တိုက်ပွဲနတ်ဘုရားရဲ့ စာအုပ်
Vol. 17 Ch. 249
ကျုပ်တို့ရဲ့ အစားသောင်းကျန်းမှုအောက်မှာ ဧရာမ နတ်ဆိုးသားရဲ(၃)ကောင် အရိုးတောင် မကျန်တော့ဘူး။
ကောင်းကင်ယံမှာက တဖြည်းဖြည်းမှောင်လာတော့ ညက တဖြည်းဖြည်း စိုးမိုးလာတာပေါ့။ ကျင့်ကြံဖို့အတွက် ကျောက်ဖျာကြီး တစ်တုံးကို အားလုံး တွေ့လိုက်ကြတယ်။ ရှောင်ရို့ ကျုပ်ဘေးမှာ နေနေတာဆိုတော့ ရှည့်လေး ပုံစံ ပြောင်းထားတယ်။ ပြီးတာ့ သူ့အပြီးပေါ်မှာသူ လျောင်းပြီး အိပ်ပျော်သွားပါလေရော။
ကျုပ်နဲ့ မလှမ်းမကမ်းမှာ ကျောက်စိမ်းလိုမျက်နှာနဲ့ ဂိုဏ်ရှိန်ရှိရှိ ကျင့်ကြံနေတဲ့ မူကျီကို ကြည့်လိုက်မိတယ်။ မူကျီ ရုပ်က အမှောင်ထဲမှာ အရောင်အဝါထုတ်ထားတော့ သူ့ခန္ဓာကိုယ်ကိုတောင် သေချာမခွဲခြားနိုင်တော့ဘူး။ သူ့ပုံစံပြောင်းသွားပေမယ့် သူ့အပေါ်ထားတဲ့ ကျုပ်မေတ္တာတွေ နည်းနည်းမှ လျော့မသွားဘူး။ ခယ်လွင်သောင် သူ့အနားက ကျောက်တုံးတစ်ခုပေါ်မှာ ထိုင်ပြီး နက်မှောင်တဲ့ အရှိန်အဝါတွေ ထုတ်နေတယ်။ သူ့ပတ်ဝန်းကျင်ကို သတိထားနေတယ်ဆိုတာ ကျုပ်သိနေတယ်။
ညကတော့ သူ့အလုပ်အတိုင်း မြူခိုးတွေထုတ်၊ ကြယ်နဲ့ လရဲ့ အလင်းရောင်တွေ ပိတ်ဆို့လို့တော့ ကျုပ်အမြင်အာရုံတွေတောင် မှောင်မည်းသွားတယ်။ မူကျီကို မကြည့်မိအောင်များ ကောင်းကင်က တားချင်နေတာများလား။ ကိုယ့်ကိုကိုယ်သာ ဟားတိုက်လှောင်နေမိလိုက်တော့တယ်။ မျက်လုံးတွေမှိတ်လို့ ရွှေအမြူတေ(၃)ခုစလုံးကို ပေါင်းစပ်စွမ်းအားတွေဖြန့်ကျက်ပြီး ကျင့်နေလိုက်တော့တယ်။
ကျုပ်စွမ်းအားတွေ ပြန်ရပြီးတဲ့အချိန် ကျုပ်ပေါင်းစပ်စွမ်းအားတွေ ရပ်သွားတယ်လို့ ခံစားလိုက်ရတယ်။ ဦးလေးထင်းတုံးကြီး အကူအညီနဲ့ တားမြစ်မန္တန် သုံးတုန်းက ဦးလေးထင်းတုံးကြီးအစွမ်းက ဆရာကျန်းထက် ပိုအစွမ်းထက်တယ်။ ပြီးတော့ ကျုပ်က နွေဦးနတ်ဘုရားသွေးကြော စုပ်ယူပြီး ကျုပ်စွမ်းအားတွေ ခုန်တက်သွားတယ်လေ။ ကျုပ်စွမ်းအားတွေ ကုန်တဲ့အထိ တားမြစ်မန္တန်သုံးလိုက်တုန်းက ပထမသုံးလိုက်တုန်းကထက် အချိန်ကျော်မသွားဘူး။ ကျုပ်မသိလိုက်ဘဲ ကျုပ်စွမ်းအားတွေများ ဆုတ်ယုတ်သွားတာများ ဖြစ်နိုင်မလား။
ကျုပ်ရဲ့ အနာဂတ်လမ်းကြောင်းမှာ ခယောင်းတွေ ပြည့်နေတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်ကျော်ချင်ခဲ့တာ ဆိုတော့ တခြားသူတွေထက် ပိုအားစိုက်ရတာပေါ့။ ကျုပ်စွမ်းအားတွေ မြှင့်တင်ဖို့ တကယ်ကို လိုနေတာ။ ဟိုတုန်းက ဦးလေးခယ်ကျာ လုပ်ခဲ့တဲ့ လုပ်ရပ်ကို ပြန်တွေးမိတိုင်း စိတ်ထဲမှာ အေးခဲသွားတဲ့အထိ ဖြစ်နေတုန်းပဲ။ ကျန်တဲ့ (၂)နိုင်ငံ ဘယ်လိုတုန့်ပြန်မယ်ဆိုတာလဲ ကျုပ်မသိသေးဘူး။ ကျုပ်စကားတစ်ခွန်းတည်းနဲ့ နတ်ဆိုးမျိုးနွယ်ကို မုန်းတီးမှုတွေ ရပ်သွားကြမှာတဲ့လား။ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် သူတို့ကို စည်းရုံးရမယ့်ကိစ္စက တော်တော်ကို ခက်ခဲမယ့် အလုပ်ဗျ။ ဒါတွေ တွေးမိတာနဲ့ အနာဂါတ်ရဲ့ အန္တရာယ် အခက်အခဲတွေအတွက် စိတ်ဓာတ်မကျဘဲ ကျုပ်စိတ်ခံစားချက်ကြောင့် ကမ္ဘာကြိးတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးကို မထိခိုက်သင့်ဘူးဆိုတော့ သက်တောင့်သက်သာ ဖြစ်သွားတော့တယ်။ မိစ္ဆာမျိုးနွယ်ရဲ့ ကျူးကျော်နိုင်စွမ်းနဲ့ ဖျက်ဆီးနိုင်စွမ်းကို ကျုပ်မြင်ဖူးတယ်လေ။ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေး မလုပ်ခင် ဒင်းတို့ကို အရင်ရှင်းပစ်မှရမယ်။ ကျုပ်စွမ်းအား တော်တော်အားနည်းနေပေမယ့် ကျုပ်ရှုံးရင်တောင် မကြောက်ဘူး။ မိစ္ဆာဘုရင်နဲ့အတူ သေမယ်လို့ တွေးထားပြီးသားလေ။ ကျုပ်အတွေးတွေထဲက အခြေအနေအရ အနာဂါတ်မှာ ကျုပ်ဘာများလုပ်နိုင်အုံးမှာလဲ။ မူကျီကို ဆုံးရှုံးဆုံးလိုက်ရတာဟာ အားလုံးကို ဆုံးရှုံးရတာနဲ့ အတူတူပဲလေ။ အဲ့လိုမှပဲ ကျုပ်ကိုချစ်တဲ့ ဟိုင်ရှင်းကိုလဲ မထိခိုက်နိုင်တော့ဘူးပေါ့။ အားလုံးပျော်ရအောင် ကျုပ်ကိုယ်ကျုပ် စတေးရတာ ပိုကောင်းပါတယ်လေ။ အားလုံးအတွက် အနစ်နာခံမှု တစ်ခုပဲပေါ့။
တွေးနေရင်းနဲ့ ကျုပ်ရဲ့ ရွှေအမြူတေ(၃)ခု ကျေကွဲသွားသလို ခံစားလိုက်ရတယ်။ ရွှေအမြူတေတွေထဲက တစ်ခုက ကျုပ်အထက်ဒန်တျန်ထဲမှာ၊ နောက်တစ်ခုက ကျုပ်ဝမ်းဗိုက်ထဲရောက်သွားပြီး၊ နောက်ဆုံးတစ်ခု ကျုပ်ထင်ဘတ်ထဲက သန့်ရှင်းသောဓားထဲကို သွားပါလေရော။ ရွှေအမြူတေ(၃)ခု မျဉ်းဖြောင့်အတိုင်း ဖြစ်လာပြီး လည်ပတ်နေတဲ့အတွက် ကျုပ်မထိန်းချုပ်နိုင်တော့တာ တွေ့လိုက်ရတဲ့အတွက် အံ့ဩသွားမိတယ်။ ကျုပ်လုပ်နိုင်တာဆိုလို့ ကျုပ်ခန္ဓာကိုယ်ကို ဖြေလျော့ပြီး အဲဒါတွေကို လွတ်လွတ်လပ်လပ် ထားလိုက်ယုံပဲ။ ခနကြာတော့ ရွှေအမြူတေ(၃)ခု ထပ်ကွဲသွားတဲ့အတွက် ရွှေအမြူတေ(၃)ခုမှာ ပေါင်းစပ်စွမ်းအားတွေ မရှိတော့တာ တွေ့လိုက်ရတယ်။ ကျုပ်အပေါ်ပိုင်းဒန်တျန်ထဲက ရွှေအမြူတေက မှော်ဒြပ်စင် သက်သက်ပဲ။ ရင်ဘတ်ထဲက ရွှေအမြူတေကတော့ သန့်ရှင်းသောဓား အစွမ်းတွေနဲ့ ပြည့်နေတယ်။ ဝမ်းဗိုက်အောက်ပိုင်းက နောက်ဆုံး ရွှေအမြူတေကတော့ နဂါးအမိန့် တိုက်ပွဲစိတ်ဝိညာဉ်တွေနဲ့ ပြည့်နေတယ်။ အစ်ကိုကြီး ကျန်းဟူ သင်ပေးခဲ့တဲ့ ဟာလေဗျာ။
ဘာတွေ ဖြစ်သွားပါလိမ့်။ သူတို့တေမူလ အနေအထား ပြန်ရောက်ကုန်တာလား။ ကျုပ်စွမ်းအားတွေ ပိုဆိုးသွားပြီလား။ စွမ်းအားတွေအပေါ် ထိန်းချုပ်နိုင်မှုက တဖြည်းဖြည်းနဲ့ ကျုပ်ဆီပြန်ရောက်လာတယ်။ မျက်လုံးဖွင့်ပြီး ကျောက်ဖျာပေါ်မှာ မတ်တပ်ရိုက်လိုက်မိတယ်။ စိတ်ကျေနပ်မှုရော၊ ကိုယ့်ကိုကိုယ် နှစ်သိမ့်မှုတွေရော လေးလေးနက်နက် ဖြစ်နေတယ်။ လက်တစ်ဖက် မြှောက်လိုက်တဲ့အခါ စွမ်းအားတွေ လှည့်ပတ်တာ ခံစားနိုင်လုနီးနီးပဲ။ ဒါဆို ကျုပ်စွမ်းအားတွေ တိုးတက်လာတဲ့ လက္ခဏာပဲ။ ဒါပေမယ့် ဆိုးသွားတာလဲ သေချာနေတယ်။
နတ်ဘုရား ခေါင်းကိုက်တောင်ကြား နယ်မြေအတွင်း တည်နေရာရွှေ့ပြောင်းမှု လုပ်ကြည့်လိုက်တယ်။ ကျုပ်ဆန္ဒအတိုင်း ဓားစွမ်းအားနဲ့ နဂါးအမိန့်တိုက်ပွဲစိတ်ဝိညာဉ်က ကျုပ်အပေါ်ပိုင်းဒန်တျန် အနားဝန်းကျင်မှာ အလင်းဒြပ်စင်တွေအဖြစ် ရုတ်တရက်ပြောင်းသွားတာ ကျုပ်သိလိုက်ရတယ်။ ကျုပ်သတ်မှတ်ထားတဲ့ နေရာရောက်ပြီး နောက်ကိုပြန်ကြည့်လိုက်တော့ အစောကကျုပ်ရပ်ခဲ့တဲ့ နေရာမှာ နောက်ကျန်ပုံရိပ် မြင်လိုက်ရသေးတယ်။
ကျုပ်တကယ်ကို တိုးတက်သွားတာလား။ ကျုပ်လက်မြှောက်ပြီး နဂါးအမိန့် တိုက်ပွဲစိတ်ဝိညာဉ် ဖြန့်ကျက်လိုက်တယ်။ ကျုပ်ထင်ထားသလိုပဲဗျ။ ဒီတစ်ခါတော့ ဓားနဲ့ အလင်းမှော်စွမ်းအားတွေ စွမ်းအင်ပင်လယ်ကြီးထဲ ပြေးဝင်လာပြီး တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအားတွေ တိုးလာတယ်။ ခန့်မှန်းကြည့်ရတာတော့ အနည်းဆုံး ကြယ်စင်သူရဲကောင်းအဆင့်မှာ ရှိလောက်တယ်။
ကျုပ်လက်တွေကို စူးစိုက်ကြည့်လိုက်မိတယ်။ မြင်ရတာဖြင့် ယုံတောင် မယုံနိုင်ဘူး။ ကျုပ်အတွက် လက်ရှိအဆင့်မှာ တိုးတက်ဖို့ တော်တော်ခက်မှာ။ တိုးတက်ဖို့အတွက်ဆို ကျန်နေတဲ့ နွေဦးနတ်ဘုရားသွေးကြော သုံးလိုက်တယ်။ စွမ်းအားတွေ ကွဲသွားတဲ့အချိန်ကျ သန့်ရှင်းသောဓားစွမ်းအားနဲ့ ဘယ်နည်းလမ်းကိုမဆို သုံးနိုင်လိုက်တယ်။ ပြီးတော့ စွမ်းအားတွေကို စိတ်တိုင်းကျ ပြောင်းနိုင်သေးတယ်။ ကျုပ်တိုက်ပွဲစိတ်ဝိညာဉ် သုံးလိုက်တဲ့အခါ ကျုပ်မှော်စွမ်းအားတွေပါသုံးပြီး စစ်သူရဲကောင်း တစ်ယောက် ဖြစ်သွားလိမ့်မယ်။ ကျုပ်စွမ်းအားတွေအကုန် ပေါင်းထားတဲ့အချိန်နဲ့ ယှဉ်လိုက်ရင် တိုးတက်လာတာပဲ။
ရုတ်တရက် တိုးတက်မှုက ကျုပ်ကို ပြောမပြတတ်အောင်ကို အံ့ဩကျေနပ်သွားမိတယ်။ အစောက ကျောက်ဖျာ နေရာကို ပြန်ရောက်သွားပြီး အတူညီတဲ့ စွမ်းအားတွေ အဆက်မပြတ် လှည့်ပတ်လို့ ရင်နှီးကျွမ်းဝင်အောင်လုပ်ရင်း ကျင့်ကြံခြင်းထဲ နစ်မျောသွားပါတော့တယ်။
နောက်နေ့ မိုးလင်းတော့ ကျုပ်လဲ သတိပြန်ဝင်လာတယ်။ အရာရာ အရင်ကထက် လန်းဆန်းနေသလိုပဲ။ တရွေ့ရွေ့ မြင့်တက်လာတဲ့ နေလုံးကြီးကို ကြည့်ရင်း လေတွေ တဝကြီး ရှူရှိုက်မိလိုက်တယ်။ ပြီးတော့ ကျောက်ဖျာအောက် ခုန်ဆင်းလိုက်တော့တယ်။ အခုဆို ကျုပ်စွမ်းအားတွေ တိုးတက်သွားတယ်ဆိုတာ သေချာသွားပြီ။
အစ်ကိုကြီး ကျန့်ဟူ မလှမ်းမကမ်းကနေ ကျုပ်ဆီလာပြီး..
“ကျန်းကုန်း နိုးပြီလား။ မင်းအသားအရေတွေ ကောင်းလာတယ်”
“မင်းမျက်နှာက ပိုကြည့်ကောင်းတာပါကွာ။ အစ်ကိုကြီး ငါစုက္ကရေးသုံးပြီး ရှောင်ကျင်းကို အမြန်ခေါ်လိုက်မယ်။ အချိန်သိပ်မရှိဘူးဆိုတော့ ဝေ့နေလို့ မကောင်းတော့ဘူး။ ရှောင်ကျင်းကို ခေါ်တုန်း ကျေးဇူးပြုပြီး ငါ့ကို ကာကွယ်ပေးအုံး။
“ငါ့စွမ်းအားတွေ ပြန်ကောင်းလာပြီ။ ဘာမှ စိတ်ပူမနေနဲ့။ ငါ့ရှေ့မှာ တောင်ကြီး ဆိုရင်တောင် ပြားသွားစေရမယ်”
ကျုပ်လဲ ဦးလေးထင်းတုံးကြီး ပေးလိုက်တဲ့ စာအုပ်လေးထုတ်ပြီး..
“အစ်ကိုကြီး ဒါ ဦးလေးထင်းတုံးကြီး မင်းတို့ကို ပေးချင်တာကွ။ ဒါ သူ့ဘဝ တစ်လျှောက်လုံး ကျင့်ကြံမှုကနေ ရလာတဲ့ အတွေ့အကြုံတွေ၊ နားလည်မှုတွေပဲ။ တကယ်လို့ မင်းသာ တိုက်ပွဲနတ်ဘုရားအဆင့် တက်ချင်ရင် ဒီစာအုပ်လေး သေချာဖတ်ပြီး လေ့ကျင့်သင့်တယ်”
============= (*^*)=============
အပိုင်း( ၂၅၀ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား