← Chapters

နတ်ဆိုးတစ်သိန်းနှင့် တစ်ကိုယ်တော်

Vol. 6 Ch. 68

နတ်ဆိုးတစ်သိန်းနှင့် တစ်ကိုယ်တော်

Vol. 6 Ch. 68

"နိမ့်ကျတဲ့ လူငယ်လေးတစ်ယောက်က ဘယ်လောက်ပါရမီရှိပါစေ၊ ဒီလောက်မိုက်မဲနေရင် ကျင့်ကြံပေးဖို့ ဘာအကျိုးအမြတ်မှ မရှိဘူး"

အသူရာချောက်နက်၏ အနောက်ဘက်ရှိ တောင်စောင်းတစ်ခုပေါ်တွင် နင်ရန်ရှိနေပြီး နတ်ဆိုးများကို တွေ့နေရသော်လည်း တိုက်ခိုက်မည့်ဟန်မျိုး မရှိချေ။ သူမက ထွက်သွားရန် ခြေလှမ်းပြင်လိုက်သောကြောင့် အကြီးအကဲဝမ်နှင့် ရှန်ကွမ်းကျာသည် လမ်းပိတ်လိုက်ကြ၏။

"မဟာဓားသခင် ခဏစောင့်ကြည့်ပါဦး။ တိုက်ပွဲစရင် ယွမ်ရှောင်က သေချာပေါက် အစွမ်းပြမယ်လို့ အာမခံပါတယ်"

"အသူရာဓားဂိုဏ်းက သေမျိုးတိုင်းပြည်တွေကို ကာကွယ်ဖို့ တာဝန်ရှိပေမယ့် နတ်ဆိုးအသိုက်ထဲသွားဖို့ မလိုအပ်ဘူး။ အသက်ရှင်ရတာ ပင်ပန်းနေပြီလား။ ဒီလိုမိုက်ရူးရဲလုပ်ရပ်မျိုးက စိတ်ပျက်စရာပဲ။ ဘေးဖယ်စမ်း"

သူမအောက် နိမ့်ကျသည်ဟု သတ်မှတ်ထားသော အကြီးအကဲနှစ်ယောက်ကို နှာခေါင်းတစ်ချက်ရှုံ့ကာ မောင်းထုတ်လိုက်ပြီး ဓားပင်လယ်မှ ခရီးထွက်လာရခြင်းအတွက် မထိုက်တန်ဟု ထင်မှတ်နေခဲ့သည်။ အကြီးအကဲဝမ်နှင့် ရှန်ကွမ်းကျာက သက်ပြင်းချကာ လက်လျှော့လိုက်ကြပြီး နင်ရန်က မျက်တောင်တစ်ခတ်အတွင်း လေနှင့်အတူ မျောလွင့် ပျောက်ကွယ်သွားခဲ့၏။

"ရန်ရန်ကို နှစ်၂၀ ကျော် စွန့်ပစ်ထားတဲ့ မိန်းမဆီက ဘာများမျှော်လင့်စရာ ရှိမှာလဲ"

အကြီးအကဲဝမ်က ခေါင်းတစ်ချက် ယမ်းလိုက်သည်။

"ထားလိုက်ပါ။ ယွမ်ရှောင်ကို ယုံကြည်ပေးလိုက်ရအောင်။ ကျုပ်တို့ ကိုယ့်ကိုကိုယ်သာ အားကိုးကြမယ်။ ငါတို့လည်း ပူးပေါင်းလိုက်ရအောင်"

ရှန်ကွမ်းကျာ၏ စကားကြောင့် နှစ်ယောက်လုံး တိုက်ပွဲဝင်လိုစိတ်များ တောက်လောင်လာကာ မိုးစက်ပြာတံခွန်ကို တစ်ချက်စိုက်ကြည့်၍ ဂိုဏ်းထံ သွားရောက်ပူးပေါင်းလိုက်ကြသည်။

"မင်းတို့နှစ်ယောက် ဘယ်လိုရောက်လာတာလဲ"

လီချန်လုံက မေးခွန်းထုတ်လိုက်ပြီး လူတိုင်းက အဖြေကို မျှော်လင့်နေကြသည်။

"အဲဲ့ဒီမိန်းမ ရောက်လာတယ်မလား"

ကျောက်ရန်ရန်သည် ခံစားချက်မဲ့သော မျက်နှာဖြင့် မေးလိုက်ပြီး အကြီးအကဲဝမ်က ခေါင်းယမ်းပြလိုက်သော်လည်း အမုန်းတရားများ မျက်လုံးတွင် ထင်ဟပ်နေ၏။

"ဒီနေ့ နတ်ဆိုးတွေကို သတ်ကြမယ်။ ဒီမိန်းမရဲ့ အကူအညီကို မလိုဘူး"

"ဒီမိန်းမက ပြပွဲကောင်းတစ်ခု လွတ်သွားတာ သူမအတွက် နှမြောစရာပဲလေ"

ထိုအချိန်၌ ပခုံးပေါ်သို့ လက်တစ်ဖက် ရောက်လာသဖြင့် လှည့်ကြည့်လိုက်သောအခါ မြောက်ပိုင်းဖုန်းဆိုးမြေ၏ အမှောင်ထုအတွင်း တစ်ယောက်တည်း တောက်ပနေသည့် ယွမ်ရှောင်၏ အပြုံးကို မြင်လိုက်ရသည်။

"​မောင်လေးယွမ် အစ်မက မင်းကို ကူညီပေးမယ်"

"ကောင်းပြီ"

ယွမ်ရှောင်က ခေါင်းညိတ်ပြလိုက်စဥ် နတ်ဆိုးတစ်သိန်းကျော်မှ အော်ဟစ်ဟိန်းဟောက်သံများနှင့် သတ်ဖြတ်လိုစိတ်များ လှိုင်းလုံးများပမာ ထွက်ပေါ်လာကြသည်။ ထိုအချိန်တွင် လနတ်သမီးနှင့် နောက်လိုက်လေးငါးထောင်ခန့် ပျောက်ကွယ်နေသောကြောင့် သူက မျက်မှောင်ကြုတ်လိုက်၏။ ဤအချက်က နတ်ဆိုးများ၏နည်းလမ်းဖြစ်ပြီး မြောက်ပိုင်းဖုန်းဆိုးမြေ၏ ညစ်ညမ်းမှုကြောင့် မည်သည့်အရာမဆို နတ်ဆိုးအဖြစ် အသက်ဝင်လာနိုင်သောကြောင့် အရေအတွက်က ကြောက်ခမန်းလိလိပင်။ လွန်ခဲ့သော သုံးနှစ်တွင် လနတ်သမီးသည် နတ်ဆိုးငယ်များစွာကို စတေး၍ ဂိုဏ်းချုပ်နှင့် တပည့်ခုနစ်ယောက်၏ ချီစွမ်းအင်အား ကုန်ခမ်းစေကာ အနိုင်ယူခဲ့သည်။

"နတ်ဆိုးတွေက လူသားတွေနဲ့ မတူဘူး။ သူတို့က သေရမှာ မကြောက်တဲ့အပြင် အသိဉာဏ်နည်းပါးတော့ လှည့်ဖျားရတာ လွယ်ကူတယ်။ လနတ်သမီးနဲ့ နတ်ဆိုးဘုရင်တွေက အခုပုန်းအောင်းနေပြီး ငါတို့မောပန်းသွားမှ ထွက်လာလိမ့်မယ်"

ချန်တုန်က လေးနက်စွာ ရှင်းပြလိုက်သည်။ မြောက်ပိုင်းဖုန်းဆိုး​မြေရှိ နတ်ဆိုးအရေအတွက်ကြောင့် ဓားပင်လယ်၏ ကျင့်ကြံသူများပင် တိုက်ခိုက်ရန် မတွေးဝံ့ကြပေ။ များပြားလှသော ရန်သူများကြောင့် စိတ်အားတက်ကြွနေသည့် အသူရာဓားဂိုဏ်းသားများပင် စတင်စိုးရွံ့လာကြ၏။ လူသားများက သံမဏိဖြင့် ပြုလုပ်ထားခြင်းမရှိသည့်အပြင် ချီစွမ်းအင်မှာ အကန့်အသတ် ရှိပေသည်။ လနတ်သမီးသည် ကောက်ကျစ်ယုတ်မာသော ​မြေခွေးတစ်ကောင်ဖြစ်၍ သိက္ခာတရား လုံးဝမရှိချေ။

"သတ်ကြ"

အသူရာချောက်နက်၏ တောင်စောင်းအထက်တွင် နတ်ဆိုးမြူများ ပျံ့လွင့်လာကာ နတ်ဆိုးငယ်တစ်သိန်း၏ ကိုယ်တွင်းသို့ စိမ့်ဝင်သွားသောအခါ အသိစိတ် ပျောက်ကုန်သည်။ သူမ၏ အမိန့်သံတစ်ချက်တွင် အားလုံးက အော်ဟစ်ဟိန်းဟောက်ရင်း ချီတက်လာသောကြောင့် မြေပြင်မှာ တဘုန်းဘုန်းတုန်ခါနေ၍ လေထုအတွင်း အဆိပ်နှင့် အနံ့ဆိုးများ ရောယှက်လာခဲ့သည်။ ဤမြင်ကွင်းကြောင့် ဓားသမားသုံးထောင်ကျော်သည် ရေအေးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ တုန်ရီသွားပြီး ချိုက်မြောင်နဲ့ ချင်တုန်ကဲ့သို့ လက်စားချေချင်သူများပင် သတိအနေအထား ဖြစ်သွားကြ၏။ သူတို့၏ရှေ့ဆုံးတွင် ယွမ်ရှောင်က လက်နှစ်ဖက်နောက်ပစ်၍ အေးအေးဆေးဆေး ရပ်နေပြီး အမိန့်ပေးလိုက်သည်။

"ဓားပျံတွေနဲ့ ကောင်းကင်ကို တက်ကြ"

အကြောင်းအရင်းကို နားမလည်သော်လည်း ဓားသမားများက အမိန့်ကို နာခံလိုက်ကြပြီး နတ်ဆိုးငယ်တစ်သိန်းကျော်အတွင်း ပျံသန်းနိုင်သည့် အရေအတွက်မှာ ထောင်ချီသာရှိ၍ လက်ရှိတွင် ဘေးကင်းနေသည်။ သို့သော် လနတ်သမီးသည် ကျောက်ကျန်ရှင်းနှင့် တိုက်ခိုက်ရာတွင် မြောက်ပိုင်းဖုန်းဆိုးမြေရှိ ပျံသန်းနိုင်သော နတ်ဆိုးအားလုံးကို အမိန့်ပေးကာ တိုက်ခိုက်ခိုင်းခဲ့သောကြောင့် စိတ်မအေးနိုင်သေးပေ။ ထို့အပြင် ဓားပျံနှင့် ပျံသန်းနေလျှင် နတ်ဆိုးများကို မသတ်ဖြတ်နိုင်သကဲ့သို့ ချီစွမ်းအင်ကုန်ခမ်းမှုလည်း အလွန်များပြားသည်။

"နေဦး။ တစ်ယောက် ကျန်ရစ်နေသေးတယ်"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သောကြောင့် လူတိုင်း ငုံ့ကြည့်လိုက်သောအခါ တစ်ကိုယ်တော် ယွမ်ရှောင်ကို မြင်လိုက်ရသည်။

"မောင်လေးယွမ်"

ကျောက်ရန်ရန်ပင် အစိုးရိမ်ကြီးသွားကာ အော်ဟစ်လိုက်မိသည်။

"ရန်ရန် ဒီသုံးရက်မှာ ယွမ်ရှောင်က ဘယ်ကျင့်ကြံဆင့်ကို ရောက်သွားပြီလဲ"

ချန်တုန်က မေးလိုက်ခြင်းဖြစ်သည်။

"ကျွန်မ မသိဘူး"

ကျောက်ရန်ရန် သိထားသည်မှာ ယွမ်ရှောင်က ဘဏ္ဍာတိုက်အတွင်း သုံးရက်လုံး တံခါးပိတ်ကျင့်စဥ်ဝင်နေခဲ့ပြီး ထွက်လာသောအခါ တစ်နေရာလုံး ပြောင်သလင်းခါနေကြောင်း ဖြစ်၏။ ယွမ်ရှောင်က အတိုးဖြင့် ပြန်လည်ပေးဆပ်မည်ဟု ကတိပေးခဲ့ပြီး မည်သည့်နည်းလမ်းဖြင့် အသုံးပြုလိုက်သောကြောင့် နှစ်ရာချီစုဆောင်းထားသည့် ဂိုဏ်း၏စည်းစိမ်များ ပျောက်ကွယ်သွားကြောင်း မသိရသော်လည်း သူမသည် ဖုံးကွယ်ပေးထားခဲ့သည်။ ဂိုဏ်းသားများစွာသည် ယွမ်ရှောင်ကို ကူညီချင်သော်လည်း သူမက တားမြစ်လိုက်ပြီး ယုံကြည်မှု အပြည့်ရှိနေခဲ့၏။

"သူ့ကို ယုံကြည်ပေးလိုက်ပါ။ သူအမိန့်ပေးမှ လှုပ်ရှားရင်လည်း ငါတို့အတွက် နောက်မကျပါဘူး"

လူတစ်ယောက်တည်းက နတ်ဆိုးတစ်သိန်းကျော်၏ ရှေ့မှောက်တွင် တည်ငြိမ်စွာ ရှိနေသောကြောင့် ဂိုဏ်းသားများစွာ၏ သတ္တိများ တဖွားဖွား ဖြစ်ပေါ်လာသည်။ ကောင်းကင်တွင် နတ်ဆိုးမြူများကြောင့် တိမ်မည်းများဖြစ်ပေါ်လာကာ နေရောင်ကို ဝါးမျိုသွားပြီး လူသားတစ်ဝက် သားရဲတစ်ဝက် သို့မဟုတ် သားရဲမျက်နှာဖြင့် နတ်ဆိုးများ၏ အသွင်သဏ္ဍာန်က ပိုမိုရက်စက် ကြမ်းကြုတ်လာခဲ့၏။

"လာစမ်း"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ပြေးထွက်သွားသောအခါ​ခြေလှမ်းတိုင်း၌ မြေပြင် အက်ကြောင်းထင်သွား၍ အပြာရောင်ဓားသွား ထွက်ပေါ်လာသည်။

"ပျံလွှားလျှပ်စီး"

ဓားမြှောင်သည် မျက်တောင်တစ်ခတ်အတွင်း ပေရှစ်ရာကျော်အထိ ဖြတ်သန်းသွားကာ လမ်းတလျှောက်ရှိ ကျောက်တုံးဖြစ်စေ၊ နတ်ဆိုးဖြစ်စေ၊ သစ်ပင်များဖြစ်စေ အရာရာ ပိုင်းဖြတ်ခံလိုက်ရ၏။ ဓားမြှောင်တစ်ချက် ပစ်ခတ်လိုက်ရုံဖြင့် နတ်ဆိုးအုပ်ကြီးအတွင်း သွေးလမ်းကြောင်းတစ်ခု ဖြစ်တည်လာသည်။

"အစွမ်းထက်လိုက်တာ"

ဂိုဏ်းသားများသည် အံ့သြလွန်းသဖြင့် မျက်လုံးများ ပြူးကျယ်လာကာ ရင်တဒိန်းဒိန်း ခုန်နေခဲ့သည်။ ဓားက ယွမ်ရှောင်၏လက်အတွင်း ပြန်ရောက်လာကာ အရာရာကို ဝါးမျိုနိုင်သဖြင့် သွေးတစ်စက်မှ စွန်းထင်းမနေခဲ့ပေ။ ဓားအော်ရာ၂၉ခုသည် နဂါးကြီးများသဖွယ် ဖြစ်တည်နေပြီး ဓားစက်ကွင်းက အနက်ရောင် တဖိတ်ဖိတ် တောက်နေခဲ့၏။

"ဒါက ဓား မဟုတ်တော့ဘူး။ အသက်ကို ချွေယူနိုင်တဲ့ သေမင်းပဲ"

ချိုက်မြောင်က ချီးကျူးလိုက်စဥ် ယွမ်ရှောင်သည် ဓားမြှောင်ကို နောက်တစ်ကြိမ် ပစ်ခတ်လိုက်ပြန်သည်။ ဓားတစ်ချက်ချင်းစီတွင် နတ်ဆိုးများ အပိုင်းပိုင်းပြတ်ထွက်သွားကာ သွေးချောင်းစီးနေသည့်အပြင် အရေအတွက်ထောင်ချီ အသတ်ခံလိုက်ရသည်။ ထိုအချိန်တွင် နတ်ဆိုးများမှာ ယွမ်ရှောင်၏ ဝတ်ရုံနားသားကိုမျှပင် မထိနိုင်သေးချေ။

All Chapters