← Chapters

ဓားကောင်ကင်မှ မောက်မာသူများ

Vol. 6 Ch. 66

ဓားကောင်ကင်မှ မောက်မာသူများ

Vol. 6 Ch. 66

ဓားပင်လယ်သည် ထူထပ်လှသော တိမ်ပင်လယ်ကြီးအတွင်း မျောလွင့်နေသည့် ကျွန်းကြီးတစ်ခုဖြစ်ကာ ၎င်းအထက်၌ နန်းတော်နှင့် အဆောင်များစွာက ရောင်စုံ တောက်ပနေ၏။ သေမျိုးများအတွက် ၎င်းက ကောင်းကင်ဘုံပမာဖြစ်ပြီး တာအိုကို ကာကွယ်၍ နတ်ဆိုးများကို သုတ်သင်သော ကျင့်ကြံသူများ နေထိုင်ရာဟု ထင်မှတ်ထားကြသည်။ သို့ရာတွင် အမှန်တရားမှာ ခါးသီးလှပြီး ဤကျင့်ကြံသူများသည် တစ်ကိုယ်ကောင်းအလွန်ဆန်ပြီး သေမျိုးများ၏ ဘဝကို လုံးဝဂရုစိုက်ခြင်း မရှိချေ။

ဓားပင်လယ်ကျွန်း၏ အရှေ့ပိုင်းတွင် ဓားသဏ္ဍာန် မျှော်စင်တစ်ခု တည်ရှိပြီး ချီစွမ်းအင်လှိုင်းများ ပြန့်ထွက်နေကာ ရှေးဟောင်းမျှော်စင်ထက် ရှေးကျသော သမိုင်းကြောင်း ပိုင်ဆိုင်ထားသည့် ဓားကောင်းကင် ဖြစ်၏။ လက်ရှိတွင် ၎င်း၏ဝင်ပေါက်တွင် အကြီးအကဲဝမ်က ဒူးထောက်နေခဲ့ပြီး ပူပြင်းလှသော နေရောင်အောက်တွင် ချွေးရွှဲရွှဲစိုနေပြီး အချိန်ကြာမြင့်နေပုံရသောကြောင့် တစ်ကိုယ်လုံး တုန်ရီနေသည်။ ဓားကောင်းကင်တွင် ကျင့်ကြံခွင့်ရသူများမှာ အနည်းဆုံး ကြယ်အလယ်အဆင့် ဓားဝိညာဥ်ကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် ချီစွမ်းအင် များပြားလှသော ကောင်းကင်တွင် နေထိုင်ခွင့်ရထားသောကြောင့် သူတို့သည် ကိုယ့်ကိုကိုယ် နတ်ဘုရားများပမာ ထင်မှတ်၍ အခြားသူများကို အထင်သေးတတ်ကြ၏။

ထိုအချိန်တွင် ဓားကောင်းကင်အတွင်းမှ အဖြူရောင် ဝတ်ရုံနှင့် လူငယ်တစ်ယောက် ထွက်လာပြီး ကျောထက်တွင် အနက်ရောင် သံမဏိဖြင့် ပြုလုပ်ထားသည့် ဓားအိမ်တစ်ခုကို ထူးဆန်းစွာ လွယ်ထား၏။ ကျင့်ကြံသူများသည် ဓားဝိညာဥ်ကိုယ်စီ ပိုင်ဆိုင်သောကြောင့် ဓားအိမ်လိုအပ်ခြင်း မရှိရာ ဤအချင်းအရာက ထူးဆန်းနေသည်။ သို့သော် ထိုလူငယ်က ဂုဏ်သတင်း ကျော်ကြားသောကြောင့် အခြားကျင့်ကြံသူများသည် ချက်ချင်းလမ်းဖယ်ပေးလိုက်ကြသည်။ သူက အကြီးအကဲဝမ်ကို သတိထားမိသောအခါ အနားရှိ တပည့်မတစ်ယောက်ကို မေးမြန်းလိုက်သည်။

"ဒီလူက ဘာကြောင့် ဒူးထောက်နေတာလဲ"

"ဓားမင်းသားကို တင်ပြပါတယ်။ သူက အသူရာဓားဂိုဏ်းရဲ့ ဓားအိမ်တော်ကပါ။ ဒီနေရာမှာ မဟာဓားသခင်ကို တွေ့ချင်လို့ ဒူးထောက်နေတာ သုံးရက် ရှိနေပြီ"

"သူက ဒေါ်လေးနင်ကို တွေ့ချင်တာလား"

"ဟုတ်ပါတယ်။ သူပြောသလိုဆိုရင် ဓားအိမ်တော်ရဲ့ တပည့်တစ်ယောက်က ကြယ်တာရာအဆင့် ဓားဝိညာဥ်ကို ပိုင်ဆိုင်ထားပြီး အဆင့်နှစ် ဓားအမွေခံကျောက်ကို ပျက်စီးစေခဲ့တယ်တဲ့"

သူမက လှောင်ပြောင်ရင်း ရယ်မောလိုက်သကဲ့သို့ လင်းချန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့သည်။

အကြီးအကဲဝမ်သည် အချိန်ကြာမြင့်စွာ ဒူးထောက်နေရသောကြောင့် ဦးခေါင်း ချာချာလည်နေသော်လည်း ဓားကောင်းကင်၏ တပည့်များက တစ်ယောက်မှ အဖက်မလုပ်ခဲ့ကြပေ။ ထိုအချိန်တွင် ခြေထောက်တစ်ဖက်က သူ၏လက်ကို တက်နင်းလာသောကြောင့် မျက်နှာတစ်ခုလုံး ဖြူရော်သွားကာ မော့ကြည့်လိုက်သော်လည်း လည်ချောင်းသို့ ဓားဖျားတစ်ခု ရောက်လာခဲ့၏။ သူက ၎င်းတွင် ဓားအော်ရာ မည်မျှရှိကြောင်း မတွေရ့ရသော်လည်း ဓားစက်ကွင်းနှစ်ခုကို မြင်လိုက်ရသောကြောင့် တုန်လှုပ်သွားခဲ့သည်။

"ကျုပ်က ဓားမင်းသား လင်းချန်ကို အရိုအသေပေးပါတယ်"

တစ်ဖက်လူ၏မျက်နှာကို မြင်လိုက်ရသောအခါ သူက ချက်ချင်းဦးညွှတ်လိုက်ရသည်။

"ထွက်သွားစမ်း။ နောက်တစ်ခါ ဒီနေရာမှာ ဒူးထောက်နေတာကို မြင်ရရင် ခေါင်းမပါဘဲ ပြန်သွားရမယ်"

လင်းချန်၏ ခြိမ်းခြောက်မှုကြောင့် အကြီးအကဲဝမ်၏ မျှော်လင့်ချက် ပျက်စီးသွားကာ တစ်ဖက်လူ ခြေထောက်ကြွလိုက်သောအခါ သက်ပြင်းတစ်ချက်ချ၍ လှည့်ထွက်လိုက်သည်။

"ချန်အာ"

ထိုအချိန်၌ အေးစက်စက် မိန်းမသံတစ်ခု ထွက်ပေါ်လာပြီး သူက လှည့်ကြည့်လိုက်သောအခါ ဓားကောင်းကင်အတွင်းမှ အမျိုးသမီးတစ်ယောက် ထွက်လာကြောင်း မြင်လိုက်ရ၏။

"ဒေါ်လေးနင်ကို ဂါရဝပြုပါတယ်"

နင်ရန်သည် ရှည်လျားသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ဆံပင်များကို စည်းနှောင်ထားပြီး လူလတ်ပိုင်းအရွယ်ဖြစ်သော်လည်း လှပကျက်သရေရှိနေသည်။ သူမက ကျောက်ရန်ရန်နှင့် ရုပ်ချင်းဆင်တူသော်လည်း အကြီးအကဲဝမ်မှာ မော်ပင် မကြည့်ဝံ့ချေ။

"သူက ငါနဲ့ တွေ့ချင်တာလား။ သူ့လက်ကို ဘာကြောင့် တက်နင်းလိုက်တာလဲ"

"ဓားကောင်းကင်က ဓားသမားတွေရဲ့ မြင့်မြတ်နယ်မြေဖြစ်လို့ အနှောင့်အယှက်ဖြစ်ခွင့် မပေးနိုင်လို့ အပြစ်ပေးလိုက်တာပါ။ ဒေါ်လေးနင်ကို အပြစ်ပြုမိရင် ကျုပ် တောင်းပန်ပါတယ်"

လင်းချန်က တစ်ချက် တုံ့ဆိုင်းသွားကာ အဖြေပေးလိုက်၏။ ထိုအချိန်၌ အကြီးအကဲဝမ်သည် နင်ရန်က သူ့ဘက်မှ ပြောပေးနေသည်ဟု ထင်မှတ်လိုက်သောကြောင့် ဝမ်းသာသွားခဲ့သည်။

"ရန်အာက အထင်မှားနေပြီ။ သူက ကျောက်ကျန်ရှင်းရဲ့လူ မဟုတ်လား"

သို့သော် နင်ရန်သည် ရက်စက်စွာဖြင့် သူ၏ပါးကို ဖြတ်ရိုက်လိုက်သောကြောင့်​ မြေပြင်တွင် လဲကျသွားကာ အနီရောင် လက်ငါးချောင်းရာ ထင်ဟပ်သွားခဲ့သည်။

"ပြန်သွားစမ်း။ ကျောက်ကျန်ရှင်းက နောက်ထပ်လူတွေ ထပ်လွှတ်ရဲရင် အသူရာဓားဂိုဏ်းကို ငါကိုယ်တိုင် လာသတ်မယ်"

နှစ်ပေါင်းများစွာ ကြာမြင့်​နေပြီဖြစ်သော်လည်း ဤမိန်းမသည် ကိုယ့်အပြစ်ကိုယ်မမြင်ဘဲ ကျောက်ကျန်ရှင်းကို အသားလွတ် မုန်းတီးနေရာ အကြီးအကဲဝမ်အတွက် မျှော်လင့်ချက် မရှိတော့ပေ။ သူက အဖြစ်အပျက်အလုံးစုံကို သတင်းပို့ချင်သော်လည်း နင်ရန်၏ သတ်ဖြတ်လိုစိတ်ကြောင့် ခေါင်းတစ်ချက်ယမ်းကာ လှည့်ထွက်သွားလေသည်။

"နင် အပြစ်ပေးတာ လျှော့ပေါ့လွန်းတယ်"

နင်ရန်က မောက်မာစွာဖြင့် လက်ကိုင်ပဝါကို ထုတ်ယူကာ လက်သုတ်လိုက်ပြီး လင်းချန်ကို ပြောလိုက်ခြင်းဖြစ်၏။

"အကြီးအကဲဝမ် အစ်မက ခင်ဗျားကိုရှာဖို့ အမိန့်ပေးလိုက်တယ်။ အသူရာဓားဂိုဏ်းအတွက် သတင်းကောင်း ရှိနေတယ်"

အကြီးအကဲဝမ်အနားသို့ တစ်စုံတစ်ယောက် ချဥ်းကပ်လာကာ အမှတ်နှစ်ဓားတောင်၏ ကျင့်ကြံသူ ရှန်ကွမ်းကျာ ဖြစ်နေခဲ့သည်။

"ဘာဖြစ်ခဲ့တာလဲ"

"ယွမ်ရှောင်က ဂိုဏ်းထဲကို ရောက်လာတာ ခြောက်ရက်တည်း ရှိသေးတယ်မလား။ ခင်ဗျား ခရီးထွက်သွားတဲ့ ညမှာ ဒီ၁၆နှစ်အရွယ် လူငယ်လေးက လနတ်သမီးရဲ့ နတ်ဆိုးရုပ်သေးနဲ့ နှစ်တစ်ထောင် နတ်ဆိုးဧကရာဇ်တစ်ယောက်ကို သတ်ပစ်လိုက်တယ်။ ပြီးတော့ ရဲတန်းစီ၊ ရောင်မန်ရှယ်နဲ့ ကျန်းကျန့်ကိုလည်း မသန်မစွမ်းဖြစ်အောင် အနိုင်ယူခဲ့တယ်။ သူက နတ်ပင်လယ်အဆင့်သာ ရှိသေးပေမယ့် မူလအမြုတေအဆင့်ကို အနိုင်ယူခဲ့တဲ့အပြင် ဆယ့်ဆင့်ဓားသိုင်းကိုလည်း ဆယ့်တစ်ကြိမ် ပေါက်ကွဲအောင် စွမ်းဆောင်ပြခဲ့တယ်"

ရှန်ကွမ်းကျာက ကျေနပ်စွာ ရယ်မော၍ အကြောင်းစုံ ရှင်းပြလိုက်သောအခါ အကြီးအကဲဝမ်လည်း ဝမ်းသာမဆုံး ဖြစ်နေခဲ့သည်။ သူက ဓားပင်လယ်သို့ ခရီးထွက်လာရသော အကြောင်းမှာ အကူအညီတောင်းရန်ဖြစ်ပြီး ရဲတန်းစီ ရှုံးနိမ့်သွားသောအခါ တောင်းပန်တိုးလျှိုးရန် မလိုအပ်တော့ပေ။ ရဲကုရင်က သန်မာသော်လည်း တံခါးပိတ်ကျင့်စဥ် ဝင်နေသောကြောင့် ဓားအိမ်တော်သည် လောလောဆယ် လုံခြုံသွားခဲ့သည်။

"မင်းရဲ့မျက်နှာကို ဘယ်သူ ရိုက်လိုက်တာလဲ"

ရှန်ကွမ်းကျာသည် အကြီးအကဲဝမ်၏ ဒဏ်ရာများအကြောင်း မေးမြန်းနေစဥ် အနက်ရောင်ဝတ် မိန်းမတစ်ယောက် ရောက်လာပြီး ယွမ်ရှောင်အကြောင်း အတည်ပြုချက် တောင်းလိုက်သောအခါ ခေါင်းညိတ်ပြခဲ့သည်။

"သူက ဘယ်သူ့တပည့်လဲ"

"ဂိုဏ်းချုပ်ကျောက်ကျန်ရှင်းရဲ့ တပည့်"

"လုံလောက်ပြ။ ငါ့ကို စာပြစမ်း"

သူမက အံကြိတ်၍ အကြီးအကဲဝမ်ဘက်လှည့်ကာ အမိန့်ပေးလိုက်၏။

"ဒါက ကျောက်ကျန်ရှင်းရဲ့ စာဆိုရင် ဘာကြောင့် မိန်းမလက်ရေး ဖြစ်နေရတာလဲ"

သူမက အကြီးအကဲဝမ်ထံမှ စာကိုယူ၍ စစ်ဆေးလိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်လိုက်သည်။

"ဒီစာကို ရန်ရန် ရေးခဲ့တာပါ"

"ရန်ရန်က ဘယ်သူလဲ"

"သူမက အခု အသက်၂၂နှစ် ရှိပါပြီ"

အကြီးအကဲဝမ်သည် ဝမ်းနည်းမှုကြောင့် လည်ချောင်းဝတွင် စကားလုံးများ တစ်ဆို့နေပြီး ကျောက်ရန်ရန်အတွက် မတရားဟု ခံစားနေခဲ့ရလေသည်။

All Chapters