← Chapters

ရှောင်ရို့ ပုံစံပြောင်းလဲခြင်း

Vol. 17 Ch. 247

ရှောင်ရို့ ပုံစံပြောင်းလဲခြင်း

Vol. 17 Ch. 247

ကျုပ် အလင်းနယ်မြေကို ဖြတ်ပြီး မူကျီဆီ အေးအေးဆေးဆေး လျှောက်သွားလိုက်တယ်။

“မင်းသမီး အစောက ဖြစ်ပျက်သွားတာတွေအတွက် ကျုပ်တောင်းပန်ပါတယ်။ မင်းကို စော်ကားမိသလို ဖြစ်သွားမိပါတယ်”

မူကျီ မျက်ဝန်းထဲမှာ ရှုတ်ထွေးနေတဲ့ ပုံနဲ့ ကျုပ်ကို ကြည့်နေပြီးမှ..

“မိုးစဲသွားပြီ။ ကျေးဇူးပြုပြီး အလင်းနယ်မြေ ပြန်သိမ်းပေးပါ”

လောလောဆယ် ကျုပ်ခံစားချက်တွေ မထိန်းချုပ်နိုင်သေးတာဆိုတော့ သူနဲ့ ခပ်ဝေးဝေးနေဖို့ပဲ စိတ်ကူးနေမိတယ်။ အရင်က ဖြစ်ပျက်ခဲ့ဘူးသမျှ ခဝါချနိုင်မလားဆိုတာ မိုးကောင်းကင်ပဲ သိတော့မယ်။

ကျုပ်လဲ အလင်းနယ်မြေကို ရုပ်သိမ်းပေးပြီး တဖြည်းဖြည်းထွက်သွားတဲ့ မူကျီကိုသာ ကြည့်နေမိလိုက်တယ်။ သွားနေရင်း ကျုပ်နဲ့ (၁၀)မီတာလောက်မှာ ရပ်ပြီး..

“နင် အမှန်တရားတွေ လက်ခံလာနိုင်အောင် ငါသက်သေပြမယ်”

ပြောပြီးတာနဲ့ သူလာရာလမ်းအတိုင်း ပြေးသွားပါလေရော။ ဘာလဲဟ။ သူကျုပ်ကို ဘာတွေ သက်သေပြချင်နေတာလဲ။ ကျုပ်အပေါ်ထားတဲ့ ခံစားချက်တွေ မပြောင်းလဲဘူးဆိုတာ သက်သေပြချင်နေတာလား”

မူကျီပုံရိပ်လေး တောင်တစ်ဖက်ခြမ်းကို ရောက်သွားတော့ ကျုပ်နည်းနည်း စိတ်ပျက်မိသွားတယ်။ မျက်နှာပေါ်က အမာရွတ်တွေကို ပွတ်ရင်း စိတ်ပျက်လက်ပျက် ရယ်နေလိုက်မိတယ်။ ကျုပ်ချုပ်တီးမှုတွေ ဘာလို့များ ကြောက်စရာ ဖြစ်နေရတာလဲ။

မြေပေါ်ရောက်နေတဲ့ စုက္ကရေးကို ပြန်ကောက်ကိုင်လိုက်တယ်။ ကျုပ်လဲ အစ်ကိုကြီး ကျန်းဟူဘက်ကို လျှပ်တပျက် ကြည့်လိုက်မိတယ်။ ကျန်းဟူ မူကျီနဲ့ ခယ်လွင်သောင်ကို အဝေးကကြည့်ရင်း..

“ညီလေး.. အဲဒါ မင်းသိပ်ချစ်ရတဲ့ ကောင်မလေးလား”

ကျုပ် အသံတိတ်ပဲ ခေါင်းညိတ်ပြမိလိုက်တယ်။

“မင်းတို့ (၂)ယောက် ဘာဖြစ်နေကြတာလဲ။ ဆက်ဆံရေးက နည်းနည်း ပုံစံမကျသေးဘူး”

ကျုပ် သက်ပြင်းချရင်း..

“အဲဒါ…. တကယ်ကို အဆင်မပြေသေးတာ။ အစ်ကိုကြီး ငါ့ကိုကြည့်စမ်း ဘယ်လိုမြင်လဲ။ မူကျီနဲ့ ငါ ဘယ်လိုနေသေးလဲ။ လောကကြီးမှာ ငါ့ထက် အရုပ်ဆိုးတဲ့တဲ့ ရှိသေးနိုင်အုံးမလား”

ကျန်းဟူ မျက်မှောင်ကြုတ်ပြီး..

“ဘာကို ကြောက်နေတာတုန်း။ သူသာ မင်းကို တကယ်ချစ်ရင် အပြင်ပန်း ပုံသဏ္ဍာန်ဆိုတာ ဘယ်သူကြည့်နေမှာတုန်း။ သူ ဒီလိုလူတစ်ယောက် မဟုတ်ဘူး ထင်တယ်နော်”

ကျုပ် သက်ပြင်းချပြီး ကျောက်တုံးပေါ် ထိုင်နေတဲ့ မူကျီကို ကြည့်ရင်း..

“ဖြစ်နိုင်တယ်ဆိုပေမယ့် ငါ သူ့ကို မဖျက်စီးပစ်နိုင်ဘူး… တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းကနေ ပျော်ရွှင်မှုကိုပဲ လိုချင်တာလေ။ သူနဲ့ ကျုပ် အတူရှိနေလဲ ကျုပ်သူ့ကို ဆက်ပြီး ဒုက္ခပေးမှာမဟုတ်ဘူး။ ကျုပ်ကြောင့် သူ့မှာ ပြိုင်ဖက်မရှိတော့တဲ့အတွက် သူ့နာဂတ်ကို ကျုပ်လက်နဲ့ မဖျက်စီးရက်ဘူး။ အစ်ကိုကြီး .. အရင်က ခယ်လွင်သောင်ပြောတာ မှတ်မိသေးလား။ မူကျီနဲ့ သူစေ့စပ်ထားတယ် ပြောဖူးတယ်လေ။ သိုင်းပညာလဲကောင်းတယ်၊ ရုပ်ရေအရလဲ မူကျီ အနာဂတ်အတွက် အသင့်တော်ဆုံးက သူပဲ ဖြစ်သင့်တယ်”

ပြောချင်ရာပြောပြီး ကျုပ်နှလုံးသားထဲမှာ ဘယ်လိုမှ မခံရပ်နိုင်လောက်အောင်ကို နာကျင်လာမိတယ်။

ကျန်းဟူ ဒေါသတကြီးနဲ့..

“ဘာလဲကွာ။ မင်း ဘယ်လိုမှ မနာကျင်ရဘူးပေါ့လေ။ မင်းချစ်ရတဲ့သူကိုတောင် ခိုးချစ်ရမယ့်အဖြစ်။ ငါလက်မခံနိုင်ဘူး။ ငါအခု ဒီကောင်နဲ့ သွားတိုက်မယ်”

ပြောပြီးတာနဲ့ အနားက ဓားတစ်ချောင်းယူပြီး တိုက်တော့တာပဲ။

ကျုပ်လဲ အလျှင်စလို တားလိုက်ရပြီး..

“အစ်ကိုကြီး ဒီလိုမလုပ်နဲ့။ မူကျီကို တကယ်ကြီး ပျော်စေချင်တာ။ ပြီးတော့ ကျုပ်တို့တွေ မတူညီတဲ့ ဘက်မှာ တာဝန်ထမ်းဆောင်နေကြရတာဆိုတော့ ခယ်လွင်သောင်ကို ဘယ်လိုသွားအပြစ်တင်မှာလဲ။ ငါ့ဘဝကိုက ခါးသီးဖို့ အကြောင်းပါလာတာလေ။ အရာအားလုံး ပြီးသွားလို့ ငါအသက်ရှင်နေသေးရင် အသက်ကြီးလို့ မသေမချင်း ဘယ်သူမှ မရောက်နိုင်တဲ့နေရာမှာ ငါနေလိုက်တော့မယ်”

ကျန်းဟူတောင် ကျုပ်စကားသံထဲက ဝမ်းနည်းမှုတွေ ခံစားမိပြီး လန့်သွားတယ်။ ကျုပ် အဲလောက်ထိ အစွန်းရောက်နေမယ် သူထင်မထားဘူးလေ။ စိတ်ဓာတ်တွေ တက်ကြွနေတဲ့ ကျန်းကုန်း မဟုတ်တော့ဘူးလေ။ သူကျုပ်ပုခုံးကို ပုတ်ပြီး..

“ကျန်းကုန်း.. လက်မလျှော့နဲ့။ ကမ္ဘာပေါ်မှာ သမားတော်တွေ အများကြီးပဲ။ မင်းနဂိုရုပ် ပြန်မရနိုင်ဘူးဆိုတာ ငါမယုံဘူး။ ကမ္ဘာကြီးမှာ တစ်လက်မ မကျန်ရှာရမယ်ဆိုရင်တောင် အမာရွတ်တွေ ကုဖို့ နည်းလမ်းရှာပေးမယ်”

နွေးထွေးတဲ့ ခံစားချက်ကိုက ကျုပ်ကို ဝမ်းနည်းမှုတွေ ပြည့်သွားစေတယ်။ ကျုပ် မျက်လုံးတွေ ရဲတွတ်ပြီး..

“အစ်.. ကို.. ကြီး…..”

ကျန်းဟူ ကျုပ်ပုခုံးဖက်ထားပြိး အဝေးက တိမ်တိုက်တွေကို ကြည့်နေတယ်။

“ညီလေး.. နေပြန်ထွက်ပြီ။ ဖြေရှင်းလို့ မရနိုင်တာ ဘာမှမရှိဘူး။ တိမ်မည်းတွေ ကုန်ရင် ကောင်းကင် ကြည်လင်လာလိမ့်မယ်။ အလွယ်လေးပါကွာ… ဟုတ်ပြီလား..”

တဖြည်းဖြည်း တောက်ပလာတဲ့ နေရောင်ကို ကြည့်ရင်း ကျုပ်ခေါင်းညိတ်မိလိုက်တယ်။ အခုမှ နည်းနည်းလေး နေလို့ကောင်းသွားတော့တယ်။ ကျုပ် အခက်အခဲ ဖြစ်နေတိုင်း အစ်ကိုကြီးရဲ့ ချစ်ခင်နွေးထွေးမှုတွေကြောင့် ကွဲကျေနေတဲ့ နှလုံးသား နည်းနည်းလေး ငြိမ်းချမ်းရာ ရသွားတယ်။

“အစ်ကိုကြီး တုန်းရီနဲ့ ကျန်တဲ့သူတွေရော..”

“ဟိုမှာလေ.. လေ့ကျင့်နေကြတယ်”

“သခင်.. သခင်.. ငါ သားကောင် ရှာလာခဲ့ပြီ”

ရှောင်ရို့ နတ်ဆိုးသားရဲတစ်ကောင် ဆွဲပြီး ပြန်ပြေးတက်လာနေတယ်။ မိုးရွာထားတော့ ရှောင်ရို့ဆံပင်တွေ ရွှဲနေပြီး အဝတ်အစားတွေလဲ အရေပြားမှာကပ်နေတော့ သူ့န္ဓာကိုယ် ကောက်ကြောင်းက ပေါ်လွင်နေရော။ ပန်းနုရောင် မျက်နှာကနေ မိုးရေစက်တွေ တစ်စက်စက် ကျနေတယ်။ သူ့တကိုယ်လုံး စိုနေတာတောင် ပျော်နေတဲ့ ပုံစံက အထင်းသားပဲ။ ချစ်စရာ သူ့ပုံစံကိုကြည့်ပြီး ကျုပ်တစ်ခုခု ရိပ်မိသွားသလိုမျိုး ကျုပ်နှလုံးသား တုန်လှုပ်သွားတယ်။

ကျုပ် သူ့လက်ထဲက သားရဲကို ယူပြီး..

“ရှောင်ရို့ မင်းတော်တော် ခက်ခဲခဲ့ပြီ...”

ရှောင်ရို့ ခေါင်းခါရင်း..

“မခက်ပါဘူး။ အဲ့နတ်ဆိုးသားရဲက တုံးတဲ့အပြင် ငါ့သိုင်းစွမ်းအား တိုးတက်လာပုံပဲ။ အချိန် တိုတိုနဲ့ နတ်ဆိုးသားရဲတွေ ဖမ်းမိလိုက်တယ်။ ငါတို့အတွက် ဖူလုံလောက်တယ်မို့လား”

ကျုပ်ညာလက် သူ့ခေါင်းပေါ်တင်ပြီး..

“လိုအပ်တာထက်တောင် ပိုနေသေးတယ်။ အခု မတ်တပ်ရပ်လိုက်။ ရေတွေ စိုနေတာ ခြောက်အောင် လုပ်ပေးမယ်။ အအေးမိရင် မကောင်းဘူး”

ရှောင်ရို့ ရစ်မူးနေတဲ့ ပုံစံပေါ်လာတယ်။ ကျုပ်လက်ကနေ ရွှေရောင်အလင်းတန်းတစ်ခု ရှောင်ရို့ခန္ဓာကိုယ်ထဲ အဆက်မပြတ် ရောက်သွားတယ်။ သန့်ရှင်းသောဓားရဲ့ စွမ်းအားက သူတို့ သားရဲမျိုးနွယ်အတွက် အကြိုက်ဆုံးပဲလေ။ အချိန်ခနလေးနဲ့ သူ့အဝတ်အစားတွေ ခြောက်သွားတယ်။

ကျုပ်လဲ လက်ရုတ်ပြီး ရှောင်ရို့ကို ပေးလိုက်တဲ့ စွမ်းအားတွေ ချေဖျက်နိုင်အောင် အသာလေး ထိုင်ခိုင်းလိုက်တယ်။ ပြီးတော့ အစ်ကိုကြီး ကျန်းဟူဘက်လှည့်ပြီး..

“အစ်ကိုကြီး မင်းမျာ ဟင်းခတ်အမွှေးအကြိုင်တွေ ရှိသေးလား။ ဒီနေ့ မင်းရဲ့ ဟင်းချက်စွမ်းရည် လိုလိမ့်မယ်နော့..”

ကျန်းဟူ ပြုံးရင်းနဲ့..

“ငါ့မှာ ဟင်းခတ်အမွှေးအကြိုင်တွေ မရှိတော့ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက အပင်တစ်ချို့ စုဆောင်းမိလိုက်တယ်။ ဟင်းခတ်အမွှေးအကြိုင်အတွက် အဲဒါတွေ အစားထိုး သုံးလို့ရတယ်ကွ။ စောင့်သာ ကြည့်စမ်းပါ။ ရှောင်ရို့ကလဲ ကြင်နာတတ်ပြီး အပြစ်ကင်းတဲ့သူလေးနော်။ သူလဲ ငါတို့နဲ့ အတူတူလိုက်လာပြီး ငါတို့လွှမ်းမိုးမှု ခံလိုက်ရတယ်ထင်ပါတယ်.. သူ့ သားရဲသဘာဝတွေ ဆုံးရှုံးသွားပြီ။ အမြီး(၉)ခုရပြီး အသွင် ပြောင်းနိုင်မယ်လို့ သူပြောတယ်မို့လား။ မင်းအသက် ကယ်ခဲ့မှတော့ ငါတို့တွေ ပြန်ကူညီလိုက်ကြတာပေါ့”

“ငါနားလည်ပါတယ်။ အစ်ကိုကြီး စိတ်မပူနဲ့။ ငါသူ့ကို ဒုက္ခမပေးပါဘူး”

ရှောင်ရို့မျက်နှာကတော့ တော်တော်ကို တည်ငြိမ်နေတာ။ သူ့ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းတန်းတွေ ဖုံးထားတာဆိုတော့ မြင့်မြတ်တဲ့ ရောင်ဝါတွေ ထွက်နေတယ်။ သူ့ကျင့်ကြံခြင်းမှာ အရေးအကြီးဆုံးအချိန် ရောက်နေပြီဆိုတာ ကျုပ်သိလိုက်တယ်။ မှတ်တိုင်အသစ်တစ်ခု စိုက်နိုင်ဖို့ အလားအလာရှိနေတယ်။ ဒီအချိန် သူ့ကို နည်းနည်းလေးမှ စိတ်အနှောက်အယှက် ပေးလို့ မဖြစ်တော့ ကျုပ်လဲ သူ့ပတ်ဝန်းကျင်ကို သေချာလေ့လာပြီးမှ သူ့ကို ဗဟိုပြုပြီး ရွှေရောင် အကာအကွယ်နယ်မြေတစ်ခု တင်းတင်းကြပ်ကြပ် ဖန်တီးပေးလိုက်တယ်။ ရှောင်ရို့ တစ်ခုခုကို ခံစားမိလိုက်သလို သူ့ခန္ဓာကိုယ်ထဲကနေ ရွှေရောင်အလင်းတန်းတွေ ပိုပို တောက်ပလာတယ်။ ကျုပ်တို့တွေ နတ်ဆိုးသားရဲတစ်ကောင်ကို ဘယ်လေ့ကျင့်ပေးရမယ်မှန်း မသိတော့ သူ့ကိုယ်သူပဲ အားကိုးနိုင်တော့မှာ။ သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ လှိုင်းလုံးလို တစ်လိမ့်လိမ့် ထွက်လာပြီး သူ့ခေါင်းနောက်ဘက်ကို အဆက်အပြတ် စီးဆင်းသွားနေပါရောလား။

============= (*^*)=============

အပိုင်း( ၂၄၈ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters