← Chapters

နတ်ဘုရားရဲ့ စိုးမိုးမှု

Vol. 18 Ch. 257

နတ်ဘုရားရဲ့ စိုးမိုးမှု

Vol. 18 Ch. 257

Child of light (ကျန်းကုန်း)

Volume 10: Chapter 4 - God’s Emissary

“သူတို့လဲ နတ်ဘုရား အမွေ ရခဲ့သေးတာလား”

ကျုပ် ခေါင်းပဲညိတ်ပြလိုက်တယ်။

ရှန့်ယွင် သက်ပြင်းချပြီး..

“မင်းတာဝန်က တော်တော် အရေးကြီးတယ်ကွ။ ကြိုးစားကွာ။ မင်းကို အဖေနဲ့တွေ့ဖို့ ဘယ်တော့ ခေါ်သွားပေးရမလဲ”

ကျုပ်တို့ နောက်ကျောကနေ အသံတစ်ခု ထွက်လာတယ်..

“အခုပဲ သွားရအောင်ကွာ။ ငါပြန်ရောက်ပြီဆိုတော့ အနည်းဆုံး အဲ့အဘိုးကြီးနဲ့ သွားတွေ့မှ ရမှာကွ”

လှည့်ကြည့်လိုက်တော့ အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေဗျ။

“အစ်ကို(၂) အစ်ကိုကြီးက ဘယ်မှာလဲ..”

“ငါတို့ အစ်ကိုကြီးက ရှေ့တန်းမှာ အသင့်စောင့်နေတယ်ကွ။ ရှေ့တန်းမှာ တစ်ယောက်ရှိမှ ရမယ်ဆိုတော့ ငါတို့ (၂)ယောက် တစ်ပြိုုင်တည်း ပြန်လာလို့မရဘူးလေကွာ”

“ကဲ ငါတို့တွေ အဖေ့ကို သွားတွေ့ရအောင်။ ကျန်းကုန်း မင်းလဲ တွေ့သင့်တယ်။ မင်းသမီးတော့ ဒီမှာပဲ နေခဲ့လိုက်ပေါ့။ အစ်ကို(၂) ကျန်းကုန်း မင်းကို အကုန်ပြောပြီးပြီ မို့လား”

“သူပြောတယ်ကွ။ အဖေ့ ဒေါသ သိတယ်မို့လား။ အောင်မြင်မလား မအောင်မြင်မလားဆိုတာ မင်းအပေါ်ပဲ မူတည်တယ်။ ငါတော့ မင်းကို ကူညီဖို့ အစွမ်းကုန် ကြိုးစားပေးမယ်။ မင်းရဲ့ နတ်ဘုရား အမွေခံ အထောက်အထားနဲ့ဆို စည်းရုံးနိုင်မယ် ထင်တာပဲ..”

ကျုပ် မူကျီကို..

“မင်းသမီး တခြားညီအစ်ကိုတွေနဲ့ နေခဲ့ဖို့ မင်းသမီးနဲ့ အစ်ကိုခယ်ကို ဒုက္ခပေးရတော့မယ်။ မင်းသားနဲ့ သွားတွေ့လိုက်အုံးမယ်။ သူသာကူညီမယ်ဆိုရင် ငါ့တာဝန် အောင်မြင်ဖို့ မျှော်လင့်ချက်တွေ ရှိလာမှာ”

မူကျီ အသာတကျီပဲ ခေါင်းညိတ်ပြီး..

“ဘာလုပ်လုပ် သတိနဲ့လုပ်ပြီး မြန်မြန် ပြန်လာခဲ့..”

ခင်ပွန်းတစ်ယောက်ကို မှာသလိုမှာနေတော့ မထူးခြားဘူးထင်ရတဲ့ ခယ်လွင်သောင်ကို ကြည့်လိုက်မိသေးတယ်။ ပြီးတော့ ကျုပ်ခေါင်းညိတ် လှည့်ထွက်ပြီး ရှန့်ယွင်၊ ကျန်းဟူတို့နဲ့ အတူ ထွက်လာခဲ့လိုက်တယ်။

ခြံထဲကထွက်လာပြီး..

“မင်းသားက ခြံဝန်းကို ပြန်မလာဘူးလား..”

ရှန့်ယွင် သက်ပြင်းချပြီး..

“လက်ရှိအခြေအနေ ဒီလောက်တင်းမာနေတာဆိုတော့ ဘယ်ပြန်လာနိုင်အုံးမှာလဲကွာ။ သူက အမြဲ စောင့်ကြည့်နေရတယ်လေ။ စိတ်မပူနဲ့ ငါ့အဖေ အနားယူနဲ့ နေရာရှိတယ်။ သူနဲ့တွေ့ရအောင် သွားကြစို့”

ကျုပ်လဲ ပြုံးရင်းနဲ့..

“ဘာလို့ စိတ်ပူရမျာတုန်း။ အခု ဘယ်သူက ငါ့ကို မှတ်မိမှာမို့လဲ..”

“အမှန်ပဲကွ။ အစ်ကို(၂) ဒီမှာ ကျန်းကုန်အတွက် သမားတော် ကောင်းကောင်း မရှိဘူးလား။ အဲ့ အမာရွတ်တွေ တော်တော် ဆိုးလို့ပါကွာ..”

ရှန့်ယွင် ပြန်မဖြေခင်ပဲ ကျုပ် ကြားဖြတ်ပြီး..

“ဒါတွေ မလိုပါဘူးကွာ။ အဓိက ပြဿနာကို အရင် ဖြေရှင်းကြတာပေါ့..”

ရှန့်ယွင်ကတော့ ကျန်းဟူကို တစ်ချက်ကြည့်ပြီး..

“မနက်ဖြန် သမားတော် ရှာလိုက်မယ်။ နိုင်ငံတော်က အကောင်းဆုံး သမားတော် (၃)ယောက် ဒီမှာစုနေကြတယ်ကွ”

ကျုပ် ဘာမှပြောမရတဲ့အတူတူ ပြုံးသာနေလိုက်ရတယ်။

စစ်သူကြီးနေရာကို သွားတဲ့လမ်းမှာ လျှပ်စီးခံတပ်မှာ စစ်သားတွေ မှော်ဆရာတွေနဲ့တင် ပြည့်နေတာမဟုတ်ဘူးဆိုတာ တွေ့လိုက်ရတယ်။ ပုံသဏ္ဍာန် မျိုးစုံနဲ့ ဈေးရောင်းသူတွေလဲ ရှိနေကြတယ်။ အများစုကတော့ စားစရာတွေ၊ ချပ်ဝတ်တန်ဆာတွေ၊ လက်နက်တွေ ရောင်းနေကြတော့ အံ့ဩတကြီးနဲ့ပဲ..

“အစ်ကိုကြီး ရှန့်ယွင်.. ဒီမှာ ဟိုလူတွေ လာလို့ လက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေ ရောင်းနေကြတာလဲ။ စီးပွားရေး လုပ်လို့ ရနေတယ်ပေါ့။

“အမှန်ပဲကွ။ သူတို့အတွက် အကျိုးရှိတယ်လေကွာ။ ဘယ်သူကရော အမြတ်နည်းနည်းနဲ့ စီးပွားရေး လုပ်ချင်မှာလဲ။ ငါတို့တွေ နောက်ဆုံး တိုက်ပွဲဝင်ခဲ့တာဖြင့် နှစ်ပေါင်း ရာကျော်သွားပြီးဆိုတာ မင်းလဲသိသားပဲ။ ရာဂဏန်းလောက်ပဲရှိတဲ့ ငြိမ်းချမ်းရေးကာလမှာ နိုင်ငံ(၃)ခုရဲ့ တိုက်ပွဲဝင်စွမ်းအားနဲ့ စစ်ထောက်ပံ့ရေး၊ အရံရိက္ခာတွေ တော်တော် အားနည်းသွားတယ်လေ။ ဈေးကွက်တစ်ခု ထူထောင်ပြီးပြီ ဆိုတာနဲ့ စားသုံးသူအနေနဲ့ ဝယ်ယူသုံးဆွဲဖို့ကလွဲလို့ ဘာများရွေးစရာရှိအုံးမျာလဲ။ အခုဆို မှော်သလင်းကျောက်တွေ၊ လေးနဲ့မြှားတွေ အဝယ်အများဆုံးပဲ။ ငါတို့ (၃)နိုင်ငံရဲ့ တိုက်ခိုက်ရေးစွမ်းအားက နတ်ဆိုးနဲ့ သားရဲမဟာမိတ်တွေထက် အများကြီး အားနည်းတယ်ကွ။ လျှပ်စီးခံတပ် ကြောင့်သာမဟုတ်ရင် အရှေ့ဘက်တိုက်ကြီး တစ်ခုလုံး ရန်သူ လက်ထဲရောက်နေတာ ကြာပေါ့။ အဲဒါကိုက သူတို့နဲ့ စေ့စပ် ညှိနှိုင်းဖို့ ကြိုးစားတဲ့အချိန် မင်းကို ကူညီရတဲ့ အဓိက အကြောင်းပြချက်ထဲက တစ်ခုပဲလေ”

ဒီလောက် အခြေအနေဆိုးတွေ မြင်နေရတော့ စေ့စပ်ညှိနှိုင်းဖို့ ဆုံးဖြတ်ချက်တွေ ပိုပို ခိုင်မာလာတယ်။

“ဟိုတပ်ခွဲကို ကြည့်လိုက်..”

ရှန့်ယွင် ပြတဲ့ အတိုင်းကြည့်လိုက်ပြီး မင်းသားရဲ့ တပ်ခွဲ ဟုတ်မဟုတ် တွေးနေမိတော့တယ်။ အရိုးရှင်းဆုံး ရဲတိုက် တစ်ခုလိုပဲ။ မင်းသား အိမ်တော်နဲ့ ယှဉ်ကြည့်လိုက်ရင် မိုးနဲ့ မြေလိုပဲ။

မင်းသား တပ်ခွဲကို နတ်ဆိုးမြို့တော်က တော်ဝင်နန်းတော်လို့ လုပ်ထားတာ။ မင်းသားရဲ့ ရုံးခန်းက အတွင်းနန်းတော် ဆိုရင် လျှပ်စီးခံတပ်က အပြင်နန်းတော်လိုပဲ။ မင်းသားရဲ့ တပ်ခွဲက တံတိုင်း အမြင့်ကြီးတွေနဲ့ ကာထားတဲ့အပြင် လက်နက်ကိုင်အဖွဲ့တွေ အများကြီးနဲ့ ကာကွယ်ထားသေးတယ်။ အတွင်းပိုင်းကို မမြင်ရသေးပေမယ့် ဗိသုကာကတော့ တော်တော်ကို ကြီးကျယ် ခမ်းနားမှာပဲလို့ တွေးကြည့်လို့ရတယ်။

ကျုပ် အတွေးနွံထဲ မျောနေတာမြင်တော့ ရှန့်ယွင် ခပ်ပြုံးပြုံးနဲ့..

“မင်း အံ့ဩနေတာ မို့လား။ ငါလဲ စရောက်တုန်းက အံ့ဩသွားတာပဲ။ နောက်မှ ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ထားတယ်ဆိုတာ ငါသိလိုက်ရတာကွ။ လျှပ်စီးခံတပ်ကို ကျော်ဖြတ်လာနိုင်မယ်ဆိုရင်တောင် မင်းသားတပ်ဖွဲ့နဲ့ အချိန် တော်တော်ကြာတဲ့အထိ ထိန်းထားနိုင်လိမ့်မယ်။ လျှပ်စီးခံတပ်ရဲ့ တည်ဆောက်ပုံက အရမ်းစေ့စပ်သေချာတယ်ကွ။ နောက်နောင်ဆိုရင်တော့ လျှပ်စီးခံတပ်က မခံနိုင်တော့ဘူးဆိုတာ မင်းတွေ့ရလိမ့်မယ်။ ဘာလို့လဲ သိလား..”

အစပိုင်း အံ့ဩသွားပေမယ့် နောက်တော့ အတွေးတွေ ပြောင်းသွားတယ်။ ခနအတွင်းမှာပဲ အဓိက အကြောင်းအရင်းကို နားလည်သွားမိတယ်။

“နတ်ဆိုးနဲ့ သားရဲတွေ သိမ်းပိုက်သွားနိုင်ချေ ရှိနေလို့မို့လား”

“မှန်တယ်။ ငါတို့မှာသာ မှော်သလင်းကျောက်တွေ အများကြီး ရှိမယ်ဆိုရင် နတ်ဆိုးနဲ့ သားရဲတွေ ဘယ်လောက် များများ ကြောက်စရာမလိုဘူးကွ။ ဒါပေမယ့် အခုတော့ မတတ်နိုင်သေးဘူးလေ။ အရှေ့ဘက် တိုက်ကြီး တစ်ခုလုံးမှာ ဈေးကြီးကြီး ပေးဝယ်ရင်တောင် လျှပ်စီးခံတပ်တဲ့ လိုအပ်ချက်ကို ဖြည့်ပေးနိုင်မှာ မဟုတ်ဘူး”

ကျုပ် အတော်စိုးရိမ်သွားမိတယ်။ ဘာလို့များ မှော်သလင်းကျောက် ဝယ်လိုအား ဒီလောက်ရှိမှန်း မသိခဲ့ဘူးလေ။ မှော်သလင်းကျောက်တွေ အများကြီး ရှိနေပေမယ့် စေ့စပ် ညှိနှိုင်းရေးအတွက် ထုတ်ပေးလို့ မဖြစ်သေးဘူး။ တော်ကြာ လူသားမျိုးနွယ် အားကောင်းပြီး နတ်ဆိုးမျိုးနွယ်နဲ့ ညှိနှိုင်းဖို့ ဘယ်သူက သဘောတူတော့မှာလဲ။

စကားပြောရင်း ပြောရင်းနဲ့ ကျုံးပေါ်တောင် ရောက်လာပြီ။ တံတားပေါ်ရောက်တော့ အနားက စစ်သားတွေက..

“သခင် ရှန့်ယွင်ကို နှုတ်ဆက်ပါတယ်”

စစ်သူကြီးတစ်ယောက်ရဲ့ အရှိန်အဝါတွေ ရှန့်ယွင် ခန္ဓာကိုယ်ထဲကနေ အလိုလို ဖြာထွက်လာတယ်။

“အင်း..”

တစ်လုံးပဲ ပြန်ပြောရင်း ကျုပ်တို့ကို တပ်ခွဲထဲ ခေါ်လာခဲ့လိုက်တယ်။

စိတ်ထဲမှာ ကြိုပြင်ထားပေမယ့် တပ်မှူးရဲ့ တပ်ခွဲထဲရောက်တာနဲ့ လန့်နေမိတုန်းပဲ။ အတွင်းခန်းမှာ အထပ် အထပ်တွေနဲ့ ပြည့်နေတယ်။ အားလုံးကိုလဲ တော်တော်ကို လေးမယ့် ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထား တာဗျ။ ခံစစ်အတွက် တော်တော်ကို ပြီးပြည့်စုံတယ်။

ရှန့်ယွင် အလယ်ဗဟိုက ကျောက်တုံးကြီးကို ပြပြီး..

“ဒီနေရာကမှ တပ်ခွဲမှူးရဲ့ နေရာကွ။ အရေးကြီးတဲ့ ဆွေးနွေးပွဲတွေဆို အဲ့ကျောက်တုံး အခန်းထဲမှာပဲ လုပ်နေကျပေါ့”

မင်းသား အနားယူတဲ့ ဝင်ပေါက်မှာ စစ်သား (၈)ယောက် စောင့်နေတယ်။ ရှန့်ယွင်ဦးဆောင်ပြီး..

“ငါ့ အဖေရှိလား..”

အစောင့် ခေါင်းဆောင်က..

“မင်းသားနဲ့ အရှင်လွင်ယွင် အထဲမှာ ရှိပါတယ်”

ကျန်းဟူ အံ့ဩတကြီးနဲ့..

“အစ်ကိုကြီးလဲ ရှိနေတယ်ဆိုတော့ ကောင်းတာပေါ့။ အမြန် ဝင်ရအောင်..”

ပြောရင်းနဲ့ ရှေ့က ဦးဆောင် ဝင်သွားပါလေရော။ ကျုပ်နဲ့ ရှန့်ယွင် နောက်ကလိုက်တော့ အစောင့်တွေ မတားဘူးဗျ။

ရှန့်ယွင် ကျုပ်ကို ဆွဲခေါ်ရင်း..

“ဝင်ကြမယ်။ မင်း အစ်ကိုကြီးကို ကြည့်လိုက်အုံး။ ဒီအရွယ်ရောက်တာတောင် ကလေးလေးလိုပဲ”

ကျောက်အခန်းကြီးကို ထူးထူးခြားခြား ပြင်ဆင်ထားတာ မရှိပေမယ့် တော်တော်လေး စနစ်တကျ တည်ဆောက်ထားတာပဲ။ အခန်းထဲမှာ ကုတင်ကြိး တစ်လုံး၊ စာကြည့်စားပွဲနဲ့ ထိုင်ခုံ နည်းနည်း ရျိတယ်။ နံရံပေါ်မှာလဲ (၄)မီတာလောက်ရှည်တဲ့ နဂါးသေနတ်တစ်လက် ခပ်စောင်းစောင်း ချိတ်ထားတယ်။ အစ်ကိုကြီး ကျန်းဟူရဲ့ အရပ်နဲ့ဆိုတော့ ကျုပ်မျက်စိရှေ့က ကွယ်ပြီး မင်းသား ရုပ်ကို မမြင်နိုင်တော့ဘူး။

ဒါပေမယ့် သူ့ဘေးနားမှာ အရပ်ရှည်ရှည် ခပ်တောင့်တောင့်နဲ့ တစ်ယောက်ရှိနေတာ သတိထားမိလိုက်တယ်။ ထင်မထားဘဲ အရပ်(၂)မီတာလောက် ရှည်တဲ့ အဲ့လူက အစ်ကိုကြီး ကျန်းဟူထက်တောင် ရက်စက်မယ့်ပုံ ပေါ်နေသေးတယ်။ သူ့ပုခုံးတွေ ခပ်ကျယ်ကျယ်၊ ခပ်တောင့်တောင့်ပဲဗျ။ အနက်ရောင် ချပ်ဝတ် ဝတ်ထားပြီး၊ ဓားရှည်တစ်ချောင်း ခါးမှာ ချိတ်ထားတယ်။ နှာခေါင်းက ဖြောင့်စင်းပြီး မေးရိုး(၂)ထပ်နဲ့ အားကောင်းမယ့် ပုံပဲ။

စစ်မြေပြင်မှာ ရဲစွမ်းသတ္တိနဲ့ ပြည့်တဲ့ ဗိုလ်ချုပ်တစ်ယောက် ဖြစ်ရမယ်ဆိုတာ အလိုလို သိလိုက်တယ်။ သူ့ပုံစံအရ ကိုပဲ မိတ်ဆက်ပေးစရာမလိုအောင် သိနေရတယ်။ ကျန်းဟူရဲ့ အကြီးဆုံး အစ်ကိုကြီး လွင်ယွင် ပဲ ဖြစ်ရမှာပေါ့။

============= (*^*)=============

အပိုင်း( ၂၅၈ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters