ခယ်လွင်သောင်ရဲ့ အချစ်
Vol. 18 Ch. 264
Child of light (ကျန်းကုန်း)
Volume 10: Chapter 11 - Ke Lun Duo’s Love
ကျုပ်လဲ သိချင်စိတ် မထိန်းနိုင်တော့ဘဲ..
“မင်း မူကျီကို မကြိုက်ဘဲနဲ့ ဘာလို့ နတ်ဆိုဧကရာဇ် စေ့စပ်ပေးတဲ့ ပွဲကို လက်ခံလိုက်ရတာလဲ”
ခယ်လွင်သောင် ကျုပ်ကို အရူးတစ်ယောက်လို ကြည့်ပြီး..
“မင်း ပုံမှန်ဆို ဉာဏ် တော်တော်ကောင်းတဲ့ ကောင်ပါ။ မူကျီနဲ့ ပတ်သက်ရင် တော်တော်ကို တုံးတဲ့ကောင်။ ဘုရင့် အမိန့် လွန်ဆန်လို့ မရဘူးလေ။ ပြီးတော့ ငါ့အဖေ ငါ့ကို ဖိအားတွေ ပေးခဲ့တာကွ။ ငါချစ်တာ ဘယ်သူလဲ မင်းသိလား။ ငါ့အိမ်က အစေခံ မိန်းကလေးတွေထဲက တစ်ယောက်ကွ။ ဒီလျှို့ဝှက်ချက်ကို ရင်ဖွင့်တာ ဒါပထမဆုံးပဲ။ ဘယ်သူ့မှ ပြန်မပြောနဲ့နော်။ တကယ်တော့ မင်းနဲ့ မူကျီ ပေါင်းစည်းဖို့ဆိုတာ ငါ့ အိမ်ထောင်ရေး အတွက်ဆိုတာ ကြောင်းပြချက်ကောင်းပဲလေကွာ”
သူ့စကားတွေကို ကျုပ် တော်တော် စိတ်ဝင်စားမိတယ်။
“မင်း အကြောင်း ပြောပြလို့ရမလား”
ခယ်လွင်သောင် မင်းသား(၂)ပုံစံ ဟန်ဆောင်တုန်းက ပုံစံမျိုးနဲ့..
“မင်းလဲ အတင်းအဖျင်း တော်တော် ကြိုက်တဲ့ကောင်ပဲ။ မင်းသမီးလေးတောင် ငါ့ကို တခါမှ မမေးဖူးသေးဘူး။ အေးပါ အေးပါ မင်းသိချင် ပြောပြမယ်။ ဒါပေမယ့် လျှို့ဝှက်ထားပါ့မယ်လို့ မင်းကျိန်ရမယ်”
ကျုပ်ရုပ်ရည် ပြန်မကောင်းလို့ ဖြစ်ထားတဲ့ ဝေဒနာတွေတောင် လုံးဝ ကောင်းသွားပြီ။ ကျုပ်ရင်ဘတ်ကျုပ် ထုပြပြီး..
“စိတ်မပူနဲ့ ငါ့စကားလုံးတိုင်း အကုန်လုံး လေနက်တယ်”
ခယ်လွင်သောင် ဘေးပတ်ပတ်လည်ကို စစ်ကြည့်ပြီးမှ တောင့်တောင့်တတ မျက်ဝန်းတွေနဲ့..
“အားရှို့က အရမ်းတော်တဲ့ ကောင်မလေးကွ။ ငါ ငယ်ငယ်တုန်းကတော့ လမ်းထွက်လျှောက်ရင်း သူနဲ့ ဘယ်လိုလုပ် တွေ့ခဲ့မှန်း မသိလိုက်ဘူး။ ဒီနှစ်ဆို ငါ့အသက် (၂၉)နှစ်ပေါ့။ အဲ့တုန်းက ငါက (၁၅)နှစ်ကွ၊ လမ်းပေါ်မှာ တွေ့ခဲ့တဲ့ သူက (၅)နှစ်ပဲရှိသေးတယ်။ အဲ့မှာ သူက လမ်းဘေးမှာ ညစ်ညစ်ပတ်ပတ်နဲ့ တောင်းစားနေတာ။ ကျန်တဲ့ သူတောင်းစားတွေကလဲ သူ့ကို ဝိုင်းအနိုင်ကျင့်နေကြတာ။ ရိုက်နှက် ထားလိုက်တာများ ပါးစပ်တွေ၊ နှာခေါင်းတွေကနေ သွေးတွေကျနေတာပဲ။ ငါကလဲ ဖြောင့်မတ်တဲ့သူဆိုတော့ ဝင်ပါဖို့ ဆုံးဖြတ်လိုက်တယ်လေ။ အခုဆို သူ့ကို ကူဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် အရမ်းကို ပျော်နေမိတယ်။ မဟုတ်ရင် ငါ့ဘဝအတွက် အကြီးဆုံး ပျော်ရွှင်မှုတွေနဲ့ ဆုံးရမှာ မဟုတ်တော့ဘူးလေ”
“ကြည့်စမ်းပါအုံး … အခု မင်းကိုကြည့်ရတာ အချစ်ဦးနဲ့ ဆုံလိုက်ရတဲ့ ကလေးလေး တစ်ယောက်လိုပဲ”
ကျုပ်စကားကြောင့် ခယ်လွင်သောင် ဒေါသထွက်ချင်ယောင် ဆောင်ပြီး..
“အဲ့ဒါ ငါ့အချစ်ဦးပဲလေ။ ငါ့အကြောင်း မင်းကြားချင်သေးလား။ မင်းထပ်နှောက်ယှက်ရင် ငါ့အကြောင်းတွေ ဆက်မပြောတော့ဘူး”
“အေးပါ အေးပါ.. မင်းအကြောင်းပဲ ဆက်ပြောပါ။ ငါထပ်မနှောက်ယှက်တော့ဘူး”
အဲ့တော့မှ သူကျေနပ်သွားပြီး ဆက်ပြောတော့တယ်။
“အဲ့လိုမှပေါ့။ အဲ့တုန်းက သူ့ကို အနိုင်ကျင့်တဲ့ ကလေးတွေ အကုန်လုံးကို ရိုက်နှက်ပြီး ငွေနည်းနည်း ပေးပြီး ပြန်ဖို့ လုပ်လိုက်တယ်။ သူ ငါ့ဘေးက ခွာဖို့ကို မရမက ငြင်းမယ်လို့ ထင်မထားဘူးလေ။ ငါ ဘယ်လိုပဲ လုပ်လုပ် ငါ့နောက်ပဲ လိုက်နေတာ။ ငါလဲ သူ့ကို မာန်၊ မဲ၊ ခြောက် ပြီး ကြောက်အောင် လုပ်တာပဲ။ ဒါပေမယ့် ငါ့နောက် လိုက်နေတုန်းပဲ။ အစကတော့ သူ့ကို တံခါးဝမှာ ထားခဲ့မယ် တွေးထားပေမယ့် အဲ့လို လုပ်ချင်စိတ်မရှိဘဲ အိမ်ထဲခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီကိစ္စ ငါ့အဖေသိတော့ မလှောင်ဘဲနဲ့ ကြင်နာတတ်နဲ့ ငါ့နှလုံးသားကို ချီးမွမ်းပြီး သူ့ကိုလဲ ခြံထဲမှာ အစေခံ လုပ်ဖို့ စီစဉ်ပေးလိုက်တယ်။ သူ့မှာ ကျန်တဲ့ ဆွေမျိုးတွေ ရှိလားမေးတော့ အဲ့ကလေးက ငိုပြီးရင်း ငိုနေတော့တာပဲကွာ။ ငါသူ့ကိုထားခဲ့တော့မယ့်အချိန်ရောက်တော့ သူ ငါ့ကို လူကောင်းတစ်ယောက်လို့ပြောပြီး ကြီးလာရင် သူ့ကို လက်ထပ်နိုင်မလားတဲ့လေ မေးပါလေရော”
“ကလေး မုန့်ပေးကြိုက်တယ် ပြောရတော့မယ် ထင်ပါတယ်ကွာ”
ခယ်လွင် ကျုပ်ခေါင်း လှမ်းခေါက်ပြီးမှ..
“မင်း ဘာပြောတာတုန်း။ ဘာမှ မဆုံးဖြတ်ခင် သူကြီးလာတဲ့အထိ စောင့်မယ်လို့ပဲပြောခဲ့တာပါဟ။ သူ ဟာသ ပြောတယ်လို့ပဲ ထင်ခဲ့တာလေ။ အဲ့တုန်းက ငါလဲ ကိုယ့်ကိစ္စနဲ့ကိုယ် အလုပ်ရှုတ်နေတာကို။ နေ့တိုင်း လေ့ကျင့်လိုက်၊ သင်ယူလိုက်နဲ့ပဲ အချိန်ကုန်ပြီး တပ်တွေဦးဆောင်နေရတာ။ အဲ့လိုနဲ့ သူလဲ ခြံထဲရောက်တာ နှစ်တွေ အတော် ကြာသွားတယ်ပေါ့ကွာ။ အဲ့တော့ သူ့အသက် (၁၅)နှစ်လောက်ဆိုပေမယ့် တော်တော်ကို လှလွန်းတာကွာ။ ရုပ်ရည်လှသလောက် လိမ္မာပါးနပ်လွန်းတဲ့ အရည်အချင်းတွေကြောင့် ငါ့အမေရဲ့ တန်ဘိုးထားမှု ခံခဲ့ရတယ်။ သူ့ကိုတွေ့လိုက်တော့ မဟူရာဆံနွယ်တွေ ကျောပေါ်မှာ ကျနေပြီး အဖြူရောင် ဝတ်စုံလေး ဝတ်ထားတယ်ကွ။ သူပေးလိုက်တဲ့ ထိတ်လန့်မှုက ငါ့မှတ်ဉာဏ်ထဲ နက်နက်ရှိုင်းရှိုင်းကို ရောက်သွားတာ။ ဘယ်မိသားစုကများ အိမ်ကို လာလည်တာလဲလို့ အစက တွေးမိပြီး အမေ့ကို မေးလိုက်မိတာ။ အဲ့တော့မှ ငါကယ်ခဲ့တဲ့ ညစ်ညစ်ပတ်ပတ် ကောင်မလေးဆိုတာ သိလိုက်ရတာ။ တစ်ရက်ကျ ရုတ်တရက်ကြီး သူငါ့ကို လာတွေ့ပြီး.. ‘အစ်ကို ကျမ ကြီးလာပြီ… နင် ငါ့ကို လက်ထပ်မလား၊ ငါ့အဆင့်အတန်းက နိမ့်ကျတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် နင့်အတွက်ဆို ဇနီးပဲဖြစ်ရဖြစ်ရ၊ ကျွန်ပဲ ဖြစ်ရဖြစ်ရ နင့်အနားမှာပဲ နေချင်တယ်’ တဲ့လေ။ ကျန်းကုန်း အလှတရားအကြောင်း မင်းပြောဖူးတယ်နော်။ အခုရော မင်းဘယ်လို ခံစားရမလဲ စဉ်းစားကြည့်စမ်း”
သူ့စကားတွေက ဟိုင်ရှင်းကိုတောင် သတိရသွားမိတယ်။
“ပြောရခက်တယ်ကွ။ သူသာ မင်းနှလုံးသားထဲကို ပထမဆုံး ရောက်လာတာဆိုရင် မင်း စိတ်ပူမှာ သေချာတယ်”
“ဒါပေါ့ကွာ။ အဲ့အချိန် ငါသူ့ကို အကြောင်းမပြန်ခဲ့ပေမယ့် ငါ့စိတ်ထဲမှာတော့ သူ့အတွက် စိတ်တွေ လေးလံနေပြီ။ အဲ့ဒါကြောင့် အမေ့ဆီသွားခိုင်းလိုက်တယ်။ အမေကလဲ မပြောမဆိုနဲ့ သဘောတူလိုက်တယ်လေ။ အဲ့အချိန်ကစလို့ ငါ့အတွက်တော့ အပျော်ဆုံး အချိန်တွေပဲ။ သူက နူးညံ့သိမ်မွေ့ပေမယ့် ထက်မြက်ပြီး တကယ့် အပျိုဖျန်းလေး ပုံစံလေကွာ။ ဗျပ်စောင်း တီးနည်း သူ့ကို သင်ပေးလိုက်တယ်။ အဲ့လိုနဲ့ တဖြည်းဖြည်း သူနဲ့ မခွဲနိုင်အောင်ကို ဖြစ်နေပြီဆိုတာ ငါသိလိုက်ရတယ်။ နောက်ဆုံး မိုးတွေ ရွာတဲ့တနေ့ ဝိုင်တွေ သောက်ပြီး ငါလဲ စိတ်မထိန်းနိုင်တော့ဘဲ …………..”
စကားဆုံးတော့ ခယ်လွင်သောင် မျက်နှာမှာ နီရဲနေလေရဲ့။
ယောက်ျားတစ်ယောက်အနေနဲ့ သူဘာလုပ်ခဲ့တယ်ဆိုတာ တွေးမိနေမှတော့ ဘာမှ အပြစ်တင်မနေပါဘူး။
“မင်း သင်ခန်းစာ ပေးလိုက်တာပဲ။ သူခက်ခဲနေတဲ့အချိန် မိမိရရ အသုံးချလိုက်တယ်”
ခယ်လွင်သောင် ကျုပ်ကို စိုက်ကြည့်ပြီး…
“သူ့အခက်ခဲကို အခွင့်ကောင်း ယူတယ်ဆိုတာ ဘာကိုပြောတာလဲ။ ငါတို့က တကယ်ချစ်တာကွ။ အဲ့တော့ သူ့ကို တစ်သက်လုံး ချစ်သွားမယ်လို့ ကတိပေးလိုက်တယ်။ ဒါပေမယ့် အားရှို့ စိတ်လှုပ်ရှားတဲ့ ပုံမပြဘဲ ငါ့နားမှာ နေရာတာ ကျေနပ်တယ်လို့ပဲ ပြောတယ်ကွ။ ပြိးတော့ နတ်ဆိုးဧကရာဇ်က ငါနဲ့ မူကျီ စေ့စပ်ပွဲ ကြေငြာလိုက်တယ်။ အဲဒါကို ငါကောင်းကောင်း မှတ်မိနေသေးတယ်။ အားရှို့ သတင်းကြားပြီး တစ်လလောက် ကြာအောင်ကို မျက်နှာတွေ ရဲတွတ်ပြီး နေမကောင်းတောင် ဖြစ်သွားတယ်။ ငါ့မှာလဲ သူ့ကို ကတိတွေ ပေးပြီးရင်း ပေးရင်းနဲ့ ချော့နည်းပေါင်းချုပ်ကြီးသုံးပြီး ချော့လိုက်တော့မှ အောင်မြင်သွားတာ ငါ့ကောင်ရေ”
“ချော့နည်းပေါင်းချုပ်ဆိုတာ ဘာလဲဟ”
အဲ့ကောင် ထူးထူးခြားခြားပြုံးရင်း..
“မင်းမသိဘူးလား။ နတ်ဘုရား အမွေခံဖြစ်တဲ့ မင်း မသိသေးတာတွေ ရှိသေးတာပဲဟ။ အခွင့်ကြုံရင်တော့ အစ်ကိုကြီးဖြစ်တဲ့ ငါ သင်ပေးရအုံးမှာပေါ့ကွာ။ မူကျီကို အေးအေးဆေးဆေး ချော့နိုင်ပါလိမ့်မယ်လို့ ကတိပေးတယ်ကွာ”
“မင်း မင်းနဲ့အားရှို့ ဒီအတိုင်းပဲ အမြဲ စခန်းသွားနေမှာလား။ မင်း မိဘတွေလဲ ဒီကိစ္စမသိဘူး။ မင်းသူ့ကို ဘယ်တော့မှ ဇနီးတင်မြှောက်မှာလဲ။ ဒီလောက်ကောင်းတဲ့ မိန်းကလေးကိုမှ တန်ဘိုးမထားရင် မင်းတစ်သက်လုံး နောင်တရနေလိမ့်မယ်နော်”
“ဒါတွေ သင်ပေးနေစရာ မလိုပါဘူးကွာ။ မူကျီနဲ့ ဒီကို လာကတည်းက သူ့ကို ကာကွယ်ရမှာ ငါ့ဦးစားပေး တာဝန်ပဲ။ ဒုတိယအနေနဲ့တော့ မင်းတို့(၂)ယောက် ပြန်ပေါင်းထပ်ဖို့ပေါ့ကွာ။ အကောင်းဆုံးကတော့ မင်းသူ့ကို ခိုးပြေးဖို့ပဲ။ အဟီး.. အဲ့တော့မှ ငါချစ်တဲ့ အားရှို့နဲ့ လက်ထပ်ပြီး တရားဝင် ဇနီးမယား တော်နိုင်မှာလေကွာ.. ဟွင်း ဟွင်း..”
============= (*^*)=============
အပိုင်း( ၂၆၅ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား