မဟာမိတ် စစ်တပ်ကြီးကို ဖြတ်ကျော် ပျံသန်းခြင်း
Vol. 17 Ch. 253
တုန်းရီ စိုးရိမ်တကြီးနဲ့..
“ဒီနည်းလမ်း အလုပ်မဖြစ်သေးပါဘူး။ ဒါပေမယ့် ဒီမှာလဲ ဆက်နေလို့မှမရတာ”
“ကဲ အားလုံး.. စိတ်အေးအေးထားပြီး ငါ့ကို စဉ်းစားခါင့်ပေးကြအုံး”
ကျုပ်စကားကြားမှပဲ အားလုံး အသံတိတ်သွားကြတော့တယ်။
အချိန် နည်းနည်းကြာမှ ကျန်းဟူကို..
“အစ်ကိုကြီး.. မင်းဆီမှာ အစ်ကိုကြီး ရှန့်ယွင်ဆီက အချက်ပြမီးကျီ ရှိသေးလား..”
“နတ်ဆိုးတွေ အဖမ်းခံလိုက်ရကတည်းက မရှိတော့တာကွ”
အချက်ပြမီးကျည်သာမရှိရင် ရန်သူကို အာရုံလွှဲဖို့ အစ်ကိုကြီး ရှန့်ယင့်ကို အကူအညီတောင်းလို့ မရတော့ပြန်ဘူး။ နည်းလမ်းကောင်းတွေ မရှိတော့ဘူးလားကွာ။
ကျုပ် သက်ပြင်းချပြီး..
“အားလုံး ဘေးကင်းဖို့အတွက် ငါတို့တွေ ဖုံးကွယ်နိုင်အောင် ညအမှောင်ထဲမှာ အမြန်ဆုံးအရှိန်နဲ့ ပျံပြေးလို့ရအောင် နည်းနည်းတော့ ဖွပေးရအုံးမှာပေါ့။ ငါတို့ အုပ်စုထဲမှာ မူကျီတစ်ယောက်ပဲ လေမှော်ပညာ သုံးနိုင်တာ။ ငါ့မှော်စွမ်းအားတွေကို တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအားလို ပြောင်းလို့ရတာဆိုတော့ သူ့ကို သယ်ဖို့ ငါတာဝန်ယူလိုက်မယ်။ အားလုံး အသင့်ပြင်ထားကြ။ ညရောက်ရင် သွားကြတာပေါ့”
ကျုပ် သူ့ကို မျှော်လင့်ချက် မပေးချင်ပေမယ့် သူ့ဘေးကင်းရေးကတော့ အာရုံစိုက်ရမှာပဲ။ ကျုပ်စွမ်းအားက အဖွဲ့ထဲမှာ အသန်မာဆုံးဆိုတော့ ကျုပ်နဲ့ဆို သူလုံခြုံမှာပါ။ ပြီးတော့ သူနဲ့ ဘာမှမဆိုင်ဘူး ပြောထားလဲ သူ့ခန္ဓာကိုယ်ကို တခြားယောက်ျားတွေ ထိတွေမိမယ်ဆိုတဲ့ စိတ်ကြီးက တော်တာ်ကို မခံစားနိုင်တာဗျ။
ကျုပ်စကားကြားတော့ မူကျီမျက်နှာမှာ ပျော်ရွှင်ရိပ်တွေ ပေါ်လာတယ်။ လျှပ်တပျက်ဆိုပေမယ့် ကျုပ်သိမိအောင် သိလိုက်တာပေါ့။
အားလုံးလဲ အတူတူထိုင်ပြီး ညရောက်ရင် တွေ့ရမယ့် အန္တရာယ်ခရီးအတွက် စွမ်းအားတွေ ဖြည့်နေလိုက်ကြတယ်။ တိုက်ပွဲစိတ်ဝိညာဉ် အရမ်းကောင်းနေမှ ရှင်သန်ဖို့ အခွင့်အရေး ပိုများမယ်လေ။
ညရောက်တာလဲ မြန်ချက်ဗျာ။ လမထွက်တာကိုက ကျုပ်တို့ ကံကောင်းနေတဲ့သဘောပေါ့။ လမိုက်ညအောက်မှာ မီးရောင်လေးတွေ ကျုပ်တို့ မြင်နေရတယ်။
ကျုပ် ခယ်လွင်သောင်ကို..
“စောင့်ကြည့်ဖို့အတွက် နတ်ဆိုးနဲ့ သာရဲမျိုးနွယ်တွေ ဘာကိုသုံးကြလဲ”
ခယ်လွင်သောင် မူကျီကို အကြည့်တစ်ချက်နဲ့ တိုင်ပင်ပြီးမှ..
“ဒီလိုကွ။ ငါတို့ နတ်ဆိုးမျိုးနွယ်နဲ့ သားရဲမျိုးနွယ်တွေထဲမှာ အမြင်စူရှတဲ့ အမျိုးအစားတစ်ခုရှိတယ်။ အဝေးထိအောင် ရှင်းရှင်းလင်းလင်း မြင်နိုင်တာဆိုတော့ တပ်တွေမှာ ကင်းထောက်အဖြစ် သုံးလေ့ရှိကြတယ်။ သူတို့တွေ နေ့တိုင်း အလှည့်ကျစနစ်နဲ့ ကောင်းကင် စောင့်ကြည့်ရေး လုပ်ကြလိမ့်မယ်။ သားရဲမျိုးနွယ်မှာလဲ ငါတို့နဲ့ အတူတူပဲ။ သူတို့လဲ အမြော်အမြင်ရှိရှိနဲ့ သားရဲတွေ သုံးကြမှာပဲ”
“ဒါဆို ကင်းထောက်တွေကို ဘယ်လိုအခြေအနေမှာ လွှတ်တတ်ကြလဲ..”
ခယ်လွင်သောင် မျက်လုံးတွေ တောက်ပလာတယ်ဗျ။ သူလဲ ဉာဏ်ကောင်းတဲ့သူ တစ်ယောက်ဆိုတာ ကျုပ်ချက်ချင်း သိလိုက်တယ်။
“သေချာတာတော့ ရန်သူတိုက်ခိုက်တဲ့ အချိန်ပေါ့။ ဒါပေမယ့် ကင်းထောက် တစ်ချို့တစ်ဝက်တာ့ ကျန်မှာပဲလေ”
“အန္တရာယ်များမှာတော့ သေချာတယ်။ ကင်းထောက် နည်းနည်းကျန်မယ်ဆိုရင်တောင် ရန်သူ တိုက်ခိုက်တဲ့အချိန်ဆို အများစုရဲ့ အာရုံတွေကတော့ အဲ့နေရာ ရောက်နေမှာပဲ။ ဒါ လျှပ်စီးခံတပ်ကို ဖြတ်ကျော်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်လိမ့်မယ်။
“ငါတို့တွေ ရန်သူဝင်တိုက်တဲ့ ပုံစံဖြစ်အောင် ဘယ်လိုလုပ်ကြမှာတုန်း”
ကျုပ် မူကျီကို ကြည့်ပြီး..
“ခနနေရင် တော်တော်ကို ကြီးမယ့် အလင်းမှော်ပညာ ငါသုံးတော့မှာ။ အဲ့ဒါ သိပ်မကြာခင်က စဉ်းစားထားမိတဲ့ မန္တန်တစ်ခုပဲ။ အစကတော့ အပေါစား စွမ်းအင်လုံးတစ်ခု ပုံစံဆိုပေမယ့် ငါထိန်းချုပ်လိုက်တဲ့အခါ အလင်းမိုးတိုက်ကွက်အဖြစ် အလိုလို ပြောင်းသွားနိုင်တယ်”
ခယ်လွင်သောင် မျက်မှောင်ကြုတ်ပြိး..
“မင်းမှော်ပညာက အရမ်းအစွမ်းထက်လွန်းတယ်။ နတ်ဆိုးမျိုးနွယ်တွေ ဘယ်လောက် ဆုံးရှုံးနိုင်လောက်လဲ”
ကျုပ် အပြုံးနဲ့ပဲ..
“ငါတို့တွေ ပူးပေါင်းထားတဲ့အတွက် နည်းနည်းရွံစရာ သားရဲကောင်တွေကိုပဲ ပစ်မှတ်ထားဖို့ ရည်ရွယ်ထားတယ်။ သားရဲမျိုးနွယ်နဲ့ဆို အလင်းမှော်ပညာရဲ့ ဖျက်ဆီးနိုင်စွမ်း တော်တော်နည်းသွားလိမ့်မယ်။ ဒီတော့ သိပ်မထိခိုက်လောက်ဘူး ထင်တာပဲ။ ဒါပေမယ့် နောက်ပိုင်းတော့ မင်းနဲ့ မူကျီဆီက အကူအညီတော့ လိုလိမ့်မယ်။ ငါမန္တန်ရွတ်ပြီးတဲ့အချိန် အလင်းမှော်စွမ်းအားလုံးကို မမြင်ရအောင် မင်းရဲ့ အမှောင်မှော်ပညာ ထုတ်သုံးရလိမ့်မယ်။ မင်း စွမ်းအားတွေ သိပ်သုံးစရာတော့မလိုပါဘူး။ ကျန်တာတွေ ငါ့တာဝန်သာ ထားလိုက်တော့။ အစ်ကိုကြီး ကျန်းဟူ၊ တုန်းရီနဲ့ ကျန့်ရှန်တို့တွေ တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအားတွေ ပေးဖို့ ငါ့နောက်မှာ နေပေးမှရမယ်”
သူတို့(၃)ယောက် ခေါင်းညိတ်ပြီး ကျုပ်ကျောဘက်မှာ အရေးအကြီးဆုံးဖြစ်တဲ့ အပ်စိုက်အမှတ် (၃)နေရာပေါ်မှာ တိတိကျကျ လက်တင်ထားလိုက်ကြတယ်။ ပြီးတော့ မူကျီနဲ့ ခယ်လွင်သောင်တို့ကို အချက်ပေးတဲ့အနေနဲ့..
“အသင့်ဖြစ်ပြီ..”
ဘာမှ ရွတ်စရာမလိုဘဲ စုက္ကရေးကို မြှောက်လိုက်ယုံနဲ့ အလင်းဓာတ်တွေ အများကြီး ကျုပ်ဆီ အမြန်ဆုံး စုစည်းလာခဲ့ကြတယ်။ ပြိုးပြိုးပြက်ပြက်နဲ့ အလင်းလုံးကြီးတစ်ခု အားလုံးရှေ့မှာ ပေါ်လာပါလေရော။ မူကျီနဲ့ ခယ်လွင်သောင်တို့ကတော့ အလင်းရောင် မမြင်ရအောင် အမှောင်မှော်ပညာတွေ ထုတ်သုံးလိုက်ကြပြီ။ ကျုပ် မူကျီကို..
“နင့်အမှောင် မန္တန်က ငါ့အလင်းစွမ်းအင်လုံးကြား မထိမိအောင် သတိထား”
မူကျီ ခေါင်းညိတ်ရင်း အမှောင်စွမ်းအားတွေကို ခယ်လွင်သောင်နဲ့အတူ စုစည်းနေကြတယ်။ ထူထပ်လွန်းတဲ့ အမှောင်စွမ်းအားမြူခိုးတွေက ရွှေရောင် အလင်းလုံးကို ဖုံးထားတော့ ပတ်ဝန်းကျင်တစ်ခုလုံး ပြန်ပြီး အမှောင်ဖုံးသွားတာပေါ့။
“အဲ့မန္တန်ကို ဘယ်လောက်ကြာအောင် ထိန်းထားနိုင်မှာလဲ..”
မူကျီက..
“ဘာမှ ထိန်းချုပ်စရာမလိုဘဲ လဖက်ရည်တစ်ခွက် တည်ချိန်လောက် ကြာကြာရတယ်”
“ဒါဆို လုံလောက်တယ်။ အစ်ကိုကြီးကျန်းဟူ၊ တုန်းရီ၊ ကျန့်ရှန် ငါ့ခန္ဓာကိုယ်ထဲကို တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအားတွေ ဖြည့်ပေးကြတော့။ ကျန်တဲ့သူတွေ အနားမှာပဲနေပြီး အချိန်မရွေး ပျံထွက်နိုင်အောင် ပြင်ထားကြ”
ပြောပြီးတာနဲ့ လက်နှစ်ဖက် ဆန့်ပြီး အမှောင်စွမ်းအင်လုံးကြီး(အတွင်းမှာ အလင်းစွမ်းအင်လုံး) ကောင်းကင်ပေါ် ပစ်လွှတ်လိုက်တယ်။ စုက္ကရေးရဲ့ အစွမ်းတွေနဲ့ စွမ်းအင်လုံးကြီး လျှပ်စီးခံတပ်ဆီ ရွှေ့လျှားသွားလေရဲ့။
အစ်ကိုကြီးကျန်းဟူနဲ့ ကျန်တဲ့သူတွေကို အကူအညီတောင်းရတာက ထိန်းချုပ်တဲ့နေရာမှာ ပိုသေချာအောင်ရယ်၊ နောက်ပိုင်း ပျံသန်းဖို့ စွမ်းအား ချွေတာဖို့ပဲလေ။
အမှောင် စွမ်းအားလုံးကြီး မဟာမိတ်တပ်တွေရဲ့ ခေါင်းပေါ် ရွှေ့လျားသွားတယ်။ သူတို့ ကင်းထောက်တွေ ဘယ်လောက်ပဲ အစွမ်းထက်ထက် ဒီမှော်စွမ်းအင်လုံးကြီးကို တွေ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အမှောင်စွမ်းအားလုံးကြီး လျှပ်စီးခံတပ်နဲ့ မီတာ(၃၃၀)အကွာလဲရောက်ရော ကျုပ်နဖူးမှာ ချွေးတွေ စို့နေပြီ။ ဒီမန္တန်က သိပ်မခက်ပေမယ့် အရမ်းဝေးတာကိုး။ ဒီလောက် အကွာအဝေးထိ မန္တန်ကို ထိန်းချုပ်ရတာ ကျုပ်အတွက်တော့ ပထမဆုံးအကြိမ်ပဲလေ။
အဲ့အချိန်မှာပဲ စွမ်းအင်လုံးကြီး ပတ်ပတ်လည်က အမှောင်စွမ်းအားတွေ ပျောက်သွားပြီး အလင်းလုံးကြီး ဘွားကနဲ ပေါ်လာတယ်။ ခြေရာခံကြည့်လိုက်ရင် လျှပ်စီးခံတပ်ဘက်က ရောက်လာသလိုမျိုး ဖြစ်နေတော့တာပေါ့။ အလင်းလုံးက ခပ်မြန်မြန် ရွေ့လာတယ်။ သားရဲမျိုးနွယ် အမာခံတပ်ကြီးရဲ့ အထက်လဲရောက်ရော ကျုပ်ထိန်းချုပ်မှုနဲ့ပဲ ပေါက်ကွဲသွားရော။ ညဘက်မှာ မိုးလုံးပြည့်မတတ် အလင်းမိုးတွေ ရွာချလာတော့ သူတို့အတွက် အံ့မခန်းမြင်ကွင်းကြောင့် အံ့ဩသွားကြတာပေါ့။ အဲ့ သားရဲမျိုးနွယ် တပ်နေရာမှာ သွေးပျက်မတတ် အသံတွေ ထွက်လာတော့တယ်။
မဟာမိတ်တွေ တခနလေး ငြိမ်သွာညးပြီး၊ သားရဲနဲ့ နတ်ဆိုးစစ်သည်တွေ အားလုံး နိုးလာကြတယ်။
“လူသားတွေ စခန်းကို တိုက်နေကြတယ်။ လူသားတွေ စခန်းကို တိုက်နေကြတယ်။ အားလုံး ထကြဟေ့..”
အထိတ်တလန့် အော်သံတွေနဲ့အတူ စခန်းတစ်ခုလုံး ပွက်လောညံသွားတာပေါ့။ ဒါပေမယ့် ခနကြာတော့ တပ်ဖွဲ့(၂)ဖွဲ့ စုမိသွားပြီး လျှပ်စီးခံတပ်ဘက်ကို ရွှေ့လျားရင်း ပြန်ပြီး တည်ငြိမ်သွားကြတယ်။
“အစ်ကိုကြီး မင်းတို့ စွမ်းအားတွေ ပြန်ရုပ်လိုက်တော့။ ပျံဖို့ ပြင်ထားကြ.”
ကျုပ်အသံကြောင့် အားလုံး လန့်သွားကြတယ်။ မှော်ပညာ ထိန်းချုပ်တဲ့နေရာမှာ သူတို့တွေအကုန်လုံး စိတ်ကူးနိုင်တာမှ မဟုတ်တာ။
ဒီမန္တန်ကို ထိန်းချုပ်ဖို့ တော်တော်လေး ခက်တယ်ဆိုပေမယ့် ကျုပ်စွမ်းအား သိပ်မသုံးလိုက်ရဘူးဆိုတာ သတိထားမိလိုက်တယ်။ အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့(၂)ယောက် ကျုပ်ကို ဖြည့်သွင်းပေးတဲ့ တိုက်ပွဲစိတ်ဝိညာဉ် စွမ်းအားတွေလဲ သိပ်မသုံးလိုက်ရတယ်။ ကြည့်ရတာ ကျုပ်တော်တော်လေး တိုးတက်သွားတဲ့ပုံပဲ။
“မူကျီ ဒီနားလာခဲ့။ အားလုံး အဖွဲ့ပုံစံ သေချာထိန်းသိမ်းထားကြနော်။ မူကျီနဲ့ ခယ်လွင်သောင် ငါ့အောက်မှာ အမှောင် မှော်ပညာသုံးလိမ့်မယ်။ ကျန်တဲ့သူတွေ အန္တရာယ်ကို စောင့်ကြည့်ကြ။ ငါတို့ကို တိုက်ခိုက်ခံရရင်လဲ ဖွဲ့စည်းပုံမဖျက်ဘဲ ရှောင်တိမ်းတာ၊ ခုခံ ကာကွယ်တာပဲ လုပ်ကြရမယ်”
အားလုံး ကျုပ်စကားကြားတော့ ပုံစံဖော်ပြီး ဝိုင်းလိုက်ကြတယ်။ ကျုပ်လက်တွေ့ပြလိုက်တဲ့ အစွမ်းကြောင့် ကျုပ်အပေါ် အားလုံးရဲ့ လေးစားမှုက အဆင့်တစ်ခု ရောက်သွားပြီး ကျုပ်ကို ပိုပိုပြီး ယုံကြည့်လာကြတယ်။
အားလုံး အသင့်ဖြစ်တာ မြင်တော့..
“ကောင်းပြီး.. ငါတို့ ဦးတည်ချက်က လျှပ်စီးခံတပ် ညာဘက်ခြမ်းက သစ်တောအုပ်ပဲ။ သွားကြစို့”
အရိပ် တစ်ဒါဇင်လောက် ကောင်းကင်ကို အမြန်ဆုံး ပျံတက်သွားပြီး တြိဂံပုံပေါ်လာတယ်။ မူကျီခါးကို ကျုပ်လက်နဲ့ ဖက်ထားပြီး အောက်က တပ်တွေရဲ့ လှုပ်ရှားမှုတွေကို သတိထား စစ်ဆေးနေလိုက်တယ်။ မူကျီကတော့ ကျုပ်ဖက်ထားတာကို ဖီးခံနေပြီး ခယ်လွင်သောင်ကတော့ ကျုပ်တို့ အောက်ဘက်မှာ အမှောင်မြူထုကြီးတစ်ခု အမြန်ဆုံး ဖန်တီးလိုက်တယ်။ ဒီလိုနဲ့ ကျုပ်တို့အဖွဲ့ ကောင်းကင်ကို ဖြတ်ပြီး လျှပ်စီးခံတပ် ဘက်ကို အားသွန်ခွန်စိုက် ရွှေ့လျားသွားကြတာပေါ့ဗျာ။
============= (*^*)=============
အပိုင်း( ၂၅၄ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား