← Chapters

နဂါးတောင်ဝှေး ဆင့်ခေါ်သံ

Vol. 17 Ch. 250

နဂါးတောင်ဝှေး ဆင့်ခေါ်သံ

Vol. 17 Ch. 250

ကျန်းဟူ အံ့ဩပြီး ကျုပ်လက်ထဲက စာအုပ်လေး ဝမ်းသာအားရ ဆွဲယူပြီး အနည်းနည်းယူလို့ လှန်လှောကြည့်လိုက်တယ်။ ဖတ်ရင်းနဲ့ သူ့မျက်နှာပေါ်မှာ ပျော်ရွှမှုတွေ တိုးလာတယ်။ စာအုပ်တစ်အုပ်လုံးကို ခပ်သွက်သွက်ဖတ်ပြီး စိတ်လှုပ်ရျားတကြီးနဲ့..

“ဒါအရမ်းကောင်းတာပဲ။ ကျန်းကုန်း ဒီစာအုပ် ယူလာပေးလို့ ကျေးဇူးတင်တယ်ကွာ။ တကယ့်ကို အရမ်း အရေးကြီးတာကွ။ ဒါနဲ့မှ ငါ့အနာဂါတ်ကျင့်ကြံတာတွေ အကျိုး(၂)ဆ တိုးလာမှာ၊ တစ်ဝက်လောက် လေ့ကျင့်တာနဲ့တောင် အရင်ကထက် အများကြီး ချောမွေ့သွားမှာကွ”

ကျုပ်ခေါင်းကို အသာခါရင်း..

“အစ်ကိုကြီး မင်းငါ့ကို ကျေးဇူးတင်နေမယ့်အစား ဦးလေးထင်းတုံးကြီးကို ကျေးဇူးတင်ရမှာ။ သူ့မို့ မျိုးနွယ်စု ခွဲခြားဆက်ဆံမှုတွေကို လက်လျှူရှူပြီး တစ်သက်တာ အသိဉာဏ်တွေ ငါတို့ လူသားတွေကို ပေးခဲ့တာ။ အဲဒါ ဘာကို ပြောချင်တာလဲ သိလား။ ပြောချင်တာကကွာ နတ်ဆိုးမျိုးနွယ် အနေနဲ့ လူသားမျိုးနွယ်တွေနဲ့ ဆက်ဆံရေးမှာ ဘယ်လောက်ပဲ ခက်ခဲပါစေ စေ့စပ်ညှိနှိုင်းရေး အောင်မြင်အောင် လုပ်ပါလို့ ပြောသလိုပဲ။ ရှောင်ကျင်းကို လှမ်းခေါ်နေတုန်း ငါ့ကို ကာကွယ်ပေးအုံးနော်..”

ကျုပ်လဲ ကျောက်ဖျာတစ်ခုပေါ်မှာ ရပ်လိုက်တယ်။ ရိုးရိုးသားသား ပြောရရင် ဘယ်လို ခေါ်ရမယ်မှန်း မသိပေမယ့် စုက္ကရေးဆိုတာ နဂါးနတ်ဘုရားရဲ့ လက်နက်လို့ တွေးထားတာလေ။ သူ့အငွေ့အသက်နဲ့ဆို အနားပတ်ဝန်းကျင်က ရှောင်ကျင်းကို ဆွဲဆောင်နိုင်လောက်မှာပါ။ စမ်းကြည့်ရမှာပဲလေ။

ကျုပ်လဲ စုက္ကရေးကို မြှောက်ပြီး ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေ ထည့်လိုက်တယ်။ ကျုပ်ခန္ဓာကိုယ်ထဲက မတူညီတဲ့ စွမ်းအား(၃)မျိုးလုံးကနေ မှော်စွမ်းအားအဖြစ် အားလုံး ပြောင်းပြီး စုက္ကရေးထဲကို ဝင်သွားတယ်။ ရွှေရောင် အလင်းတန်းတွေ ကျုပ်လက်က ဆက်မပြတ်ထုတ်လွှတ်နေလေရဲ့။ ဒီလောက်ထိ စွမ်းအား ပြင်းပြင်းထန်ထန် ပိုင်ထားမှန်း သိကို မသိခဲ့မိတာဗျ။ ဒီလောက် ပြင်းထန်တဲ့ စွမ်းအားတွေနဲ့ဆို တားမြစ်မန္တန်ကိုတောင် ကိုယ့်ဘာသာ သုံးနိုင်လောက်ပြီဆိုတဲ့အထိ ယုံကြည်မှုရှိလာတယ်။

ဒါတွေပြီးတော့ ရှောင်ကျင်းကို ခေါ်ဖို့ နောက်ထပ် ဘာတွေဆက်လုပ်ရမှန်း ကျုပ်လဲမသိတော့ဘူး။ ကျုပ်မှော်စွမ်းအားတွေ စုက္ကရေးထဲကို ထည့်ပေးပြီးတာနဲ့.

“ရှောင်ကျင်း… သူငယ်ချင်းလေး…. ကျေးဇူးပြုပြီး ငါ့နား ပြန်လာခဲ့တော့…”

အလုပ်ဖြစ်မလားတော့ မသိတော့ဘူး။ ဒါ ကျုပ်လုပ်နိုင်တာ အကုန်ပဲဆိုတော့ စောင့်ကြည့်နေယုံပေါ့။ ဒါပေမယ့် စုက္ကရေးကနေ စွမ်းအားလှိုင်းတွေ ဆက်တိုက်ထုတ်လွှတ်နေတယ်ဆိုတာ ကျုပ်ကောင်းကောင်း ခံစားနေရတယ်။

ကျန်းဟူလဲ ကျုပ်ဘေးနားကနေ ကျုပ်ကို စိုက်ကြည့်နေတယ်။ ကျုပ်ခန္ဓာကိုယ်ထဲကနေ ပြင်းထန်လွန်းတဲ့ စွမ်းအားတွေ လှိုင်းတံပိုးကြီးတွေလုံ ထွက်လာတော့ မယုံကြည်နိုင်လောက်အောင် အံ့ဩနေတာပေါ့။ ဒီလောက်ထိ အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ် ထင်မထားဘူးလေ။

ထူထဲလွန်းတဲ့ ရွှေရောင်အလင်းတန်းတွေက အားလုံး အာရုံစိုက်မိတဲ့အထိ ဖြစ်ကုန်တယ်။ ကျုပ်ကို မနှောက်ယှက်ဖို့ အချက်ပြနေကြလေရဲ့။ ခယ်လွင်သောင် ကျုပ်ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေ မြင်တော့ ဒီကောင် ကျုပ်နဲ့ ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတာ နားလည်သွားတယ်။

ရုတ်တရက် ကျုပ်စိတ်ထဲကို ရှောင်ကျင်းအသံရောက်လာတယ်..

“သခင် မင်းဘယ်မှာလဲ..”

ကျုပ်လဲ ပျော်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ မှော်စွမ်းအားတွေလဲ အပြင်ဘက်ထိ ထွက်လာပြီး မှော်စွမ်းအား နယ်မြေတစ်ခု ဖြစ်လာတယ်။ အားလုံးကို (၁၀)မီတာအကွာထိ တွန်းထုတ်ပြီး စုက္ကရေးကနေ ကြည်လင်တောက်ပနေတဲ့ ရတနာကနေ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပစွာနဲ့ ကောင်းကင်ပေါ် ပစ်လွှတ်လိုက်တော့တယ်။

ခယ်လွင်သောင်နဲ့ မူကျီကလွဲပြီး အားလုံးအေးဆေးပဲ။ ခယ်လွင်သောင်နဲ့ မူကျီတို့ကတော့ မရည်ရွယ်ဘဲ ပျံ့နှံ့လာတဲ့ အလင်းဒြပ်စင်တွေကို မနည်းဆားဆီးလိုက်ရတော့ သူတို့အတွက် ပြင်းထန်လွန်းလှပါတယ်။ ကျုပ် ထုတ်လွှတ်လိုက်တဲ့ အလင်းဓာတ်တွေကလဲ အရင်ကထက် ပိုပြီး အရမ်းကို သန့်ရှင်းလွန်းနေတာ တွေ့လိုက်ရတယ်။ သူတို့နှစ်ယောက်စလုံး အစွမ်းကုန်သုံးပြ ခံနိုင်ရည်ရှိအောင် ကြိုးစားလိုက်ရတယ်။

ကောင်းကင်က တိမ်တိုက်တွေထဲကို ရွှေရောင်အလင်းတန်းတွေ ထိုးဖောက်ဝင်သွားတယ်။ ကောင်းကင်နဲ့ မြေကြီးကို ထောက်ကန်ပေးထားတဲ့ ရွှေတိုင်လုံးကြီး ကမ္ဘာမြေကြီးထဲကနေ ပေါ်လာနေသလိုပဲ။

ကျယ်လောင်လှတဲ့ နဂါးဟိန်းသံ တစ်ခုနဲ့အတူ ကျုပ်ရဲ့ အတွေးရေယဉ်ကျော ရောသွားမိတယ်။ နောက်ဆုံးတော့ ရှောင်ကျင်း ပြန်လာပြီပေါ့။ ဝေးလွန်းလှတဲ့ ကောင်းကင်ပြင် တစ်နေရာမှာ ရွှေရောင် အလင်းစက်လေးတစ်စက် ဖြည်းဖြည်း ကြီးလာလေရဲ့။

“ရှောင်.. ကျင်း….”

ကျုပ်လဲ စိတ်လှုပ်ရှားတကြီး လှမ်းအော်မိလိုက်တယ်။ ကျုပ်မှော်စွမ်းအားတွေကို တိုက်ပွဲစိတ်ဝိညာဉ်အဖြစ် ပြောင်းပြီး အမြှောက်ဆံတစ်ခုလိုမျိုး ကောင်းကင်ကို ချက်ချင်း ထိုးတက်သွားလိုက်တယ်။ ရှောင်ကျင်းလဲ ဝမ်းသာအားကျ ဟိန်းဟောက်နေလေရဲ့။ သူလဲ ကျုပ်ကို သတိထားမိလိုက်တာ သေချာတယ်။ ကျုပ်လည်ပင်းကနေ ပတ်ပြီး နောက်ကျောပေါ် လှန်တင်လိုက်တယ်။

“ရှောင်ကျင်း မင်းဘယ်လိုနေသေးလဲ..”

“သခင်… နောက်ဆုံးတော့ ပြန်ဆုံရပြီပေါ့။ ငါတကယ်ကို စိတ်မရှည်နိုင်အောင် ဖြစ်နေတုန်း မင်းငါ့ကို ရှာနေတယ်ဆိုတဲ့ အကြောင်းကြားချက် ရလိုက်တာ”

“ဒီရက်ပိုင်း မင်းအတွက် တော်တော် ခက်ခဲသွားမှာပဲ။ ကဲ ရှောင်ကျင်းရေ အောက်ကို ဆင်းကြရအောင်။ ငါ့သူငယ်ချင်းတွေ ရောက်နေကြပြီကွ”

ရှောင်ကျင်း သူ့အတောင်တွေရုပ်ပြီး ကြောက်စရာအရှိန်နဲ့ တုန်လှုပ်စရာ ကောင်းလောက်အောင် ဆင်းလာတယ်။ လူအုပ်နဲ့ (၃၃)မီတာလောက် ကွာတဲ့ နေရာရောက်မှ အံ့ဩနေတဲ့ အကြည့်တွေအောက်မှာ သူ့အတောင်ကြီး ဖွင့်လိုက်တယ်။ မြေပြင်ကို အရှိန်လျော့ပြီးမှ အသာလေး ဆင်းလိုက်တယ်။

တုန်းရီက..

“ဝိုး.. ဟေ့ကောင် ရှောင်ကျင်း။ မင်းဘာပစ္စည်းကောင်းတွေ ရခဲ့တာတုန်းဟ။ အရင်ကထက် တော်တော် ပိန်သွားသလိုပဲ”

“မင်းပဲ ပိန်နေလိုက်။ စွမ်းအားတွေ တိုးပြီး ပိုကြီးလာတာဟ။ မင်းမကျေနပ်ရင် စမ်းကြည့်လေ။ မင်းလို အကျိုးအကန်းလေး ငါ့နဲ့ ပြိုင်ဖက် မဟုတ်သေးပါဘူးကွာ..”

တုန်းရီ အံ့ဩသွားပြီး..

“မင်း စကားပြောလို့ ရတယ်ပေါ့…”

ရှောင်ကျင်း ခေါင်းမော့ပြီး..

“ဒါပေါ့။ ငါက ပဉ္စမ နဂါးမျိုးဆက်လေ။ မင်းတို့ လူသားဘာသာ စကားလေ့လာရတာ ဘာအံ့ဩစရာမှလဲ မရှိဘူး။ မင်း ငါနဲ့ ပြိုင်မှာလား မပြိုင်ဘူးလား”

ပြောပြီးတာနဲ့ အတောင်တွေ ခတ်ရင်း အကြံဆိုးကြီးအပြည့် အကြည့်တွေနဲ့ ကြည့်ပြီး တုန်းရီနား လျှောက်သွားတယ်။

တုန်းရီ ရှောင်ကျင်းကို လက်ကာပြပြီး..

“မဟုတ်ဘူး.. မဟုတ်ဘူး.. မင်းနဲ့ ဘယ်လိုလုပ် ပြိုင်ရမှာတုန်း။ ငါ့များ သတ်ချင်နေတာလားဟ”

ရှောင်ကျင်း ရယ်ရယ်မောမောနဲ့..

“ငါ့ကို ပိန်တယ်ဆို။ အဲဒါ ဘယ်လို ဖြေရှင်းရပါ့မလဲ..”

ကျုပ်လဲ မနေနိုင်တော့ဘဲ..

“ရှောင်ကျင်းရာ နောက်နေတာတွေ ရပ်လိုက်ပါတော့။ မင်းလဲ ရောက်ယုံရှိသေး တုန်းရီနဲ့ ရန်သတ်နေပြီ။ ကြည့်ရတာ နဂါးတောင်ကြားမှာ လူရွှင်တော်တွေနဲ့ တွေ့ခဲ့ရလို့ထင်တယ်”

ကျုပ်စကားကြားတော့ ရှောင်ကျင်း ကျုပ်ကို ကြောင်တောင်တောင်နဲ့ စိုက်ကြည့်ပြီး မထိန်းနိုင်မသိမ်းနိုင် ပုံစံနဲ့..

“နဂါးတောင်ကြာက သူငယ်ချင်းတွေက အပြင်ဘက်မှာ ဉာဏ်ပိုကောင်းရမယ်လို့ ပြောတယ်ကွ။ မဟုတ်ရင် ငါအနိုင်ကျင့် ခံရလိမ့်မယ်တဲ့”

တုန်းရီ ရယ်ရယ်မောမောနဲ့..

“မင်းကို အနိုင်ကျင့်ဖို့လား။ မင်းစွမ်းအားနဲ့ ဘယ်သူက အနိုင်ကျင့်ရဲမှာတုန်းဟ”

ရှောင်ကျင်း သူ့ဘက်လှည့်ပြီး ဒေါသတကြီးနဲ့..

“မင်းအခု ငါ့ကို အနိုင်ကျင့်နေတာမဟုတ်ဘူးလား။ ငါက အံ့ဩစရာကောင်းလောက်အောင် ချောမောလွန်းတဲ့ နဂါးပျိုတစ်ကောင်ဆိုတော့ ကျောက်စိမ်းလို ပုံစံနဲ့ နဂါးငယ်လေး တစ်ကောင်လေကွာ။ ငါဆူတယ်လို့ မင်းအမှတ်မထင် ပြောလိုက်သေးသလိုပဲ။ နတ်ဘုရား ဂရုဏာနဲ့သာ မဟုတ်ရင် မင်းအရိုးအကြောတွေ ခနလေးနဲ့ ဖြေပေးပြီးလောက်ပြီ…”

သေလိုက်ပါတော့ဗျာ။ အဲဒါ ရှောင်ကျင်းတဲ့လား။ တုန်းရီတင်မဟုတ်ဘူး ကျုပ်ရော လန့်ဖြတ် အံ့ဩမိတဲ့ထိပဲ။ ရှောင်ကျင်းရဲ့ အဲ့ဘက်ခြမ်းကို ကျုပ်မမြင်ဖူးသေးတာလေ။ ဒီကောင် အမြဲနာခံတတ်တဲ့ ကောင်ပါ။ လောလောဆယ့် ကျုပ်စကား နားထောင်နေသေးပေမယ့် အခုအချိန်မှာ နည်းနည်းရင့်ကျက်လာပြီ။ ရှောင်ကျင်းတော့ ဟိုအရူးနဂါးတွေကြောင့် ဖြစ်လောက်တယ်။ ဒါလဲ နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်လေ။

ရှောင်ကျင်းစကားတွေက တုန်းရီနဲ့ ကျုပ်အပါအဝင် အားလုံးကို တသောသော ရယ်မောစေတဲ့အထိပဲ။ မူကျီတောင် ကျေကွဲ ဝမ်းနည်းမှုတွေ မရှိတော့ဘူး။

ရှောင်ရို့ကတော့ ကြောက်ကြောက်နဲ့ ကျုပ်နောက်မှာ ပုန်းနေတယ်။ သူက ‘က’ အဆင့်သားရဲအဆင့် ရောက်သွားပေမယ့် ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး သားရဲနဲ့ မျက်နှာချင်းဆိုင်တွေ့တဲ့အချိန် မကြောက်ဘဲ ဘယ်နေနိုင်မှာတုန်း။ ကျုပ်အာရုံခံနိုင်စွမ်းကလဲ အရမ်းအားကောင်းနေတာဆိုတော့..

“ရှောင်ရို့.. ဘာဖြစ်နေတာလဲ…”

ရှောင်ရို့ လူသားပုံစံပြောင်းပြီး ကျုပ်ဘေးနား လာကပ်ပြီး သနားစဖွယ် အသံနဲ့..

“သခင် ငါတကယ်ကြောက်တယ်”

အဲ့တော့မှ ရှောင်ကျင်းသူ့ကိုတွေ့သွားပြီး ရှောင်ရို့ကို စိတ်ဝင်တစားနဲ့..

“သခင် သူလေးက ဘယ်သူလဲ…”

အားလုံး ခပ်ပြုံးပြုံးဖြစ်ကုန်ပြီး ကျုပ်က..

“သူလည်း ငါ့သူငယ်ချင်းပဲ။ ဒီနတ်ဆိုးမျိုးနွယ်ခရီးစဉ်မှာ သူ့ကြောင့်သာမဟုတ်ရင် မင်းတောင် ငါနဲ့ ပြန်တွေ့ရမှာ မဟုတ်တော့ဘူး”

ရှောင်ကျင်း မျက်လုံးကြီးထဲမှာ ထူးထူးခြားခြား အလင်းတန်းတစ်ခုပေါ်လာတယ်။ သူ ထခုန်ပြီး ရှောင်ရို့ဘက် လှည့်ရင်း..

“ညီမလေး ငါ့သခင်ကို ကယ်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်…”

============= (*^*)=============

အပိုင်း( ၂၅၁ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters