခြားခြားပုံစံနဲ့ ကြည့်နေတော့ ခယ်လွင်သောင် စကားဆက်မပြောတော့ဘူး။
ကျုပ်လဲ ခပ်ဝေးဝေးမှာ ကျောက်တုံးကြီးတစ်တုံး တွေ့လို့ အဲ့မျာသွားထိုင်ပြီး ပေါင်းစပ်စွမ်းအားတွေ စုဆောင်း နေလိုက်တယ်။
ခယ်လွင်သောင် သူ့အိတ်ထဲက အင်္ကျီတစ်ထည် ထုတ်ပြီး မူကျီကို ခြုံပေးရင်း..
“ဒီမှာ လေကပြင်းတယ်။ အအေးမမိစေနဲ့…”
မူကျီ ကျုပ်ကို တစ်ချက်ကြည့်ပြီး ခယ်လွင်သောင်လက်တွေကို ဖယ်လိုက်ပြီး..
“အစ်ကိုကြီး ဝေလောင် ငါမအေးဘူး။ နင်ဟာနင် ဝတ်ထားလိုက်လေ”
စကားဆုံးတာနဲ့ ကျုပ်ဆီလျှောက်လာနေတယ်။ ကျုပ်မျက်လုံးတွေ မှိတ်ထားပေမယ့် မူကျီရဲ့ ခပ်ရွရွ ခြေလှမ်းတွေ ကြားနေရတယ်လေ။ ခြေသံတွေ နီးလာတာနဲ့အမျှ နှလုံးတွေ ခုံလာမိတယ်။
ကျုပ် ကျင့်ကြံနေတာတွေ အာရုံပျံ့တော့ နည်းနည်း ဖရိုဖရဲဖြစ်သွားလို့ ကျုပ်ခန္ဓာကိုယ်ထဲက ပေါင်းစပ်စွမ်းအားတွေ အမြန်ပဲ ပျံ့ကြဲသွားရော။
မူကျီ ကျုပ်နဲ့ ခြေလှမ်း(၃)လှမ်းအကွာမှာ ရပ်နေတယ်။ လေပြေကလဲ မူကျီရဲ့ ကိုယ်သင်းနံ့ မွှေးမွှေးကို ချက်ချင်းကြီး ကျုပ်နှာခေါင်းထဲ သယ်လာရော။ စိတ်ငြိမ်သက်ကြည်လင်အောင် အံကြိတ်ပြီး ထိန်းလိုက်ရတာပေါ့။
အချိန်အတော်ကြာတဲ့အထိ မူကျီ စကားလဲမပြော၊ ရွေ့လဲမရွေ့တော့ ကျုပ်နှာခေါင်းထဲ သူ့ကိုယ်သင်းနံ့တွေနဲ့ ပြည့်နေတယ်။ သူဘာလို့ အဲလိုကြီးရပ်နေတာတုန်း။ စိတ်မပျက်ဘဲကို မနေနိုင်တော့ဘူး။ ကျုပ်လဲ သိချင်စိတ် အပြည့်နဲ့ မျက်စိဖွင့်ကြည့်လိုက်တော့ မူကျီမျက်နှာမှာ မျက်ရည်တွေ ရွှဲနေတာပဲ။ မျက်ရည်တွေကြောင် ရုပ်ဖျက်ထားတာတွေ ပျက်ပြီး နဂိုရုပ်သွင်တောင် ပေါ်လာတယ်။ သူ့ကိုယ်သူ အသံမထွက်အောင် ကြိုးစားပြီး မနည်းထိန်းနေတာ။ ကျုပ်ကိုကြည့်ရင်း မျက်ရည်တွေ အတားအဆီးမရှိ စီကျနေရှာတယ်။
ကျုပ်နှလုံးသားအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး ပြောမပြတတ်အောင် နာကျင်မှုတွေ ခံစားလိုက်ရတယ်။ ကျုပ်လဲ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားပြီး..
“တစ်ခုခု ပြဿနာရှိလို့လား။ ငါ ဘာလုပ်ပေးရမလဲ”
ပြောပြီးမှ ကျုပ်စိတ်ထဲ နည်းနည်းလေး နေသာသလိုဖြစ်သွားတယ်။
မူကျီ ရှေ့တိုးလာပြီး ကျုပ်မျက်နှာက အမာရွတ်တွေကို ဖွဖွလေး ပွတ်ကြည်နေတယ်။ သူ့လက်ချောင်းလေးတွေ အေးစက်နေပေမယ့် ပါးပြင်ပေါ်မှာတော့ မျက်ရည်တွေက စီးကျမြဲ စီးကျနေတုန်းပဲ။ အေးစက်စက် လက်ကလေး ကျုပ်မျက်နှာအနှံ့ ရွှေ့လျားပွတ်သပ်နေတာနဲ့အမျှ ကျုပ်ရင်ထဲမှာ ပြောမပြတတ်တဲ့ နှစ်သိမ့်မှုတစ်မျိုး ခံစားလိုက်ရတယ်။ နူးညံ့လွန်းတဲ့ သူ့လက်ကလေးတွေကို ဘယ်အချိန်က စွဲလန်းသွားမိမှန်းတောင် မသိလိုက်ရဘူး။
နူးညံ့ ငြင်သာလွန်းတဲ့ မူကျီအသံ ယဲ့ယဲ့လေး ထွက်လာတယ်။
“ကျန်းကုန်း.. နင့်အတွက် အရမ်း ခက်ခဲ ခဲ့မှာပဲနော်..”
နုညံ့လွန်းတဲ့ သူ့အသံလေး ကြားလိုက်ရတာနဲ့ ကျုပ်မှာ မက်မက်မောမော အခြေအနေက နိုးလာမိတော့တယ်။ ကျုပ် သူ့လက်ကလေးကို ဆုပ်ကိုင်ပြီး..
“အရှင် မင်းသမီး ဒီလို မလုပ်သင့်ပါဘူး။ အမျိုးသားနဲ့ အမျိုးသမီးတွေ အချင်းချင်း ဒီလို မနေသင့်ဘူး။ ပြီးတော့ မင်း ခင်ပွန်းလောင်းက ဟိုမှာ ရှိနေတယ်လေ”
ရုတ်တရက်ကြီး မူကျီ ကျုပ်ရင်ခွင်ထဲကို ခုန်ဝင်လာပြီး ရှိုက်ကြီးတငင် ငိုတော့တာပဲ။ ကျုပ်လဲ ကြိုတင်ပြင်ဆင်ထားတာ မရှိတော့ မြေပေါ် တွန်းလှဲခံလိုက်ရတာပေါ့။ ကျုပ်နှလုံးသားက လေးလံနေပေမယ့် စိတ်ကတော့ ကြည်နေတုန်းပဲ။ ကျုပ်သူ့ကို တွန်းဖယ်ဖို့ ကြိုးစားပေမယ့် မူကျီ ကျုပ်ကို ကျစ်နေအောင် ဖက်ထားတာဗျ။ သူနဲ့ကျုပ် ခန္ဓာကိုယ်နှစ်ခုကြား အကြားအလပ်မရှိ ကပ်နေရောပဲ။ ဒီတော့ ပုန်းကွယ်နေတဲ့ အစိတ်အပိုင်းတွေတောင် အချင်းချင်း ထိတွေပွတ်တိုက်မိနေတော့တာပေါ့။ ဆိုတော့ ပုရိသအာရုံ တောင် ထကြွလာလေရော။ ဘာဖြစ်ဖြစ် ကျုပ်လဲ ယောက်ျားထဲက ယောက်ျားပဲလေ။ ကျုပ်လဲ ခံစားချက် ပြင်းထာလာပြီး သူ့ကို တောင့်တောင့်တတနဲ့ကို နှုတ်ခမ်းတွေ အလုပ်ပေးလိုက်မိတယ်။ ကံကောင်းတာက ကျုပ်တို့တွေ တောင်ကုန်းလေး တစ်ဖက်ခြမ်းမှာ ရောက်နေလို့ပေါ့၊ မဟုတ်ရင် အားလုံးကို ဇာတ်ထုပ်ခင်းပြသလို ဖြစ်နေအုန်းမှာ။
ကျုပ်လဲ သူ့နဖူးလေ၊ ချယ်ရီနှုတ်ခမ်းလေး၊ ဆံနွယ်တွေနဲ့ ဆင်ဆွယ်ရောင်လည်ပင်းတွေကို နမ်းရှိုက်ရင်း သူ့ကို အောက်ဖက်ရောက်တဲ့ထိ ဆွဲလှည့် ထားလိုက်မိတော့တယ်။
အရေးကောင်းမှ ဒိန်းဒေါင်းဖျက်ပြီး ကောင်းကင်က ရုတ်တရက်မှောင်လာပြီး မိုးဖွဲဖွဲတွေ ရွာချလိုက်တော့ ကျုပ်လဲ တဏှာကြောကနေ လန့်နိုးလာမိတော့တယ်။ မိုးရေတွေ သုတ်ရင်း ထထိုင်လိုက်တယ်။ ပြီးတော့ ရဲရဲနီနေတဲ့ မူကျီမျက်နှာလေးကို ကြည့်ရင်း မတ်တပ်ရပ်လို့ မူကျီအနားတဝိုက်ကို အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်တယ်။ သူက အမှောင်မှော် အခြေခံဆိုတာ သိထားလို့ သူ့ကိုမထိအောင် အလင်းနယ်မြေကို ခပ်ကျယ်ကျယ်လေး ထားလိုက်တာပေါ့။
မူကျီလဲ မတ်တပ်ရပ်ပြီး သူ့ခန္ဓာကိုယ်က ဖုန်တွေ ခါလိုက်တယ်။ အလင်းနယ်မြေထဲမှာ ကျောက်တုံးကြီးတစ်တုံး တွေ့တော့ ကျုပ်ကို တစ်ချက်ကြည့်ပြီး သွားထိုင်နေတယ်။ ဒူးလေး(၂)လုံးကို လက်လေးနှစ်ဖက်နဲ့ ဖက်ထားရင်း တစ်ခုခု တွေးနေပုံပဲ။
ကျုပ်လဲ အစောက အချစ်စိတ်ခံစားချက်တွေ ဖယ်ပစ်ဖို့ ခေါင်းကို ခပ်ပြင်းပြင်းလေး ရမ်းလိုက်မိတယ်။ ဒီမိုးသည်းနဲ့သာ ကျုပ်အမာရွတ်တွေနဲ့ ဝေဒနာတွေကို ဆေးကြောလိုက်နိုင်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲဗျာ။ ကောင်းကင်က တိမ်တွေ ရွှေ့သွားတာနဲ့အမျှ မိုးလဲ တိတ်သွားတယ်။ အစောက မှောင်နေတဲ့ ကောင်းကင်လဲ ပြန်ပြီး တောက်ပလာတယ်။ အဝေးကို မျှော်ကြည့်လိုက်တော့ မိုးစဲပြီး နေမင်းကြီး ပြန်ထွန်းတောက်တော့မယ်။ ဒါပေမယ့် ကျုပ်နှလုံးသားမှာတော့ တိမ်တွေထူ၊ မိုးတွေရွာနေတဲ့ အချိန်လေးမှာ ထာဝစဉ် ပိတ်မိနေတုန်းပဲ။ ကျုပ်နှလုံးသားထဲမှာ စီးကျနေတာက မိုးရေစက်တွေမဟုတ်ဘဲ သွေးစက်တွေ ဖြစ်နေလေရဲ့။
============= (*^*)=============
အပိုင်း( ၂၄၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား