← Chapters

နတ်ဆိုးများ၏နိဂုံး

Vol. 6 Ch. 70

နတ်ဆိုးများ၏နိဂုံး

Vol. 6 Ch. 70

ယွမ်ရှောင်သည် နတ်ဆိုးအလောင်းပုံကြီးအထက်တွင် ဓားကို မြဲမြံစွာ ကိုင်ထားရင်း ရပ်နေသည်။ သူ၏ကျောဘက်တွင် အသူရာဓားဂိုဏ်းသားများသည် ဓားကိုယ်စီဝင့်၍ နေရာယူထားကြပြီး လေပြင်းများ တိုက်ခတ်လာ၏။ ထောင်ချီသော နတ်ဆိုးများကို နတ်ဆိုးဘုရင်များက ဦးဆောင်၍ တောင်ထိပ်များမှ ထွက်ပေါ်လာကြပြီး အသံကုန် အော်ဟစ်နေရာ ပါးစပ်အတွင်းမှ အဆိပ်ရည် တမြားမြားကျနေသည်။ လနတ်သမီးသည် အေးစက်စက်အရှိန်အဝါကို ထုတ်ဖော်ထား၍ မဟာတိုက်ပွဲကြီးမစတင်ခင် အလွန်တရာ တိတ်ဆိတ်နေခဲ့သည်။

"သတ်ကြ"

ယွမ်ရှောင်၏အမိန့်သံက မိုးချုန်းသံပမာ ထွက်ပေါ်လာပြီး ဓားပျံစီးနင်းကာ နတ်ဆိုးစစ်တပ်ထံ ဝင်ရောက်သွားလိုက်သည်။ ကျောက်ရန်ရန်၊ လီချန်လုံ ၊ချန်တုန်စသော ကျင့်ကြံသူများလည်း ကြုံးဝါး၍ ချီတက်သွားကာ ဂိုဏ်းတွင် ကျောက်ကျန်ရှင်းကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့သော ရှန်ကွမ်းယုမှလွဲလျှင် တိုက်ခိုက်နိုင်သူအားလုံး ပါဝင်နေခဲ့၏။ ဓားသွားများအထက်တွင် အမုန်းတရားများ ထင်ဟပ်နေကာ သွေးဆာရက်စက်သော နတ်ဆိုးများကို သေမျိုးများအတွက် သတ်ဖြတ်ရန် အသင့်ဖြစ်နေကာ ဓားလမ်းစဥ်၏ အစစ်အမှန်သဘောပင်။

"အစ်ကို ကျုပ်က နတ်ဆိုးတွေကို မကြောက်တော့ဘူး။ မင်းကို အိမ်ပြန်ခေါ်သွားပေးမယ်"

ချိုက်မြောင်သည် ဤသုံးနှစ်အတွင်း အရှက်ရမှုများကို ခါးစည်းခံခဲ့သော်လည်း လက်ရှိတွင် ရဲရင့်စွာ တိုက်ခိုက်နေသည်။ အသူရာဓားဂိုဏ်းသားများသည် မိုးစက်ပြာတံခွန်ကို ဦးတည်၍ တိုက်ခိုက်နေကြပြီး ထိပ်ဆုံးမှ ယွမ်ရှောင်က ဦးဆောင်နေသည်။ ဓားသမားသုံးထောင်သည် မဟူရာချောက်နက်အတွင်း သွေးလမ်းခင်း၍ ချီတက်နေစဥ် လနတ်သမီးက နတ်ဆိုးဘုရင်များကို မက်လုံးတစ်ခု ပေးလိုက်၏။

"ယွမ်ရှောင်ရဲ့ ချီစွမ်းအင်က ကုန်ခမ်းလောက်ပြီ။ သူ့ကိုသတ်နိုင်ရင် မြွေဧကရာဇ်ရဲ့ ရာထူးကို ပေးပြီး မြောက်ပိုင်းဖုန်းဆိုးမြေရဲ့ နတ်ဆိုးဧကရာဇ် ဖြစ်လာစေရမယ်"

ယွမ်ရှောင်ကို လူငယ်လေးတစ်ယောက်ဟု လျှော့တွက်ထားသော မြေခွေးဘုရင်၊ ပင့်ကူဘုရင်မ၊ လင်းတဘုရင် စသည့် သက်တမ်းရာချီ နတ်ဆိုးဘုရင်များက အစစ်အမှန်ရုပ်သွင်ကို ပြောင်းလဲလိုက်ကြပြီး ပစ်မှတ်ကို ဝိုင်းရံလိုက်ကြ၏။

"ဒါက သေမျိုးတိုင်းပြည်တွေရဲ့ စစ်ပွဲတွေလိုမျိုး ထင်နေတာလား ဟီး ဟီး"

နတ်ဆိုးဘုရင်ဆယ်ယောက်သည် ယွမ်ရှောင်ကို ပစ်မှတ်ထားနေပြီ ဖြစ်သောကြောင့် လနတ်သမီးက တခစ်ခစ် ရယ်မောလိုက်၏။ သူမ၏အကြည့်က ကျောက်ရန်ရန်ထံ ကောက်ကျစ်စွာ ကျရောက်သွားပြီး ဖမ်းဆီးရန် ကြံစည်နေသည်။ ထို့နောက် သူမက မြူခိုးတစ်ခုအလား ပြောင်းလဲကာ မဟူရာချောက်နက်အတွင်း ခိုးကြောင်ခိုးဝှက် ဝင်ရောက်သွားခဲ့သည်။ သူမက ယွမ်ရှောင်ကို မကြောက်သော်လည်း ထိပ်တိုက်မရင်ဆိုင်လိုသောကြောင့် ကျောက်ရန်ရန်ဖြင့် အကျပ်ကိုင်လိုခဲ့သည်။ ထိုအချိန်၌ ကျောက်ရန်ရန်သည် မိုးစက်ပြာတံခွန်ကို အာရုံစိုက်ထားသည့်အပြင် တိုက်ပွဲအခြေအနေက ဖရိုဖရဲဖြစ်နေသောကြောင့် နီးကပ်လာသည့် အန္တရာယ်အား သတိမပြုမိချေ။

ဓားသခင်များအလား အစွမ်းထက်သော နတ်ဆိုးဘုရင်တစ်ယောက်ချင်းစီသည် ယွမ်ရှောင်ကို ဝန်းရံထားသဖြင့် သူက တစ်ချက်စစ်ဆေးလိုက်သည်။ အစိမ်းရောင် မြေခွေးကြီးတစ်ကောင်၊ အဖြူရောင်တောင်ပံများနှင့် ကောင်းကင်တွင် ဝဲပျံနေသည့် လင်းတတစ်ကောင်၊ မိန်းမတစ်ယောက်၏ အပေါ်ပိုင်းနှင့် ပင့်ကူခန္ဓာအောက်ပိုင်းရှိသော ပင့်ကူတစ်ကောင် စသဖြင့် နတ်ဆိုးဘုရင်များ၏ အသွင်အပြင်က ထူးခြားလှ၏။ သူတို့က သူ့ကို အရသာရှိသော စားကောင်းသောက်ဖွယ်ပမာ သွားရေတမြားမြား ကြည့်နေပြီး လျှာသပ်လိုက်ကြသည်။

"ဝုန်း"

"ယွမ်ရှောင်က သေတော့မယ်"

နတ်ဆိုးဘုရင်ဆယ်ယောက်သည် အသံတစ်ချက်ပင် မထွက်ဘဲ ရုတ်တရက် ခုန်အုပ်လိုက်ကြသဖြင့် စောင့်ကြည့်နေသည့် နင်ရန်မှာ နှာခေါင်းရှုံ့လိုက်သည်။ သူမသည် လနတ်သမီးက ကျောက်ရန်ရန်ထံ ချဥ်းကပ်သွားသည်ကို မြင်လိုက်ရသောကြောင့် မျက်မှောင်ကြုတ်လိုက်သော်လည်း ဂရုမစိုက်ဟန်ဖြင့် အကြည့်လွှဲလိုက်သည်။

"ပြိုင်တူတိုက်ခိုက်တာလား။ ဟင်းရွက်တွေ ခုတ်နေရတာ ပျင်းစရာကောင်းလာပြီ။ အခုမှ နည်းနည်း စိတ်ဝင်စားစရာကောင်းလာတယ်"

ယွမ်ရှောင်၏မျက်လုံးများက အေးစက်သွားကာ တစ်ချက်ပြုံးလိုက်သည်။ နတ်ဆိုးခုနစ်သောင်းကျော်ကို သတ်ဖြတ်ထားသော်လည်း သွေးပင်မပူသေးသော သူ၏အဖြစ်ကို သိလိုက်ရသူတိုင်း မျက်လုံးပြူးသွားကြပေလိမ့်မည်။

"ရွှစ်"

သူက ဓားမြှောင်ကို ဆင့်ခေါ်၍ ဆယ်ဆင့်ဓားသိုင်းနှင့် ပစ်ခတ်လိုက်သောအခါ လေထဲတွင် ပေါက်ကွဲသံဆယ်ကြိမ် ထွက်ပေါ်လာ၏။ ဓားသွားက မြေခွေးဘုရင်၏ မျက်နှာရှေ့မှောက်တွင် ရောက်ရှိလာသောကြောင့် ကြောင်အနေစဥ် ဦးခေါင်းမှာ ထက်ခြမ်းခွဲခံလိုက်ရပြီး အလောင်းကြီးမှာ ယွမ်ရှောင်၏ခြေရင်းအထိ ဒရွတ်တိုက် ရောက်ရှိလာသည်။ သို့သော် ဓားမြှောင်က အဆုံးသတ်မသွားဘဲ ကောင်းကင်သို့ ထောင်တက်သွားကာ ရှောင်တိမ်းရန် ကြိုးစားနေသော လင်းတဘုရင်၏ ခန္ဓာကိုယ်အား ဒေါင်လိုက် ပိုင်းဖြတ်သွားသည်။ နတ်ဆိုးဘုရင်နှစ်ယောက်မှာ အသက်တစ်ရှိုက်အတွင်း အသတ်ခံလိုက်ရသော်လည်း ပိုမိုကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်တည်လာ၏။

ဓားမြှောင်၏ လျင်မြန်နှုန်းက အကန့်အသတ်အထိ ရောက်ရှိနေပြီး တိုက်ပွဲအတွင်း ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာတိုင်း နတ်ဆိုးဘုရင်တစ်ကောင် လဲကျသွားသည်။ နောက်ဆုံးတွင် အပြာရောင်ဓားအလင်းက ယွမ်ရှောင်၏လက်ဖဝါးအတွင်း ကျရောက်လာသောအခါ သက်တမ်းနှစ်ရာချီသည့် နတ်ဆိုးဘုရင်ဆယ်ယောက်မှာ ခြေဖဝါးအောက်တွင် အသက်ပျောက်သွားပြီဖြစ်၏။ ဓားတစ်ချက်တည်းဖြင့် သတ်ပြလိုက်သော မြင်ကွင်းက တိုက်ပွဲကွင်းပြင်ကို တုန်ခါစေပြီး ကြည့်ရှုနေသူများအား တုန်လှုပ်သွားစေသည်။

ယွမ်ရှောင်၏အစွမ်းက နင်ရန်ကို ပါးဖြတ်ရိုက်လိုက်သည်နှင့် တူညီနေပြီး သူမသည် ကြောင်အအရပ်နေကာ အနားတွင် လူမရှိသောကြောင့် အရှက်မကွဲခဲ့ပေ။ တစ်ဖက်လူက သူမ၏ထင်မြင်ချက်များကို တစ်ခုပြီးတစ်ခု ဖျက်ဆီးခဲ့ပြီး အမှန်တကယ် လူမိုက်မှာ မည်သူဖြစ်သနည်းဟူ၍ စိတ်ထဲမှ ရေရွတ်နေမိသည်။

"ဓားသမားတစ်ယောက်က နတ်ဆိုးခုနစ်သောင်းကျော်နဲ့ နတ်ဆိုးဘုရင်ဆယ်ယောက်ကို တစ်ကိုယ်တော် သတ်ဖြတ်ခဲ့တယ်။ ဒီလောကမှာ ဘယ်သူများ ဒီလိုစွမ်းဆောင်နိုင်လို့လဲ။ ဟိုမာနကြီးတဲ့ မိန်းမသာ ဒီမြင်ကွင်း မြင်လိုက်ရင် တုန်လှုပ်သွားမှာပဲ"

ဓားကောင်းကင်တွင် အရှက်ခွဲခံခဲ့ရသော အကြီးအကဲဝမ်က ကျေနပ်စွာ အော်ဟစ်လိုက်ပြီး ခံစားချက်များကို ထိန်းချုပ်မထားတော့ပေ။ ယွမ်ရှောင်၏အစွမ်းသည် ဂိုဏ်းသားများ၏ တိုက်ခိုက်လိုစိတ်ကို အထွတ်အထိပ်သို့ မြင့်တက်သွားစေကာ မြောက်ပိုင်းဖုန်းဆိုးမြေ၏ နတ်ဆိုးများနှင့် အပြင်းအထန် တိုက်ခိုက်လိုက်ကြ၏။ နတ်ဆိုးဘုရင်များက အစွမ်းထက်သော်လည်း ခဏအတွင်း အသတ်ခံလိုက်ရသောကြောင့် နတ်ဆိုးများ၏စိတ်အတွင်း ကြောက်စိတ်များ ပထမဆုံးအကြိမ် ဖြစ်တည်လာခဲ့သည်။ အသူရာဓားဂိုဏ်း၏ ခေါင်းဆောင်အသစ်က နတ်ဆိုးများကို သုတ်သင်နေစဥ် နတ်ဆိုးဧကရီသည် ကျောက်ရန်ရန်ကို ချောင်းမြောင်းတိုက်ခိုက်ရန် ကြံစည်နေသည်။

"ဟင် ဒီကောင်က ဘယ်အဆင့်ကို ရောက်နေပြီလဲ"

လနတ်သမီးက ကျောက်ရန်ရန်အနား မရောက်ခင်မှာပင် နတ်ဆိုးဘုရင်ဆယ်ယောက် သေဆုံးသွားသော မြင်ကွင်းကြောင့် မျက်နှာတစ်ခုလုံး မည်းနက်နေသည်။ ထိုအချိန်၌ နတ်ဆိုးအုပ်ကြီးကို ဓားတစ်လက်က ထိုးဖောက်ဖြိုခွင်း၍ ပြေးထွက်လာပြီး ယွမ်ရှောင်ဖြစ်နေရာ အကြည့်ချင်းဆုံသွားခဲ့၏။ သူ၏ဒေါသက လနတ်သမီးကို တစ်ကိုယ်လုံး တုန်ရီသွားစေပြီး မသိစိတ်မှ ကြောက်လန့်နေခဲ့သည်။

"အမကျောက်ကို ပစ်မှတ်ထားရဲတယ်လား"

မြွေနတ်ဆိုး၏ တိုက်ခိုက်မှုကြောင့် ကျောက်ရန်ရန် ဒဏ်ရာရသွားသည့် မြင်ကွင်းမှာ ယွမ်ရှောင်၏ဦးခေါင်းအတွင်း မှတ်ဉာဏ်မှ ပျောက်ကွယ်သွားခြင်း မရှိသေးချေ။ ချစ်ရသူအား ရန်သူက ပစ်မှတ်ထားနေသောကြောင့် သူ၏ငယ်ထိပ်အထိ ဒေါသဆောင့်တက်သွားကာ ချီစွမ်းအင်များ ပြန့်ထွက်လာသဖြင့် အနားရှိ နတ်ဆိုးတစ်ရာကျော် အမှုန့်ဖြစ်ကုန်၏။ သူက ကောင်းကင်အလိုတော်သိုင်းဖြင့် ပြေးထွက်သွားသောအခါ လမ်းကြောင်းရှိ နတ်ဆိုးများ၏ ဦးခေါင်းများ တဘန်းဘန်း ပေါက်ကွဲသွားကြသည်။ သူက လျင်မြန်လွန်းသောကြောင့် ကျောက်ရန်ရန်အနားသို့ မရောက်သေးသည့် လနတ်သမီးထံ အရင်ရောက်ရှိသွားခဲ့သည်။

"နင်ကများ ငါ့ကို အထင်သေးရဲလား"

မြောက်ပိုင်းဖုန်းဆိုးမြေ၏ နတ်ဆိုးဧကရီဖြစ်သော သူမကို လူငယ်တစ်ယောက်က ထိပ်တိုက်ရင်ဆိုင်ချင်နေသဖြင့် ဒေါသူပုန်ထသွားခဲ့သည်။ နတ်ဆိုးမြူက အမြှီးသုံးချောင်းနှင့် မြေခွေးအဖြစ် ရုပ်သဏ္ဍာန်ဖြစ်တည်လာကာ လက်သည်းများနှင့် အစွယ်များသည် ဓားသွားပမာ ထက်ရှနေပြီး အမြင်အာရုံကို လှည့်စားရန် မြူများ ထုတ်လွှတ်လိုက်သည်။ သူမ၏မြူထုအတွင်း ယွမ်ရှောင်က ဝင်ရောက်လာပြီး မည်သည်ကိုမှ မမြင်ရသော်လည်း ကြောက်စိတ် လုံးဝမရှိချေ။ သူက မြေပြင်တွင် မားမားမတ်မတ် ရပ်နေပြီး ဓားရှည်ကိုင်ဆွဲလျက် ဘယ်ဘက်သို့ ချက်ချင်း ခုတ်ပိုင်းလိုက်သည်။

"ထန်"

ဓားသွားနှင့် လက်သည်းက ထိမှန်သွားသောအခါ ဒဏ်ရာရသွားသော လနတ်သမီးမှာ စူးစူးဝါးဝါး အော်ဟစ်ရင်း ဓားစက်ကွင်း၏ တိုက်စားမှုကို ခံနေရသည်။ နတ်ဆိုးစွမ်းရည်များတွင် သူမ၏ပိုင်နက်အတွင်း ရောက်လာသူ၏ အမြင်အာရုံကို ဖုံးကွယ်ကာ သတ်ဖြတ်နိုင်သော စွမ်းရည်သည် အလွန်အစွမ်းထက်သော်လည်း တစ်ဖက်လူက တည်နေရာအား အတိအကျ သိရှိနေသည်။

"ခွေးမ နင် သေရမယ်"

ယွမ်ရှောင်က လနတ်သမီး၏ တည်နေရာထံ ဓားဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်လေသည်။

All Chapters