သူရဲကောင်းက အလှလေးကို ကယ်တယ်
Vol. 18 Ch. 265
Child of light (ကျန်းကုန်း)
Volume 10: Chapter 12 - The Hero Saves the Beauty
ကျုပ်ပြုံးရင်းနဲ့ ..
“ဒီတော့ မင်းက ပေါင်းကြံချင်နေတာပဲ။ နှစ်ယောက်စလုံး အဆင်ပြေမယ်။ တကယ်အဆင် မပြေရင်တောင် အာရှို့ကို ခိုးပြေးလို့ရပါသေးတယ်ကွာ။ ငါမင်းတို့(၂)ယောက်အတွက် လူသား နယ်မြေထဲမှာ သေချာနေရာပေးမယ်လေ။ အဲလိုဆိုရင်ရော ဘယ့်နှယ့်လဲ”
ခယ်လွင်သာင် မျက်လုံးတွေ ဝင်းသွားပြီး..
“အားရှို့နဲ့ငါ အတူနေရဖို့ဆိုတာ တကယ့်ကို အတားအဆီးကြီး တစ်ခုလိုဖြစ်နေတာ။ မင်းအကြံ မဆိုးဘူးကွ။ မင်းအားကိုးနဲ့ အားရှို့နဲ့အတူတူသာ လူသားနယ်မြေမှာ နေရရင်လဲ နတ်ဆိုးမျိုးနွယ်မှာထက် ပိုကောင်းမှာဆိုတော့ မဆိုးဘူးကွ။ အား… တကယ် အိပ်ချင်လာပြီကွ။ အိပ်တော့မယ်ကွာ။ ရင်ဖွင့်လိုက်ရတော့ တော်တော်ကို ပေါ့သွားတာပဲ။ ဒီည ကောင်းကောင်း အိပ်ပျော်မျာ သေချာတယ်”
သူ့အကြောင်း ကြားတော့ ကျုပ်တို့ နှစ်ယောက်လုံး ကံဆိုးသူတွေဖြစ်တဲ့အပြင် မိသားစုရေး ပြဿနာတွေနဲ့ဆိုတော့ ခယ်လွင်သောင်နဲ့ တော်တော် တူတယ်ပဲ ပြောရတော့မျာပေါ့။
ကျုပ် ရုပ်ပြန်ကောင်းမလာပေမယ့် တော်တော်လေး ကောင်းလာပြီလို့တော့ ခံစားရတယ်။ ဒီနေရာမှာ ဘာမှ မဖြစ်နိုင်ဘူးဆိုတော့ ခြံဝန်းပတ်လည်ကို လိုက်ကြည့်အုံးမှပါ။ ဒါတွေးမိတော့ သိုလှောင်အိတ်ထဲက ဝါးဦးထုပ် တစ်လုံး ထုတ်ဆောင်းလိုက်တယ်။ အဲ့ဒါကို နတ်ဆိုးမျိုးနွယ် မြို့ထဲမှာတုန်းက ဝယ်ထားတဲ့ ဟာပေါ့။ စုက္ကရေးကို အဝတ်တစ်ထည်နဲ့ ပတ်၊ အစောင့်တစ်ယောက်ကို သေချာရှင်းပြပြီး မင်းသားခြံဝန်းထဲကနေ ထွက်လာလိုက်တယ်။
ကောင်းကင်ကြီးကလဲ အပြာရောင် ကတ္တီပါတစ်ချပ်လို လှလွန်းလိုက်တာ။ နေရာတိုင်းမှာ တိမ်လေးတွေနဲ့ ပြည့်နေတဲ့အပြင် တောက်ပမြဲဖြစ်နေတဲ့ နေရောင်ခြည်ကြောင့် ကျုပ်စိတ်တွေ တော်တော်လေး သက်သာသွားတယ်။ ခံတပ် လမ်းတွေပေါ်မှာ စစ်သည် လှည့်ကင်းတွေ မပြတ်တွေ့နေရတယ်။
ကျုပ်လဲ လမ်းပေါ်မှာ တရွေ့ရွေ့လျှောက်ရင်းနဲ့ လိုချင်တာလေးတွေ လျှောက်ကြည့်နေတုန်း ရှေ့ခပ်လှမ်းလှမ်းကနေ ငြင်းသံ ခုံသံတွေ ကြားလိုက်ရတယ်။
“ငါ့နောက် မလိုက်ဆက်မလိုက်နဲ့ ပြောထားသားနဲ့ နင်တို့တွေ လာလို့ လိုက်နေကြသေးတာလဲ”
“သခင်မလေး.. ကျေးဇူးပြုပြီး ပြေးနေတာ ရပ်လိုက်ပါတော့။ သခင်မလေး တစ်ခုခုဖြစ်သွားရင် ငါတို့ ဘယ်လိုလုပ် သွားရှင်းပြရမှာလဲ”
“ပါးစပ်ပိတ်ထား။ ဒီလောက်တောင် မရှင်းနိုင်ဘူးလား။ ငါကလေး မဟုတ်တော့ဘူး။ လမ်းလျှောက်ယုံနဲ့ ဘာဖြစ်မှာမို့လဲ။ ဒီနေရာက ငါတို့နယ်မြေပဲကို ဘယ်လိုအန္တရာယ် ကြုံစရာရှိမှာမို့လဲ၊ ငါ့နောက် ဆက်မလိုက်ဖို့ သတိပေးလိုက်မယ်”
ငယ်ရွယ်လှပတဲ့ ကောင်မလေးတစ်ယောက် ကျုပ်ရှေ့မှာ ပေါ်လာတယ်။ ဝတ်စုံအနီရောင် ဝတ်ထားပြီး စူနေတဲ့နှုတ်ခမ်းတွေက မကျေမနပ် အရိပ်အယောင်တွေပေါ့လေ။ သူ့နောက်က အနီးကပ်လိုက်လာတဲ့ စစ်သည်(၄)ယောက် လန့်ပြီး ရပ်သွားတယ်။
စစ်သည်ခေါင်းဆောင် ကောင်မလေးသွားတဲ့ လမ်းကြောင်းက ပိတ်ပြီး..
“သခင်မလေး၊ ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ ပြန်လိုက်ခဲ့ပါ။ တော်ကြာ ဆရာကြိး စိတ်ဆိုးနေမယ်”
ကောင်မလေး ဓားထုတ်ပြီး အားနဲ့ ဝှေ့ယမ်းရင်း..
“ငါမပြန်ဘူး။ အပြန်ဘူး။ လုံးဝ မပြန်ဘူး”
ဓားက နည်းနည်းမှ မရွေ့တော့လို့ ကောင်မလေး မျက်နှာ နီမြန်းသွားတယ်။
“ကောင်းပြီလေ.. နင်တို့ တောင်းဆိုတော့လဲ.. အို. ကြီးမြတ်သော မီးနတ်ဘုရား၊ သင့်ရဲ့ ပေါက်ကွဲနိုင်စွမ်းတွေနဲ့ သင့်ရှေ့က အရာအားလုံးကို မီးတောက်တွေနဲ့ ဖယ်ရှားလိုက်စမ်းပါ”
အိုက်ယား… ငရုတ်သီးလို ကောင်မလေးပဲ။
မီးတောက်တွေ ကောင်မလေး ပတ်ဝန်းကျင်မှာ အရူးအမူး ဝိုင်းအုံလာတယ်။ စစ်သည်ခေါင်းဆောင် အံ့ဩနေတုန်းမှာပဲ မီးလုံးကြီး (၂)လုံး သူ့ရှေ့မှာ ပေါက်ကွဲသွားတယ်။
စစ်သည်တော် တုန်လှုပ်သွားတယ်ဆိုပေမယ့် လန့်တော့ လန့်မသွားဘူး။ သူ့ခန္ဓာကိုယ်ကနေ ရွှေရောင် အရိပ်အငွေ့နဲ့ အဖြူရောင် တိုက်ပွဲစိတ်ဝိညာဉ် နယ်မြေတစ်ခု ဖုံးလွှမ်းသွားတယ်။ သူလဲ ကြယ်စင် သူရဲကောင်းအဆင့်ကို ကပ်နေပြီဆိုတော့ တကယ်အရည်အချင်း ရှိတဲ့ပုံပဲဗျ။ မီးက တိုက်ပွဲစိတ်ဝိညာဉ်နဲ့ တွေ့တော့ ပေါက်ကွဲသံတွေ ထွက်လာတယ်။ စစ်သည်တော်အနေနဲ့ သေချာမပြင်ဆင်လိုက်ရတော့ ခြေလှမ်း(၂)လှမ်းလောက် နောက်ဆုတ်သွားလိုက်ရတယ်။ ကောင်မလေးကတော့ စစ်သည်တော်ရဲ့ အကာအကွယ်ကို လေပြေလေးလို ဖောက်ထွက်ရင်း စိတ်အားသန်နေပြီး ဆွဲလဲသံလေးတစ်ခုလို ရယ်နေလေရဲ့။
သူတို့နှစ်ယောက် ထပ်တိုက်မလို့ လုပ်တုန်း မြင်းခွာသံတွေ တအုန်းအုန်း အသံထွက်လာတယ်။ သံချပ်ကာ တပ်ဖွဲ့ကြီး အရှိန်နဲ့ လာနေတာပဲ။ ဒီလောက် အမြန်နဲ့ သွားနေပုံထောက်ရင် အရေးကြီး တာဝန်တစ်ခု အတွက် လောနေကြတာနေမယ်။ ဟိုမိန်းကလေးကလဲ စစ်သည်တော်ရဲ့ စိတ်ဝိညာဉ် တံတိုင်းကို ဖောက်ထွက်ပြီး သူတို့ရှေ့ ရောက်နေပြီ။ ရုတ်တရက် ပေါ်လာတဲ့ အန္တရာယ်ကို သတိမထားမိဘဲ နောက်ဆုတ် နောက်ဆုတ် သွားနေတယ်။ သူ့ကို တားနေတဲ့ စစ်သည်တွေ တစ်ပြိုင်နက်တည်း ကျယ်ကျယ်လောင်လောင် ထအော်ကြတယ်..
“မင်းသမီး သတိထား။ အန္တရာယ်များတယ်….”
အဲ့တော့မှ ကောင်မလေး သူနားရောက်လာတဲ့ သံချပ်ကာတွေကို တွေ့သွားတော့တယ်။ ကြောက်လန့်ပြီး ရှောင်ဖို့တိမ်းဖို့တောင် မေ့နေပြီ။ သံချပ်ကာတပ်ဖွဲ့ကလဲ သူ့ကိုမြင်ပြီး ထိန်းဖို့လုပ်လိုက်ကြတယ်။ ဒါပေမယ့် မြင်းတပ်ပေါ်က တပ်သားတွေ သံချပ်ကာဝတ်ထားတဲ့ အလေးချိန်နဲ့ဆိုတော့ ချက်ချင်းရပ်ဖို့ ဘယ်လွယ်မှာလဲ။ မိန်းကလေးရဲ့ ပတ်ပတ်လည်က မီးတွေ ငြိမ်းသွားတာနဲ့ ကျုပ်လဲ လှုပ်ရှားလိုက်တယ်။
ဒီအချိန်မှာ လေဟာနယ်မှော်ပညာ တော်တော် အသုံးဝင်တာပဲ။ ကောင်လလေး ဘေးကို ရုတ်တရက်ပေါ်လာပြီး ပွေ့ဖက်လိုက်တယ်။ သံချပ်ကာ မြင်းတွေ ကျုပ်တို့ဆီ မရောက်ခင် တည်နေရာ ရွှေ့ပြောင်းလိုက်တာပေါ့။ အနက်ရောင် အရိပ်တစ်ခုရိပ်ကနဲ ဖြစ်သွားပြီး မိန်းကလေးလဲ ပျောက်သွားတာပဲ အားလုံး မြင်လိုက်ရတယ်။ သံချပ်ကာအဖွဲ့လဲ (၁၀)မီတာလောက် လွန်ပြီးမှ ရပ်နိုင်လိုက်ကြတယ်။
ကောင်မလေးနောက် လိုက်လာတဲ့ အစောင့်စစ်သည်တွေ မျက်နှာဖုံးနက်နဲ့ လူတစ်ယောက် သူတို့ သခင်မလေးကို ကယ်သွားတာတွေ့တော့ ချက်ချင်းရောက်လာတယ်။ စစ်သည်ခေါင်းဆောင်က သံချပ်ကာတပ်သားကို..
“မင်းတို့ ခွေးမျက်လုံးတွေ ကန်းနေကြလား။ ဒီလို လမ်းမကြီးမှာ ဒီလောက် အမြန်သွားနေရလားကွ”
သံချပ်ကာအဖွဲ့ ခေါင်းဆောင်က..
“မင်း… ငါတို့ကို လာငေါက်နေရအောင် ဘာကောင်လဲကွ၊ ဒါ အားစကားကွင်းမဟုတ်ဘူးကွ၊ ကျူးကျော် ရန်သူတွေကို ခုခံနေရတဲ့ ခံတပ်ကွ။ မင်းတို့ ကလေးကို လျှောက်သွားသွားဖို့ ဘယ်သူက ခေါ်လို့တုန်း”
အစောင့် ခေါင်းဆောင်က စာလွှာ တစ်စောင်ကိုင်ပြီး သံချပ်ကာ တပ်ရှေ့ လျှောက်သွားပြီး ဝှေ့ပြလိုက်တယ်။ သံချပ်ကာ ခေါင်းဆောင် သရဲတစ္ဆေမြင်သွားသလိုပဲ။ မြင်ပေါ်က ချက်ချင်း ဆင်းပြီး..
“တောင်းပန်ပါတယ်။ ကျုပ်မသိလို့ပါ..”
စစ်သည်တော် ခေါင်းဆောင်က လေသံမာမာနဲ့..
“ဒီတစ်ကြိမ် သမီးတော်လေးကို မထိခိုက်လို့ နော်။ မဟုတ်လို့ကတော့ ဒေါသဖြေလို့ ပြီးမှာမဟုတ်ဘူး။ မင်းတို့ ခေါင်းတွေ ဖြတ်ပစ်လိုက်လိမ့်မယ်.. ဟွင့်..”
သံချပ်ကာ ခေါင်းဆောင်လဲ..
“ဟုတ်ကဲ့ပါ.. ဟုတ်ကဲ့ပါ.. နောက်တစ်ကြိမ် မဖြစ်စေရပါဘူး။ ကျုပ်တို့မှာ အရေးကြီးကိစ္စရှိနေလို့…….”
စိတ်မရှည်တဲ့ပုံနဲ့ လက်ယမ်းပြလိုက်ပြီး..
“တော်ပြီ.. အမြန်သွားကြတော့။ အခုချိန်ကစပြီး ကြပ်ကြပ် သတိထားကြ”
သံချပ်ကာအဖွဲ့လဲ သူတို့ကို လွှတ်ပေးလိုက်တယ်ဆိုတာ နားလည်သွားကြတယ်။ ဘယ်ကမှန်းမသိပေမယ့် သံချပ်ကာအဖွဲ့တွေ နာနာခံခံနဲ့ ထွက်သွားကြတယ်။
သံချပ်ကာအဖွဲ့တွေ ထွက်သွားတော့မှ ကျုပ်နောက်က အသံတစ်ခု ထွက်လာတယ်။
“ဟေ့ .. ဟေ့.. နင် ငါ့ကို လွှတ်ပေးတော့လေ။ အခွင့်အရေး ယူဖို့ စဉ်းစားနေတာလား”
ကောင်မလေးက ကျုပ်ရင်ခွင်ထဲမှာ ခေါင်းလေးငုံရင်း ရှိနေတုန်းပဲဆိုတာ သတိရလိုက်မိတယ်။ အလျင်စလို လွှတ်ပေးလိုက်ပြီး ခြေနှစ်လမ်းလောက် နောက်ဆုတ်ပြီး..
“သတိလွတ်သွားလို့ တောင်းပန်ပါတယ်။ မင်းပေါ် စွတ်လုပ်မိသလို ဖြစ်သွားတာပါ”
ကောင်မလေး ခပ်သဲ့သဲ့ ရယ်ရင်း..
“ငါ့ ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်”
ကျုပ်လဲ အသာခေါင်းရမ်းရင်း ..
“ဒီလိုကြုံရတဲ့ သူတိုင်း ဒီလိုပဲ လုပ်ကြမှာပါ။ မင်းသမီး သတိထားတာ ကောင်းလိမ့်မယ်။ အရမ်း စိတ်တွေ ကြွမနေသင့်ဘူး။ မဟုတ်ရင် နင့်အသက် အလဟ သက်သက် ဆုံးရှုံးသွားရင် အတန်ဘူးလေ”
မိန်းကလေး မျက်မှောင်ကြုတ်ပြီး ဒေါသတွေ ထွက်ပေါက် ပေးချင်ပေမယ့် သူ့အသက်ကယ်ထားတဲ့ ကျေးဇူးရှင်ဆိုတာ စိတ်ထဲ ဆွဲနေတော့ ဒေါသကို မျိုသိပ်ပြီး..
“နားလည်ပါပြီ…”
============= (*^*)=============
အပိုင်း( ၂၆၆ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား