ပြိုင်ဘက်ကင်းပါရမီရှင်
Vol. 6 Ch. 71
"ငါ့ပိုင်နက်ထဲမှာ ကိုယ့်ကိုကိုယ် ဘယ်သူ ထင်နေတာလဲ"
"စောက်စကားများနေတုန်းလား"
လနတ်သမီးက နှာခေါင်းရှုံ့လိုက်သော်လည်း ယွမ်ရှောင်သည် ရုတ်တရက် ထွက်ပေါ်လာကာ ဓားဖြင့် ထိုးချလိုက်သောအခါ မိုးနဂါးဓားသိုင်းကြောင့် ဓားအော်ရာ၂၉ခု နှင့် ဓားဖျားမှာ တဟုန်ထိုး ဝင်ရောက်လာ၏။ နတ်ဆိုးမြူအတွင်း သူက မမြင်နိုင်သော်လည်း သားရဲလေး၏ အနံ့ခံစွမ်းရည်မှာ ပြိုင်ဘက်ကင်းသောကြောင့် တည်နေရာကို တွက်ချက်နိုင်သည်။ လွန်ခဲ့သော သုံးနှစ်တွင် ချီစွမ်းအင်ကုန်ခမ်းနေသော ကျောက်ကျန်ရှင်းကို နတ်ဆိုးဘုရင်များနှင့် ပူးပေါင်း၍ သူမက အနိုင်ယူနိုင်ခဲ့သော်လည်း ယွမ်ရှောင်အား တစ်ကိုယ်တော် ရင်ဆိုင်ရသည်။ ဤဓားချက်တွင် ပုံရိပ်ယောင်စွမ်းရည်များ ပျက်ပြယ်သွားကာ သေခြင်းရှင်ခြင်းစွမ်းအားများ ထွက်ပေါ်လာသည်။
"နိမ့်ကျတဲ့ ပုံရိပ်ယောင်နတ်ဆိုးက ငါ့ဓားကို တားနိုင်မယ် ထင်နေတာလား။ မြောက်ပိုင်းဖုန်းဆိုးမြေရဲ့ဧကရီက ဒီလောက်ပဲ အစွမ်းထက်တာလား"
ယွမ်ရှောင်က ရယ်မောလိုက်ပြီး လနတ်သမီးသည် ချီစွမ်းအင်ဖြင့် ဓားချက်များကို ကာကွယ်နေရပြီး အောက်စည်းသို့ ရောက်ရှိသွားခဲ့၏။ ဓားချက်တိုင်းက နဂါးတစ်ကောင် တိုက်ခိုက်လိုက်သကဲ့သို့ ပြင်းထန်နေပြီး ယွမ်ရှောင်၏ နှလုံးသားထဲမှ ဓားသမားတစ်ယောက်၏ လမ်းမှန်ကျင့်စဥ်ကို ဖော်ပြနေ၏။ ၎င်း၏အရှိန်အဝါကြောင့် လနတ်သမီးမှာ စိတ်ဓာတ်ကျသွားပြီး စိတ်အတွင်းပိုင်းမှ အကြောက်တရားများ ဖြစ်တည်လာခဲ့သည်။
"မဟုတ်ဘူး"
သူမက အလန့်တကြား ကာကွယ်လိုက်သော်လည်း လျင်မြန်သော ဓားချက်သည် နဖူးသို့ ထိမှန်သွားသဖြင့် မြေပြင်သို့ လဲကျသွားကာ ပတ်ဝန်းကျင်အား တုန်ခါသွားစေခဲ့သည်။ သူမ၏ဦးခေါင်းက ချာချာလည်သွားပြီး သွေးများ အန်ထွက်လာသဖြင့် ညှိုနှိုင်းလိုသော်လည်း ခြေထောက်ဖြင့် တက်နင်းခံထားရသည်။
"ယွမ်ရှောင် ငါတို့ ဆွေးနွေးရအောင်"
ဓားအိမ်တော်နှင့် သေမျိုးများအတွက် လက်စားချေလိုနေသော ယွမ်ရှောင်က မြေခွေးကို ခြေထောက်ဖြင့် နင်းထားရင်း ဦးခေါင်းထံ လက်သီးမိုး ရွာချပေးလိုက်သည်။ မြောက်ပိုင်းဖုန်းဆိုးမြေ၏ အုပ်ချုပ်သူမှာ ငယ်သံပါအောင် အော်ဟစ်နေရပြီး ယွမ်ရှောင် အနိုင်ရသွားသောကြောင့် ဂိုဏ်းသားများက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြ၏။ သူက အသူရာဓားဂိုဏ်းအတွက် လက်စားချေပေးခဲ့ပြီး သေမျိုးတိုင်းပြည်များအတွက် အန္တရာယ်ကို ရှင်းလင်းပေးခဲ့သောကြောင့် အော်ဟစ်အားပေးနေကြသည်။
"ဧကရီ ရှုံးနိမ့်သွားပြီ။ နတ်ဆိုးဘုရင်တွေလည်း သေကုန်ပြီ။ မြောက်ပိုင်းဖုန်းဆိုးမြေကတော့ သွားပြီ"
ကျန်ရစ်သော နတ်ဆိုးများသည် တုန်ရီနေကြပြီး အမြှီးကုပ်၍ ထွက်ပြေးသွားသော်လည်း ဓားပျံကိုယ်စီဖြင့် ဂိုဏ်းသားသုံးထောင်ကျော်သည် အလွတ်မပေးခဲ့ပေ။ ကြောက်လန့်နေသော နတ်ဆိုးများသည် အသူရာချောက်နက်အတွင်း အသတ်ခံနေရပြီး မိုးစက်ပြာတံခွန်အတွင်းရှိ ဝိညာဥ်များက ကျေနပ်စွာ စိုက်ကြည့်နေကြသည်။ ယနေ့တွင် ဆယ်ကျော်သက်လူငယ်တစ်ယောက်က သူတို့ကို လာရောက်ကယ်တင်ခဲ့ပြီး နင်ရန်သည်လည်း တောင်ထိပ်တစ်ခုတွင် ရပ်နေပြီး တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။ လနတ်သမီး၏အော်သံကို သူမပင် ကြားနေရပြီး ကျောက်ရန်ရန်၏ ဦးဆောင်မှုအောက်တွင် နတ်ဆိုးများ သတ်ဖြတ်ခံနေရသည်မှာ အမှန်တကယ် ချီးကျူးထိုက်ကြောင်း ဝန်ခံရပေလိမ့်မည်။
"ဒီလူငယ်လေးကို ဓားကောင်းကင်ဆီ ခေါ်သွားပြီး လေ့ကျင့်ပေးချင်တယ်ဆိုတာ ငါ ဝန်ခံရလိမ့်မယ်"
တစ်ဖက်လူမှာ မိုက်ရူးရဲဆန်ခြင်းမဟုတ်ဘဲ အမှန်တကယ် အစွမ်းထက်သောကြောင့် သူမအနေဖြင့် ကဲ့ရဲ့မိခြင်းအပေါ် အရှက်ရနေသည်။ သူမက အကြီးအကဲနှစ်ယောက်ရှေ့မှောက်တွင် ကဲ့ရဲ့ခဲ့သောကြောင့် ယွမ်ရှောင်ကို ကမ်းလှမ်းရန် စဥ်းစားမရဖြစ်နေသောကြောင့် ခေါင်းကိုက်နေခဲ့သည်။ သို့သော် သူမက အပြစ်ကင်းစင်သော ကျောက်ရန်ရန်ကိုမူ အမှားတစ်ခုဟု သတ်မှတ်ထားဆဲဖြစ်ကာ မြင်ပင်မမြင်လိုချေ။
"မင်းလုပ်စရာ ရှိတာလုပ်တော့"
"ပြဿနာ မရှိဘူး"
နတ်ဆိုးမြူအတွင်း၌ ယွမ်ရှောင်က အချက်ပြလိုက်သောအခါ သားရဲလေးသည် မြေခွေးခန္ဓာကိုယ်ပေါ်သို့ ခုန်ချလာခဲ့သည်။
"မလုပ်ပါနဲ့"
ယွမ်ရှောင်က သူမကို ချုပ်ကိုင်ထားစဥ် သားရဲလေး၏ရင်ဘတ်၌ ပါးစပ်ကြီးတစ်ခု ဖြစ်ပေါ်လာကာ ဦးနှောက်ကို ကိုက်ချလိုက်သောကြောင့် အော်သံမှာ တိခနဲ ရပ်တန့်သွားခဲ့သည်။
"အစ်ကိုကြီး မင်းတော့ ပွပြီ"
ကြယ်ပြာသည် လနတ်သမီး၏ခန္ဓာကိုယ်အား စိုက်ကြည့်ရင်း ရေရွတ်လိုက်သဖြင့် ယွမ်ရှောင်က အကြောင်းအရင်းကို စပ်စုလိုက်သည်။ ၎င်းမှာ ရှားပါးသော ရုပ်ခန္ဓာမိုးစက်ဖြစ်ပြီး အခြေခံအားဖြင့် အဆင့်မရှိဘဲ ဒန်တန်အပေါ် အကျိုးမသက်ရောက်သော်လည်း အလွန်အသုံးဝင်ကြောင်း ၎င်းက ရှင်းပြခဲ့၏။ ဤအင်မော်တယ်မိုးစက်ကို သန့်စင်လိုက်လျှင် သူ၏ဝိညာဥ်ခွဲထုတ်၍ ပေါင်းစပ်ပေးနိုင်ပြီး ကိုယ်ပွားတစ်ခု ဖြစ်တည်လာပေလိမ့်မည်။ ကိုယ်ပွားကို ထိန်းချုပ်ရသည်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ထိန်းချုပ်ရသကဲ့သို့ ချောမွေ့မည်ဖြစ်သော်လည်း ကိုယ်ပွားက ကိုယ်ပွားသာဖြစ်၍ အဓိကခန္ဓာသေဆုံးသွားလျှင် ပျောက်ကွယ်သွားပေလိမ့်မည်။ သို့သော် ကိုယ်ပွား သေဆုံးသွားလျှင် အဓိကရုပ်ခန္ဓာ၌ ပြဿနာ မရှိပေ။
"ဒီမိုးစက်အပြင် မြေခွေးမှာ ဘာပါရမီမှ မရှိဘူးလား"
ယွမ်ရှောင်က မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်လိုက်သည်။
"မင်းက ဒီမြေခွေးခန္ဓာကို အသုံးချပြီး နတ်ဆိုးလမ်းစဥ် ကျင့်ကြံနိုင်တယ်။ နတ်ဆိုးတွေနဲ့ လူသားတွေက ကွဲပြားပေမယ့် အမြှီးသုံးချောင်းနတ်ဆိုးခန္ဓာနဲ့ အစွမ်းထက်လာနိုင်တယ်။ ဒီမိုးစက်ရဲ့ ပါရမီက မင်းအောက် မနိမ့်ကျတဲ့အပြင် အနာဂတ်မှာ အခြားအင်မော်တယ်မိုးစက်တွေနဲ့ ပေါင်းစပ်နိုင်တယ်"
ကြယ်ပြာက ရှင်းပြလိုက်ပြီး နတ်ဆိုးကိုယ်ပွား ဖန်တီးရန်အတွက် ယွမ်ရှောင်၌ ပြဿနာမရှိချေ။ ဤကိုယ်ပွားဖြင့်ဆိုလျှင် သူက နတ်ဆိုးအဖွဲ့အစည်းအတွင်း သူလျှိုလုပ်နိုင်ပြီး ပေါ်တင်မလုပ်သင့်သော အရာများစွာကို စွမ်းဆောင်နိုင်ပေလိမ့်မည်။
"ဒါကြီးက အမဖြစ်နေတော့ ငါ့ကိုယ်ပွားအဖြစ် မသုံးချင်ဘူး"
ယွမ်ရှောင်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်ပြီး လနတ်သမီး၏ လူသားအသွင်ကို ပြန်တွေးကြည့်လိုက်သောအခါ မိန်းမတစ်ယောက်အဖြစ် ကိုယ်ပွားအား မဖန်တီးလိုချေ။
"အစ်ကိုကြီး မင်း အတော်တုံးတာပဲ။ မိန်းမကိုယ်ပွားနဲ့ဆိုရင် နို့ဆာနေမှာ မဟုတ်တော့ဘူး"
ကြယ်နီက တခွီးခွီးရယ်မောရင်း အဆက်မပြတ် တိုက်တွန်းနေခြင်း ဖြစ်သည်။
"မလုပ်ဘူး ညီကို။ ငါ့ဘဝမှာ အသက်သေရင်တောင် မိန်းမတစ်ယောက်အဖြစ်ကိုတော့ မပြောင်းလဲနိုင်ဘူး"
ယွမ်ရှောင်က ခါးခါးသီးသီး ငြင်းဆန်နေစဥ် ကြယ်ပြာသည် မြေခွေး၏ ပေါင်နှစ်ချောင်းကို ဆွဲမ၍ စစ်ဆေးနေကာ အလန့်တကြား အော်ဟစ်လိုက်သည်။
"လခွမ်းထဲမှ ဒါကြီးက အထီးကြီးဟ"
"ဘာ မဖြစ်နိုင်ဘူး"
ယွမ်ရှောင်သည် အနီးကပ်စစ်ဆေးလိုက်သောအခါ အမှန်တကယ် အထီးဖြစ်နေသောကြောင့် အာမေဋိတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
"ကောင်းကင်တာအိုရဲ့ ကြီးတော် တကယ်အထီးဟ"
သူက ကြောင်တောင်တောင်ဖြစ်သွားပြီး လနတ်သမီး၏ အသက်ရှူမှားလောက်သော အလှကို ပြန်လည်တွေးမိလိုက်သောအခါ ခေါင်းပင်ကိုက်သွားခဲ့သည်။ သို့သော် ထိုအရာ၏ရင်ဘတ်က ပြားကပ်နေကြောင်း ပြန်လည်စဥ်းစားလိုက်သောအခါ ခပ်ရေးရေး သတိရလာခဲ့သည်။ အကယ်၍ ဤမြေခွေးသာ အမဆိုလျှင် ကမ္ဘာပျက်လောက်အောင် လှပပေလိမ့်မည်။ အထီးဖြစ်နေသည့်တိုင်အောင် နတ်ဆိုးများစွာကို ဖြားယောင်း၍ မြောက်ပိုင်းဖုန်းဆိုးမြေ၏ နတ်ဆိုးဧကရာဇ် ဖြစ်လာသည် မဟုတ်ပါလော။
ယွမ်ရှောင်က ပြောစရာစကား ပျောက်ဆုံးနေပြီး အမှန်တကယ် နတ်ဆိုးဆန်လွန်းသော နည်းလမ်းကြောင့် လနတ်သမီး၏ အထီးဖြစ်တည်မှုနှင့် မိန်းမဆန်သော အလှအကြား ခွဲခြားမရ ဖြစ်နေသည်။
"ဘာဆင်ခြေမှမပေးနဲ့။ ဒါက အထီးဆိုတော့ သန့်စင်လိုက်။ မဟုတ်ရင် အချိန်ကြာတာနဲ့ ပုပ်သိုးသွားလိမ့်မယ်"
ကြယ်ပြာက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
"ကောင်းပြီ"
ယွမ်ရှောင်က အံကြိတ်လိုက်ပြီး ကိုယ်ပွားတစ်ခုရှိနေလျှင် အကျိုးကျေးဇူးများစွာ ရနိုင်ပြီး ဖန်ဆင်းရှင်အင်မော်တယ်၏ အကြွင်းအကျန်တစ်ခု ဖြစ်နေသောကြောင့် တွက်ကပ်မနေတော့ပေ။
"တော်သေးတာပေါ့။ ငါ့ကိုယ်ငါ ပြန်ကြည့်ပြီး ပေါက်ကရစိတ်တွေ ဖြစ်လာမှာ မဟုတ်တော့ဘူး"
ကြယ်ပြာ၏တိုက်တွန်းမှုက ကျိုးကြောင်းဆီလျော်သောကြောင့် သူက သက်ပြင်းတစ်ချက်ချ၍ ခေါင်းညိတ်လိုက်လေသည်။