← Chapters

အမှောင် ပေါင်းစပ်ခြင်း

Vol. 18 Ch. 263

အမှောင် ပေါင်းစပ်ခြင်း

Vol. 18 Ch. 263

Child of light (ကျန်းကုန်း)

Volume 10: Chapter 10 - Dark Fusion

ကျုပ်လဲ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ် ပြန်ကြည့်ပြီး..

“အစ်ကိုကြီး ရှို့စစ် ဒါကိုက မိုးနဲ့မြေ ကွာသွားသလို တော်တော် ကောင်းနေပါပြီ”

ရှို့စစ် သက်ပြင်းချပြီး..

“မင်း အရေပြားပေါ်က အဆိပ်တွေရှင်းဖို့ ကောင်းကင်နတ်ဘုရား ဦးချိုကို ငါအသက်သွင်းလိုက်တယ်။ အမှောင်ဒြပ်စင် ချိုးတွေ အရမ်းဆိုးနေပြီ ဆိုပေမယ့် ဦးချိုအစွမ်းနဲ့ အရေပြားပေါ်က အမာရွတ်တွေတော့ ဖယ်ပေးနိုင်လိုက်တယ်။ အား…... မင်းကို ကုဖို့ ငါ့စွမ်းအားတွေ မလုံလောက်ဘူးလေ။ မှန်ထဲ ကြည့်လိုက်အုံး”

စကားဆုံးတာနဲ့ ခေါင်းငုံ့နေလေရဲ့။

သူ့စကားက တစ်ခုခုမှားနေသလို ခံစားလိုက်ရတယ်။ ကျုပ်လဲ ဖြတ်ကနဲ ထရပ်ပြီး မှန်ထဲ ကြည့် ကြည့်လိုက်မိတယ်။ ကျုပ် ရုပ်ကို ကျုပ်ကြည့်ပြီး ဝမ်းနည်းတကြီး ထအော်လိုက်မိတယ်။ ဘာလဲကွာ။ ငါဘယ်ဘဝ ကြီးများ ရောက်နေပါလိမ့်။

ကျုပ်ပုံစံက အရင်ကနဲ့ သိပ်ပြောင်းမသွားဘူး။ ဒဏ်ရာတွေ ပျောက်သွားတာပဲ ရှိတာ။ ဒါပေမယ့် နက်ရှိုင်းလွန်းတဲ့ အမာရွတ်တွေ ကျုပ်မျက်နှာမှာ ရှိနေတုန်းပဲ။ မှလဲ လက်ကလွတ်ပြီး ကြမ်းပြင်ပေါ် ကျသွားတော့ အသံတစ်ခုထွက်လာတယ်။

“အစ်ကိုကြီး ရှို့စစ်၊ ငါ့မှာ ပြန်ကောင်းလာဖို့ အခွင့်အရေး ရှိနိုင်သေးလား”

“ငါ့စွမ်းအားတွေ မင်းခန္ဓာကိုယ်ထဲက အမှောင်အဆိပ်တွေကို တစ်ချက်တည်း ထုတ်ပစ်ဖို့ မလုံလောက်တဲ့အတွက် အမှောင်စွမ်းအားတွေ မင်းခန္ဓာကိုယ်နဲ့ ပေါင်းစည်းသွားပြီ။ မင်းအရေပြားတွေ မပြောင်းဘဲနဲ့ ဒဏ်ရာတွေ ကုဖို့ တခြားနည်းလမ်းမရှိတော့ဘူး။ ဘာလို့ ပြောရလဲဆိုရင် ငါ့စွမ်းအား ပြန်လည် စုစည်းအား အလျှင်မမှီလို့ကွ။ ညီလေး.. ညီလေး.. ငါ့ညီလေး အရမ်းသနားဖို့ ကောင်းနေပြီကွာ..”

ကျုပ် ရှို့စစ်နားထိုင်ပြီး သူ့ပုခုံးတွေကို ပုတ်ပေးပြီး..

“မင်း အကောင်းဆုံး လုပ်ထားပြီးပြီပဲ။ မင်း မကုခင်ကထက် ပိုကောင်းနေပါပြီကွာ။ အစ်ကိုကြီး ရှို့စစ် မင်းကို ငါအပြစ်မတင်ချင်ပါဘူး။ ငါ့ဘဝကို ခါးသီးလွန်းလို့ လို့ပဲ ပြောရတော့မှာ”

အဲ့အချိန် အခန်းအပြင်ဘက်က ရုန်းရင်းဆန်ခတ်တစ်ခု ဖြစ်သွားတယ်။ ကျုပ်အော်သံကြောင့် ဖြစ်လောက်တယ်။ ဖြစ်သမျှ ရင်ဆိုင်ဖို့ပဲပေါ့။ အဝတ်အစားဝတ်ပြီး အခန်းတံခါး ဖွင့်လိုက်တယ်။ တံခါးအပြင်ဘက်မှာ စုနေတဲ့ လူတွေက အများကြီးပဲ။ အစ်ကိုကြီး ကျန်းဟူ၊ တုန်းရီ၊ ကောင်းသဲ၊ ရှင်းအောင်း၊ ကျန်းရှန်နဲ့ ခယ်လွင်သောင်တို့တွေ အခန်းလေးဘက် မျှော်ကြည့်ရင်း စုနေကြတာ။

အခန်းထဲက ပြေးထွက်လာတော့ ရုပ်ရုပ် ပြောင်းလဲမသွားဘူးဆိုတာ အားလုံးမြင်တဲ့အချိန် မူကျီ ရင်မောပြီး မျက်နှာြဖူလျော်သွားတယ်။

အစောက တုန်လှုပ်ခြောက်ခြားမှုတွေနဲ့ ခံစားချက်တွေအားလုံး ငြိမ်သွားတယ်။ ကျုပ်လဲ အားလုံးကို ပြုံးပြုံးရွှင်ရွှင်နဲ့..

“အစ်ကိုကြီး ရှို့စစ် အကောင်းဆုံး လုပ်ထားပြီးပြီပဲ။ ငါ့ ကံကြမ္မာကို မလွန်ဆန်နိုင်ဘူးလေ။ ဆေးကုနေတဲ့အချိန် ဝိုင်းကာကွယ်ပေးထားတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။ တစ်ခုခုဖြစ်ရင် အားလုံးကို ပြောပြပေးမယ်”

ကျန်းဟူ ရှေ့ခုန်ထွက်လာပြီး ကျုပ်ပုခုံးပုတ်ရင်း..

“အင်းကံကြမ္မာကို မလွန်ဆန်နိုင်ဘူးဆိုတာ ဘာကိုပြောတာလဲ။ မိုးကောင်းကင်ကြီးရာ ဘာလို့များ ငါ့ညီကို ဖျက်ဆီးပစ်ရတာလဲကွာ…”

“အစ်ကိုကြီး တော်လိုက်တော့။ ငါ့လက်ရှိအခြေအနေ ငါလက်ခံလိုက်ပြီပဲ။ ဝမ်းနည်းကျေကွဲနေလို့ ပြဿနာ ပြီးသွားမှာမှ မဟုတ်တာကို။ လက်ရှိ ပြဿနာတွေ အရင်ရှင်းလိုက်ရအောင်။ အစ်ကိုကြီး ရှို့စစ် စွမ်းအားကုန်လို့ အခန်းထဲမှာ အနားယူနေတယ်။ အားလုံးလဲ သွားနားသင့်ပြီ။ ငါပဲ ဒီမှာနေပြီး ကြည့်ရှင်းလိုက်တော့မယ်”

မူကျီ ကျုပ်ဆီ လျှောက်လာပြီး မျက်နှာချင်းဆိုင် ရပ်လိုက်တယ်။ သူ့ပုံစံက တည်ငြိမ်နေပေမယ့် ခြေလှမ်းတွေက တန်လှုပ်နေတဲ့ ပုံစံ ဖြစ်နေတယ်။ သူ ကျုပ်ကို ဘာများပြောမလို့ပါလိမ့်။ ကျုပ်တို့ နှစ်ယောက်ကြားက ဆက်ဆံရေး မျှော်လင့်ချက် မဲ့သွားပြီများ ပြောတော့မလို့လား မသိဘူး။

မူကျီလာနေတာ ကျန်းဟူမြင်တော့ အားလုံးကလဲ ကျုပ်တို့ (၂)ယောက်ကို အာရုံစိုက်ကြည့်နေကြလေရဲ့။

လေပြေတစ်ခု ကျုပ်မျက်နှာပေါ် ဖြတ်သွားတဲ့အချိန် ကျုပ် ဆံနွယ်တွေ ဝေ့သွားတော့ ကျုပ်ရုပ်ကြမ်းကြီး တစ်ခုလုံး ရှင်းရှင်း ပေါ်သွားရော။ မူကျီ ကျုပ်ရှေ့မျက်နှာ နားထိကပ်လာပြီး သူ့လက်ကလေးနဲ့ ကျုပ်မျက်နှာကို ပွတ်ကြည့်ရင်း ကျုပ်ကို စူးစိုက်ကြည့်နေတယ်။ ပြီးတော့ ပြတ်သားတဲ့ အပြုံးနဲ့အတူ..

“ကျန်းကုန်း… နင်နောက်ထပ် ဘာမှ ကုနေစရာမလိုဘူး။ နင့်ရုပ် ဘယ်လိုပဲပြောင်းပြောင်း နင်က ငါ့နှလုံးသားထဲက ထာဝရ တန်ဘိုးထားပြီး ချစ်ရတဲ့ ကျန်းကုန်းပဲ။ ငါ့နှလုံးသားထဲက နင့်ကို ဘယ်သူမှ ဖျက်ဆီးလို့ မရဘူး။ နင့်ကို ငါချစ်တယ်….”

ကျုပ်တကိုယ်လုံး တောင့်တင်းပြီး မျက်နှာပေါ်မှာ ထိန်းမရအောင်ကို မျက်ရည်တွေ ကျလာပြီး မူကျီ လက်တွေ ပေါ်ထိ စိုကုန်ရောပဲ။

“ငါတို့ အရင်အခြေအနေကို ပြန်ဖြစ်နိုင်ပါ့မလား။ ငါတို့တွေ အသစ်က ပြန်စရမယ်ဆိုရင်တောင် နင့်ကို ဘယ်လိုလုပ် အခွင့်အရေး ပေးနိုင်မှာလဲ”

အားလုံးလဲ မူကျီကို ကြည့်ပြီး မာနကြီးလွန်းတဲ့ ပညာရှင်တစ်ယောက်အပေါ် လေးစားစိတ် ပေါ်ဖို့ဆိုတာ တော်တော်ကို ထူးထူးခြားခြားပဲဗျ။

မူကျီလက်ကို ကျုပ်ကိုင်ပြီး အသံတုန်တုန်နဲ့…

“မူကျီ အခု ငါနင်နဲ့ မတန်တော့ဘူး..”

မူကျီ အပြုံးနဲ့ ပြန်ပြီး..

“ဒါ ဘယ်လို နတ်ဘုရား အမွေခံပါလိမ့်။ ကောင်းကင်က ငါတို့(၂)ယောက် စုံစည်းဖို့ ကြိုပြီး သတ်မှတ်ထားပြီးသား။ ငါတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ဘဝတွေ ပေါင်းစည်းထားပြီ။ ရုပ်ရည်က အရေးကြီးလို့လား။ ဒီလိုဆိုရင်ရော.. ငါလဲ နင်နဲ့ လိုက်ဖက်သွားအောင် ငါ့မျက်နှာ ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်လိုက်မယ်လေ။ အဲလိုဆို နင်လက်ခံနိုင်မလား”

ကျုပ် လန့်ဖြတ် ထခုန်ပြိး..

“မဟုတ်ဘူး။ တော်တော့ မူကျီ။ ငါ့ကို ဖိအားမပေးနဲ့။ နင်ငါ့ကို စဉ်းစားခွင့်လေး ပေးလို့ မရဘူးလား..”

မူကျီ ကျုပ်သဘောထား ပြောင်းသွားတာ မူကျီ သတိထားမိသွားတယ်။ သူ အပြုံးမပျက်ဘဲ..

“ငါ နင့်ကို ဖိအားမပေးပါဘူး. နင် ငါ့ကို လက်ခံတဲ့အထိ စောင့်မယ်။ ဒါပေမယ့် မိန်းကလေး တစ်ယောက်ရဲ့ ငယ်ရွယ်မှုဆိုတာ အကန့်အသတ်ရှိတယ်ဆိုတော့ အကြားကြီး မစောင့်နိုင်ဘူး။ နင့်အတွက် ငယ်ရွယ်မှုလေးတွေ ကျန်စေချင်သေးတယ်နော်.. ဟုတ်ပြီလား..”

မူကျီရဲ့ အကြင်နာသံတွေက ကျုပ်နှလုံးသားကို ခပ်ပြင်းပြင်း လှုပ်သွားတယ်ဗျ။ ငါသဘောတူတယ်လို့ ပြောချင်ပေမယ့် ကျုပ်သိမ်ငယ်စိတ်တွေက လွှမ်းမိုးသွားတယ်။ ကျုပ်လဲ စိတ်ပျက်လက်ပျက် ခေါင်းခါရင်း အသံတိုးတိုးနဲ့..

“အားလုံးပဲ သွားနားသင့်ပြီ။ ငါတို့ လက်ရှိ အနေအထားက အန္တရာယ် မရှိဘူးဆိုပေမယ့် ဘေးလဲ မကင်းသေးဘူး ဆိုတော့ အကောင်းဆုံး အနေအထားမှာ ရှိနေဖို့ အရေးကြီးတယ်”

မူကျီ ချေဖျားထောက်ပြီး ကျုပ်မျက်နှာ အသာနန်းလိုက်တယ်။ နူးညံ့လွန်းတဲ့ အထိအတွေက အထီးကျန်နေတဲ့ နှလုံးသားမှာ ချိုမြန်မှုတွေပြည့်သွားရောပဲ။ ကျုပ်နှလုံးသားတစ်ခုလုံး အပူလုံးကြွနေပါပြီဗျာ။

မူကျီ ထွက်သွားတဲ့အထိ ကျန်တဲ့သူတွေအကုန် ရောက်ရာနေရာမှ ရပ်ပြီး ကျုပ်ကို မှင်တက်ပြီး ကြည့်နေကြတုန်း။ ဒီကောင်တွေ မသွားသေးတာ သေချာတယ်။ ကျုပ်လဲ ခပ်လှောင်လှောင်နဲ့..

“မင်းတို့တွေ မမြင်ဖူးလို့လား။ မြန်မြန် သွားကြ။ အနားယူတော့…”

ထူးထူးဆန်းဆန်းတစ်မျိုး အော်ပြီးမှ ကောင်းသဲ ထွက်ပြေးသွားလေရဲ့။ ကျန်းဟူနဲ့ ကျန်တဲ့သူတွေကတော့ ကျုပ်ပုခုံးပုတ်ပြီး လူစုခွဲသွားကြတယ်။

ခယ်လွင်သောင်ကတော့ နောက်ဆုံးမှဗျ။ သူ ခပ်ပြုံးပြုံးနဲ့ ကျုပ်ရှေ့ရောက်လာပြီး..

“မင်းသမီးက မိန်းမကောင်းလေး တစ်ယောက်ပါကွာ။ ကျန်းကုန်း… မင်းတို့နှစ်ယောက်စလုံး ရာသက်ပန် ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းတယ်ကွာ..”

“မင်းက နတ်ဆိုးမျိုးနွယ်ထဲမှာ စေ့စပ်ထားတဲ့သူလေ။ မင်း နည်းနည်းလေးမှ မနာလိုမဖြစ်ဘူးလား”

ခယ်လွင်သောင် အံ့ဩသွားပြီး..

“မနာလိုရမယ်လား။ ဟား… ဘာကို မနာလိုရမှာလဲ။ ငါကို အဲလိုဖြစ်အောင် လုပ်နိုင်တဲ့သူ တစ်ယောက်ပဲရှိတယ်။ ဒါပေမယ့် မင်းသမီးတော့ မဟုတ်ဘူး။ ငါ့နှလုံးသား သူ့ကို ပေးထားခဲ့ပြီးပြီ။ မင်းသမီးက လှတယ်ဆိုပေမယ့် သူ့အပေါ် ဘယ်လိုမှ ခံစားလို့မရဘူး”

“”အစ်ကို့ကို ဒီလို ကဗျာဆန်မယ့်သူလို့ မျှော်လင့်မထားမိဘူး”

ခယ်လွင်သောင် အားရဝမ်းသာနဲ့..

“မင်းငါ့ကို ဒီလိုခေါ်တာ ဒါပထမဆုံး ကြားဖူးတာပဲ။ တကယ့်ကို နားဝင်ချိုတာပဲ။ ကျေးဇူးပြုပြီး ငါ့ကို အပြစ်လဲ မတင်နဲ့။ စိတ်လဲမပူနဲ့။ မင်းဒီလိုဖြစ်နေတာနဲ့ပတ်သက်ပြီး မင်းသမီးလေးရဲ့ ဝမ်းနည်းမှုတွေ မင်းထက် မနိမ့်ဘူးကွ။ ကျေးဇူးပြုပြီး သူဆက်မနာကျင်ရအောင် မြန်မြန်လက်ခံနိုင်ဖို့ ကြိုးစားစမ်းပါကွာ”

============= (*^*)=============

အပိုင်း( ၂၆၄ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters