← Chapters

ထာဝရ အပြစ်ခံစေ

Vol. 6 Ch. 72

ထာဝရ အပြစ်ခံစေ

Vol. 6 Ch. 72

ဓားသမားသုံးထောင်သည် ခေါင်းဆောင် အသတ်ခံလိုက်ရသောကြောင့် တကွဲတပြားဖြစ်နေသော နတ်ဆိုးများကို လိုက်လံသတ်ဖြတ်နေခဲ့သည်။ ချိုက်မြောင်ကဲ့သို့ နဂါးနွေဦးအဆင့် ကျင့်ကြံသူတစ်ယောက်ပင် တစ်ကိုယ်လုံး သွေးများရွှဲနစ်နေခဲ့သည်အထိ သတ်ဖြတ်ထား၏။ နတ်ဆိုးငယ်သုံးသောင်းကျော်မှာ အသိဉာဏ် နည်းပါးသောကြောင့် အလောင်းချင်းထပ်နေပြီး အစိမ်းရောင်တောင်တန်းများပင် အနီရောင် ပြောင်းလဲသွားခဲ့သည်။ သေမျိုးများအတွက် ကြောက်စရာကောင်းလွန်းသော ဤနတ်ဆိုးများသည် ဓားသမားများ၏ လက်ချက်ဖြင့် မျိုးတုံးလုနီးပါး ကိစ္စပြတ်ကုန်သည်။

"နတ်ဆိုးတွေကို အကုန်သတ်ကြ"

အသူရာဓားဂိုဏ်းသားများက တခဲနက်ကြွေးကျော်ရင်း ဒဏ်ရာများကို အမှုမထားဘဲ နတ်ဆိုးတစ်ကောင် သတ်ဖြတ်နိုင်လျှင် သေမျိုးများ အန္တရာယ်ပိုကင်းစေသည်ဟူသော စိတ်ထားဖြင့် တိုက်ခိုက်နေကြသည်။ ယွမ်ရှောင်၏အကူအညီဖြင့် သူတို့က မြောက်ပိုင်းဖုန်းဆိုးမြေကို အပြတ်ရှင်းရန် အခွင့်အရေးရလာသောအခါ နတ်ဆိုးတစ်ယောက်တလေပင် မကျန်ရစ်အောင် ကြိုးစားနေကြ၏။

"အောင်မြင်ပြီ"

နတ်ဆိုးအလောင်းပုံကြားတွင် အင်မော်တယ်မိုးစက်ကို သန့်စင်နေသော ယွမ်ရှောင်က မျက်လုံးကို ဖြတ်ခနဲ ဖွင့်လိုက်သောအခါ မြင်ကွင်းနှစ်ခု ပိုင်ဆိုင်လိုက်သည်။ မြေခွေး၏အမြင်တွင် သွေးများ စွန်းထင်းနေသည့် အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်ရှိနေပြီး အဓိကခန္ဓာ၏ မြင်ကွင်းအတွင်း ငွေရောင်ဆံပင်ရှည်များနှင့် မြူများ ရစ်သိုင်းနေသည့် မျက်လုံးအစုံပိုင်ရှင် နတ်ဆိုးကိုယ်ပွားအား မြင်နေရ၏။

"ဒါက အထီးဆိုတာ သေချာရဲ့လား"

သူက မရေမရာ ရေရွတ်လိုက်ပြီး အနီးကပ်စစ်ဆေးလိုက်သောအခါ ကိုယ်ပွားမှာ အလွန်တရာ ချောမောနေခဲ့သည်။

"ကိုယ်ပွားကို ထိန်းချုပ်ကြည့်လိုက်"

ကြယ်ပြာက ညွှန်ကြားလိုက်သောအခါ သူသည် အင်မော်တယ်၏ ရုပ်အလောင်းတွင် ပြန်လည်ဝင်စားခဲ့သော အချိန်အတိုင်း ခံစားလိုက်ရသည်။ သူ၏ကိုယ်ပွားက မိန်းမဆန်ဆန် ချောမောနေသော်လည်း ပေါင်ကြားအတွင်းရှိ မြွေနဂါးမှာ အရွယ်အစားကြီးမားကြောင်း ခံစားနိုင်ခဲ့သည်။ သူက လနတ်သမီး၏သရုပ်ကို ဆက်လက်အသုံးချရန် လိုအပ်နေပြီး နတ်ဆိုးများအတွင်း သူလျှိုလုပ်ရန် ဖြစ်၏။ သူက မြင်ကွင်းနှစ်ခုဖြင့် အသားမကျဖြစ်နေသော်လည်း ကိုယ်ပွားအား အသုံးပြုရန် လိုအပ်နေသည်။

"အသွင်ပြောင်းစမ်း"

သူ၏အတွေးတစ်ချက်တွင် ကိုယ်ပွားသည် အမြှီးသုံးချောင်းနှင့် ပန်းရောင်မြေခွေးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့သော် ခြေလက်လေးခုဖြင့် လမ်းလျှောက်ရန်က ခက်ခဲသောကြောင့် လူအသွင်ကိုသာ ပြန်လည်ပြောင်းလဲစေလိုက်၏။ သို့မဟုတ်ပါက မြေခွေးတစ်ကောင်က နောက်ခြေနှစ်ဖက်ဖြင့် မတ်တပ်ရပ်နေလျှင် နတ်ဆိုးများအကြား၌ ထူးဆန်းနေပေလိမ့်မည်။

"ငါက မြောက်ပိုင်းဖုန်းဆိုးမြေရဲ့ နတ်ဆိုးဧကရာဇ်ပဲ။ ငါ မသေဘူး"

သူက လနတ်သမီး၏အသံကို တုပ၍ လေ့ကျင့်နေစဥ် လနီသည် လျှာဖြင့် နတ်ဆိုးကိုယ်ပွား၏ ခန္ဓာကိုယ်အား ရစ်ပတ်နေသည်။

"ရပ်လိုက်စမ်း။ ဒီနတ်ဆိုးခန္ဓာကို စားဖို့ စဥ်းစားမနေနဲ့။ အစ်ကိုကြီးက မင်းအတွက် နတ်ဆိုးတွေ ရှာပေးလိမ့်မယ်"

"သိပါတယ်ဟ။ ငါက အစ်ကိုကြီးနောက်ကိုလိုက်ရင် နတ်ဆိုးရော လူသားရော စားနိုင်တာပဲ"

ကြယ်ပြာက ငေါက်ငမ်းလိုက်သောအခါ လနီက ခွန်းတုံ့ပြန်လိုက်ပြီး ယွမ်ရှောင်မှာ သားရဲလေးကို အင်္ကျီရင်ဘတ်အတွင်း ပြန်လည်သိမ်းဆည်းခဲ့သည်။ ထို့နောက် နတ်ဆိုးကိုယ်ပွားသည် မြူခိုးတစ်ခုအလား အသူရာချောက်နက်အတွင်းမှ ထွက်ခွာသွားကာ မဟာဖုန်းဆိုး​မြေထံ ဦးတည်ပျံသွားခဲ့သည်။ အသူရာဓားဂိုဏ်းသားများသည် လနတ်သမီးကို ယွမ်ရှောင်က သတ်လိုက်ပြီဟု ယုံကြည်ထားသောကြောင့် မည်သူမှ သတိမထားမိလိုက်ချေ။ ဤလျှို့ဝှက်ချက်ကို ဖုံးကွယ်ထားရန် လိုအပ်ပြီး ဖန်ဆင်းရှင်အင်မော်တယ်ဖြစ်စေ၊ နတ်ဆိုးကိုယ်ပွားဖြစ်စေ တိမ်တိုင်းပြည်ဘုရင်၏ စိတ်ထားနှင့် ဝိညာဥ်က ပိုင်ဆိုင်လေသည်။

ယွမ်ရှောင်သည် ကိုယ်ပွားဖန်တီးနေစဥ် မြောက်ပိုင်းဖုန်းဆိုးမြေနှင့် အသူရာဓားဂိုဏ်း၏ စစ်ပွဲပြီးဆုံးသွားကာ ကျောက်ရန်ရန်နှင့် ဂိုဏ်းသားများက မိုးစက်ပြာတံခွန်ထံ ရောက်ရှိလာကြ၏။ ထိုအချိန်၌ နတ်ဆိုးသွေးများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အနီရောင်ပြောင်းလဲနေကာ ကောင်းကင်၌ ညအချိန် ကုန်ဆုံးသွားသဖြင့် အရုဏ်ဦး နေရောင်ခြည် ဖြာကျနေသည်။

"ငါတို့နိုင်ပြီ"

သုံးနှစ်ကြာအောင် အောင့်အီးထားခဲ့ရသော ဂိုဏ်းသားများထံမှ ပြိုင်တူကြွေးကျော်သံက ထွက်ပေါ်လာခဲ့သည်။

"အသူရာဓားဂိုဏ်းကို မြောက်ပိုင်းဖုန်းဆိုးမြေက မတားဆီးနိုင်တော့ဘူး။ ငါတို့ကြောင့် ဘိုးဘေးတွေ ဂုဏ်ယူရလိမ့်မယ်"

"ယွမ်ရှောင်ဆိုတဲ့အမည်က ခေတ်ပေါင်းများစွာ မှတ်တမ်းတင်ထားခံရလိမ့်မယ်။ ငါတို့ဂိုဏ်းအကြောင်းလည်း နှစ်ပေါင်းများစွာ ကျော်ကြားလိမ့်မယ်"

ချန်တုန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

"ဒီသုံးနှစ်အတွင်း နတ်ဆိုးတွေက သေမျိုးတိုင်းပြည်တွေအတွက် အန္တရာယ်ကြီး ဖြစ်ခဲ့တယ်။ ငါတို့ဂိုဏ်းချုပ်ကိုလည်း ထိခိုက်စေခဲ့တယ်။ ဒီနေရာမှာ ငါတို့က ဂိုဏ်းအတွက် လက်စားချေခဲ့ပြီး လူသားမျိုးနွယ်အတွက် စွမ်းဆောင်ရည် ပြပေးနိုင်ခဲ့တယ်"

လီချန်လုံ၏ မျက်ဝန်းအတွင်း ဝမ်းသာလွန်းသဖြင့် မျက်ရည်စို့နေသည်။ သူတို့က နတ်ဆိုးသောင်းချီနှင့် တိုက်ခိုက်ခဲ့ပြီး အသက်နှင့်ရင်းကာ ဂိုဏ်းကို ဂုဏ်တက်စေခဲ့၏။

"ဓားအိမ်တော်ရဲ့ တပည့်ခုနစ်ယောက်ကို ဂိုဏ်းဆီ ပြန်ခေါ်ကြမယ်"

ထိုအချိန်၌ ဂိုဏ်းသားအားလုံး၏ မျက်လုံးက မိုးစက်ပြာတံခွန်ထံ စုဝေးနေပြီး ဝိညာဥ်များ၏ ဆရာတူညီမဖြစ်သော ကျောက်ရန်ရန်က ၎င်းရှေ့မှောက်တွင် ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။

"ဆရာတူအစ်ကိုအမတို့ နင်တို့ကို ငါက အိမ်ပြန်ခေါ်သွားမယ်"

ဤစကားလုံးများက ရိုးရှင်းသော်လည်း ပြောနိုင်ရန်အတွက် သုံးနှစ်ကြာ စောင့်ဆိုင်းခဲ့ရသည်။ သူမက ပေဝက်ခန့်အရွယ်ရှိ သစ်သားခေါင်းတလားငယ်တစ်ခုကို ထုတ်ယူလိုက်သောအခါ တံခွန်အတွင်းရှိ ဝိညာဥ်ခုနစ်ခုသည် ပျော်ရွှင်စွာ ဆင်းသက်လာကြ၏။ သူတို့က ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းအတွင်း ဝင်ရောက်နိုင်ပြီဖြစ်သောကြောင့် ငြိမ်းချမ်းစွာ အနားယူနိုင်ပေလိမ့်မည်။

"အစ်ကိုကြီး"

"အဖေ အိမ်ပြန်ကြရအောင်"

ချိုက်မြောင်နှင့် ချင်တုန်က ဒူးထောက်ရင်း အရိုအသေပေးကာ ဝမ်းသာမျက်ရည်များ ကျဆင်းလာသည်။ ကျောက်ရန်ရန်က သစ်သားခေါင်းတလားငယ်ကို သိမ်းဆည်းလိုက်သောအခါ မြေပြင်တွင် လဲကျနေသည့် ရဲတန်းစီနှင့် အပေါင်းအပါများ၏ မျက်နှာများ အရောင်အဆင်း ကင်းမဲ့နေသည်။ သူတို့၏မျက်လုံးများက ကြောက်ရွံ့နေပြီး အထူးသဖြင့် ဒန်တန်ဖျက်ဆီးခံထားရသော ရဲတန်းစီပင် ဖြစ်၏။ ကျန်းရယ်မှာလည်း မည်သို့ပြစ်ဒဏ်ခံရနိုင်ကြောင်း စဥ်းစားမရသဖြင့် တစ်ကိုယ်လုံး ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

ထိုအချိန်၌ အဖြူရောင် ပုံရိပ်တစ်ခုက သူတို့၏မြင်ကွင်းအတွင်း ရောက်လာသောကြောင့် ကျောစိမ့်သွားကာ တောင်းပန်လိုသော်လည်း အများစုမှာ လျှာဖြတ်ခံထားရသောကြောင့် တိတ်ဆိတ်နေကြသည်။

"ဂိုဏ်းသားအချင်းချင်း ချမ်းသာပေးပါ"

ရဲတန်းစီက အားတင်း၍ တောင်းပန်လိုက်သော်လည်း ယွမ်ရှောင်က အေးစက်စက် ရယ်မောနေခဲ့သည်။

"ရဲတန်းစီ အခုမှ ကြောက်တတ်နေပြီလား။ လွန်ခဲ့တဲ့သုံးနှစ်ကရော၊ သုံးရက်ကရော မင်းက နတ်ဆိုးတွေနဲ့ ပူးပေါင်းပြီး ဂိုဏ်းသားအချင်းချင်း လုပ်ကြံခဲ့တယ်။ မင်းရဲ့သေခြင်းက သူရဲကောင်းတွေအတွက် ယဇ်ပူဇော်ဖို့ မထိုက်တန်မှာတောင် စိုးရိမ်ရတယ်။ သေမျိုးတိုင်းပြည်တွေကရော မင်းကို ယုံကြည်ခဲ့တယ်မလား"

သူက သံကြိုးဖြင့် ရဲတန်းစီ၏လည်ပင်းကို ရစ်ပတ်ကာ ဆောင့်ဆွဲလိုက်သောကြောင့် တစ်ကိုယ်လုံး တွန့်လိမ်သွားခဲ့၏။

"အား အား"

ယွမ်ရှောင်က သူ့ကို မိုးစက်ပြာတံခွန်ထံ ဆွဲခေါ်လာပြီး နတ်ဆိုးဘုရင်များ၏ ဝိညာဥ်ဆယ်ခုကို ထုတ်ယူရန် လီချန်လုံအား အမိန့်ပေးလိုက်သည်။ ထို့နောက် လနတ်သမီး၏ ဝိညာဥ်နှင့်အတူ ၎င်းတို့ကို မိုးစက်ပြာတံခွန်အတွင်း ထည့်သွင်းဖမ်းချုပ်လိုက်သည်။

"ရဲတန်းစီ မင်းက နတ်ဆိုးတွေနဲ့ ပူးပေါင်းရတာ ကြိုက်တယ်မလား။ တစ်သက်လုံး တူတူနေခိုင်းလိုက်မယ်"

ယွမ်ရှောင်က ရဲတန်းစီကို ဓားဖြင့် ရှစ်ပိုင်းခုတ်ထစ်လိုက်သော မြင်ကွင်းကြောင့် ရဲမျိုးနွယ်ဝင်များမှာ ပြိုင်တူအော်ဟစ်လိုက်မိသည်။ ထို့နောက် သူက မိုးစက်ပြာတံခွန်အတွင်း ရဲတန်းစီ၏ဝိညာဥ်ကို ထည့်သွင်းလိုက်ရာ အော်သံနက်ကြီးများ ထွက်ပေါ်လာခဲ့သည်။

"ဒီလောက်နဲ့ မင်းအပြစ်က မကျေသေးဘူး။ ငါ့ဆရာတူအစ်ကိုအမတွေက သုံးနှစ်လုံးလုံး နှိပ်စက်ခံခဲ့ရတယ်။ မင်းကတော့ ဝိညာဥ် ပျောက်ကွယ်မသွားမချင်း ထာဝရ အကျဥ်းခံရမယ်။ ဂိုဏ်းကို ပြန်ရောက်ရင် ဒီတံခွန်ကို အသူရာဆေးအိုးထဲမှာ နေ့ရောညပါ မီးတိုက်ပစ်မယ်။ မင်းရဲ့ဝိညာဥ်က နတ်ဆိုးဝိညာဥ်တွေနဲ့အတူ ထာဝရ လောင်ကျွမ်းလိုက်စမ်း"

ယွမ်ရှောင်၏ စကားကြောင့် ကျန်းရယ်၊ ရောင်မန်ရှယ်၊ ကျန်းကျန့်နှင့် ရဲမျိုးနွယ်ဝင်အားလုံးမှာ မြေပြင်တွင် လဲကျနေရင်း ကြောက်လွန်းသဖြင့် တဆတ်ဆတ် တုန်ယင်နေကြလေသည်။

All Chapters